Friday, February 6, 2015

မော်လူး အထကတွင် ဗိုလ်ချုပ် အောင်ဆန်း ရာပြည့်မွေးနေ့ အကြိုကျင်းပ




မော်လူး အထကတွင် ဗိုလ်ချုပ် အောင်ဆန်း ရာပြည့် မွေးနေ့နှင့်
မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ်အကြို ပြိုင်ပွဲများနှင့်
ဟောပြောပွဲ ကျင်းပ
မော်လူး၊ ဖေဖော်ဝါရီ ၆
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
၂၁၀၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်း၏
နှစ်တစ်ရာပြည့် မွေးနေ့နှင့် မြန်မာနိုင်ငံကလေးများနေ့
အထိမ်းအမှတ်အကြိုအဖြစ် စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊
မော်လူး အခြေခံပညာ အထက်တန်းကျောင်းတွင် ပြိုင်ပွဲများနှင့် ဟောပြောပွဲကို
ဖေဖော်ဝါရီ ၆ ရက်နေ့က ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏
ရာပြည့်မွေးနေ့နှင့် မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ်အကြိုအဖြစ်
မော်လူး အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သောင်းတင့်
ဦးစီးပြီး ဆရာ/မများက မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်
စသဖြင့်  အဆင့်သုံးဆင့်ခွဲကာ မူလတန်းအဆင့်ကျောင်းသူ/သားများကို
ပြေးပွဲပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲ၊
ပန်ချီပြိုင်ပွဲများကိုလည်းကောင်း၊ အလယ်တန်းအဆင့် ကျောင်းသူ/သားများကို
ပန်းချီ၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲများကိုလည်းကောင်း
ကျင်းပပြုလုပ်ပေးခဲ့ပြီး၊ နေ့လည်ပိုင်းတွင် အလယ်တန်း၊ အထက်တန်း
ကျောင်းသူ/သား ၁၅၀၀ ခန့်ကို နှစ်ကြိမ်ခွဲကာ ပထမပိုင်းတွင် အထက်တန်းပြဆရာမ
ဒေါ်ခင်မာအေးမှ ဗိုလ်ချုပ် ဘဝဖြစ်စဉ်အကြောင်းကိုလည်းကောင်း၊ အလယ်တန်းပြ
ဆရာမ ဒေါ်ခင်စန်းရီမှ အတုယူသင့်သော ဗိုလ်ချုပ်
စိတ်ဓာတ်အကြောင်းကိုလည်းကောင်း၊  ဒုတိယပိုင်းတွင် အထက်တန်းပြ ဆရာ
ဦးညီညီနိုင်မှ ဗိုလ်ချုပ်၏ တက္ကသိုလ်ကျောင်းသားဘဝ၊ ခေါင်းဆောင်တို့၏
အရည်အချင်း၊ ကိုယ်ကျိုးအတွက် မကြည့်ပဲ အများအကျိုးအတွက် ဆောင်ရွက်ခဲ့ပုံ
အကြောင်းများကိုလည်းကောင်း၊ အထက်တန်းပြ ဆရာ ဦးပြုံးမောင်မောင်မှ
ဗိုလ်ချုပ်၏ ပညာရေးအမြင်ကိုလည်းကောင်း အသီးသီး ဟောပြောခဲ့ကြကြောင်း သိရသည်။
cyclone