Thursday, December 4, 2014

မော်လူးဒေသ သူရောင်းကျောက်စိမ်းမှော်တွင်ကျောက်စိမ်းတူးဖော်ရန်ကုပ္မဏီများက တူးဖော်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိ

မော်လူးဒေသ သူရောင်းကျောက်စိမ်းမှော်တွင်ကျောက်စိမ်းတူးဖော်ရန်ကုပ္မဏီများက
တူးဖော်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိ
မော်လူး  ဒီဇင်ဘာ ၎
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊
သူရောင်းကျေးရွာအုပ်စု၊ သူရောင်းကျောက်စိမ်းမှော်တွင် ကုပ္မဏီများ က
ကျောက်စိမ်းများတူးဖော်ရန် အတွက် သတ္ထုတွင်းဝန်ကြီးဋ္ဌာန လက်အောက်ခံ
မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်း(မိုးညှင်း) မှ တာဝန်ရှိသူများက လုပ်ကွက်
များ တိုင်းတာခြင်းလုပ်ငန်းများကို ဒီဇင်ဘာ ၃ ရက်နေ့က
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
        မြန်မာနိုင်ငံတွင် ကျောက်စိမ်းရတနာများထွက်ရှိရာ ကချင်ပြည်နယ်
မိုးညှင်းမြို့နယ်၊ လုံးခင်း၊ ဖာကန့်၊ ဆိုင်းတောင်၊ တာမခံ ၊
မိုးညှင်းမြို့နယ်၊ မော်ဟန်ဒေသ ၊ နမ္မချီးမှော်၊ သရက်မှော်၊
တောင်စိမ်းလေးမှော် အစရှိသည့် ဒေသများ တွင် အဖိုးတန် ကျောက်စိမ်း
ရတနာများ  ထွက်ရှိသည် ။ အလားတူ စစ်ကိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊
မော်လူးဒေသ၊ သူရောင်းမှော်၊ ဥသျှစ် ကုန်းမှော် ၊
ထုံးတောင်မှော်ဒေသများတွင်လည်း ကျောက်စိမ်းများထွက်ရှိကြောင်းသိရသည်။
        အင်းတော်မြို့နယ်၊ မော်လူးဒေသ ၊သူရောင်ကျောက်စိမ်းမှော်သည်
အင်းတော်မြို့မှ ၂၆မိုင် မော်လူး(ရွှေဘို-မြစ်ကြီးနား
ပြည်ထောင်စုလမ်းမကြီး)မှ အနောက်ဘက်သို့ ၃မိုင်ခန့်
တွင်တည်ရှိကြောင်းသိရသည်။
        အဆိုပါ ကျောက်စိမ်း ထွက်ရှိရာ သူရောင်းမှော်တွင် ကျောက်စိမ်းတူးဖော်ရန်
လုပ်ကွက်များတိုင်းတာခြင်းကို သတ္ထုတွင်းဝန်ကြီးဌာန လက်အောက်ခံ
မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်း(မိုးညှင်း) မှ  တာဝန်ခံ
ကိုဖြိုးနှင့်အဖွဲ့ ၊သူရောင်းကျေးရွာအုပ်ချုပ်ရေးမှူးဦးမြတ်ထွန်းနှင့်
အဖွဲဝင်များ ဓူဝံကြယ်ကျောက်မျက်ရတနာတူးဖော်ရေး ကုပ္မဏီ နှင့်
မြန်မာ့စိမ်းလဲ့အောင် ကျောက်စိမ်းတူးဖော်ရေးကုပ္မဏီ တို့မှ တာဝန်ခံ
ကိုယ်စားလှယ် များက ကျောက်စိမ်းတူးဖော်ရန် လုပ်ကွက်အမှတ်
မှတ်တိုင်များကို စိုတ်ထူခဲ့ကြသည်။
        ``ကျွန်တော်တို့ကုပ္မဏီက  ကျောက်စိမ်း တူးဖော်ခွင့်လုပ်ထုံး
လုပ်နည်းနှင့်အညီ နိုင်ငံတော်မှ ကျောက်မျက်တူးဖော်ခွင့် ရရှိပြီး
ဖြစ်လို့ ယခုလောလောဆယ် မှာတော့ လုပ်ကွက် (၄)ကွက် ကို
မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းများမှ တာဝန်ရှိသူတွေနှင့်
လုပ်ကွက်များကို တိုင်းတာနေတာပါ ၊ တူးဖော်ခွင့် တောင်းခံရရှိပြီးမှသာ
ကျောက်မျက်တူးဖော်ရေးကို ဆက်လက်လုပ်ကိုင်းသွားမှာပါ ``ဟု
ဓူဝံကြယ်ကျောက်မျက်ရတနာတူးဖော်ရေး ကုပ္မဏီမှ တာဝန်ခံကိုယ်စားလှယ်
ကိုအောင်ဆန်းဦးက ပြောပြသည်။
        အဆိုပါသူရောင်းမှော်တွင် ကျောက်မျက်ကုပ္မဏီများက တူးဖော်ရန်
လုပ်ကွက်ပေါင်း (၄၀)ကျော်ခန့် ရှိကြောင်း ယခုချိန်တွင် ဓူဝံကြယ်ကျောက
မျက်ရတနာ တူးဖော်ရေး ကုပ္မဏီမှ လုပ်ကွက်(၄)ကွက် နှင့်
မြန်မာ့စိမ်းလဲ့အောင် ကျောက်မျက်ရတနာတူးဖော်ရေး ကုပ္မဏီမှ လုပ်ကွက်(၁)ကွက်
တို့ကို တူးဖော် လုပ်ကိုင်းသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက
ပြောပြသည်။
        ကျောက်စိမ်းများတူးဖော်ခြင်း ကြောင့် ယခင် တနိုင်တပိုင်
တူးဖော်လျက်ရှိသော ကျင်းလုပ်သားများက ကျောက်မျက်ရတနာတူးဖော်ရေး
ကုပ္မဏီများ ၀င်ရောက်လာသည့်အတွက် နစ်နာမှုရှိသည်ဟု
ဒေသခံကျင်းလုပ်သားများထံမှ ကြားသိရသည်။
        ``ကျွန်တော်တို့ ဒီဒေသမှာ ဘိုးဘွားလက်ထက်ကတည်းက တနိုင်တပိုင်
ကျောက်စိမ်းလုပ်ငန်းကို ယနေ့အချိန်ထိ လုပ်ကိုင်လာခဲ့သာ ကြာပါပြီး
လွန်ခဲ့သည့် ၂နှစ်က ကျောက်မျက်ရတနာတူးဖော်ရေး ကုပ္မဏီ တွေ
စလုပ်ကိုင်တော့မည်လို ကြားသိရပေမဲ့ တကယ်မလုပ်ကိုင်ခဲ့ဘူး ၊ ယခုအခါ
ကျောက်မျက် ကုပ္မဏီတွေက တူးဖော်ခွင့်ရရှိလို့ တူဖော်မယ်ဆိုတော့
ကျွန်တော်တို့ရဲ့ ဒေသခံကျင်းလုပ်သားများက ငွေကြေး၊အချိန် ကုန်ကြခံပြီး
တူးဖော်လာခဲ့တာ နစ်နာတာပေါ့ဗျာ ၊ သူတို့က ကုပ္မဏီတွေဝင် တူးဖော်မယ်
ဆိုင်ဘုတ်၊လုပ်ကွက်မှတ်တိုင်းတွေ စိုက်ထားတာ ဆိုရင်
ကျွန်တော်တို့လုပ်ဖြစ်မှာမဟုတ်ဘူး ၊
ယခုတော့ ဆိုင်းမဆင့် ဗုံမဆင့် တူးဖော်မည်ဆိုပြီး လုပ်ကွက်မှတ်တိုင်တွေ
စိုက်ထူလာခဲ့တယ် စက်၊ယန္တရားတွေနဲ့ လုပ်ကိုင်းတူးဖော် လာကြပြီးဆိုတော့
တစ်ပူပေါ်နှစ်ပူဆင့် ဖြစ်လာရတာပေါ့ဗျာ ``ဟု ဒေသခံကျင်းလုပ်သားတစ်ဦးက
ပြောပြသည်



ဗုဒ္ဓဘာသာဇနီးကို ဘာသာအဓမ္မ ကူးပြောင်းစေပါက ထောင်သုံးနှစ်အထိ ချမှတ်မည့်အချက် ဥပဒေကြမ်းတွင် ထည့်သွင်း

The Voice Weekly's Facebook Wall / The Voice Weekly / 5 hours ago

ဗုဒ္ဓဘာသာဇနီးကို ဘာသာအဓမ္မ ကူးပြောင်းစေပါက ထောင်သုံးနှစ်အထိ ချမှတ်မည့်အချက် ဥပဒေကြမ်းတွင် ထည့်သွင်း

ရန်ကုန်၊ ဒီဇင်ဘာ ၃

မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် ဇနီးဖြစ်သူကို ခင်ပွန်းဖြစ်သူက ဘာသာကူးပြောင်းစေရေး အတွက် နည်းလမ်းအမျိုးမျိုးဖြင့် ပြုလုပ်ပါက ထောင်ဒဏ် သုံးနှစ်အထိအပြင် ငွေဒဏ်ပါ ချမှတ်ရမည့် အချက်ကို အသစ်ရေးဆွဲထားသည့် မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေကြမ်းတွင် ထည့်သွင်းရေးဆွဲထားကြောင်း ဒီဇင်ဘာလ ၃ ရက်နေ့က အစိုးရပိုင် သတင်းစာများမှတစ်ဆင့် ထုတ်ပြန်လိုက်သော ယင်းဥပဒေကြမ်းတွင် ဖော်ပြထားသည်။

အဆိုပါ ဥပဒေကြမ်းအရ ဗုဒ္ဓဘာသာဝင် မဟုတ်သည့် ခင်ပွန်းဖြစ်သူက ဗုဒ္ဓဘာသာဝင် ဇနီးဖြစ်သူကို နည်းအမျိုးမျိုးဖြင့် ဗုဒ္ဓဘာသာကို စွန့်လွှတ်စေပြီး မိမိကိုးကွယ်ရာ ဘာသာသို့ ကူးပြောင်းစေမှု မပြုလုပ်ရန် အဆိုပါ ဥပဒေကြမ်း၏ အခန်း (၅)၊ ပုဒ်မ ၂၄ (င) တွင် ယင်းသို့ ဖော်ပြထားခြင်း ဖြစ်သည်။

ယင်းပုဒ်မကို ကျူးလွန်ပါက ထောင်ဒဏ်သုံးနှစ်အပြင် ငွေဒဏ်ပါ ချမှတ်ခံရမည် ဖြစ်ကြောင်း ပြစ်မှုနှင့် ပြစ်ဒဏ်များ အခန်းတွင် ထပ်မံပါရှိသည်။

အဆိုပါ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ရေးဆွဲထားပြီး ဆွေးနွေးအတည်ပြုနိုင်ရန် နိုင်ငံတော် သမ္မတရုံးက ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ထားခြင်း ဖြစ်သည်။

ယင်းဥပဒေကြမ်းမှာ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများနှင့် ဗုဒ္ဓဘာသာဝင် မဟုတ်သော ယောက်ျားများ ထိမ်းမြားခြင်း၊ ကွာရှင်းခြင်း၊ အမွေဆက်ခံခြင်း၊ ပစ္စည်းခွဲဝေခြင်း၊ သား၊ သမီး ထိန်းသိမ်းခြင်း စသည်တို့နှင့် စပ်လျဉ်းသည့် အခွင့်အရေးများအတွက် ဖြစ်ပြီး ယင်းသို့သော ပြဿနာများ ပေါ်ပေါက်လာပါက မြန်မာဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းနှင့်အညီ ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ဥပဒေကြမ်းတွင် ပါရှိသည်။

ဥပဒေကြမ်းအရ ဗုဒ္ဓဘာသာဝင် မဟုတ်သော အမျိုးသားတစ်ဦးက မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦးကို လက်ထပ်လိုပါက မှတ်ပုံတင်အရာရှိထံတွင် တရားဝင် မှတ်ပုံတင်ရမည် ဖြစ်ပြီး ယင်းသို့ မှတ်ပုံမတင်ဘဲ အတူပေါင်းသင်း နေထိုင်သည်ကို တွေ့ရှိပါက သတင်းပေး တိုင်ကြားနိုင်သည်။

အဆိုပါ ဥပေဒကြမ်းနှင့် ပတ်သက်၍ တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ယင်းဥပဒေကြမ်းမှာ လက်ရှိ တည်ဆဲဥပဒေ ဖြစ်သည့် ၁၉၅၄ ခုနှစ်၊ ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးများ အထူးလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်း ဆိုင်ရာ ဥပဒေနှင့် များစွာကွဲလွဲမှု မရှိသည်ကို တွေ့ရှိရကြောင်း ပြောဆိုသည်။

ယင်းအပြင် မြန်မာနိုင်ငံရှိ ဘာသာကြီးလေးခုမှ အမျိုးသမီးများအနက် ဗုဒ္ဓဘာသာ အမျိုးသမီးများအပေါ် အခွင့်အရေး ပိုပေးထားသည့် အနေထား ဖြစ်နေပြီး ဘာသာရေးကို အခြေမခံဘဲ နိုင်ငံသားအကျိုးစီးပွားကို ရည်ရွယ်ကာ အားလုံး တန်းတူညီမျှ ဖြစ်စေသည့် ဥပဒေတစ်ခု ဖြစ်သင့်ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

“ဘာသာမတူဘဲ အိမ်ထောင်ပြုတဲ့အခါ နှစ်ဖက် ဓလေ့ထုံးတမ်းတွေ မတူလို့ ပြဿနာတွေ ဖြစ်ရတာ မှန်ပါတယ်။ ပြဿနာက အဲဒါကို ဘယ်လိုနည်းနဲ့ ဖြေရှင်းမလဲ ဆိုတာကိုပဲ နည်းလမ်းရှာရမှာ။ ဗုဒ္ဓဘာသာ အမျိုးသမီးတွေကို အကာအကွယ် ပေးတာကို လက်ခံပါတယ်။ ဒါပေမဲ့ ဥပမာ ဆိုပါတော့ အစ္စလာမ် ဘာသာဝင် အမျိုးသမီးတစ်ဦးက ဘာသာခြား အမျိုးသားနဲ့ လက်ထပ်တဲ့အခါ သူတို့လည်း အခွင့်အရေးတွေ နစ်နာပါတယ်ဆိုပြီး တောင်းမယ်ဆိုရင် ဘယ်လိုလုပ်မလဲ” ဟု ဦးကိုနီက ပြောဆိုသည်။

အဆိုပါ ဥပဒေကို ပြဋ္ဌာန်းလိုက်ပါက ကိုးကွယ်ရာ မတူသည့် တိုင်းရင်းသား လူမျိုးအချင်းချင်း လက်ထပ်ပေါင်းသင်းရန်ပင် အခက်အခဲများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ အဆိုပါ အမျိုးစောင့်ခြင်းဆိုင်ရာ ဥပဒေများကိုလည်း တစိုက်မက်မက် ကန့်ကွက်ခဲ့ကြောင်း အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူ၊ ကရင်တိုင်းရင်းသူ နော်စူစန်နာလှလှစိုးက ပြောကြားသည်။

“ကျွန်မတို့ ကရင်လူမျိုးတွေမှာ ဗုဒ္ဓဘာသာလည်း ရှိတယ်။ ခရစ်ယာန်လည်း ရှိတယ်။ ကိုယ့်လူမျိုးတူအချင်းချင်း လက်ထပ်တဲ့အခါမှာတောင် ဒီဥပဒေကြောင့် ပြဿနာတွေ ဖြစ်လာနိုင်တယ်” ဟု ၎င်းကဆိုသည်။

ယခု ဥပဒေကြမ်း အပါအဝင် အမျိုးစောင့်ခြင်းဆိုင်ရာ ဥပဒေကြမ်း လေးခုကို ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ထားရာ ဗုဒ္ဓဘာသာဝင် အများစုဖြစ်သည့် မြန်မာနိုင်ငံတွင် ယခုကဲ့သို့ ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် အချိန်ကိုက် ပြုလုပ်ခြင်းသည် နောက်ကွယ်တွင် နိုင်ငံရေး ရည်ရွယ်ချက်တစ်ခု ရှိနေမည်ဟု ယူဆကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်