Wednesday, September 13, 2017

ဘဝ မှာ သတိပြုရမှာ



"​လောကမှာ"

တကယ့်​မိတ်​​ဆွေစစ်​​တွေအ​ပေါ်​ပေါ့​ပေါ့တန်​တန်​ပဲ
ဆက်​ဆံမိလိုက်​တာမျိုးရှိတက်​ပြီး။

မိတ်​​ဆွေတု​တွေကိုမှ
အကျွမ်းတဝင်​ ခင်​မင်​ရင်းနှီးစွာနဲ့
ယုံယုံကြည်​ကြည်​ပဲ လက်​ခံ
ဆက်​ဆံ​နေမိတာမျိုးလဲရှိတယ်​။

တစ်​ချို့​တွေက ယုံကြည်​​အောင်​​ပေါင်းတယ်
ကူညီသလိုလိုနဲ့ ချူယူသွားတက်​တယ်
တာဝန်​ယူသလိုလိုနဲ့ ​ရှောင်​သွားတက်​ကြတယ်​။

တစ်​ချို့​က မှန်​မှန်​ကန်​ကန်
ပေါင်းသင်းဆက်​ဆံတယ်​ မှန်​မှန်​ကန်​ကန်
အကျိုးတူပူး​ပေါင်းလုပ်​​ဆောင်​တယ်​။

တကယ်​တမ်း​ကျ​တော့
ကိုယ့်ဘဝ ကိုယ့်ပတ်ဝန်းကျင် ​​​​​ကိုယ့်​အနားကို 
အ​ပေါင်းအသင်း(၁၀၀)
ဝင်​​ရောက်​ခဲ့ရင်​​တောင်​ မိတ်​​ဆွေစစ်​ဆိုတာက
၁ ဦးပါဝင်​ဖို့ခဲရင်းပါတယ်​။

ဘဝမှာ အ​ပေါင်းအသင်းများစွာရှိ​နေဖို့ထပ်

ကိုယ့်​မှာ မိတ်​​ဆွေ​ကောင်း
တစ်​​ယောက်​ရှိ​နေဖို့သာအဓိကပါ။

ကိုယ့်အတွက် ​​မိတ်​​ဆွေ​ကောင်းလို့
ယုံကြည်​သတ်​မှတ်​ထားသူအ​ပေါ် ဘယ်​​တော့မှ
ကတိဖျက်​​စော်​ကားမိတာမျိုး မလုပ်​မိဖို့နဲ့

မိတ်​​ဆွေတုလို့
ထင်​မြင်​သတ်​မှတ်​ထား​သူ​တွေ​အ​ပေါ်ကိုလဲ
အသိသတိထားရှိပြီး ချို့ချန်​​ပြောဆို
ဆက်​ဆံတက်​ဖို့နဲ့ စိတ်​​ပေါင်းကိုယ်​ကွာ
ရှောင်းရှားတက်​ဖို့လဲလိုပါတယ်​။

#ဒိုက်​ဒိုက်​-မြင်းခြံ