Thursday, April 16, 2015

၂၅ ႀကိမ္ေျမာက္ သက္ႀကီးပူေဇာ္ပြဲ က်င္းပ


> `ေမာ္လူးတြင္ ၂၅ ႀကိမ္ေျမာက္ သက္ႀကီးပူေဇာ္ပြဲက်င္းပ
> ေမာ္လူး၊ ဧၿပီ ၁၆
> @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
> စစ္ကိုင္းတိုင္းေဒသႀကီး၊ အင္းေတာ္ၿမိဳ႕နယ္၊ ေမာ္လူး ေက်းရြာအုပ္စု
> အုပ္ခ်ဳပ္ေရးမွဴးရံုးတြင္ ဧၿပီ ၁၆ ရက္ေန႔ ညေန ၅ နာရီအခ်ိန္က ၂၅
> ႀကိမ္ေျမာက္ သက္ႀကီးပူေဇာ္ပြဲကို က်င္းပျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
> သက္ႀကီးပူေဇာ္ပြဲတြင္ ကန္ေတာ့ခံ အသက္ ၈၀ႏွင့္အထက္ အဘိုးအဘြား ၇၈
> ဦးတို႔အား တစ္ဦးလွ်င္ ကန္႔ေတာ့ခံပစၥည္းႏွင့္ ပူေဇာ္ကန္ေတာ့ေငြ
> စုစုေပါင္း ၄၇၃၀၀ က်ပ္ႏႈန္းစီျဖင့္ ပူေဇာ္ကန္ေတာ့ခဲ့ၾကေၾကာင္း၊
> ေစတနာရွင္အလွဴရွင္မ်ားမွလည္း ဘိုးဘြားမ်ားအား
> က်န္းမာေရးအေထာက္အကူျပဳေဆးဝါးမ်ား၊ အခ်ိဳရည္ဘူးမ်ား၊ အာဟာရမုန္႔မ်ားႏွင့္
> လွဴဒါန္းေငြမ်ားကိုလည္း ေပးအပ္လွဴဒါန္း ကန္ေတာ့ခဲ့ၾကေၾကာင္း၊
> ကန္ေတာ့ခံဘိုးဘြားမ်ားမွလည္း ပူေဇာ္ကန္ေတာ့ၾကသူမ်ားအား
> ျမန္မာ့ႏွစ္သစ္ဦးတြင္ ျပဳလုပ္ၾကရသည့္ ေကာင္းမႈကုသိုလ္မ်ားေၾကာင့္
> က်န္းမာခ်မ္းသာေစေၾကာင္း ဆုေပးစကားမ်ား ေျပာၾကားခဲ့ၾကေၾကာင္း၊
> ေမာ္လူးတြင္ သက္ႀကီးဘိ္ုးဘြားမ်ားအား ႏွစ္စဥ္သႀကၤန္အတက္ေန႔တြင္
> သက္ႀကီးပူေဇာ္ပြဲက်င္းပခဲ့သည္မွာ ယခုႏွစ္ဆိုလွ်င္ ၂၅
> ႀကိမ္ေျမာက္ရွိခဲ့ၿပီျဖစ္သည္။
> သက္ႀကီးပူေဇာ္ပြဲတြင္ စစ္ကိုင္းတိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္
> ဦးတင္ျမင့္၊ ေမာ္လူးေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴး ဦးဝင္းစိန္၊
> ရပ္မိရပ္ဖ ဦးတင္ေရႊ၊ သက္ႀကီးပူေဇာ္ပြဲ ျဖစ္ေျမာက္ေရး အက်ိဳးေတာ္ေဆာင္
> ဦးတင္ဦးတုိ႔မွ သက္ႀကီးပူေဇာ္ပြဲကို အစဥ္အလာမပ်က္
> က်င္းပျပဳလုပ္ရျခင္းႏွင့္ ပတ္သက္၍ အသီးသီး ရွင္းလင္းေျပာၾကားၾကခဲ့ၾကသည္။
> သက္ႀကီးပူေဇာ္ပြဲသို႔ ကန္ေတာ့ခံဘိုးဘြား ၇၈ ဦး၊ အလွဴရွင္မ်ား၊
> သက္ႀကီးပူေဇာ္ပြဲျဖစ္ေျမာက္ေရးအဖြဲ႕ဝင္မ်ား၊ ရပ္မိရပ္ဖမ်ား စုစုေပါင္း
> အင္အား ၂၀၀ ေက်ာ္ခန္႔တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
unicode version

> `မော်လူးတွင် ၂၅ ကြိမ်မြောက် သက်ကြီးပူဇော်ပွဲကျင်းပ
> မော်လူး၊ ဧပြီ ၁၆
> @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
> စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူး ကျေးရွာအုပ်စု
> အုပ်ချုပ်ရေးမှူးရံုးတွင် ဧပြီ ၁၆ ရက်နေ့ ညနေ ၅ နာရီအချိန်က ၂၅
> ကြိမ်မြောက် သက်ကြီးပူဇော်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
> သက်ကြီးပူဇော်ပွဲတွင် ကန်တော့ခံ အသက် ၈၀နှင့်အထက် အဘိုးအဘွား ၇၈
> ဦးတို့အား တစ်ဦးလှျင် ကန့်တော့ခံပစ္စည်းနှင့် ပူဇော်ကန်တော့ငွေ
> စုစုပေါင်း ၄၇၃၀၀ ကျပ်နှုန်းစီဖြင့် ပူဇော်ကန်တော့ခဲ့ကြကြောင်း၊
> စေတနာရှင်အလှူရှင်များမှလည်း ဘိုးဘွားများအား
> ကျန်းမာရေးအထောက်အကူပြုဆေးဝါးများ၊ အချိုရည်ဘူးများ၊ အာဟာရမုန့်များနှင့်
> လှူဒါန်းငွေများကိုလည်း ပေးအပ်လှူဒါန်း ကန်တော့ခဲ့ကြကြောင်း၊
> ကန်တော့ခံဘိုးဘွားများမှလည်း ပူဇော်ကန်တော့ကြသူများအား
> မြန်မာ့နှစ်သစ်ဦးတွင် ပြုလုပ်ကြရသည့် ကောင်းမှုကုသိုလ်များကြောင့်
> ကျန်းမာချမ်းသာစေကြောင်း ဆုပေးစကားများ ပြောကြားခဲ့ကြကြောင်း၊
> မော်လူးတွင် သက်ကြီးဘိ်ုးဘွားများအား နှစ်စဥ်သငြ်္ကန်အတက်နေ့တွင်
> သက်ကြီးပူဇော်ပွဲကျင်းပခဲ့သည်မှာ ယခုနှစ်ဆိုလှျင် ၂၅
> ကြိမ်မြောက်ရှိခဲ့ပြီဖြစ်သည်။
> သက်ကြီးပူဇော်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
> ဦးတင်မြင့်၊ မော်လူးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းစိန်၊
> ရပ်မိရပ်ဖ ဦးတင်ရွှေ၊ သက်ကြီးပူဇော်ပွဲ ဖြစ်မြောက်ရေး အကျိုးတော်ဆောင်
> ဦးတင်ဦးတို့မှ သက်ကြီးပူဇော်ပွဲကို အစဥ်အလာမပျက်
> ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းပြောကြားကြခဲ့ကြသည်။
> သက်ကြီးပူဇော်ပွဲသို့ ကန်တော့ခံဘိုးဘွား ၇၈ ဦး၊ အလှူရှင်များ၊
> သက်ကြီးပူဇော်ပွဲဖြစ်မြောက်ရေးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ စုစုပေါင်း
> အင်အား ၂၀၀ ကျော်ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်