Monday, February 2, 2015

ကဲ ဘုရားပွဲကို မှတ်တမ်းတင်ရိုက်ကူးရေးလာတဲ့ မြဝတီရုပ်သံနဲ့ ပတ်သက်ပြီး ဒီလိုတွေကြားနေတယ်


စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသ ကိုးတိုက်နယ် ၁၀ အုပ်စု၏ သမိုင်းဝင် ဒီပင်္ကရာ ဘုရားပွဲသို့ မှတ်တမ်းတင် ရိုက်ကူးရေးရောက်ရှိနေသော မြဝတီရုပ်မြင်သံကြားအဖွဲ့အား မှေတ်တမ်းတင်ရိုက်ကူးခအဖြစ် ၉ သိန်းကျပ်ပေးရမည်ဟု သတင်းထွက်နေပါသည်။ သတင်းအမှန်ဆိုလျှင် ထိုရိုက်ကူးရေးအဖွဲ့ကို မည်သူ၏ အဆက်အသွယ်ဖြင့် ခေါ်ယူခဲ့ပါသနည်း။ ပွဲတော်ဖြစ်မြောက်ရေး ဂေါပကလူကြီးမင်းများခေါ်ယူခဲ့ပါသလား။ ဘုရားရံပုံငွေထဲကနေပြီး ငွေကိုးသိန်းကို ပေးရမည်ဆိုလျှင် ဒေသခံများ သဘောတူကြပါသလား။ ဒီတော့ မြဝတီရုပ်မြင်သံကြားရိုက်ကူးရေးအဖွဲ့ကို ခေါ်ယူခဲ့သူမှာသာ အဓိက တာဝန်ရှိကြောင်း ပြောလိုပါတယ်။
မေလ်းးထဲရောက်လာတဲ့ သတင်းလေးပါ။ သတင်းအမှန်ဆို ဒီထက် ပိုတိကျခိုင်လုံတဲ့ အချက်အလက်လေးများ ရှိလိုပါတယ် ခမျာ။

ခိုချယ်ရွာနှင့် တာဖလ ကျေးရွာချင်းဆက် လမ်းမပြုပြင်




ခိုချယ်ကျေးရွာနှင့် တာဖလကျေးရွာ ကျေးရွာချင်းဆက် လမ်းမကြီးပြုပြင် ပညာအလင်းစာကြည့်တိုက်ဆောက်လုပ်ရန် မြေနေရာရှင်းလင်း
အင်းတော်၊ ဖေဖော်ဝါရီ ၂
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ အလယ်ကျွန်းကျေးရွာအုပ်စု၊ ခိုချယ်ကျေးရွာနှင့် တာဖလကျေးရွာ ကျေးရွာချင်းဆက် လမ်းမကြီး ပြုပြင်းခြင်းနှင့် ပညာ့အလင်း ကျေးရွာစာကြည့်တိုက် ဆောက်လုပ်ရန် မြေနေရာ ရှင်းလင်းခြင်းကို ဖေဖော်ဝါရီ ၂ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ခိုချယ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းအနီး ကျေးရွာချင်းဆက်လမ်းမကြီးဘေး မြေနေရာလွတ်တွင် ခိုချယ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော် ဦးပညာဇောတနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မောင်း၊ ကျေးရွာ စာကြည့်တိုက်ဖြစ်မြောက်ရေး အကျိုးတော်ဆောင် ကော်မတီဝင်များ စုပေါင်း၍ ပညာ့အလင်း စာကြည့်တိုက် ဆောက်လုပ်ရန် မြေနေရာ ရှင်းလင်းခြင်းနှင့် ကျေးရွာချင်းဆက်လမ်းမကြီး ပြုပြင်ခြင်းကို ဗန်းမောက် မော်တော်ကားလမ်းပြုပြင်ရေးအဖွဲ့မှ ဘက်ဟိုးယာဉ်ယန္တရားဖြင့် ဆောင်ရွက်ရာတွင် ဒေသခံကျေးရွာသူ/သားများက စုပေါင်းလုပ်အားဒါနဖြင့် ပြုပြင်ခဲ့ကြသည်။
"ဒီရွာမှာ ယခင်က ကျေးရွာစာကြည့်တိုက်ဆိုတာ မရှိခဲ့ပါဘူး။ အခုစာကြည့်တိုက် ဖြစ်မြောက်ဖို့ရာအတွက် ဆရာတော် ဦးပညာဇောတက ၃ နှစ် အချိန်ယူပြီး တစ်နှစ်ကို တစ်သိန်းနှုန်း သုံးနှစ်အတွင် သုံးသိန်းကျပ်တိတိကို စုဆောင်းပြီး စာကြည့်တိုက်အတွက် လိုအပ်မဲ့ သုတ၊ ရသအစရှိတဲ့ ဂျာနယ်၊ စာစောင်၊ မဂ္ဂဇင်းစတာတွေကို စုဆောင်းနေပါတယ်။ ပြီးတော့ စာကြည့်တိုက်ကို တည်တံ့ခိုင်မြဲအောင် စနစ်တကျ ဆောင်ရွက်နိုင်မဲ့ စာကြည့်တိုက်မှူး အဖြစ် ဆောင်ရွက်နိုင်အောင် ခိုချယ်ကျေးရွာက ကိုသဲမောင်က စာကြည့်တိုက်မှူးသင်တန်းကို အင်းတော်မြို့မှာ တက်ရောက်နေပါပြီ။ အခု စာကြည့်တိုက်ဆောက်လုပ်မဲ့ ဘုန်းတော်ကြီးကျောင်းနားက မြေလွတ်ကို မြေညှိခြင်း၊ ရှင်းလင်းခြင်းတွေ ဆောင်ရွက်နေတာပါ။ ကျေးရွာစာကြည့်တိုက်ကြီး ဆောက်လုပ်ပြီးစီးပြီး ဖွင့်လှစ်နိုင်မယ်ဆိုရင် ကျေးရွာသူ/သားတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အသိပညာ ဗဟုသုတတွေကို ဖြန့်ဝေပေးနိုင်မှာ သေချာပါတယ်။"ဟု ခိုချယ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်မောင်းမှ ပြောပြသည်။
ခိုချယ်ကျေးရွာနှင့် တာဖလကျေးရွာကို ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်းမကြီး အရှည် ပေ ၇၀၀ ခန့်ရှိ တောင်တက်တောင်ဆင်း လမ်းပိုင်းကို ယခင်က နွားလှည်းများသာ မောင်းနှင်နိုင်ခဲ့သော်လည်း ယခုပြုပြင်မှုကြောင့် လမ်းအကျယ်မှာ ၃၅ ပေအကျယ်အထိ ဘက်ဟိုးယာဉ်ဖြင့် ပြုပြင်နိုင်ခဲ့သည့်အတွက် မော်တော်ကားများပါ မောင်းနှင်သွားလာနိုင်ပြီ ဖြစ်ကြောင်း ၄င်းမှ ဆက်လက်ပြောပြသည်။