Sunday, November 23, 2014

သိထားပြီးသူများလည်း ပြန်ဖတ်တာပေါ့ မသိသေးရင်းလည် မှတ်ထားပေါ့

သံဝေဇနိယ လေးဌာန ၁။ မြတ်စွာဘုရားဖွားမြင်သည့်အရပ် = လုံမ္ဗိနီဥယာဉ် ၂။ ဘုရားအဖြစ်ရောက်တော်မူသောနေရာ = ဗုဒ္ဓဂယာ ၃။ ဓမ္မစကြာတရားဦးဟောတော်မူသောနေရာ = မိဂဒါဝုန်တော ၄။ ပရိနိဗ္ဗာန်ပြုသောနေရာ = ကုသိနာရုံ သတ္တဌာန ခုနှစ်ပါး ၁။ အောင်မြင်တော်မူသော ဗောဓိညောင်ပင်၏ အရှေ့မြောက်တစ်လံကွာ ရွှေပလ္လင်ဌာန ၂။ ဗောဓိပင်၏ မြောက်ဘက် ၁၀ လံကွာဌာန အနိမိသအရပ် ၃။ ဗောဓိပင်နှင့် အနိမိသအကြားနှစ်လံကွာဌာန ရတနာစင်္ကြံ ၄။ ဗောဓိပင်၏ အနောက်မြောက် ၁၅ လံကွာ ရတနာဃရရွှေအိမ် ၅။ ဗောဓိပင်၏ အရှေ့ ၃၂ လံကွာ အဇပါလ ဆိတ်ကျောင်းညောင်ပင် ၆။ ဗောဓိပင်၏ အရှေ့တောင် ၁၅ လံကွာ မုစလိန္ဒာအိုင်ဝယ် နဂါးပါးပြင်းအောက်ဌာန ၇။ ဗောဓိပင်၏ တောင်ဘက် ၁၁ လံကွာ လင်းလွန်းပင်အရပ် ဂယာ သွားပြီး မမှတ်မိနေရင် ဓါတ်ပုံဘဲကျန်မယ်နော်။ Admin ရွာချစ်သား(လေးတန်မြေ)

ဗုဒ္ဓဘာသာ သရဏဂမနဘေသဇ္ဇနည်းဖြင့် ကျမ္မာအောင်သံဃာတော်များက ချီးမြှောက်

မော်လူးမြို့ သူရောင်းရွာ သံဃဒါန ကျမ္မာရေးမကောင်းသော``ဂျယ်ဟော့(ခ)မောင်ထွန်းမင်းသန့်´´ကို ဗုဒ္ဓဘာသာ သရဏဂမနဘေသဇ္ဇနည်းဖြင့် ကျမ္မာအောင်သံဃာတော်များက ချီးမြှောက်ပေးကြသည်။