Monday, August 4, 2014

အင်တော်မြို့နယ်မှ miss မနန်စံ Nann San ၏ရင်တွင်းစကား

မင်္ဂလာပါရှင့်၊၊ အင်းတော်နယ်လေးအကြောင်း
စကားစမြည်ပြောချင်လို့ပါ၊၊ ကျွန်မတို့ဒေသလေးက အရမ်း
ရာသီဥတုကောင်းမွန်ပီး ကောက်ပဲ
စပါးသီးနှံလည်း ဖြစ်ထွန်းလို့
အင်မတန်မှနေလို့ကောင်းပါတယ်၊၊
အဖိုးတန် ကျွန်းနှင့် အခြားသစ်တောများ ရွှေများထွက်သော ရွှေတောများ(အရပ်ခေါ်) စသည့်မြေပေါ် မြေအောက်သယံ
ဇာတများလည်း ရှိပါတယ်၊၊သို့သော်ငြား ကျွန်မတို့ ဒေသမှာ
တိုင်းဒေသကြီး၏ အစွန်အဖျားဖြစ်
နေခြင်းကြောင့်ဖြစ်မည် ထင်ပါသည်၊၊ အုပ်ချုပ်သူများက
ကျွန်မတို့ဒေသကို တိုးတက်အောင်
ဆောင်ရွက်ပေးဖို့ မေ့နေသည် ( စကားအလှသုံးခြင်း)၊၊ကိုယ်ထူ
ကိုယ်ထစနစ်ဖြင့်သာ သွားနေရသည်၊၊ လမ်းပန်းဆက်သွယ်ရေးမှာလည်း
အင်မတန်မှပြုပြင်ဖို့ လိုအပ်နေပါသေးသည်၊၊တကယ်တမ်းပြောရမယ်ဆိုရင်
ကျွန်မတို့ဒေသလေးဟာ တိုးတက်
ဖွံ့ဖြိုးနေရမှာပါ၊၊ ယခုမှာကား ဆုတ်
ယုတ်သည့်ဖက်ကိုသာ ဦးတည်နေပါသည်၊၊ ဒေသရဲ့စီးပွားရေး လူမှုရေး
အဖက်ဖက်မှ ချို့ယွင်းနေသလို
ဒေသနေလူတို့ရဲ့စိတ်ဓါတ်မှာလည်း အဆင်မပြေမှုများစွာများကြောင့်
ပျက်စီးလာပါတယ်၊၊ဒေသအကျိုး
သယ်ပိုးရမည့် လူငယ်များစွာမှာ
လည်း မူးယစ်ဆေးဝါး၏ ကျေးကျွန်
အဖြစ်သို့ ရောက်ရှိနေကြပါတယ်၊၊
အပြစ်ပြောရမယ်ဆိုရင်တော့
အုပ်ချုပ်သူမကောင်းခဲ့လို့ပေါ့၊၊
မြန်မာတို့၏စိတ်ဓါတ်မှာကား
တစ်ခုခုဆိုလျှင် သူများကိုအပြစ်ပုံ
ချဖို့သာတွေးကြသည် (ကျွန်မအပါအဝင်ပါ)၊၊ ကိုယ့်အပြစ်
ရှာဖို့ကိုကား နဲနဲမှမတွေး၊၊ ပေါက်ပင်ဘာကြောင့် ကိုင်းရတယ်
ဗျိုင်းနားလို့ကိုင်းရတယ်ဆိုသည့် စာဆိုအတိုင်း သံသရာလည်နေ
သည်၊၊ အမှန်တကယ်တော့
ဒေသတစ်ခု၏တိုးတက်ခြင်းသည်
ထိုဒေသတွင် နေထိုင်သော လူ
တိုင်းနှင့်ဆိုင်သည်၊၊နိုင်ငံနှင့်ယှဉ်
ပြောရရင်လည်း ထိုနည်း၎င်းပဲဖြစ်
သည်၊၊ တစ်ဦးတစ်ယောက်ခြင်း
စီမှာလည်း ကောင်းမွန်တဲ့စိတ်ဓါတ်
ပြုပြင်ပြောင်းလဲလိုတဲ့စိတ်ဓါတ်
အရမ်းအရေးကြီးလာပါပီ၊၊ မြေပေါ်
မြေအောက် သယံဇာတများ လည်း
ဒေသခံများ သိထားသည့်အတိုင်း
ပျက်သုန်း ချို့ယွင်းလာပါပီ၊၊ ကျွန်မတို့ ကိုယ့်ဒေသကိုချစ်သော
လူတွေအနေနဲ့ စည်းစည်းလုံးလုံး
နဲ့ ဒေသအကျိုး ဆောင်ရွက်သင့်နေပါပီ၊၊ (အမှားပါသွားပါက ခွင့်လွှတ်ပေးပါရန်)


adm ရွာချစ်သား



ကဲ ကမ္ဘာကျော် နေတဲ့ ရောဂါ မြန်မာပြည်ရောက်ပြီတဲ့ မော်လူးဒေသ သားများတော့ ကြောက်မည်မထင်

facebook ကပုံတွေပါ ထုံစံအတိုင်  ဝါးတားတားဘဲနေမှာပါ







ခြင်၊ယင်၊ပုရွက်ဆိတ်တို့ကိုအိမ်ပေါ်ကဘယ်လိုမောင်းထုတ်မ

ခြင်၊ယင်၊ပုရွက်ဆိတ်တို့ကိုအိမ်ပေါ်ကဘယ်လိုမောင်းထုတ်မလဲ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ပိုးဟပ်၊ပင်ကူ၊ပုရွက်ဆိတ် စတဲ့ပိုးကောင်တွေကိုဆေးဖြန်းပြီးနှိမ်နှင်းမယ်ဆို
ရင်ဆေးနံ့ကအိမ်ထဲမှာစွဲကျန်ရစ်နေပါတယ်။ပြီးတော့ထိုဖြန်းဆေးထဲမှာပါတဲ့
ဓာတုပစ္စည်းကလည်းအိမ်သူ၊အိမ်သားတွေရဲ့ကျန်းမာရေးကိုထိခိုက်စေပါ
တယ်။ဒါကြောင့် သင့်အိမ်ထဲကိုကျူးကျော်ဝင်ရောက်လာတဲ့ပိုးကောင်တွေကို
သဘာဝနည်းအတိုင်းဘယ်လိုနှိမ်နှင်းရမယ်ဆိုတာကိုဖော်ပြလိုက်ပါတယ်။

Boric Acid
ဘိုင်အိုအက်စစ်နဲ့ဂျုံမှုန့်ကိုရောပြီးအင်းဆက်ပိုးကောင်တွေရှိတဲ့နေရာမှာဖြူး
လိုက်ပါ။ထိုအမှုန့်တွေကိုစားမိပြီးသူတို့သေသွားပါလိမ့်မယ်။

ပင်စိမ်းရွက်
ဟင်းချက်ရာမှာအသုံးပြုတဲ့လတ်ဆတ်တဲ့ပင်စိမ်းရွက်အနည်းငယ်ကိုတံခါး
ပေါက်မှာချိတ်ဆွဲထားလိုက်ရင်ခြင်၊ယင်၊တို့ရန်မှကင်းဝေးစေမှာဖြစ်ပါတယ်။

ကြက်သွန်ဖြူ
ပုရွက်ဆိတ် နဲ့ပိုးဟပ်ဟာ ကြက်သွန်ဖြူကိုအရမ်းကြောက်ပါတယ်။ကြက်သွန်
ဖြူတစ်ဥကို အင်းဆက်ပိုးကောင်တွေတွေ့တဲ့နေရာမှာထားခဲ့ရင် သူတို့တွေ
အနားတောင်မကပ်ရဲပဲထွက်ပြေးသွားပါလိမ့်မယ်။ကြက်သွန်ဖြူဥ ခြောက်သွား
ပါက အသစ်ပြန်လဲပေးပါ။

ရှာလကာရည်
ရှာလကာရည်ဟာအင်းဆက်ပိုးကောင်တွေကိုသေစေဖို့၊မောင်းထုတ်ဖို့အ
တွက် အလွန်အသုံးဝင်ပါတယ်။ဟင်းချက်ရာမှာထည့်သုံးဖို့အတွက်အန္တရာယ်
ကင်းပေမယ့်အိမ်တွင်းပိုးကောင်ပြသနာကို အမြန်ဆုံးဖြေရှင်းပေးနိုင်ပါတယ်။

ငရုတ်သီးမှုန့်
အိမ်တွင်းမှာစိုက်တဲ့အပင်တွေကိုဒုက္ခပေးတဲ့အင်ဆက်ပိုးကောင်တွေကိုငရုတ်
သီးမှုန့်နဲ့နှိမ်နှင်းလို့ရပါတယ်။ဆေးဖြန်းပုံထဲမှာ ရေ၊ငရုတ်သီးမှုန့်နဲ့ဆပ်ပြာ
ရည်အနည်းငယ်ထည့်ပြီးအပင်ကိုဖြန်းပေးပါက ကပ်ညိနေသောအင်းဆက်ပိုး
ကောင်များကိုသေစေနိုင်ပါတယ်။

သံပုရာခွံ၊လိမ္မ်ာခွံ၊ရှောက်သီးခွံ
ထိုအခွံများဟာအင်းဆက်ပိုးများ အထူးသဖြင့်ပင့်ကူများကိုထွက်ပြေးစေပါ
တယ်။ပင့်ကူတွေအိမ်လာစောက်တတ်တဲ့နေရာမှာ ထိုအခွံကို သွားထားလိုက်ပါ။ ကျန်တာထိုအခွံကကြည့်လုပ် ပါလိမ့်မယ်။ စီးထရက်သီးတွေကိုမုန်းတဲ့ အင်းဆက်ပိုးများ သင့်အိမ်ပေါ်ကဆင်းသွားပါလိမ့်မယ်။

Credit to Health Digest
မောင်စိုင်း



MPT အချင်းချင်း ခေါ်ဆိုမှု တစ်မိနစ် ၂၅ ကျပ်သို့ လျှော့ချရန် စီစဉ် ကဲလာပြန်တော့မယ် နောက်တစ်မျိုး

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT)က ယင်းတို့၏ မို ဘိုင်းဖုန်းအချင်းချင်း ခေါ်ဆိုမှုကို  တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်းသို့ လျှော့ချပေးရန် စီစဉ်လျက်ရှိပြီး အတည်ပြုနိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သတင်းရရှိ သည်။ ‘‘တစ်မိနစ်ကို ၂၅ ကျပ် အထိ လျှော့ပေးဖို့အတွက် စဉ်းစားနေတာကတော့ ကြာပါပြီ။ ဘယ်တော့လောက်စပြီး ပေးဖြစ်မယ်ဆိုတာကတော့ ဆွေးနွေးနေတုန်းပါပဲ’’ ဟု
သိရပါကြောင်း

adm=  kmk


Posted via Blogaway