Wednesday, January 20, 2016

တိုက်ရိုက်မျိုးစေ့ချနည်းစနစ်ဖြင့် စိုက်ပျိုးတာတဲ့



ဇန်နဝါရီ၂၀ရက်ကတိုက်ရိုက်မျိုးစေ့ချကိရိယာဖြင့်စပါးစိုက်ပျိုးမှု့ကိုအင်းတော်မြို့နယ်မော်လူးအုပ်စုဟဲနုရွာတောင်သူကြီးဦးသိန်းစိုးဝင်း၏လယ်တွင်ပထမဦးဆုံးအကြိမ်ဖြင့်စမ်းသပ်စိုက်ပျိုးခဲ့သည် အဆိုပါစမ်းသပ်စိုက်ပျိုးခြင်းကိုကသာခရိုင်စိုက်ပျိုရေးဌာနခရိုင်ဦးစီးမှူးဦးမောင်မောင်၏လမ်းညွှန်မှု့ဖြင့်အင်းတော်မြို့စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးစီးမှူးဦးမင်းအောင် မော်လူးစိုက်ပျိုးရေးပညာပေးစခန်းတာဝန်ခံဒု လ/ထဦးစီးမှူးဦးမင်းညွန့်ဦးတို့မှပညာပေးကွင်းဆင်းဆောင်ရွက်ခဲ့သည်။

Fb  မှ  မ   လာသည်။

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် မြန်မာနိုင်ငံသို့ ဘယ်နှစ်ကြိမ်ကြွခဲ့ပါသလဲ?




Than Tun Aung > ဓမ္မစာပေ
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် မြန်မာနိုင်ငံသို့ ဘယ်နှစ်ကြိမ်ကြွခဲ့ပါသလဲ?

၁။ ပထမအကြိမ်
============
မဟာသက္ကရာဇ် (၁၀၄) ခုနှစ် ဒုတိယဝါ သက်တော် ၃၆ နှစ်တွင် ဖိုးဦးတောင် ( ပြည်မြို့အနီး ) သို့ကြွချီတော်မူသည်။ ပြည်ရွှေဆံတော် စေတီပေါ်ထွန်းခဲ့သည်။
===============

၂။ ဒုတိယ အကြိမ်
============
မဟာသက္ကရာဇ် ( ၁၁၁ )ခုနှစ် ဝါတော်( ၈ ) ဝါ သက်တော် ၄၃ နှစ်တွင် သုဝဏ္ဏဘုမ္မိ သထုံပြည်သို့ ရဟန္တာအရှင် ဂဝံပတိမထေရ်၏ ပင့်လျှောက်ချက်အရ ရဟန္တာ ( ၅၀၀ )တို့ နှင့်အတူ ကြွချီတော်မူသည်။ ကျိုက်ထီးရိုးစေတီ ပေါ်ထွန်းခဲ့သည်။
============

၃။တတိယ အကြိမ်
=============
မဟာသက္ကရာဇ် (၁၁၃) ခုနှစ် ဝါတော် (၁၀) ဝါ သက်တော် ၄၅ နှစ်တွင် ရခိုင်ပြည်သို့ ရဟန္တာ ( ၅၀၀ ) နှင့်အတူ ကြွချီတော်မူခဲ့သည်။
မဟာမြတ်မုနိအပါအဝင် မုနိလေးဆူ ပေါ်ထွန်းခဲ့ သည်။
========================

၎။ စတုတ္ထအကြိမ်
============
မဟာသက္ကရာဇ် (၁၂၃ ) ခုနှစ် ဝါတော် (၂၀) ဝါ သက်တော် (၅၅)နှစ်တွင် သုနာပရန္တတိုင်းသို့ ကြွချီတော်မူသည်။
မန်းရွှေစက်တော်ခြေတော်ရာများ
=====================
ကိုးကွယ်ရန် ချထားတော်မူခဲ့သည်။

၅။ ပဉ္စမအကြိမ်
===========
မဟာသက္ကရာဇ် (၁၃၆) ခုနှစ်ဝါတော် (၃၃) ဝါ သက်တော် ၆၈ နှစ်တွင် တကောင်းပြည်သို့ ကြွချီတော်မူသည်။
ဟန်လင်းကြီးစေတီ ပေါ်ထွန်းခဲ့သည်။
=============

မေမြင့်မိုရ်ကျော် ပြန်လည်မျှဝေသည်။

စာကိုး။ ။ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ မြန်မာ့ဗဟုသုတ(၁၀၀)ထဲမှ
Credit original writer
c/o ( မူကြိုဆရာ )