Friday, January 2, 2015

One Candle စေတနာရှင် လူငယ်များအဖွဲ့သို့(မေလ်းထဲရောက်လာတဲ့ ကဗျာ)

  { လတစင်းနှယ် One Candle }
*** ကိုယ်ပိုင်အလင်းမရှိပေမယ့်
      နေမင်းရဲ့အလင်းကိုဆောင်
     ကမ္ဘ္ဘ္ဘ္ဘာမြေကိုရောင်ပြန်ပို့
     အလင်းမဲ့သူတို့ ပျော်ရွှင်ဖို့ - - - - - - -
*** ရံတခါ  တိမ်တိုက်ရယ်ကာဆီး
      အလင်းခရီးက မဖြောင့်သော်လဲ
      ထိုးဖောက်ပြီးဆင်းသက်လာ
      ခဲခက်စွာ ပါသမျှအရောင်လေးနဲ့
       အမှောင်ထဲမှ သူတို့အတွက်
        အားတက်စေဖို့ -- - - - - - -
*** ညစဉ်မသာပေမယ့်
     အခွင့်သာ အခြေပေးခိုက်မှာ
    အားစိုက်ပြီး အရောက်လာ
One Candle ရေ မင်းတို့တတွေဟာ
     အားမရှိသူအတွက် အားဆေးတခွက်ပါ -
*** လိုသူနဲ့ပိုသူတွေကြားမှာ
       မေတ္တာကိုအရင်းပြု
      ပေါင်းကူးလို့ ဆင့်ကမ်း ခရီးကြမ်းပေမယ့်
   စေတနာက အလန်းလေး ပေမို့
   ဂုဏ်ယူပါတယ် မင်းတို့စိတ်ထားကို
      ( အများအတွက်အားတက်စေဖို့ )
   One Candle ရေ မင်းတို့ ဆက်လှမ်းးးးးးး
************************************
[ ဥသျှစ်ကုန်းရွာသဘာဝစိမ့်စမ်းရေ ရရေးအတွက် ကနဦး မတည်ငွေ(1000000)
အလှုရှင်ရှာဖွေပေးခဲ့သော One Candle စေတနာရှင်လူငယ်အဖွဲ့အား ကျေးဇူးတင်စွာဖြင့် အမှတ်တရရေးဖွဲ့ပါသည်]
       # မုဒိတာ စိတ်ထားဖြင့် >>>>>>
   ဖိုးရှမ်းလေး(မော်လူး)