Sunday, September 18, 2016

facebook မှာ ဖွတယ်ဆိုတာ အဲ့ဒါဘဲ မော်လူးဒေသသားတွေ

ကိုယ့်ဒေသ  သတင်းမို့  အမှန်ကိုသိကြရတာ
facebook မှာ  like ရချင်ကြလို့ သတင်းတွေ
ဖန်တီးပြီးတင်နေကြတာ
အများအပြား ရှိပါသဖြင့်  ဆင်ခြင်ပြီး  ယုံကြည်သင့်ပါကြောင်း
ooooooooooooooooooooooooooooooooooo
facebook  groupက  ကူးလာသည်။


ဘုန်းဘုန်းကတော့ဖွနေပြီနော်
မော်လူးဟဲနုပါဆိုကာတူကခဲမမဆိုတော့
ကျော်လည်းသိတတ်တော့ဘူးဗျာ
ဖတ်သာကြည့်ပေတော့
$$$$$$$$$$$$$$$$$
ဒီကောင်မလေးကိုမှတ်မိမလားဘဲ တချိန်က မဘသ ဆရာတော်တွေကို ကိုယ်ရောနှတ်ပါစော်ကားခဲ့တာလေ 
~~~~~~~~~~~~~~~~~~~~~~~~~~
ဖုန်းမှတဆင့် မိုကြိုးလျပ်စီးဒဏ်သင့်
၁၆.၉.၂၀၁၆ နေ့လည်ခင်း မိုးရွာသွန်းနေစဉ် စစ်ကိုင်းတိုင်း ဒေသကြီး အင်းတော်မြို့နယ်၊ မော်လူးတိုက်နယ်အုပ်စု၊ ဟဲနုကျေးရွာနေ အဘ ဦးအောင်အောင်၊ အမိ ဒေါ်ခင်မာဝင်းတို့၏ သမီးဖြစ်သူ အသက် ၁၇ နှစ်အရွယ်ရှိ မပိုပိုချစ်သည် သူမ၏ဖုန်းကို သူမ၏ရင်ဘတ်ပေါ်၌တင်လျက် အိပ်ပျော်နေခဲ့သည်။
မွန်းလွဲ ၁:၄၅ အချိန်တွင် မိုးကြိုးပစ်သံနှင့်အတူ လျှပ်စီးကြောင်းတစ်ခုသည် မပိုပိုချစ်၏ ရင်ဘတ်ပေါ်ရှိ ဖုန်းအနီးမှတဆင့်ဖြတ်သန်းသွားသည်ကို သူမ၏မိဘများက အမှတ်တမဲ့တွေ့မြင်လိုက်ရသည်။
မိဘများကလည်း သမီးဖြစ်သူ မပိုပိုချစ်ဆီသို့ အပြေးအလွှားသွားပြီး ပွေ့ထူလိုက်ရာ မပိုပိုချစ်မှာ သတိလစ်နေပြီဖြစ်ကြောင်းတွေ့ရှိရသည်။
သို့နှင့် မပိုပိုချစ်ကို မော်လူးတိုက်နယ်ဆေးရုံသို့ ချက်ချင်းပို့ဆောင်ပေးရာ ယခုအခါ မပိုပိုချစ်မှာ သူမ၏ခန္ဓာကိုယ်တစ်ခုလုံး မည်သည့်ဒဏ်ရာမျှ မရရှိခဲ့သော်လည်း စကား လုံးဝပြောနိုင်ခြင်းမရှိတော့ပေ။
ထို့ကြောင့် မော်လူးတိုက်နယ်ဆေးရုံတွင် ဆက်လက်ပြီး ဆေးကုသမှုခံယူနေကြောင်း သိရှိရပါသည်။
မဟုတ်ပါစေနဲ့ကလေးရယ် ဆုတောင်းပေးရုံမျှသာ

ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ရာတွင် အလေးမထားမိသော အမှားလေးများ



ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ရာတွင် အလေးမထားမိသော အမှားလေးများ

*********

ပဋ္ဌာန်းမှာ အသံထွက်လေးတွေ မှားနေတာကို အများအားဖြင့်
အသံထွက်ကို သတိမထားပဲ လွယ်လွယ်ပူဇော်နေကြပါတယ်။

သတိထားပူဇော်ရမယ့် အမှားလေးတွေက—

ငါးပါးသီလယူရာမှာ အဟံဘန္တေ တိသရဏေနသဟ …
(၁) ပဉ္စသီလံမှာ” ပြင်စသီလံ”လို့ အသံမှား ထွက်ကြပါတယ်။
(အမှန်က “ပင်စသီလံ” လို့ အသံထွက်ရပါမယ်)။

(၂) ဓမ္မံ ယာစာမိမှာ “ဓမာ ယာစာမိ” လို့ အသံမှား ထွက်နေကြပါတယ်။
(“ဓမ်မာ ယာစာမိ” လို့ အသံထွက် ရပါမယ်)

(၃) ဒုတိယမ္ပိ,တတိယမ္ပိမှာ ..
(“ဒုတိယမ်ပိ,တတိယမ်ပိ” ပါ။ အဲဒီမှာ”ဒုတိယမ်မိ,တတိယမ်မိ” နဲ့
“ပိ” ဆိုတဲ့အသံကို “မိ” လို့ မှားယွင်းစွာ အသံထွက်နေကြပါတယ်)။

(၄) အဒိန္နာဒါနာမှ – “အဒိန်န ဒါန” ဆိုပြီးရေးချ( –ါ )သံ ပျောက်နေကြပါတယ်။
(“အဒိန်နာ ဒါနာ” ဆိုပြီး ရေးချ သံလေးကိုသတိထား ပူဇော်စေလိုပါတယ်)။

ပဋ္ဌာန်းပူဇော်ရာမှာလည်း —အသံကို ဆွဲ မပူဇော်ရပါ။
(း ) ဝစ္စနှစ်လုံးပေါက်သံ မပါရပါ။

ဥပမာ- ဟေတု ပစ္စယောတိ (ဟေတု ” ပြစ်စယောတိ” မဟုတ်ပါ။)
“ပစ်စယော” သာဖြစ်ပါတယ်။ ပြစ်ဆိုတဲ့(ြ ) ရရစ်သံမပါရပါ။

တံသမုဋ္ဌာနာနဉ္စ ရူပါနံ ကို — တံသမုဋ္ဌာနာ”နင်း..စ” ဆိုပြီး
(း ) ဝစ္စနှစ်လုံးပေါက်သံနဲ့အသံကို ဆွဲဆိုနေကြပါတယ်။
(“နင်စ” ဟုသာ ပူဇော်ပါရန် ဖြစ်ပါတယ် )။

ဟေတုပစ္စယေန ပစ္စယော ပါ- ဟေတု ” ပြစ်စယေးန ပြစ်စယော” မဟုတ်ပါ။
(“ပစ်စယေန ပစ်စယော” ပါ )။

(“ယေး..န,နင်း..စ” ဟု အသံဆွဲမဆိုရပါ)။

အဲဒီမှာ ဆွဲဆိုတဲ့သူတွေကများတော့ အသံထွက် အမှန် ပူဇော်သူရဲ့ အသံက ငုပ်သွားပါတယ်။

ရူပါယတနံမှာ— ( ရ – ရကောက် ) သံပူဇော်ရင် (Ra) အသံထွက်အောင် လျှာကို လိပ် ပူဇော် ရပါမယ်။

(ယ – ယပက်လက်) သံကိုတော့ (Ya) သံဖြစ်တဲ့အတွက် လျှာမလိပ်ရပါ။

ဖောဋ္ဌဗ္ဗာယတနံမှာ– “ဖွတ်ထဗာ ယတနံ” ပါ။
(ဖောထဗ)မဟုတ်ပါ။ “ရေးချသံ” ပါရပါမယ်။

အခုလိုစနစ်တကျ ပူဇော်တတ်ရန် သင်ပြပေးသော ဆရာသမားများအားဤနေရာမှ ဦးခိုက်ပူဇော်ပါသည်။
စနစ်တကျပူဇော်တတ်ရန်-စေတနာ မေတ္တာဖြင့်

Credit: ဒေဝီခင်