Monday, October 28, 2013

မြို့နယ်အဆင့်ကျောင်းသားအားကစားပွဲတော်အတွက် မော်လူးမှ အားကစားသမားများ အင်းတော်မြို့သို့ ထွက်ခွာ






မြို့နယ်အဆင့်ကျောင်းသားအားကစားပွဲတော်အတွက် မော်လူးမှ
အားကစားသမားများ အင်းတော်မြို့သို့ ထွက်ခွာ
မော်လူး၊ အောက်တိုဘာ ၂၈
@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးတိုက်နယ်အတွင်းရှိ အခြေခံပညာ ကျောင်းပေါင်းစုံမှ  အုပ်ချုပ်သူ ဆရာ/မများ ဦးဆောင်၍ အားကစားသမားဖြစ်ကြသည့် ကျောင်းသား/သူများသည် အခြေခံပညာ အထက်တန်းကျောင်း (မော်လူး)တွင် စုစည်းကြကာ အောက်တိုဘာလ ၂၈ရက် နံနက် ၁၁နာရီ အချိန်တွင် အားကစားပြိုင်ပွဲများကို ယှဉ်ပြိုင်ရန် အင်းတော်မြို့သို့ မော်တော်ယာဉ်များဖြင့် ထွက်ခွာသွားကြကြောင်း သိရသည်။
အင်းတော်မြို့နယ်တွင်းရှိ အခြေခံပညာ ကျောင်းပေါင်းစုံ အာကစားပြိုင်ပွဲကိုကျင်းပမည်ဖြစ်သဖြင့် မော်လူးတိုက်နယ် အခြေခံပညာ ကျောင်းပေါင်းစုံမှ အားကစားသမား ကျောင်းသား/သူများက သွားရောက်ယှဉ်ပြိုင်ကြခြင်းဖြစ်ကြောင်း၊ အားကစားပြိုင်ပွဲများမှာ မူလတန်းအဆင့် အသက် ၁၀ နှစ်အောက် (ကျား) ဘော့လုံးပြိုင်ပွဲ၊ အလယ်တန်းအဆင့်(ကျား/မ) အသက် ၁၆နှစ်အောက် ဘော့လုံးပြိုင်ပွဲနှင့် ပြေးခုန်ပစ်ပြိုင်ပွဲများကို ကျင်းပမည်ဖြစ်ကြောင်း၊ ထိုအားကစားပြိုင်ပွဲများသို့ မော်လူးတိုက်နယ်ရှိ အခြေခံပညာ ကျောင်းပေါင်းစုံမှ အားကစားသမား ကျောင်းသား/သူ (၅၃)ဦးအား အုပ်ချုပ်သူဆရာ/မ (၁၇)ဦးတို့က ဦးဆောင်ကာ သွားရောက်ယှဉ်ပြိုင်ကြခြင်းဖြစ်ကြောင်း၊ အဆိုပါ မြို့နယ်အဆင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကို အောက်တိုဘာ ၂၉ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။