Saturday, November 29, 2014

စာပေရေချမ်းစင်သို့ စာအုပ်များ လှူဒါန်း


မော်လူး မီးရထားဘူတာ စာပေရေချမ်းစင်သို့ မြို့နယ်ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေးဦးစီးဋ္ဌာနမှ စာအုပ်များ လှူဒါန်း
မော်လူး၊ နိုဝင်ဘာ ၂၉
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးမီးရထားဘူတာရှိ
စာပေရေချမ်းစင်သို့ အင်းတော်မြို့နယ် ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေးဦးစီးဋ္ဌာနမှ နိုဝင်ဘာ ၂၉ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က
စာအုပ်များ လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ စာအုပ်များ လှူဒါန်းရာသို့ အင်းတော်မြို့ ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေး ဦးစီးဋ္ဌာနမှ ဦးစီးမှူး ဦးကျော်သီဟ၊ အငယ်တန်းစာရေး
ဒေါ်ငြိမ်အိအိဖြိုးတို့မှ စာပေရေချမ်းစင်အတွက် စာအုပ်များလှူဒါန်းရာ
မော်လူးမီးရထားဘူတာ တာဝန်ခံရုံပိုင်ကြီး ဦးစိုးလင်းမှ လက်ခံရယူခဲ့သည်။
မော်လူးမီးရထားဘူတာ စာပေရေချမ်းစင်တွင် သတင်းစာ၊ ဂျာနယ်၊
စာစောင်မျိုးစုံ၊ လစဉ်ထုတ် မဂ္ဂဇင်းများ၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေး၊
ဘာသာရေး၊ စိုက်ပျိုးမွေးမြူရေး၊ ကျန်းမာရေး၊ သိပ္ပံနှင့် နည်းပညာ၊
ယဉ်ကျေးမှု အနုပညာ၊ အားကစား၊ အထ္တုပ္ပတိ၊ ပြည်သူ့နီတိ အစရှိသည့်
စာအုပ်စာပေများ စုံလင်စွာထားရာ ဒေသခံ ပြည်သူများ၊ ခရီးသွား
ပြည်သူများနှင့် မီးရထားရပ်နားစဉ် လိုက်ပါလာသည့် ခရီးသည်များ အသိပညာ
ဗဟုသုတ တိုးပွားနိုင်ရန်အတွက် လေ့လာ ဖတ်ရှုနိုင်ကြကြောင်း သိရသည်။
" မော်လူးမီးရထားဘူတာမှာ စာပေချမ်းစင်ထားရှိရတဲ့ ရည်ရွယ်ချက်ကတော့
ဒေသခံပြည်သူတွေ၊ ခရီးသွားပြည်သူတွေ ဗဟုသုတ တိုးပွားစေရန် အလို့ငှာ
ထားရှိရခြင်းဖြစ်ပါတယ်။ မီးရထားစောင့်ရင်းဖြစ်ဖြစ်၊
အချိန်အားနေလို့ပဲဖြစ်ဖြစ် စာအုပ်စာစောင်တွေကို လာရောက်
ဖတ်ရှုလေ့လာနိုင်ပါတယ်။ စာအုပ်စာပေ လေ့လာဖတ်ရှု့ခြင်းဟာ ဘဝခရီးမှာ
အသိပညာများစွာကို ပေးစွမ်းနိုင်သလို လက်တွေ့ဘဝမှာလည်း တကယ် အသုံးဝင်
အသုံးချလို့ရပါတယ်။ စာပေရေချမ်းစင်က စာအုပ်စာစောင်တွေကို
အခမဲ့လေ့လာဖတ်ရှုနိုင်တယ်ဆိုပေမယ့် တစ်ဦးအစ တစ်ရာအဆုံးဆိုသလို
စည်းကမ်းရှိဖို့ရာတော့ လိုအပ်ပါတယ်။ မိမိဖတ်ပြီးတဲ့ စာအုပ်စာစောင်တွေကို
နေရာတကျပြန်ထားပေးစေလိုပါတယ်။ စာပေရေချမ်းစင်မှာ ကဏ္ဍအလိုက်
ခေါင်းစဉ်လေးတွေခွဲပြီး စာအုပ်တွေကို စနစ်တကျ စီစဉ်ထားပါတယ်။
စည်းကမ်းရှိရှိ တာဝန်သိသိနဲ့ ကူညီပေးကြရင် ဒီစာပေရေချမ်းစင်လေးဟာ ဒီထက်မက
တိုးတက် အောင်မြင်လာမှာပါ။ မိမိတို့ထံမှာရှိတဲ့ စာအုပ်စာစောင်တွေကို
လှူဒါန်းလိုတယ်ဆိုလျှင်လည်း လာရောက်လှူဒါန်းနိုင်ပါတယ်" ဟု
မော်လူးမီးရထားဘူတာမှ ဝန်ထမ်းတစ်ဦးမှ ပြောပြသည်။





တကယ်ကြီးပြောတာလား ညွှန်မှူးဂျီးရယ်