Monday, August 11, 2014

ယခု တစ်ပါတ်အတွင်း နိုင်ငံအလိုက် mawlu news ကို ဝင်ကြည့်သည့် အရေအတွက် စာရင်းပါ

  off line ကြည့်နိုင်သော  မော်လူးဆိုင်းဘုတ်ပုံ Apk ဖြင့်
ကြည့်ရှု သော အကြိမ်အရေအတွက်  မပါဝင်သေးပါ


အင်တာနက်လိုင်းရှိ မှ ကြည့်နိုင်သော မော်လူးသတင်း APK အစိမ်းရောင်ဖြင့်ကြည့်သော အရေအတွက်နှင့်
ကွန်ပျူတာဖြင့် ဝင်ကြည့်သော  အရေအတွက်သာ ဖြစ်ပါသည်။

နိုင်ငံတကာမှ ဝင်ရောက်ကြည့်ရှု သူများ
ပြည်တွင်းမှ ဝင်ရောက် ကြည့်သူများ ကို
အထူးပင်ကျေးဇူးတင်ရှိပါကြောင်း -----



မော်လူးသတင်းအဖွဲသားများ။



လာပြန်ပြီ နောက်တစ်မျိုး MPT က ဆင်းက ဒ် ကို ပုံစံ အသစ်နဲ့ ရောင်းမယ်တဲ့


 မြန်မာ့ဆက်သွယ်ရေးဟာ မိုဘိုင်းဖုန်း ဆင်းကတ်တွေကို အောက်ခြေ ကျေးရွာနဲ့ ရပ်ကွက် တွေမှာ ခွဲတမ်းစနစ်နဲ့ ရောင်းချပေး နေရာကနေ သြဂုတ်လ လယ်ကစပြီး နောက်ထပ် စနစ် ၂ မျိုးနဲ့ ရောင်းချပေးနေပြီလို့ ကျောက်တံတားမြို့နယ် Elite Tech အရောင်းဆိုင် တာဝန်ရှိသူက ဒီဗွီဘီ ကို ပြောပါတယ်။
ပထမတမျိုး ကတော့ မြန်မာ့ဆက် သွယ်ရေး ဆင်းကတ်ကို အသုံးပြုပြီး ဖုန်းပြောဆိုခ ၁ လ ကျပ် ၁ သိန်းကျော်ဖိုး သုံးစွဲသူတွေကို ၁၅၀၀ ကျပ်နှုန်းနဲ့ ဆင်းကတ် ၃ ကတ်စီ ရောင်းချပေး တာ ဖြစ်ပြီး နောက်တ မျိုးကတော့ သုံးစွဲသူအားလုံးကို အလှည့်ကျစနစ်နဲ့ ရောင်းချပေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။
၁ လ ကျပ် ၁ သိန်းအထက် ဖုန်းပြောဆိုသူတွေထဲက တနေ့ လူဦးရေ ၅ ထောင်လောက်ဆီကို မက်ဆေ့ခ်ျပို့ပြီး ဖုန်းဝယ်ယူနိုင်ကြောင်း အကြောင်းကြားပေးတယ်လို့ ဆိုပါတယ်။
အခြားဆင်းကတ် အသုံးပြုသူတွေကတော့ ဆင်းကတ် ထပ်မံဝယ်ယူလိုကြောင်း မြန်မာ့ ဆက်သွယ်ရေးကို မက်ဆေ့ခ်ျ ပို့ပေးရမှာ ဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေးက အလှည့်ကျ စနစ်နဲ့အကြောင်းပြန်မှာ ဖြစ်
အကြောင်းပြန်ကြားစာ ရရှိသူဟာ အီလိုက်အရောင်းဆိုင်တွေမှာ ၁ ယောက် ဆင်းကတ် ၃ ကတ် ၀ယ်ယူနိုင်မယ်လို့ သူက ရှင်းပြပါတယ်။
By ဒီဗွီဘီ



Posted via Blogaway

♪ ဖုန်းတစ်လုံးမှာ Viber အကောင့်နှစ်ခုသုံးနိုင်တဲ့ - 2Lines for Viber ★ ROOT v 1.0.1 APK ♫

ခါင်းစဉ်ကိုကြည့်လိုက်တာနဲ့တင်ဘော်ဒါတွေ စိတ်ဝင်စားသွားကြလိမ့်မယ်လို့ထင်ပါတယ်ဗျာ။ တကယ် လည်းမိုက်ပါတယ်။ ဖုန်းတစ်လုံးထဲမှာတင် Viber Account နှစ်ခုသုံးနိုင်တဲ့ Application လေးဖြစ်ပါတယ်။ 2Lines for Viber ကိုအသုံးပြုဖို့အတွက် မိမိတို့ရဲ့ဖုန်းက Root Access ဖြစ်ဖို့တော့လိုအပ်ပါတယ်။ အသုံးပြုရတာလည်း လွယ်ကူပါတယ်။ Error မရှိပါဘူး ကျွန်တော်စမ်းပြီး ကလိကြည့်လို့အဆင်ပြေမှ တင်ပေးလိုက်တာပါ။ နောက်ထပ် Account တစ်ခုထပ်ဖွင့်ချင်တယ်ဆိုရင်တော့ အောက်ကပုံမှာမြင်ရတဲ့ အတိုင်း Add new line for viber ကိုနှိပ်ပြီး Viber ဖွင့်နေကြပုံစံအတိုင်း ထပ်ဖွင့်ရုံပါပဲ။ အသုံးပြုရင်လည်း Viber ကိုနှိပ်ပြီး အသုံးပြုရမှာပါ။ သုံးနေရင်း အခြား Account ပြောင်းပြီးသုံးချင်တယ်ဆိုရင်တော့ 2Line For Viber ကို နှိပ်ပြီး ပြောင်းသုံးချင်တဲ့ ဖုန်းနံပါတ်ကို နှိပ်ပြီးသုံးရမှာပါ။ Android OS 2.2 နှင့်အထက်ဖုန်း များမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ


ဒီနေရာမှာ


ဒေါင်းလိုက်ပါ။

မော်လူး အရှေ့ကျောင်းတိုက်မှ လွှမ်းစေတီ မွန်းမံမည်တဲ့

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်
မော်လူးမြို့ အရှေ့ကျောင်းတိုက်အတွင်း
၁၃၇၃ နှစ်တွင် တည်ထား ပူဇော်ခဲ့သည့်
စေတီတော်ကို ယခုအခါ
ဂြိုဟ်ရှစ်ခွင် နှင့် စေတီတော် အားပြန်လည် မွန်းမံ ပူဇော်မည်

ဟုသိရပါသည်။

Admin--  kmk










ဖားပန် အမကတွင် ကျောင်းကျန်းမာရေး စစ်ဆေးပြီး အာဟာရတိုက်ကျွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ ပင်ဝယ်ကျေးရွာအုပ်စု၊
ဖားပန်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင်ကျောင်းသူ/သားများအား
ကျောင်းကျန်းမာရေး စစ်ဆေးပြီး အာဟာရ တိုက်ကျွေးခြင်းကို သြဂုတ် ၁၀ ရက်
နံနက် ၈ နာရီက ပြုလုပ်သည်။

ကျောင်းကျန်းမာရေး စစ်ဆေးရာသို့ အင်းတော်မြို့နယ်၊ အင်းတော်တော်မြို့နယ်
စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်၊ဒုတိယ မြို့နယ် ပညာရေးမှူး
ဦးသိန်းဆွေဝင်း၊  မြို့နယ်ကျန်းမာဦးစီးဋ္ဌာန ဦးစီးမှူး ဒေါက်တာ
မျိုးဇော်လတ်၊ မော်လူးတိုက်နယ် ဆရာဝန် ဒေါက်တာ လာမာမီးနှင့်
ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် အမျိုးသမီးရေးရာနှင့် မိခင်နှင့်
ကလေးစောင့်ရှောက်ရေး အသင်း ဥက္ကဋ္ဌ ဒေါ်မော်မော်အောင်နှင့် အဖွဲ့ဝင်များ၊
ပင်ဝယ်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်၊
ဖားပန်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများသည် ဖားပန်ကျေးရွာ
အခြေခံပညာ မူလတန်းကျောင်းမှ ဆရာ/မနှင့် ကျောင်းသား/သူ(၄၆)ဦး၊
ကျေးရွာသူ/သား (၃၅)ဦးတို့အား ကျန်းမာရေး စစ်ဆေးကုသမှုများ
ပြုလုပ်ပေးခဲ့ပြီး ကျောင်းသား/သူများအား အာဟာရဒါနတိုက်ကျွေးခဲ့ကြောင်း
သိရသည်။






မ်ာလူး အထကတွင် ၂၀၁၄ ခုနှစ် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး ဆွေးနွေးဟောပြော

မ်ာလူး အထကတွင် ၂၀၁၄ ခုနှစ် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး ဆွေးနွေးဟောပြော
မော်လူး၊ သြဂုတ် ၁၀
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူး အခြေခံပညာ
အထက်တန်းကျောင်း သရဖီခန်းမတွင် သြဂုတ် ၁၀ ရက်၊ နေ့လည် ၂ နာရီ အချိန်က
မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေး ဆွေးနွေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း
သိရသည်။
အဆိုပါ ဟောပြောပွဲသို့ အင်းတော်မြို့နယ် စီမံခန့်ခွဲမှု ဥက္ကဋ္ဌ ဦးတင်မြင့်၊
အင်းတော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲမြင့်၊ အင်းတော်မြို့နယ်
တရားဥပဒေအရာရှိ ဦးသက်ထွန်း၊ မြို့နယ် မူးယစ်ဆေးဝါးတားဆီး
ကာကွယ်နှိမ်နင်းရေး အထောက်အကူပြု ဥက္ကဋ္ဌ ဦးဆန်နီ၊ အင်းတော်မြို့နယ်
အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ
ဒေါ်မော်မော်အောင်နှင့် အဖွဲ့ဝင်များ၊ မော်လူးကျေးရွာ အုပ်စု
အုပ်ချုပ်ရေးမှူး ဦးဝင်းစိန်၊ အုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာ
ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ၊ မော်လူးနယ်မြေ
ရဲတပ်ဖွဲ့စခန်း  စခန်းမှူး ရဲအုပ် အေးမင်းသိန်း၊ ရပ်မိရပ်ဖများနှင့်
ကျောင်းသူ/သား ၂၅၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင်
မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်၊ မော်လူး ကျေးရွာ
အုပ်ချုပ်ရေးမှူး ဦးဝင်းစိန်၊ ရဲအုပ် အေးမင်းသိန်း၊ မြို့နယ်
ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲမြင့်၊ မြို့နယ် မူးယစ်ဆေးဝါး တာဆီးကာကွယ်ရေး
ဥက္ကဋ္ဌ ဦးဆန်နီ၊ မြို့နယ် တရားဥပဒေ အရာရှိ ဦးသက်ထွန်း တို့က မူးယစ်ဆေးဝါး
တားဆီးကာကွယ် နှိမ်နင်းရေးအတွက် ပြည်သူနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့
ပူးပေါင်း၍ အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ပြည်သူ့ဗဟိုပြု
မူးယစ်ဆေးဝါးတားဆီးကာကွယ် နှိမ်နင်းရေးဆောင်ရွက်ရန်
လိုအပ်ကြောင်း၊မူးယစ်ဆေးဝါးများကို ကျောင်းသားလူငယ်များ
သုံးစွဲခြင်းမပြုမိစေရန်နှင့် မသုံးစွဲခင်က ကြိုတင်တားဆီးကာကွယ်ကြရန်
လိုအပ်ကြောင်းနှင့် မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေအကြောင်းအရာများကို
ဟောပြောဆွေးနွေးခဲ့ကြကြောင်း သိရသည်

Posted via Blogaway


နန့်စီးအောင် ၂၀၁၄ ခုနှစ် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး ဆွေးနွေးဟောပြော




စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ နန့်စီးအောင်ကျေးရွာ၊
ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် သြဂုတ် ၁၀ ရက်၊ နံနက် ၁၀ နာရီ အချိန်က
မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေး ဆွေးနွေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း
သိရသည်။

 အင်းတော်မြို့နယ် စီမံခန့်ခွဲမှု ဥက္ကဋ္ဌ ဦးတင်မြင့်၏ လမ်းညွှန်မှုအရ
အင်းတော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲမြင့်၊ အင်းတော်မြို့နယ်
တရားဥပဒေအရာရှိ ဦးသက်ထွန်း၊ မြို့နယ် မူးယစ်ဆေးဝါးတားဆီး
ကာကွယ်နှိမ်နင်းရေး အထောက်အကူပြု ဥက္ကဋ္ဌ ဦးဆန်နီ၊ အင်းတော်မြို့နယ်
အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ
ဒေါ်မော်မော်အောင်နှင့် အဖွဲ့ဝင်များ၊ မံဟဲကျေးရွာအုပ်စု
နန့်စီးအောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသောင်းရွှေနှင့် ကျေးရွာ
အုပ်ချုပ်ရေးမှူးများ၊ နန့်စီးအောင် ရဲကင်း ဒုတိယ ရဲမှူး လှကြည်၊
နန့်စီးအောင်ကျေးရွာမှ အမျိုးသမီးရေးရာနှင့်
မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း အဖွဲ့ဝင်များ၊ ကျေးရွာ ဖွံဖြိုးမှု
အထောက်အကူပြု ကော်မတီဝင်များ၊ ဒေသ အရံ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာ
ပြည်သူ့စစ်များ၊ ကျေးရွာသူ/သားများ၊ ကျောင်းသူ/သားများ စုစုပေါင်းအင်အား
၄၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ ဟောပြောဆွေးနွေးပွဲတွင် မြို့နယ်
စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်၊ မံဟဲကျေးရွာ အုပ်စု
နန့်စီးအောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသောင်းရွှေ၊ နန့်စီးအောင်ရဲကင်း
ဒုတိယ ရဲမှူး လှကြည်၊ အင်းတော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲမြင့်၊
မြို့နယ် မူးယစ်ဆေးဝါးတာဆီးကာကွယ်ရေး ဥက္ကဋ္ဌ ဦးဆန်နီ၊ မြို့နယ် တရား ဥပဒေ
ဦးစီးအရာရှိ ဦးသက်ထွန်းတို့မှ မူးယစ်ဆေးဝါးတာဆီးကာကွယ်ရေးနှင့်
ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဒေသခံများဖြစ်ကြသည့်
ဦးခင်မောင်ဇော်၊ ဦးချောစိန်၊ ဦးထွန်းရွှေ၊ ဦးစိုးမင်းနိုင်တို့မှ
မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးနှင့် ပတ်သက်ပြီး မရှင်းလင်းသည့်
အချက်အလက်များကို မေးမြန်းကြရာ မြို့နယ် တရား ဥပဒေ ဦးစီးအရာရှိ
ဦးသက်ထွန်းနှင့် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲမြင့်တို့မှ ပြန်လည်
ရှင်းလင်း ပြောပြခဲ့ပြီး နေ့လည် ၁၂ နာရီခွဲတွင် ဆွေးနွေးဟောပြောပွဲ
ပြီးဆုံးခဲ့ကြောင်း သိရသည်