Saturday, July 19, 2014

♪ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အိမ်သုံးကြိုးဖုန်းများမှတစ်ဆင့် မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှုပေးမည် ♫



♪ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အိမ်သုံးကြိုးဖုန်းများမှတစ်ဆင့် မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှုပေးမည် ♫

အိမ်တိုင်းတွင် ကြိုးဖုန်းများ သုံးစွဲနိုင်ရန်နှင့် ယင်း ကြိုးဖုန်းမှတစ်ဆင့် မြန်နှုန်းမြင့်အင် တာနက်အသုံးပြုနိုင်ရန် ဝန်ဆောင် မှုပေးသွားမည်ဖြစ်ကြောင်းကိုင် မည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT) မှ အထွေထွေမန်နေဂျာ ဦးခင်မောင် ထွန်းက ပြောသည်။

ဂျပန်ကုမ္ပဏီများဖြစ်သည့် KDDI နှင့် Sumitomo ကော်ပိုရေးရှင်းတို့ နှင့်ပူးပေါင်း၍ ယင်းကဲ့သို့ကြိုးဖုန်းများ အသုံးပြုနိုင်ရန်အတွက် ဆက်သွယ် ရေးကွန်ရက်များတိုးချဲ့သွားမည်ဖြစ် ကာ လက်ရှိသုံးစွဲနေသည့်အင်တာ နက်လိုင်းထက် မြန်နှုန်းများစွာမြင့် သည့် အင်တာနက်လိုင်း တိုးချဲ့ဝန် ဆောင်မှုပေးနိုင်ရန် လပိုင်းအတွင်း ဂျပန်ကုမ္ပဏီနှစ်ခုနှင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အထွေထွေမန်နေဂျာဦးခင်မောင်ထွန်းကပြော သည်။

ယင်းက ''အော်ပရေတာတစ်ခု ဖြစ်သွားရင်ဆက်သွယ်ရေး ဝန်ဆောင် မှုပေးမှာတွေ အများကြီးပေးမှာပါ။ ကြိုးဖုန်းတွေ လဲဈေးလျှော့ပေး ဖို့ အစီ အစဉ်တွေရှိတယ်။ လက်ရှိသုံးနေတဲ့ အင်တာနက်လိုင်းထက် ပိုကောင်း အောင် ကွန်ရက်ဖြန့်ကြက်တာတွေ လုပ်မှာပါ''ဟုပြောသည်။

အဆိုပါ ဂျပန်ကုမ္ပဏီနှစ်ခုနှင့် ပူးပေါင်း၍ မိုဘိုင်းဖုန်းဆက်သွယ်ရေး ကွန်ရက် ဖြန့်ကြက်ခြင်းများအပြင် ကြိုး ဖုန်းမှတစ်ဆင့် အင်တာနက်ချိတ် ဆက်အသုံးပြုခြင်းများအတွက် ဒေ တာအသုံးပြုရာတွင် လုပ်ငန်းအမျိုး အစားပေါ်မူတည်၍ Data Usage အမျိုးမျိုးဖြင့်ရောင်းချနိုင်ရန် ဆောင် ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ယင်းနှင့်ပတ်သက်၍ KDDI မှ မစ္စတာ Tajima က ''ဒီနိုင်ငံမှာ အဓိကလိုအပ်နေတာကတော့ နက်ဝပ်ခ် ပိုင်းပေါ့။ ရှိပြီးသားနက်ဝပ်ခ်ပိုင်း ကို တိုးချဲ့ပြင်ဆင်ရုံပဲဖြစ်တဲ့အတွက် တခြားအော်ပရေတာတွေထက် အား သာချက်တွေရှိနိုင်မှာပါ။ ဂျပန်မှာပေး နေတဲ့ဝန်ဆောင်မှုတွေအတိုင်း KDDI က အင်တာနက်နဲ့ နက်ဝပ်ခ် ပိုင်းပြသာနာကိုဖြေရှင်းမယ်''ဟုပြောသည်။

လက်ရှိတွင် ဆက်သွယ်ရေးသ တင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနမှ ကြိုဖုန်းများကို တိုင်း နှင့် ပြည်နယ်အသီးသီး တွင် ဈေးနှုန်း များလျှော့ချရောင်းချပေးနိုင်ရန် လွှတ် တော်မှတစ်ဆင့် ဖြေကြား ခဲ့ခြင်းများ ရှိခဲ့ကြောင်း သိရသည်။

ကမာရွတ်မြို့နယ်နေ ကုမ္ပဏီ ဝန်ထမ်းတစ်ဦးဖြစ်သည့် ဦးအောင် ဝင်းက ''အခုကတော့မိုဘိုင်းဖုန်းတွေပဲ သုံးတာများတာပေါ့။ အင်တာနက် သုံးလဲ မိုဘိုင်းဖုန်းကနေ သုံးတယ်။ အိမ်တိုင်းကတော့ ကြိုးဖုန်းတွေရှိမယ် ဆိုရင်တော့ အဆင်ပြေတာပေါ့။ အ ရည်အသွေးလဲကောင်းမယ်။ အားလုံး တတ်နိုင်တဲ့ဈေးဆိုရင် ပြည် သူတွေကသုံးမှာပါပဲ''ဟု ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ အော်တိုကြိုးဖုန်း များကို ၂၀၁၁ခု နှစ်က ကျပ် ခြောက်သိန်းဖြင့် အရစ် ကျပေးချေသည့်စနစ်ဖြင့် မြို့နယ်အ လိုက် ရောင်းချပေးခဲ့ခြင်းများရှိပြီး လက်ရှိတွင် ပုဂ္ဂလိကကုမ္ပဏီများကို မြို့နယ်နှစ်မြို့နယ်၌ လိုင်းနှင့်ပတ် သက်၍ ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်ရန် လွှဲပြောင်းလုပ်ကိုင် ခွင့်ပြုထားကြောင်းသိရသည်။

PPT
#Democracytoday

ရက်သတ္တပတ် အနည်းငယ်အတွင်း Ooredoo ဆင်းမ်ကတ်များ စတင်သုံးစွဲနိုင်တော့မည်

♪ ရက်သတ္တပတ် အနည်းငယ်အတွင်း Ooredoo ဆင်းမ်ကတ်များ စတင်သုံးစွဲနိုင်တော့မည် ♫


Ooredoo Myanmar ဆက်သွယ်ရေးကုမ္ပဏီက မကြာမီရက်သတ္တပတ် အနည်းငယ်အတွင်း ၁၅၀၀ ကျပ်ထပ်မပိုသော ဆင်းမ်ကတ်များကို စတင်ရောင်းချတော့မည်ဖြစ်သည်။

ရန်ကုန်၊မန္တလေး၊ နေပြည်တော်အစရှိသည့် မြို့ကြီးသုံးမြို့နှင့် အနီးတဝိုက်မြို့များတွင် စတင်ရောင်းချ သွားမည်ဖြစ်ပြီး သြဂုတ်လအတွင်း စတင်ရောင်းချနိုင်ဖွယ် ရှိနေသည်ဟုသိရသည်။ “ဆင်းမ်ကတ်တွေ ရောင်းဖို့အချိန်က သိပ်မလိုတော့ပါဘူး။ နီးနေပါပြီ။ ပြီးတော့ Ooredoo Myanmar နဲ့ ဆက်စပ်ဝန်ဆောင်မှုဖြစ်တဲ့ ဟန်းဆက်တွေဟာ ဈေးကြီးမယ်ဆိုတာကလည်း မဟုတ်ပါဘူး" ဟု အဆိုပါ ကုမ္ပဏီ၏ လူမှုဆက်ဆံရေး မန်နေဂျာဖြစ်သူ ဒေါ်သီရိကြာညိုက ပြောကြားသည်။

ရက်သတ္တပတ် အနည်းငယ်အတွင်း စတင်သုံးစွဲနိုင်တော့မည့် Ooredoo Myanmar ၏ ဆင်းမ်ကတ်များကို 3G ကွန်ရက်ဖြင့် အသုံးပြုနိုင်တော့မည်ဖြစ်ပြီး အမျိုးမျိုးသော သုံးစွဲသူများအတွက် Package Plan အမျိုးအစားများ ခွဲခြားသတ်မှတ်ထားပြီဖြစ်သည်။

Internet Journal


Posted via Blogaway

SimCardPinLock ကျတာဘယ်လိုဖြည်ရမလဲဆိုသူတွေအတွက်ဗဟုသတလေးပါဗျာ

♪ SimCardPinLock ကျတာဘယ်လိုဖြည်ရမလဲဆိုသူတွေအတွက်ဗဟုသတလေးပါဗျာ ♫ PIN lock နဲ့ PUK lock ဆိုပြီး Sim lock (2)နှစ်မျိုးရှိပါတယ်... အနော်တို့နိုင်ငံမှာ ၁၅သိန်းတန် ၅သိန်းတန် ၂သိန်းတန် အားလုံးမှာ မူလ PIN code က 12345 ပုံမှန်နံပါတ်ပါ....သိသူများလည်းသိမှာပါ.... မသိသူများကလည်း PIN lock - 12345 ကိုမှတ်ထားလိုက်ပါ... တစ်ချို့ တစ်ချို့တွေဟာ Sim Card ကို ကဒ်ချိုးပီတာနဲ့ အမှုမဲ့ အမှတ်မဲ့ ထားတတ်ကြပါ...တစ်ချို့ကလည်းလွင့်ပစ်တတ်ပါတယ်.....သိမ်းထားရမှန်းမသိကြပါဘူး...တကယ်တော့ Sim Cardချိုးထားပီတဲ့ကဒ်အခွံဟာသိမ်းထားရပါမယ်ဗျ..ဒါဟာတကယ်ကိုအရေးကြီးပါတယ်....ဒီကဒ်အခွံမှာ PUK Code တစ်ခါထဲပါပြီးသားပါ..... Sim lock လည်းကျရော ဘာလုပ်ရမှန်းမသိပဲ ဆိုင်ကိုပြေးရပါတော့တယ်.... ဆိုင်သမားတွေကလည်း Sim lock ကျတာဖြစ်တဲ့အတွက် ကဒ်ချိုးထားတဲ့ကဒ်ရှိမှ Unlock ပြုလုပ်နိုင်မှာဖြစ်ပါတယ်... အဲ့မှာမသိမ်းထားတဲ့သူများကတော့ ဘာမှန်းမသိတာနဲ့တင် MPT ရုံးဆီကိုပြေးရပါတော့တယ်..... အခုထွက်တဲ့ ၁၅၀၀ တန် MEC TEl မှာတော့  PUK ရော PIN ရော ခဲခြစ်အဖြစ်ထည့်ပေးထားပါတယ်...သဘောကတော့ Sim lock ကျရင်အဆင်ပြေနိုင်အောင်လို့ပါ....SIM lock ကျသွားရင် မလုပ်တတ် လုပ်တတ်နဲ့ လျှောက်ပြီးလည်းရိုက်မထည့်ပါနဲ့... ဆိုင်ပြေးတာထက်စာရင် ဆက်သွယ်ရေးရုံးကိုတိုက်ရိုက်သွားတာပိုကောင်းပါတယ်ခင်ဗျာ...ကျွန်တော့်လို ကလိတာ ၀ါသနာပါတဲ့ beginner တွေအတွက်ကတော့ အောက်မှာရေးထားတဲ့အတိုင်း စမ်းကြည့်ကြပေါ့ဗျ....မိမိဆန္ဒရှိမှ စမ်းသပ်ပါ....အနော်မတိုက်တွန်းပါဗျ... အကြောင်းအမျိုးမျိုးကြောင့် ကိုယ့် Sim Card က lock ကျပီဆိုရင် ဖုန်းလိုင်းပျောက်သွားပါမယ်..Unlock ပြန်လုပ်ဖို့ ဖုန်းက PUK Code တောင်းပါလိမ့်မယ်...PUK Code က ခုနကအနော်သိမ်းထားပါလို့ပြောတဲ့ ကဒ်ချိုးပီတဲ့ကဒ်ထဲမှာ ပါပီသားပါ... - Unlock ပြန်လုပ်ပုံကတော့ အဲ့ဒီဆင်းကဒ်ချိုးလိုက်တဲ့ ကဒ်မှာပါတဲ့ PUK Code (၈) လုံးကို ရိုက်ထည့်ပေးပြီး OK နှိပ်ပါ.... - PIN Number အသစ်ပြန်လုပ်ခိုင်းပါလိမ့်မယ်... 12345 လို့သာ ရိုက်ပြီး OK နှိပ်ပါ..... - နောက်တစ်ခေါက် PIN Number ကို Confirm လုပ်ခိုင်းပါလိမ့်မယ်....12345 လို့ထပ်ရိုက်ပေးပြီး OK နှိပ်လိုက်ပါ...ဒါဆိုရင် Sim Lock, ပြုတ်ပြီး ဖုန်းလိုင်းပြန်တက်လာပါလိမ့်မယ်ဗျ..... ဒီအောက်ကနည်းလေးကတော့ မိမိတို့ရဲ့ ဆင်းကဒ်ကို Lock ချထားချင်သူများအတွက် ပြုလုပ်နည်းလေးပါတင်ပေးလိုက်ပါတယ်ဗျ... အနော်ကတော့မတိုက်တွန်းပါဘူး....Sim Card Lock ချချင်တယ်ဆိုရင်လဲ အခုနောက်ပိုင်းထွက်တဲ့ Antivirus ဆော့ဝဲလ်တွေမှာ Sim Card Lock Function ပါတာတွေ အသုံးပြုထားရင်လဲ မိမိတို့ရဲ့ ကဒ်ကို Lock ချထားနိုင်ပါတယ်ဗျ....မိမိတို့ဆန္ဒရှိလို့ အသုံးပြုချင်တယ်ဆိုသူများ အဆင်ပြေစေရန်နှင့် ဗဟုသုတအနေနဲ့ တင်ပေးလိုက်ပါတယ်... ဘာလို့ SIM Lock ချထားရပါသလဲ ဆိုရင် SIM Card ကို အခြားသူတစ်ဦးဦးက အသုံးမပြုနိုင်အောင်ချရခြင်းဖြစ်ပါတယ်... SIM Lock ချထားပါက မိမိဆင်းဒ်ကဒ်ကို ဘယ်ဖုန်းမှာထည့်ထည့် ကုဒ်တောင်းနေမှာပါ ကုဒ်မသိရင် သုံးလို့မရတော့ပါဘူး ဘယ်ဖုန်းကိုပဲ ထည့်ထည့်ပါ ဆင်းဒ်ကဒ်မှာ Effect ဖြစ်နေတာပါ ....အဲဒါကြောင့်ချရတာပါ... မလိုအပ်ရင်တော့ SIM Lock ကို ဖွင့်မထားပါနဲ့... PIN Code ကို မလိုအပ်လျှင် မပြင်ပါနဲ့ မကလိပါနဲ့... ပြင်ချင် Lock ချချင်သူများကတော့ မူလ PIN Code က *12345* သာဖြစ်ပါတယ် အဲတာကို ဝင်ချင်ရင် အဲကောင်ရိုက်ပေးမှပွင့်ပါတယ် ... အဲဒီကုဒ်မရိုက်ဘဲ ကျန်တာတွေ လျှောက်ရိုက်မိရင်တော့ သုံးခါထက်ပိုရိုက်မိရင် လော့ချလိုက်မှာဖြစ်ပါတယ်.. ဒါဆိုအဓိကပြောချင်တာက SIM Lock ပြောင်းခြင်ရင် ပထမဆုံး * 12345* ကိုရိုက်ပါ ကျန်တာရိုက်လို့မရပါ.. ပြီးမှ ကိုယ် ကြိုက်တဲ့ကုဒ်ကိုပြောင်းပါ မေ့လို့မရပါ...ဒါအရေးကြီးပါတယ်ဗျ... Credit: ပုရွက်ဆိတ်ကုန်းသား
Posted via Blogaway

“ဂဠုန်ဦးစော၏ နောက်ဆုံးသံဝေဂစကား

“ဂဠုန်ဦးစော၏ နောက်ဆုံးသံဝေဂစကား” •••••••••••••••••••••••••••••••••••••••••••••••••• “ကျုပ်ဟာ တစ်သက်လုံးဗုဒ္ဓဘာသာလို့ ပြောခဲ့တာပဲ။ တကယ်တော့မည်ကာမတ္တ “ဗုဒ္ဓဘာသာ”မျှသာ ဖြစ်ခဲ့တာကို ခုလို တရားစာပေလေ့လာမိမှ ပိုပြီးသတိရတယ်။ ကျုပ်ဟာလောကမှာရှိတဲ့ မကောင်းမှုမှန်မျှ မလုပ်ခဲ့ဖူးတာလည်း မရှိဘူး။ ကျုပ်ဟာ လောကရဲ့ ခံစားရမယ့် အကောင်းဆုံးတွေကိုလည်း မခံစားဖူးတာ မရှိဘူး။ ဒါပေမဲ့ ခုတွေ့ရတဲ့ တရားတော်ရဲ့ အဆီအနှစ်တွေကို ကျုပ်တစ်ခါမှ မတွေ့ခဲ့ဖူးဘူး” ဟု ဖွင့်ဟ၀န်ခံလျက် - “ကျုပ်မှာ အာဏာရှိတဲ့အချိန်တုန်းကလည်း ဘာသာရေးကို အလေးအနက်မပြုမိဘူး။ ဘာသာရေးဟာ ကျုပ်အတွက် ဟန်ပြအဆောင်အယောင်တစ်ခုလောက်သာ ရှိခဲ့တယ်။ ကျုပ်ဆန္ဒမှာရှိတာက ကျုပ်အာဏာတည်မြဲရေး၊ ကြီးပွားရေးနဲ့ တိုင်းပြည်ကို ကျုပ်ကြိုက်တဲ့ ပုံစံသွင်းချင်တာပဲ ကျုပ်မှာအဓိကဖြစ်ခဲ့တယ်။ အဲဒီအချိန်ကသာ ခုတွေ့ရတဲ့ တရားတော်တွေကို တွေ့ရလျှင် ခုလိုလည်း ဖြစ်မယ် မထင်မိဘူးဟု ဖွင့်အံခဲ့သည်။ ဤမျှသာမက ဦးစောတွင် ကြီးမားသော အစွဲအလမ်းကြီးတစ်ခုကြောင့် သူ့တွင် စိတ်အထိခိုက်ဆုံး ဖြစ်ခဲ့ရသေးသည်။ “အဲဒီတုန်းက ကျုပ်ဟာ နန်းရင်းဝန်ကြီးဘ၀နဲ့ ရွှေဘိုနယ်ကို ရောက်ခဲ့တယ်။ အဲဒီအချိန်က ရွှေဘိုနယ်မှာ အတော်ထင်ရှား ကျော်ကြားနေတဲ့ အလောင်းဘုရား ဦးအောင်ဇေယျကိုးကွယ်ခဲ့တဲ့ သင်္ကန်းနက်ဘုရား မတ်ရပ်ဆင်းတုတော်ဟာ အတော်တန်ခိုးကြီးတယ်၊ ဆုတောင်းပြည့်တယ်၊ လိုတရတယ်၊ ရန်ကိုအောင်နိုင်တယ်ဆိုတဲ့ သတင်းကြောင့် ဒီဘုရားကို မရအရ၊ ရတဲ့နည်းနဲ့ ကျုပ်ယူခဲ့မိတယ်” (မှတ်ချက်) မသမာသောနည်းဖြင့် ယူခဲ့ခြင်းကို ဆိုလိုဟန်တူသည်။ ဒါပေမဲ့ ကိုးကွယ်လိုလို့ ကြည်ညိုသဒ္ဓါနဲ့ ပင့်ခဲ့တာမဟုတ်ဘူး။ ကျုပ်အကျိုးအတွက် ကြည့်ပြီး ယူခဲ့တာပဲ။ ဒီတော့ သာမန်မျှသာ ကိုးကွယ်မူ အဆင့်တွင်မဟုတ်ဘဲ ကျုပ်ရဲ့ အဆောင်သဘောမျိုးပဲ ထားခဲ့မိတယ်။ ဒါဟာ ကျုပ်ရဲ့မဟာအမှားကြီးပါပဲ။ နောက်မှသိရတာက အဲဒီဆင်းတုတော်ကြီးဟာ တန်ခိုးကြီးသလောက် အလွန်ခိုက်တယ် ဆိုတာသိရတော့ နောက်ကျသွားပြီ။ “ဒီတော့ ကျုပ်ဟာ အင်္ဂလိပ်အကျဉ်းသမားဖြစ်လိုက်၊ သေနတ်ချောင်းပစ်ခံရလိုက်နဲ့ နောက်ဆုံး ခုချိန်ထိ ဖြစ်ခဲ့ရတာပဲ။ နောက်ကျုပ် ဒီရောက်မှ အဲဒီဆင်းတုတော်ကြီးကို ရွှေတိဂုံစေတီတော် စနေထောင့်မှာ ကျောင်းဆောင်တစ်ခုနဲ့ လှူဒါန်းလိုက်ရတယ်” ဟု ၀မ်းနည်းစွာပြောခဲ့သည်။ ၎င်းဘုရားအား ဦးစောကို သရဏဂုံတင်စဉ်မှ ရေစက်ချသွားခဲ့သည်။ “ဘုရားက မခိုက်ပါ၊ မရိုက်ပါ” •••••••••••••••••••••••••••••••••••••••• (မှတ်ချက်) ဤနေရာ၌ ဗုဒ္ဓဘာသာအများစု၏ မှားယွင်းနေသော အယူအဆတစ်ခုကို ဖြေရှင်းပေးလိုပေသည်။ ဗုဒ္ဓဘာသာအများစုသည် ဘုရားရုပ်ပွားများ၊ စေတီများက ခိုက်သည်ဟု ယူဆတတ်ကြသည်။ အမှန်က ခိုက်ဟူသည် မကောင်းကျိုးများ ကျရောက်ခြင်းကို ဆိုလိုပေ၏။ ထိုမကောင်းကျိုးများကို သက်ရှိထင်ရှား ဘုရားကလည်း မလုပ်သလို၊ သက်မဲ့ရုပ်ပွားဆင်းတုတောင်များကလည်း မလုပ်ပေ။ သို့ဆိုလျှင် မည်သူက လုပ်သနည်း - ထိုဘုရားရှင်နှင့် ရုပ်ပွားတော်တို့အပေါ် မရိုမသေပြုလုပ်သော “အကုသိုလ်ကံ စေတနာ”က ပြုလုပ်ပေးခြင်းဖြစ်သည်။ အရှင်ဒေ၀ဒတ်ကို မြေမျိုအောင် ဘုရားရှင်က သူ၏ စေတနာဆိုးခေါ် အကုသိုလ်က လုပ်ခြင်းဖြစ်သည်။ ယခုဖြစ်ရပ်တွင်လည်း ဦးစောကို ဒုက္ခရောက်အောင်လုပ်သည်မှာ “သင်္ကန်းနက်ရုပ်ပွား”မဟုတ်။ ထိုရုပ်ပွားတော်ကို လောကီ၊ အာဏာပါဝါကိစ္စတွင် အဆောင်အဖြစ် မရိုမသေအသုံးချခဲ့သော စေတနာဆိုး အကုသိုလ်ကြောင့်သာ ဖြစ်သည်။ လောဘ၊ ဒေါသကင်းစင်ပြီးဖြစ်သော ဘုရားရှင်သည် မည်သည့် သတ္တ၀ါ၏ဆိုးကျိုးကို မျှော်လင့်လေမည်နည်း - တစ်ဆက်တည်း သိသင့်သည်မှာ - •••••••••••••••••••••••••••••••••••••••• “မကောင်းကျိုးကို ဘုရားရှင်နှင့် ရုပ်ပွားများက ပေးသည်မဟုတ်သလို ၊ကောင်းကျိုးကိုလည်း ပေးသည်မဟုတ်ပေ။ မိမိကိုကောင်းကျိုးပေးသည်မှာ ထိုဘုရားရှင်နှင့် ရုပ်ပွားများ၊သံဃာတော်များအပေါ်တွင် ထားသော စေတနာသာဖြစ်သည်။” မဟာမြတ်မုနိကို ရှိခိုးပူဇော်ခြင်းနှင့် မိမိအိမ်မှ သုံးလက်မ ရုပ်ပွားလေးကို ရှိခိုးပူဇော်ခြင်းနှစ်မျိုးတွင် မည်သည့်ပူဇော်မူက ကောင်းကျိုးကိုပေးသနည်းဟု မေးခဲ့ငြားအံ့။ အဖြေကား ရုပ်ပွားကိုကြည့်ပြီး ဆုံးဖြတ်၍မရ။ စေတနာကိုကြည့်ပြီး ဆုံးဖြတ်ရမည်ဟု ဖြစ်၏။ မည်ကဲ့သို့ ဆုံးဖြတ်မည်နည်း - ●ရှိခိုးပူဇော်ချိန်တွင် စေတနာတစ်ကျပ်သားခန့်သာပါလျှင် ကောင်းကျိုးတစ်ကျပ်သားခန့် သာရသည်။ ●စေတနာတစ်ပိဿာခန့်ပါလျှင် ကောင်းကျိုးတစ်ပိဿာခန့်ရသည်။ ဤသုံးသပ်ချက်ကိုကြည့်၍ မည့်သည့်ရုပ်ပွားစေတီကို ရှိခိုးပူဇော်သည်ဖြစ်စေ သဒ္ဓါ၊ စေတနာအပြည့်ဖြင့် ရှိခိုးပူဇော်သင့်၏။ နာမည်ကြီး ရုပ်ပွားတော်တွေနောက်လိုက်ရင်း ၊ အလိမ်အညာခံရသူများကို တွေ့ရသောကြောင့် ယခုလို ရှင်းလင်းရေးသားရခြင်းဖြစ်သည်။ ●ထောင်ကိုကြောက်စရာမလို၊ ဒုစရိုက်မူများကိုသာကြောက်ရမည်။ ●အပါယ်လေးပါးကို ကြောက်စရာမလို၊ အကုသိုလ်ကံများကိုသာကြောက်ရမည်။ ●ရုပ်ပွားစေတီများကို ကြောက်စရာမလို၊ ထိုရုပ်ပွားစေတီများကို မရိုမသေပြုလုပ်သော စေတနာဆိုးကိုသာ ကြောက်ရမည်။ ●ရုပ်ပွားစေတီကခိုက်ခြင်းမဟုတ်၊ စိတ်ဆိုး စေတနာဆိုးကသာ ခိုက်ခြင်းဖြစ်သည်။ -【ဆရာတော် အရှင်ဇဝန - မေတ္တာရှင်(ရွှေပြည်သာ)】


Posted via Blogaway