Thursday, November 6, 2014

အပတ်စဉ်ဘောလုံးကြေးပေါက်နဲ့အပိုင်ပွဲရွေးချယ်မှုများကိုဖော်ပြပေးမယ့် MM FootballFocus(apk)

  အပတ်စဉ်ဘောလုံးကြေးပေါက်နဲ့အပိုင်ပွဲရွေးချယ်မှုများကိုဖော်ပြပေးမယ့် MM FootballFocus(apk) လေးဖြစ်ပါတယ်။ အပတ်စဉ်ကန်မယ့် ပရီးမီးယားလိဂ်,လာလီဂါ,စီးရီးအေ,ဘွန်ဒက်လီဂါ,လီဂူး စတဲ့ ပြိုင်ပွဲစုံပွဲစဉ်များရဲ့ ကြေးပေါက်တွေနဲ့ အပိုင်ပွဲရွေးချယ်မှုတွေကို အင်တာနက်ခဏဖွင့်ပြီးရယူနိုင်မှာဖြစ်ပြီး မိမိအကြိုက်နဲ့ ချိန်ဆကာ ခန့်မှန်းနိုင်မှာဖြစ်လို့ ဘောလုံးပွဲ ကစားသူတွေ ဆောင်ထားသင့်ပါတယ်။    ဂိုးလ်စကိုးကိုလည်းတိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်။    လိုအပ်မယ်ဆိုရင်တော့အောက်ပါလင့်မှာဒေါင်းလုပ်ဆွဲထားလိုက်ပါတယ်

 ဒီမှာ

မုန်တိုင်းသတင်း (၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၆)ရက်နေ့ ည (၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်) မိုးလေဝသ အထူးသတင်း

မုန်တိုင်းသတင်း (၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၆)ရက်နေ့ ည (၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလား ပင်လယ်အော် အခြေအနေ။ ယနေ့ မြန်မာ စံတော်ချိန်(၁၃း၃၀)နာရီ အချိန် တိုင်းထွာ ချက်များ အရ ဘင်္ဂလား ပင်လယ်အော် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ပုသိမ်မြို့၏ အနောက် တောင်ဘက်မိုင်(၄၈၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ဘလဲ(လ်)ယားမြို့၏ အနောက်မြောက် မိုင်(၃၆၀)ခန့်နှင့် ဗီဇာကာပတ္တနမ်မြို့၏ အရှေ့တောင်ဘက်မိုင်(၃၁၀)ခန့် အကွာပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ မုန်တိုင်းငယ် ပိုမိုအားကောင်းလာကာ၊ နောက်(၂၄)နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိ နိုင်ပြီး မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်ထူထပ်နေပါသည်။ မနက်ဖြန်ညနေထိ ခန့်မှန်းချက်။ စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊၊ စစ်ကိုင်းတိုင်း ဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့ တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်၊၊ မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင်မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများတွင် မိုးဆက်လက်ထစ်ချုန်း ရွာမည်။ နေပြည်တော်နှင့် အနီး တစ်ဝိုက်အတွက် မနက်ဖြန်ညနေထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်း ရွာမည်။ ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ မိုးအသင့်အတင့် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။ မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်း ရွာမည်။ ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။ မိုးလေဝသနှင့်ဇလဗေဒ http://www.moezala.gov.mm

တန်ဆောင်တိုင်အတွက် အလှူခံပါတယ်ဗျို့ ပျော်စရာ ကလေးဘဝ အမှတ်တရ

မော်လူးရွာမှာ နှစ်ပေါင် ၄၀ ဆယ်ကျော် အချိန် (သို့) ဘယ်ခေတ်ကာလ က အစပြုခဲ့သည် မသိသော တန်ဆောင်းမုန်းလပြည်နေ့ တိုင်း ဘာမျှမရမှန်းသိကြသော်လည်း ကလေးတွေရဲ့ တန်ဆောင်တိုင်မို့ အလှူခံပါတယ်ဗျို့ပါ မော်လူးသားတိုင်းအတွက် မေ့မရကြသော ပျော်ရွှင်စရာ ဓလေ့ လေးပါ ကထိန်အလှူလှည့်မှာ ငွေပဒေသာပင် လေးတွေ မတွေ့ ရတော့ပေမယ့် တန်ဆောင်တိုင်မှာတော့ ပျော်စရာ ကောင်းတဲ့ ဓလေ့ ကလေးတို့အကြိုက် တန်ဆောင်တိုင်အတွက်အလှူခံပါတယ်ဗျို့ တော့ ယခုနှစ်ထိ ရှိနေဆဲပါ။