Thursday, August 18, 2016

ယခုနှစ်တက္ကသိုလ်ဝင်ခွင့်လျှောက်သူတွေအတွက်သတင်းကောင်း



ယခုနှစ်တက္ကသိုလ်ဝင် ခွင့်လျှောက်ထားသူများသည် သက်ဆိုင်ရာ ရဲစခန်း၊ မြို့နယ်၊ ရပ်ကွက်နှင့် မြို့နယ် ကျန်းမာရေး ဌာန၏ထောက်ခံစာများ ယူရန်မလိုဘဲ ၀င်ခွင့်လျှောက်လွှာပုံစံအိတ် ဖြင့်သာ လျှောက်ထားရမည်ဖြစ် ကြောင်း အဆင့်မြင့်ပညာဦး စီးဌာနမှ သတင်းရရှိသည်။

၂၀၁၆ တက္ကသိုလ်ဝင်စာမေး ပွဲအောင်မြင်သူများ၏ တက္ကသိုလ် ၀င်ခွင့်လျှောက်လွှာများကို အ ဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန် ရုံးခွဲ)မှ ဖွင့်လှစ်ထားသည့် ပညာ ရေးတက္ကသိုလ် အားကစားခန်းမ ၌ သြဂုတ် ၁၈ ရက်တွင် စတင် လက်ခံလျက်ရှိသည်။

တက္ကသိုလ်ဝင်ခွင့်လျှောက် လွှာလက်ခံရာတွင် တက္ကသိုလ်ဝင် ခွင့်လျှောက်လွှာပုံစံအိတ်၌ ပါ ဝင်သည့် လျှောက်လွှာများ၊ သက် ဆိုင်ရာ ကျောင်းမှ ထုတ်ပေးသည့် အမှတ်စာရင်းနှင့် အရည်အချင်း မှတ်တမ်းလွှာစုံ၊ မစုံစစ်ဆေး၍ လက်ခံခဲ့ပြီး အခြားထောက်ခံစာ တင်ပြရန် မလိုကြောင်း အဆင့် မြင့်ပညာဦးစီးဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောသည်။

‘‘ဝင်ခွင့်လျှောက်လွှာတင်တဲ့ နေရာမှာ အရင်ကလို ရပ်ကွက်တို့၊ ရဲစခန်းတို့၊ ဆေးရုံထောက်ခံစာတို့ မယူရတော့ ကျောင်းသားတွေ ရော၊ ကျောင်းသားမိဘတွေရော ငွေကုန်ကြေးကျလည်း မများ တော့ဘူး။ လူလည်း မပင်ပန်း တော့ဘူး။ အရင်ကဆို ဝင်ခွင့် တင်ဖို့အတွက် ထောက်ခံစာတွေ ကို တော်တော်တိုးဝှေ့ပြီး ယူရ တာ’’ဟု ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်မှ အငြိမ်းစားအထက်တန်းပြဆရာမကြီးတစ်ဦးက ပြော သည်။‘‘ဒီနှစ်က အဆင့်မြင့်ပညာ ဦးစီးဌာနကနေ ထုတ်ပေးလိုက် တဲ့ ၀င်ခွင့်လျှောက်လွှာပုံစံအိတ် အတိုင်းပဲ ပြန်တင်ရမှာပါ။ကျောင်းက လိုအပ်တဲ့ အမှတ်စာ ရင်းနဲ့ CPR ကိုပဲ တောင်းပါတယ်’’ ဟု တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ လက်ခံနေသည့် အဆင့်မြင့်ပညာ ဦးစီးဌာန(ရန်ကုန်ရုံးခွဲ) ကျောင်း သားရေးရာဌာနမှ ဒေါ်မြင့်မြင့်စိန် ကပြောကြားသည်။

၂၀၁၆ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများကို သြဂုတ် ၁၈ ရက်မှ ၃၁ ရက်အထိ ပိတ်ရက်မရှိ ရုံးချိန်အတွင်း လာရောက် လျှောက်ထားနိုင်ကြောင်းအဆင့် မြင့်ပညာဦးစီးဌာန(ရန်ကုန်ရုံးခွဲ) က ကြေညာထားသည်။

‘‘သြဂုတ် ၃၁ ရက် နောက် ဆုံးထားပြီးတော့ လက်ခံပေမယ့် နောက်ကျတဲ့ နယ်ကကျောင်း သားရော၊ ရန်ကုန်က ကျောင်း သားတွေအတွက်ကို အဆင့်မြင့် ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ)မှာ ပြန်လက်ခံပေးပါတယ်။ မေဂျာ တွေ မကျမချင်း လက်ခံလို့ရတဲ့ အချိန်အထိ လက်ခံပေးပါတယ်’’ ဟု ဒေါ်မြင့်မြင့်စိန်ကပြောသည်။

ယခုနှစ် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ရန် မိမိတို့စာမေး ပွဲဖြေဆိုကြသည့် သက်ဆိုင်ရာ  စာစစ်ဌာန ကြီးကြပ်ရေးမှူးများ (အခြေခံပညာ အထက်တန်း ကျောင်းအုပ်ကြီးများ)ထံတွင် အ မှတ်စာရင်း၊ အရည်အချင်းမှတ် တမ်းစာချုပ်ရမှတ်အဆင့်၊တက္က သိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်နှင့် လျှောက်လွှာပုံစံအိတ်ကို သြဂုတ် ၁၇ ရက်မှစ၍ ကိုယ်တိုင်ထုတ် ယူနိုင်ပြီဖြစ်ကြောင်း အဆင့်မြင့် ပညာဦးစီးဌာနမှ သိရသည်။

‘‘လျှောက်လွှာအိတ်ထဲမှာပါ တဲ့ လျှောက်လွှာကတ်ပြားတွေနဲ့ပဲ တင်ခဲ့တယ်။ အမှတ်မီမယ်ထင်တဲ့ တက္ကသိုလ်တွေကို ဦးစားပေး လျှောက်ခဲ့တယ်’’ဟု ၂၀၁၆ တက္က သိုလ်ဝင်ခွင့် လာရောက်လျှောက် ထားသည့် ကျောင်းသားတစ်ဦးက ပြောသည်။

တက္ကသိုလ်ဝင်ခွင့်ရွေးချယ် ရာတွင် တက္ကသိုလ်အလိုက် လျှောက်ထားသည့် ကျောင်းသား များကို တက္ကသိုလ်မှ လက်ခံနိုင် သည့် အရေအတွက်အတိုင်း တက္ကသိုလ်ဝင်စာမေးပွဲရမှတ်များ အပေါ် အဓိကအခြေခံသည့် ယှဉ် ပြိုင်စနစ်ဖြင့် ဦးရေစိစစ်၍ ၀င်ခွင့် လက်ခံမည်ဖြစ်ကြောင်း တက္က သိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေး အဖွဲ့က ကြေညာထားသည်။

မော်လူးဒေသက ကျောက်းတွင်းသတင်း RFA သတင်းမှ



ကျောက်မျက်ကုမ္ပဏီ ၂ ခု ရပ်ဆိုင်းခိုင်း
=======================
၁၈..၈..၁၆
-
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မော်လူးမှော်မှာ တရားမဝင် ကျောက်မျက်
တူးဖော်မှုနဲ့ ဒဏ်ငွေချမှတ်ခံထားရတဲ့ ကုမ္ပဏီနှစ်ခုကို တိုင်းဝန်ကြီးချုပ်က လုပ်ငန်းလည်ပတ်ခွင့် ယာယီရပ်ဆိုင်းဖို့ ညွှန်ကြားလိုက်ပါတယ်။
-
ပြီးခဲ့တဲ့ရက်ပိုင်းက တိုင်းဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင် ကွင်းဆင်းစစ်ဆေး
ရာမှာ မြေစာစွန့်ပစ်တာတွေ စနစ်တ ကျ ဆောင်ရွက်ထားတာမရှိတဲ့အတွက် လင်းထက်ဇော်နဲ့ ဂျိတ်ကိုး(ဒ်) ကုမ္ပဏီတို့ကို ရပ်ဆိုင်းခိုင်းလိုက်တာဖြစ် တယ်လို့ ၀န်ကြီးချုပ်ရဲ့ ကိုယ်ရေးအရာရှိ ဦးသန်းဌေး က ပြောပါတယ်။
-
"ကျနော်တို့ ဝန်ကြီးချုပ်က လိုက်ကြည့်တဲ့အခါမှာ သတ်မှတ်ထားတဲ့ ဧကတွေ
ထက်လည်းကျော် တူးဖော်ပုံစနစ် မှာလည်း အပေါ်ယံမြေဆီလွှာတွေကို ဖယ်ပြီးတော့ သိမ်းထားရမယ်၊ လုပ်ကွက်ပိတ်သိမ်းတဲ့အခါ ပြန်ပြီးတော့ သူ့မြေဆီလွှာအတိုင်း စနစ်တကျထားရမယ်ဆိုတာမျိုးတွေရှိတယ်၊ အဲ့တော့ ကျနော်တို့ မြေဆီလွှာပုံတွေ လိုက်ကြည့်တဲ့အခါမှာကျတော့ ဒါတွေလည်း
မတွေ့ရဘူး၊ နောက်သစ်ပင်တွေ ဒီနေရာစတူးတုန်းက အပင်ပေါင်း ဘယ်
လောက်ရှိတယ်ဆိုတာလည်း မသိရဘူး၊ အဲ့ဒါဆို ဒါတွေအကုန်ရပ်ဆိုင်းပါ၊ နောက်တစ်ခါ သစ်တောက လည်း ဒီဟာတွေလုပ်တာနဲ့ ပတ်သက်လို့  တရားစွဲထားပါတယ်"
-
အဲ့ဒီကုမ္ပဏီနှစ်ခုဟာ ပြီးခဲ့တဲ့ မေလကလည်း အင်းတော်မြို့နယ်တရားရုံးက တရားမ၀င် ကျောက်မျက်တူးဖော်မှု နဲ့ ငွေဒဏ် ကျပ် ၅ထောင်စီ ချမှတ်
ထားတာဖြစ်ပါတယ်။ တည်ဆဲဥပဒေဟာ အဟောင်းဖြစ်တာကြောင့် ကျပ်
ငွေ ၅ ထောင်သာ ချမှတ်ခဲ့တာဖြစ်ကြောင်း သစ်တောဦးစီးမှူးတစ်ဦးက ပြောပါတယ်။
-
၂၀၁၄ ခုနှစ်မှာ သတ္တုတွင်းဝန်ကြီးဌာနခွင့်ပြုချက်နဲ့ အဲ့ဒီကုမ္ပဏီတွေဟာ ကျောက်မျက်တူးဖော်နေကြတာဖြစ်ပြီး သစ်တောဦးစီးဌာနရဲ့ ခွင့်ပြုချက်မပါဘဲ လုပ်ကိုင်နေတဲ့အတွက် သစ်တောဦးစီးဌာနက တရားစွဲဆိုထားတာ လည်းဖြစ်ပါတယ်။
-
ကျောက်မျက်တူးဖော်ခွင့်ကို သတ္ထုတွင်းဝန်ကြီးဌာနက လုပ်ကိုင်ခွင့်ပြုပေမယ့် သစ်တောဦးစီးဌာနရဲ့ သဘောထား လည်း တောင်းခံရမှာဖြစ်ပြီး ခွင့်ပြုမှသာ လုပ်ကိုင်ခွင့်ရမှာဖြစ်ပါတယ်။
-
အင်းတော်မြို့နယ်မှာ ၁၉၉၀ ခုနှစ်ကစပြီး အရင်အစိုးရအဆက်ဆက်က ကျောက်မျက်တူးဖော်ခွင့် ပြုထားခဲ့တဲ့ ကုမ္ပဏီပေါင်း ၁၀ ခုလောက်ရှိပြီး လက်ရှိအစိုးရ လက်ထက်မှာ ခွင့်ပြုတာမရှိဘူးလို့လည်း ပြောပါတယ်။
-
လက်ရှိမှာတော့ အင်းတော်မြို့နယ်ထဲမှာ ကျောက်မျက်တူးဖော်တဲ့ ကုမ္ပဏီတွေအားလုံး လုပ်ငန်းရပ်ဆိုင်းထား ကြပါတယ်။
========
RFA

မော်လူး စည်ပိန်းဘုန်းတော်ကြီးတည်ထားသော မော်လူးဒေသ၏ တစ်ဆူတည်းသောမဟာဗောဓိစေတီဌာပနာသွင်း





မော်လူးမြို့ စည်ပိန်းရွာ ကျောင်းဝင်းအတွင်းတည်ထားတော်မူသော မဟာဗောဓိစေတီတော်ဌာပနာတော်ပစ္စည်းတော်သွင်းမင်္ဂလာ ထီးတော်တင်မင်္ဂလာ
ကျ င်းပ
၁၃၇၈ ခုနှစ် ဝါခေါင်လဆန်း  ၁၅  ရက်

facebook မှ

မေတ္တာအခါတော်နေ့မှာ ooredoo က နှိုးဆော်ထားတယ်


ဗုဒ္ဓဘာသာဝင်တိုင်း အလေးအနက်ထားရွတ်ဆိုလေ့ရှိတဲ့ မေတ္တာသုတ်ကို ဝါတွင်းကာလ ကမ္မဋ္ဌာန်းတရားထုတ်နေတဲ့ ရဟန်းငါးရာအား  မြတ်စွာဘုရားဟောကြားတော်မူခဲ့တာကိုအစွဲပြုပြီး ဝါခေါင်လပြည့်နေ့ကို  မေတ္တာအခါတော်နေ့လို့ သတ်မှတ်ထားကြပါတယ်။ နတ်တွေကနှောက့်ယှက်လို့ တရားအားမထုတ်နိုင်တဲ့ ရဟန်းငါးရာကို ဘုရားရှင်က မေတ္တာသုတ် သင်ပေးပြီး မေတ္တာပို့ရင်း ကမ္မဋ္ဌာန်း အားထုတ်ကြဖို့ ညွန်ကြားပေးလိုက်တာကြောင့် ရဟန်းတော်များလည်း ဘုရားရှင် ညွန်ကြားတဲ့အတိုင်း မေတ္တာပို့သတဲ့အတွက် ရုက္ခစိုး၊ ဘုမ္မစိုးနတ်တွေဟာ ရဟန်းတော်များရဲ့ မေတ္တာကိုယူရင်း တစ်ဖန်ပြန်ပြီး ရဟန်းတော်များကို စောင့်ရှောက်တဲ့အတွက် ကမ္မဋ္ဌာန်းတရားကို အေးအေးဆေးဆေး အားထုတ်ခွင့်ရခဲ့ ကြတယ်လို့ စာပေမှာ ဖော်ပြပါတယ်။ ဒီလိုအနက်အဓိပ္ပါယ်နဲ့ပြည့်စုံတဲ့ ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့မှာ  မေတ္တာသုတ်ကိုရွတ်ဆိုပွားများခြင်း၊ အနက်အဓိပ္ပါယ်ကိုလေ့လာပွားများခြင်း၊ ဘုရားကျောင်းကန်များသို့သွားရောက်၍ ဒါနပြုလုပ်ခြင်း၊ သီလဆောက်တည်ခြင်း၊ ဘာဝနာပွားများခြင်း အစရှိတဲ့ကုသိုလ်ကောင်းမှုတွေ့ကို မမေ့မလျှော့ပြုလုပ်ဆောင်ရွက်နိုင်ဖို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။