Friday, March 11, 2016

" တပ်ကရွေးချယ်သော ဒုတိယသမ္မတ ဦးမြင့်ဆွေ ဖြစ်လာ"


" တပ်ကရွေးချယ်သော ဒုတိယသမ္မတ ဦးမြင့်ဆွေ ဖြစ်လာ"
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က လက်ရှိ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ(အငြိမ်းစား)အား ဒုတိယသမ္မတ အဖြစ် ရွေးချယ်တင်မြှောက်လိုက်ကြောင်း သတင်းရရှိသည်။

ဟဲနုကျေးရွာမီးရထားသံလမ်းနှင့်နေအိမ်အနီး စစ်ကျန်ဗုံးသီးအဟောင်းများကိုမြေတူး စက်ဖြင့်တူးဖော်စဉ်တွေ့ရှိ





မော်လူးရဲစခန်းပိုင်နယ်မြေအတွင်း
ဟဲနုကျေးရွာမီးရထားသံလမ်းနှင့်နေအိမ်အနီး စစ်ကျန်ဗုံးသီးအဟောင်းများကိုမြေတူး စက်ဖြင့်တူးဖော်စဉ်တွေ့ရှိ
မော်လူး မတ် ၁၁
@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးရဲစခန်းပိုင်နယ်မြေအတွင်း မတ်၁၁ရက်နေ့လည် ၁၂နာရီအချိန်ခန့်က စစ်ကျန်ဗုံးသီးအဟောင်းများကိုတွေ့ရှိရကြောင်းသိရသည်
မော်လူးရဲစခန်းပိုင်နယ်မြေမှစခန်းမှူးရဲအုပ်မင်းနိုင်တာဝန်ထမ်းဆောင်နေစဉ် မတ်၁၁ရက်နေ့ ၁၁း၄၅နာရီအချိန်ခန့်က ရှေးဟောင်းအမွေ အနှစ် ထိန်းသိမ်းရေးအဖွဲ့အတွင်းရေးမှူးဦးဝင်းရွှေ(ကိုချိပ်)ဦးဆောင်သောအဖွဲ့မှမြေတူးစက် ဖြင့် ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်တပ်များအသုံးပြုခဲ့သောအမြောက်ခုံအားရှေးဟောင်အမွေအနှစ်ပြခန်းတွင်ထုတ်ဖော်ပြသရန်အတွက်ရွှေဘို-မြစ်ကြီးနား မီးရထားသံလမ်း မိုင်တိုင်အမှတ် ၆၀၇/၁နှင့် ၆၀၆/၂၄ ကြား ဟဲနုကျေးရွာဒေါ်ခင်နုနေအိမ်နှင့် မီးရထား သံလမ်း ကြားတွင် တူးဖော်စဉ်အရှည်၁၄လက္မ လုံးပတ်၇လက္မရှိ စစ်ကျန်ဗုံးကျည်ဆန်(၁၉)လုံးကိုတွေ့ရှိသည်
အဆိုပါရှေးဟောင်းအမွေအနှစ်တူးဖော်ရာနေရာသို့ မော်လူးနယ်မြေရဲစခန်းမှစခန်းမှူး ရဲအုပ်မင်းနိုင် နယ်ထိန်းခေါင်းဆောင်တက သန့်ဇင်နှင့်တပ်ဖွဲ့ဝင်များ မော်လူးအုပ်စုအုပ်ချုပ်ရေးမှူးဦးဝင်းစိန်နှင့်အထောက်အကူပြုကော်မတီအဖွဲ့ ရှေးဟောင်းအမွေအနှစ်ထိန်း သိမ်းရေးအဖွဲ့အတွင်းရေးမှူးဦးဝင်းရွှေ(ကိုချိပ်) ဦးတင်ငွေနှင့်အဖွဲ့ ဒေသအရံမီးသတ်တပ်ဖွဲ့ဝင်များ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ဟဲနုကျေးရွာရာအိမ်မှူးနှင့် ရပ်မိရပ်ဖများ ဒေသခံများက မလိုလားအပ်သောအန္တရာယ်မဖြစ်ပေါ်နိုင်စေရေးအတွက်ခေတ္တထိန်းသိမ်းစောက်ရှောက်လျက်ရှိကြောင်း ဆက်လက်ပြီး အမှတ် ၃၀၉တပ်ရင်းမှ တူးဖော်ကာစနစ်တကျ စစ်ဆေးပြီး ဆောင်ရွက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်းသိရသည်
Cyclone