Thursday, August 4, 2016

အရပ်ထမင်းကျွေးအပျိုလူပျိုအဖွဲ့တွေတော့ ပျားတုတ်ပြီ


~မြန်မာတွေ ပြင်ရမယ်~

(written by ပါမောက္ခခင်မောင်ဝင်း(အသည်း))

မြန်မာတွေက ဟင်းရည်ပန်းကန်တစ်လုံးကို ထမင်းစားပွဲဝိုင်းအလယ်မှာ တင်ပြီး အဲဒီစားပွဲတစ်ဝိုင်းလုံးမှာ စားနေကြတဲ့သူတွေအားလုံးက ဟင်းရည် ပန်းကန်မှာစိုက်ထားတဲ့ဇွန်းနဲ့ တရှူးရှူးမြည်အောင် တစ်ယောက်ပြီး တစ်ယောက်သောက်ကြပါတယ်။ ဟင်းရည်သောက်တဲ့ဇွန်းကို ပါးစပ်ထဲကို အားရပါးရထည့်ပြီး သောက်ကြတယ်။ပြီးတော့ဟင်းရည်ပန်းကန်ထဲကို ပြန်စိုက်တယ်။ နောက်တစ်ခါ နောက်တစ်ယောက်ကဒီလိုပဲ သောက်ပြန်တယ်။ အဲဒီလိုဟင်းရည်တစ်ပန်းကန်ထဲကိုအားလုံးဝိုင်းပြီးဟင်းရည်သောက်ကြတဲ့အကျင့်ဟာ ကိုယ့်မိသားစုနဲ့ စားရုံသာမက အလှူအတန်း၊ ဆွမ်းကျွေး၊ မင်္ဂလာဆောင်တွေမှာလည်း ဒီလိုပဲ စားကြသောက်ကြပါတယ်။

မိသားစုထမင်းဝိုင်းမှာ ကိုယ့်မိသားစုအချင်းချင်း ဟင်းရည်ပန်းကန် တစ်ခုတည်းနဲ့ ဇွန်းတစ်ချောင်းတည်းသောက်ကြတာဟာ သိပ်အရေး မကြီးပေမယ့်လို့ အလှူမင်္ဂလာဆောင်လိုမျိုးတွေရဲ့ ထမင်းဝိုင်းမှာကျတော့ သူစိမ်းတွေနဲ့ရောပြီး အတူတူစားရတဲ့အခါမှာ အဲလိုဟင်းရည်တစ် ပန်းကန်ထဲက အားလုံးဝိုင်းပြီး ဟင်းရည်သောက်ကြတာကတော့ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။

ဘယ်သူဘယ်ဝါမှန်းမသိတဲ့ သူစိမ်းတွေနဲ့အတူတူရောစားပြီး တစ်ယောက်သောက်ပြီးသား၊ လူတစ်ယောက်ပါးစပ်ထဲရောက်ပြီး သားဇွန်းကို ဟင်းရည်ထဲပြန်နှစ်၊ နောက်တစ်ယောက်ကတစ်ခါ ပါးစပ်ထဲ ဇွန်းရောက်အောင်ထည့်ပြီး သောက်ကြပြန်ပါတယ်။ တွေးကြည့်မယ်ဆိုရင် အဲဒီလိုဟင်းရည်တွေ သောက်နေတာဟာ ရောဂါကူးစက်ဖို့ တော်တော့်ကို အခွင့်ကောင်းတဲ့အနေအထား ဖြစ်နေပါတယ်။ ဒီအကျင့်ကိုတော့ ကျွန်တော် တို့ မြန်မာတွေ ပြင်သင့်နေပါပြီ။(REPOST)

post by နှင်းဆီဖူးလေးများ-Love BUDS
https://www.facebook.com/loveBUDS.6
written by ပါမောက္ခခင်မောင်ဝင်း(အသည်း)
(Source;Eternal light magazine)
photo credit to original uploader

ဆယ်တန်းအောင်တွေ ကွန်ပျူတာဒီပလိုမာတဲ့


အသက် ၁၆ မှ ၁၉ နှစ်တွင်း ဆယ်တန်းအောင် အမျိုးသမီးငယ်များ ကွန်ပျူတာဒီပလိုမာ တပ်ကြပ်ကြီးစာရေး လျှောက်ထားနိုင်ပါပြီ။ တိုင်းစစ်ဌာနချုပ်များတွင် 4.8.2016 မှ 7.9.2016 ရက်အတွင်း လျှောက်ထားနိုင်ပါတယ်။ အရပ် ၅ ပေ ၂ လက်မ ကိုယ်အလေးချိန် ပေါင် ၁၀၀။သင်တန်း၁နှစ်
၆လတက်ပြီးပါက ကွန်ပျူတာ ဒီပလိုမာဘွဲ့တစ်တည်း ရမှာပါ။သင်တန်းပြီးရင်လဲ တပ်ကြပ်ကြီးအဆင့်နဲ့ပဲ အရပ်ဘက်တက္ကသိုလ်တစ်ခုခု မှာ အဝေးသင်ဆက်လို့ရပါတယ်။

အိမ်မှာ သီးနှံလေးတွေ စိုက်ရအောင်



ရေသန့်ဗူး ဟောင်း လေတွေနဲ့
လည်း အလုပ် ဖြစ်တယ်နော်
မိသားစု တွေလည်း လတ်လတ်ဆတ်ဆတ်  စားရတာပေါ့

ပြောင်းလဲကြပါစို့



★★ ပြောင်းလဲမှုတွင်ပါဝင်ကြ ★★
-------------------------------------

❖     ပြည်သူကောင်းစားဖို့၊ တိုင်းပြည်တိုးတက်ဖို့ဆိုလျင် ခေတ်ကာလအခြေအနေနှင့်အညီ အောက်ပါတို့ကို ပြောင်းလဲရမည် -

       ✔︎   စိတ်ဓာတ် (Mindset)
       ✔︎   ခံယူချက် (Concept)
       ✔︎   အပြုအမူ (Behaviour)

❖     သင်နောက်ကျန်ခဲ့သော်၊ သင်ဆန့်ကျင်ဟန့်တားခဲ့သော်၊ သင်အခြားသူများကို သွေးဆောင်ခဲ့သော် သင်သာမက ပြည်သူနှင့်နိုင်ငံကို ထိခိုက်နစ်နာစေနိုင်သည်။

❖     တစ်နိုင်ငံလုံးကောင်းအောင် ရှေးရှုဆောင်ရွက်ချိန်မှာ လောဘ၊ ဒေါသ၊ မောဟများကိုလျှော့၍ အများပြည်သူနည်းတူ ပြောင်းလဲမှုတွင် ပါဝင်နိုင်ကြပါစေ..။

မေတ္တာဖြင့်

▪︎ သူရဦးရွှေမန်း ▪︎

--

သုံးစွဲရန်မသင့်သောအလှကုန်ပစ္စည်းတွေတဲ့

မြန်မာနိုင်ငံပြန်တမ်း
4 hrs · 
သုံးစွဲရန်မသင့်သောအလှကုန်ပစ္စည်းများကို အများပြည်သူသိရှိရန် အသိပေးကြေညာချက်
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန