Sunday, June 26, 2016

မော်လူးဒေသ သားတွေ နာရေး ကိစ္စ အတွက် အကူအညီလိုရင် တောင်းဖို့ ဖုန်းနံပါတ်သာ မှတ်ထားတော့



မော်လူးဒေသ မေတ္တာအားမာန် ပရဟိတ လူမှုကူညီရေး
(နာရေး)အသင်းသားများ ကသာမြို့တွင် မနက်ဖန် ၂၇.၆.၂၀၁၆ရက်နေ့ ဦးကျော်သူ မှ ပရဟိတ လူမှုညီရေးအသင်း များအား အရေးပေါ်ကယ်ဆယ်ရေးသင်တန်းများပို့ချမည့်၅ရက် သင်တန်းသို့ တက်ရောက်ကြမည်   တဲ့

ပုန်းဟုန်အုပ်စု မှာ နောက်တစ်ကြိမ် မူးယစ်ဆေးဝါး နှိမ်နင်းရေး လုပ်ပြန်ပြီတဲ့


ရက်(၁၀၀)အတွင်း ပြင်းထန်လာသည့် ပုန်းဟုန်ကျေးရွာအုပ်စုမှ မှုယစ်ဆေးဝါးကျဆင်းရေး လုပ်ငန်းဆောင်ရွက်မှု
@@@@@@@@@@@@@@@@@@@@@@@@@@
၂၄.၆.၂၀၁၆ရက်နေ့ မှစတင်ကာ ပုန်းဟုန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်း၏ ဦးဆောင်မှုဖြင့် အုပ်စုစာရေး ဦးသန်းစိုးငြိမ်း၊ ကျေးရွာမှ ဒေသအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်မှူး၊ ဆယ်အိမ်မှူးများ၊ ရပ်မိရပ်ဖများ ပါဝင်သော စုပေါင်းအင်အား(၂၀)ကျော်ခန့်နှင့် ပုန်းဟုန်ကျေးရွာအုပ်စုအတွင်း မှု့ခင်းကျဆင်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာရေးနှင့် မှုယစ်ဆေးဝါးကျဆင်းရေးတို့ကိုရည်ရွယ်၍ ပုန်းဟုန်ကျေးရွာ၊ ကူးကာကျေးရွာ၊ စဉ်ခိုးကျေးရွာတို့ တွင် မင်္သကာဖွယ် ယာဉ်သွား ယာဉ်လာများအား ရပ်တန့်စစ်ဆေးခြင်း၊ ညအချိန် ဆိုင်ကယ်များ အိတ်ဆောဖွင့် ကျယ်လောင်စွာ မောင်းနှင်းခြင်းမရှိစေရန်အတွက် အသိပညာပေးပြောကြားခြင်းတို့လုပ်ဆောင်ခဲ့ပြီး မူးယစ်ဆေးဝါး သုံစွဲမှု ရောင်းချမှုတို့ကို ကျဆင်းစေရန်အတွက် နေရောညပါ ရှောင်တခင် စစ်ဆေးဆောင်ရွက်မှုများ လုပ်ဆောင်လျှက်ရှိကြောင်း သိရှိရ

fb  က  မ  လာသည်

လာပြန်ပြီဗျာ လွှတ်တော်ကိုယ်စားလှယ်တွေ မော်လူးသို့ ဘာတွေများ လုပ်ဆောင်သွားပါလိမ့်



မော်လူးတွင်လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူလူထုတွေ့ဆုံပွဲပြုလုပ်
မော်လူး ဇွန် ၂၆
@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီးအင်းတော်မြို့နယ်
မော်လူးအခြေခံပညာအထက်တန်း ကျောင်းသရဖီခန်းမဆောင်တွင် 
ဇွန်၂၆ရက်နံနက် ၁၁နာရီခွဲအချိန်က လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူလူထုတွေ့ဆုံပွဲ အခမ်းအနားကို
ကျင်းပပြုလုပ်ခဲ့ကြောင်းသိ ရသည်
ထိုသို့တွေဆုံရာတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဇော်မင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာပြုံး 
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
ဦးသန်းဝင်း တို့နှင့်အတူ အင်းတော်မြို့နယ်
ဌာနဆိုင်ရာတာဝန်ရှိသူများက မော်လူးဒေသ ကျေးရွာအုပ်စု(၁၀)အတွင်းမှ
ပြည်သူလူထု(၁၅၀)ခန့်တိုနှင့်တွေ့ဆုံကာ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ
ဖြစ်သော ပညာရေး လမ်းတံတားဆက်သွယ်ရေး လူမှုစီးပွားရေး နိုင်ငံသားအမျိုး သားမှတ်ပုံတင်ပြုလုပ်နိုင်ရေး တိုးချဲ့ 
ကျုးကျော်မြေနှင့် လယ်ယာဆည်မြောင်း များပြန်လည်ဖော်ထုတ်နိုင်ရေးတို့နှင့်
ပါတ်သက်၍ပြည်သူလူထုများ၏မေးမြန်း မှုများကို လွှတ်တော်ကိုယ်စားလှယ်များနှင့်
တာဝန်ရှိသူများကရင်းနှီးပွင့်လင်းစွာဖြင့်
ပြန်လည်ဖြေကြားခဲ့ကြကြောင်းသိရသည်
Cyclone

မော်လူးသားတွေ ဟဲနု မှာ အမှိုက် လာလာ ပစ်တယ်ဆိုပြီး လူကြီးမင်းတွေ ကူညီဖို့ ဆုလာတောင်းတယ်ဗျာ

မော်လူး ဟဲနု စံပြကျေးရွာမှတာဝန်ရှိလူကြီးမင်းများခင်ဗျား                          မော်လူးကအမှိုက်တွေဟဲနုရွာထိပ်ချောင်းနံဘေးတွင်စည်းကမ်းမရှိပစ်ထားပါကြောင်း ယင်းအမှိုက်ပုံနံဘေးကသဲကျောက်တွင်းကတော့သဲကျောက်တိုက်စားတဲ့ကားသမားတွေ တူးဖော်ထားတဲ့နေရာတွေပါယင်းနေရာကိုဟိုးအဖိုးအဖွားလက်ထက်ကဟဲနုရွာရေတိုက်စားမှုအန္တရာယ်ကိုမြင်လို့ဆည်ကန်ဘောင်ပိတ်ထားတဲ့နေရာလေးပါဘောလုံးကွင်�