Monday, December 12, 2016

အစ္စလာမ်ကြောင့်ပျောက်ကွယ်ခဲ့ရသော မလေးရှားနိုင်ငံ ဗုဒ္ဓဘာသာ သမိုင်း




အစ္စလာမ်ကြောင့်ပျောက်ကွယ်ခဲ့ရသော မလေးရှားနိုင်ငံ ဗုဒ္ဓဘာသာ သမိုင်း
===========================
မလ္လာယုနိုင်ငံခေါ် မလေးရှားနိုင်ငံသို့ ဗုဒ္ဓသာသနာတော်သည် B.C,309 ဘုရားရှင်တော်မြတ် ပရိနိဗ္ဗာန် စံလွန်တော်မူပြီးနောက် နှစ်ပေါင်း (၂၅၀)ခန့့် အကြာ တတိယင်္ဂါယနာတင်ပြီး ချိန်မှစတင်၍ရောက်ရှိခဲ့ပြီး ထိုမလေးကျွန်းစွယ်ကိုလည်း သုဝဏ္ဏဘူမိဒေသတွင် ပါဝင်ကြောင်းကို ပညာရှင်တို့က ယူဆကြပါသည်။

တိကျခိုင်လုံသော သမိုင်းအထောက်အထားများအရ မလေးရှားနိုင်ငံတွင် သာသနာနှစ်(၉၀၀)နှင့် (၁၀၀၀)အတွင်း ခရစ်နှစ် ၄-ရာစုနှင့် ၅-ရာစုတွင်း အိန္ဒိယ ၌ အသုံးပြုသော သက္ကတဘာသာဖြင့် ရေးထိုးထားသော ဗုဒ္ဓဘာသာကျမ်းစာ ကျောက်ချပ်များစွာတို့ကို မလေးရှားနိုင်ငံအနှံ့တွင် တွေ့ရှိခဲ့ရပါသည်။