Tuesday, June 10, 2014

မော်လူး မှာလည်း အလွယ်တကူ ဆန္ဒထုတ်ဖော် နိုင်တော့မည် မော်လူသားများအတွက်ဝမ်းမြောက်ဖွယ်





 ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေကြမ်းကို ပြင်ဆင်တဲ့ ဥပဒေကို ပြည်သူ့လွှတ်တော်က ပြင်ဆင် ထားတဲ့အထိုင်း အမျိုးသား လွှတ်တော်က အတည်ပြု ပေးလိုက်ပြီ ဖြစ်ပါတယ်။

ပြင်ဆင်လိုက်တဲ့ ဥပဒေမှာလည်း ကန့်သတ်ချက်တွေ ရှိနေတုန်း ဖြစ်ပါတယ်။

ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေမှာ ပါတဲ့ စီတန်းလှည့်လည်ခွင့် ပုဒ်မ ၁၈ ကို ဖျက်သိမ်းဖို့ တောင်းဆိုမှု တွေရှိခဲ့ပေမဲ့ အခု ပြင်ဆင်ချက်မှာ လုံးဝ ဖြုတ်ပေး လိုက် တာ မဟုတ်ပါဘူး။

အခု ပြင်ဆင်ချက်အရ ပုဒ် ၁၈ မှာ ပါတဲ့ အရင်တုန်းက ကြိုတင် ခွင့်ပြုချက် ပြီးမှ စီတန်းလှည့်လည်ခွင့် ရမှာ ဖြစ်ပေမဲ့ ရှိပေမယ့် အခု ပြင်ဆင်ချက်အရ ခွင့်ပြုချက် ယူစရာမလိုတော့ဘဲ အကြောင်းကြားစာကိုသာ ပေးပို့ရမှာ ဖြစ်ပါတယ်။

အကြောင်းမကြားပဲ ဆန္ဒပြရင်တော့ ထောင်ဒဏ်တွေ ရှိနေတုန်းပဲလို့ စီတန်း လှည့်လည်ခွင့် ဥပဒေကို ဆွေးနွေးခဲ့ဖူးသူ ပြည်သူ့ လွှတ်တော်အမတ် ဦးခိုင်မောင်ရီက ပြောပါတယ်။

ထောင်ဒဏ် အစား ငွေဒဏ်ကိုသာ ချမှတ်ဖို့ဆိုတဲ့ ပြင်ဆင်ချက် ထည့်သွင်းဖို့ လွှတ်တော်မှာ သူတင်သွင်းခဲ့တာ ရှုံးခဲ့တယ်လို့ လည်း ဦးခိုင်မောင်ရီက ပြောပါတယ်။

လွှတ်တော် နှစ်ရပ်စလုံးက သဘောတူလိုက်ပြီ ဖြစ်လို့ ပြည်ထောင်စု လွှတ်တော်က အတည်ပြုတဲ့ သဘော သက်ရောက်သွားတဲ့ အတွက်မကြာခင်မှာ ဥပဒေ တရပ် ပြဌာန်း တော့မှာဖြစ်ပါတယ်။

သမ္မတက ဥပဒေအဖြစ် ကြေညာခဲ့ပြီးလို့ နည်းဥပဒေ ရေးဆွဲတဲ့အခါ ဘယ်လို အကန့်အသတ်တွေ ထပ်ရှိလာဦးမလဲ ဆိုတာ လေ့လာသူတွေက စောင့်ကြည့်နေကြ ပါတယ်။

ပြီးခဲ့တဲ့ ဥပဒေအရ ခွင့်ပြုချက်မရပဲ ဆန္ဒပြလို့ အရေးယူခံရသူတွေ အများအပြား ရှိခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း

သူဌေးဖြစ်မဲ့သူနဲ့ သာမန်သူဟာဘာကွာသလဲ





သူဌေးဖြစ်မဲ့သူနှင့်သာမန်သူဟာ ဘာကွာခြားသလဲ
-------------------------------------------------------
၀၁.သူဌေးဖြစ်မယ့်သူကတော့ လွတ်လပ်စွာ နေထိုင်နိုင်ဖို့အတွက် ပိုက်ဆံကို ရင်းနှီးပင်မဲ့၊ သာမန်လူကတော့နောင်ရေးကိုတွေးပြီးပိုက်ဆံကိုစုလေ့ရှိတယ်။

၀၂.သူဌေးဖြစ်မယ့်သူကတော့ကိုယ်အပေါ်ကျေးဇူးရှိတဲ့သူအတွက်ပိုက်ဆံကိုသုံးဖို့ မနှမြောပင်မဲ့၊ သာမန်သူကတော့ စုထားတဲ့ပိုက်ဆံလေးကုန်သွားမှာကို စိုးရိမ်ပြီး နည်းနည်းပဲ သုံးလေ့ရှိတယ်။

၀၃.သူဌေးဖြစ်မယ့်သူကတော့ဆုံးရှူံးသွားတဲ့ပိုက်ဆံကိုနောင်ပြန်ရှာရင်ရတာပဲလို့တွေးပြီးသာမန်သူကတော့ဆုံးရှူံးသွားတဲ့ပိုက်ဆံကိုတွေးပြီးရင်းတွေးလေ့ရှိတယ်။

၀၄.သူဌေးဖြစ်မယ့်သူကတော့ပိုက်ဆံမရှိလဲဘဝကိုဘယ်လိုပျော်အောင်နေရမလဲဆိုတာကို နားလည်တယ်။သာမန်သူကတော့ ပိုက်ဆံမရှိရင် ဘဝကို ပျော်ရွှင်အောင်နေလို့မရဘူးလို့ ထင်နေတတ်တယ်။

၀၅.သူဌေးဖြစ်မယ့်သူကတော့အနာဂတ်မှာဝင်ငွေကိုပိုများအောင်ဘယ်လိုလုပ်မလဲကိုတာကို စဉ်းစားပြီး၊သာမန်သူကတော့ အနာဂတ်မှာ ဝင်ငွေမရှိရင် ဘယ်လိုလုပ်မလဲဆိုတာကိုတွေးနေတတ်တယ်။

၀၆. သူဌေးဖြစ်မယ့်သူကတော့ ပိုက်ဆံကို ကိုယ့်ဟာကို ထိန်းသိမ်းရမယ်လို့ စဉ်းစားပြီးသာမန်သူကတော့ဘဏ်မှာထည့်ထားရင်စိတ်ချမ်းသာနေတတ်တယ်။

၀၇.သူဌေးဖြစ်မယ့်သူကတော့ခရီးသွားရင်ခရီးမှာတွေ့ခဲ့တဲ့အတွေ့အကြုံအသစ်တွေကိုရှာတတ်ပင်မဲ့သာမန်သူကတော့ခရီးမှာနေစဉ်ဘဝကိုမ့ပစ်ဖို့ကြိုးစားပါတယ်။

၀၈. သူဌေးဖြစ်မယ့်သူကတော့ ကိုယ့်ရဲ့လုပ်ငန်းကိုအောင်မြင်မယ်လို့ ယုံကြည်ပြီး အလုပ်လုပ်ပင်မဲ့ သာမန်သူကတော့ ငွေစုစာရင်းထဲက စုစုပေါင်းငွေ အပေါ်မှာ ကိုယ့်ရဲ့တန်ဖိုးကို ဆုံးဖြတ်လေ့ရှိတယ်။

၀၉. သူဌေးဖြစ်မယ့်သူကတော့ကျန်းမာရေးအတွက်စဉ်းစားပြီးသေသေချာချာ စားသောက်တတ်ပင်မဲ့၊ သာမန်သူကတော့ ပိုက်ဆံကိုချွှေတာပြီး ဖြစ်သလို စားတတ်သည်။

၁၀.သူဌေးဖြစ်မယ့်သူကတော့လူတွေအတွက်ဘာအကျိုးရှိအောင်လုပ်ရမလဲဆိုတာကိုစဉ်းစားပြီးသာမန်သူကတော့သူတပါးဆီကဘာကိုရမလဲဆိုတာကိုပဲ စဉ်စားလေ့ရှိ၏။

Chelmo Page
Credit to World Myanmar
K.K(ကနောင်

မော်လူးအားကာတိုက်တန်း မှ စပါးအုံးမြွေ




သတင်းထူး...သတင်းထူး ပေါ့ဗျာ jun ,10,2014 11::20 အချိန် မော်လူး မြို့ ဂုဏ်ဆောင် ......ခွင်လူကြီးတွေပိုင် ဘောလုံးကွင်း ရှေ့....စား တိုက်တန်း sorry ပါ မှား သွားလို့ အလုပ် ကတဖက်ဆိုတော့ မှား သွား တယ်အပြစ်မယူကြပါနဲ့ {{မော်လူး မြို့ ဂုဏ် ဆောင်အားကာတိုက်တန် အထက ကျောင်းရှေ့ ဆိုင်နာမည် က {မစွန်သေးသူ} မှားပြန်ပြီဗျာ လူပျိုးကြီးဆိုင်ပေါ့ဗျာ ဖြစ်ပုံက တော့ အခု ပုံမှာတွေ့တဲ့အတိုင်ဘဲ စပယ်အုံး မြွှေကြီး ဈေးဆိုင် အတွင်တွေ့ရှိလို့ ဖမ်းထားတယ်လို့ပြောတာပေါ့ အကြောင်းစုံသိခြင်ရင်တော့ ဗျာ နှစ်ပေါင်း ၂၀ ကျော် မက စုတ်ပြတ်ခဲ့ရတဲ့ အခုတော့ကောင်းသွားပါပြီဖြစ်တဲ့ ကားလမ်းကြီးတိုင်းသွားပြီးမေးကြည့်ကြပေါ့ဗျာ
သတိထားကြအုန်း တိုက်တန်းမှာ
ကျားလည်းအောင်းနေတယ်တဲ့။