Friday, December 21, 2018
မိဘကို မဆဲဆို မအော်မိစေနဲ့
မိဘကို မဆဲဆို မအော်မိစေနဲ့
_____________________
ကိုယ်က မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ
မိဘတွေကို ဒေါသတကြီး အော်ကြီးဟစ်ကျယ် ပြန်လာပြောဆိုရင်
လက်ရှိ ပစ္စုန်ပ္ပန်ဘ၀မှာ ဒဏ်ဆယ်ပါးထဲက အနည်းဆုံး တစ်ပါးပါးသင့်တတ်တယ် ။
ဒဏ်ဆယ်ပါးက ဘာတွေလဲ
၁။ ကြမ်းကြုတ်သော ဝေဒနာ ခံစားရခြင်း
၂။ ကိုယ်ခန္ဓာ ပျက်စီးခြင်း
၃။ အနာရောဂါဖြစ်ခြင်း
၎။ ရူးသွပ်ခြင်း
၅။ မင်းပြစ် မင်းဒဏ်သင့်ခြင်း
၆။ အကြီးအကျယ်စွပ်စွဲခံရခြင်း
၇။ မိဘ သားသမီး ဇနီးမယားများ ဆွေမျိုးများ ပျက်စီးခြင်း
၈။ စည်းစိမ်ချမ်းသာ ပျက်စီး ဆုံးရှုံးခြင်း
၉။ နေအိမ်စသည့် မီးလောင်ခြင်း
၁၀။ ငရဲကျရောက်ခြင်း
ဒါကြောင့် ကိုယ်က မှန်နေတယ်ဆိုရင်တောင်မှ
မိဘတွေကို ဒေါသတကြီး အော်ဟစ်ကြီးကျယ် ပြန်လှန်မပြောဆိုသင့်ဘူးပေါ့ ။
အကျိုးသင့် အကြောင်းသင့် နားဝင်အောင်
အေးအေးဆေးဆေးသာ ပြောရတယ် ။
အကျိုးသင့် အကြောင်းသင့် ပြန်ပြောလို့မှ လက်မခံရင်လည်း သူတို့ကွယ်ရာကနေ ရှောင်ထွက်သွားလိုက်ပါ ။
မိဘတွေ စိတ်ဆိုးပြေလောက်မှ ဖြေးဖြေးခြင်း သူတို့ကို ပြန်ရှင်းပြလိုက်ပါ ။
♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕
အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ၍ လိုရာဆန္ဒမှန်သမျှ ပြည့်စုံနိုင်ကြပါစေ ။
သားလိမ္မာ သမီးလိမ္မာများ ဖြစ်နိုင်ကြပါစေ...။
မောဂ္ဂါလာနထေရ၀တ္ထု ဒဏ္ဍ၀ဂ်
ဓမ္မ ပဒပါဋ္ဌိတော် အဋ္ဌကထာ
Wednesday, November 28, 2018
အမေရိကန်မှာ အရေးပေါ်ငွေ လိုအပ်လို့ သိကျွမ်းတဲ့ သူငယ်ချင်းတွေဆီက ငွေချေးချင်လို့ မရပါ။
( USA မှာ )
=============
အမေရိကန်မှာ အရေးပေါ်ငွေ လိုအပ်လို့
သိကျွမ်းတဲ့ သူငယ်ချင်းတွေဆီက
ငွေချေးချင်လို့ မရပါ။
-
-
-
အားနာနာနဲ့ ငွေထုတ်ချေးသူ မရှိပါ။
အကြောင်းကတော့…
ဒီမှာက ငွေကြေး တန်ဖိုးဟာ တကယ့်ကို
တန်ဖိုးရှိတဲ့ အရာ ဖြစ်နေလို့ပါ…။
xxxxx
အမေရိကန်နိုင်ငံကိုရောက်နေတဲ့
လူတိုင်းနီးနီးဟာ
အိမ်ဝယ်ထားလို့ ၊
ကားအသစ်ဝယ်ထားလို့ ၊
ကွန်ပျူတာ အသစ်ဝယ်ထားလို့ ၊
ဖုန်းအသစ် ဝယ်ထားလို့ ၊
အိမ်သုံးပစ္စည်းတစ်ခုခု ဝယ်ထားလို့ ၊
လိုချင်တာတစ်ခုခုကို အတောမသတ်နိုင်အောင်ဝယ်ထားအတွက်
လူတိုင်းလိုလို ဘဏ် အကြွေးက ရှိနေတတ်တယ်။
ဒီတော့ ဘဏ်အကြွေးကို လတိုင်းဆပ်နေကြရတယ်။
လူတိုင်း အကြွေးနဲ့ မကင်းကြတဲ့အတွက်
လူတိုင်းမှာ ငွေပိုဆိုတာ မရှိတတ်ကြပါ။
ဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက် ငွေချေးလို့ မရပါ။
xxxxx
နောက်တစ်ခုက
တစ်ယောက် နဲ့ တစ်ယောက်
ရင်းနှီးလို့ လက်တို့ပြီး ငွေချေးတာဟာ
တရားဥပဒေနဲ့ မညီတဲ့အတွက်
ပေါက်ကြားသွားရင်
နှစ်ဦးနှစ်ဖက်စလုံး
တရားစွဲတာ ခံရနိုင်တယ်။
ဒါကြောင့်လည်း ခင်မင်ရင်းနှီးတယ်ဆိုပြီး
ငွေချေးလို့ မရပါ…။
ဒီမှာက တရားဥပဒေ
အလွန်စိုးမိုးပါတယ်...။
xxxxx
ငွေချေးလို့ ရနိုင်တဲ့နေရာ တစ်ခုတော့ ရှိတယ်။
အဲဒါကတော့ ဘဏ်ပါပဲ။
ဘဏ်က အတိုးစားချင်တဲ့အတွက် ငွေထုတ်ချေးပါတယ်။
ဒီလို ထုတ်ချေးဖို့အတွက်တော့
ငွေကြေးနဲ့ပတ်သက်တဲ့နာမည်ပျက်မရှိရပါ…။
ကိုယ့်ဆီမှာ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ ရှိရမယ်။
ငွေ ပြန်ဆပ်နိုင်တဲ့ အလုပ်အကိုင်ရှိရမယ်။
ဝင်ငွေ အနည်းအများပေါ်မူတည်ပြီး
ဘဏ်က ငွေချေးပေးပါတယ်။
ဘဏ်တိုး အနည်းအများကလည်း
ဘဏ်တစ်ခုနဲ့တစ်ခု မတူပါဘူး။
xxxxxx
ကျနော်ဆီကို ဘဏ်လေးငါးခုက အိမ်ဝယ်ဖို့
ငွေချေးမယ်ဆိုတဲ့ စာတွေ လစဉ်ရောက်ပါတယ်။
ကားအသစ်ဝယ်ဖို့
ဘဏ် ငါးခု ခြောက်ခုက ငွေချေးမယ့်စာတွေ
လစဉ် ရောက်နေပါတယ်။
ဒေါ်လာ တစ်သိန်းနဲ့အထက် ငွေချေးမယ့်စာတွေ
စာတိုက်ပုံးထဲကတစ်ဆင့်
အိမ်ကို ပုံမှန် ရောက်နေပါတယ်။
ဘာကြောင့်ဆိုတော့
ငွေကြေးနဲ့ပတ်သက်တဲ့နာမည်ပျက် မရှိတာရယ်၊
ပြန်ဆပ်နိုင်တဲ့ အလုပ်အကိုင် ရှိတာရယ်ကြောင့်ပါ။
အဲဒီစာတွေကို လစဉ်ပုံမှန်
အမှိုက်ပုံးထဲကို ထည့်နေရပါတယ်…။
xxxxx
အကြောင်းကတော့ ...
အကြွေးမရှိသူဟာ ကိုယ်၊စိတ် ချမ်းသာသူလို့
ခံယူထားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
နောက်တစ်ခုကတော့
အကြွေးရဲ့ဖိစီးမှုကို မခံချင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်…။
xxxxx
မြန်မာနိုင်ငံမှာတော့ အချင်းချင်း ငွေချေးကြပါတယ်။
အဓိက အကြောင်းနှစ်ခုကို တွေ့ရပါတယ်။
တစ်ခုကတော့ ...
အတိုးများများလိုချင်လို့ ငွေချေးတာပါ။
နောက်တစ်ခုကတော့
အားနာလို့ ချေးလိုက်တာပါ။
နှစ်ခုစလုံးမှာပြဿနာတွေ ကိုယ်စီ ရှိပါတယ်။
xxxxx
အတိုးများများလိုချင်လို့ ချေးသူတွေက
ကိုယ့်လောဘနဲ့ ကိုယ် ဒုက္ခရောက်ပါတယ်။
အားနာလို့ ငွေချေးသူက
ကိုယ့်ဒေါသနဲ့ ကိုယ် ဒုက္ခရောက်ပါတယ်။
အားနာတယ်ဆိုတာ သဘောကောင်းတာ မဟုတ်ပါဘူး။
တစ်ဖက်သားရဲ့ အထင်အမြင် သေးမှာကို ကြောက်တာပါ။
အဲဒီကြောက်တဲ့စိတ်ကြောင့်
မရှိတဲ့ကြားထဲက ထုတ်ချေးလိုက်တာပါ။
ပြီးတော့ တစ်ချိန်လုံး ပူပန်ကြောင့်ကြနေရပါတယ်။
ပြောတဲ့အတိုင်း ဖြစ်မလာတော့ ဒေါသ ဖြစ်ရပါတယ်။
စိတ်ပျက်ရပါတယ်။
မိတ်ပျက်ရပါတယ်။
အားနာတဲ့စိတ်အခြေခံက စလိုက်တဲ့ကြောက်စိတ်ဟာ
ကိုယ့်ငွေနဲ့ကိုယ် တောက်လျှောက် ဒုက္ခရောက်နေရတာပါ။
ကြောက်တာဟာ
တရားကိုယ်အားဖြင့် ဒေါသ ပါပဲ။
xxxxx
အမေရိကန်နိုင်ငံမှာတော့
ငွေလိုချင်ရင် အလုပ်လုပ်ပါ။
အလုပ် ရှိရင် ငွေလည်း ရှိတယ်။
ပြီးရင်
ဘာမဆို ရှိနိုင်တယ်။
အစိုးရက ဘယ်သူမဆို အလုပ်လုပ်နိုင်အောင်
ဥပဒေနဲ့ အညီ
အလုပ်တွေကို ဖန်တီးပေးထားတယ်။
အသက်( ၁၆ )က စပြီး ကျောင်းသူကျောင်းသားတွေအတွက်
အချိန်ပိုင်း ( Part Time )အလုပ်တွေကို
စတင်နိုင်အောင် စီစဉ်ထားတယ်။
အချိန်ပိုင်းအလုပ်က တစ်ပတ်ကို
နာရီ ၂၀- ဝန်ကျင် လုပ်ခွင့်ရတယ်။
လခကို နာရီ နဲ့ သတ်မှတ်ထားတယ်။
အနည်းဆုံးလစာက
တစ်နာရီ ၁၀-ဒေါ်လာဖြစ်တယ်။
ပြည်နယ်တစ်ခုနဲ့ တစ်ခုတော့
အနည်းအကျဉ်းကွာခြားပါတယ်…။
xxxxx
အမေရိကန်နိုင်ငံမှာ
အသက် ( ၆၅ )နှစ်မှာ ပင်စင်ပေးတယ်။
ကျန်းမာနေသေးရင်
အချိန်ပိုင်း အလုပ်လုပ်နိုင်သေးတယ်။
အပိုဝင်ငွေ ရှာနိုင်သေးတယ်။
xxxxx
အချိန်ပြည့် ( Full Time ) အလုပ်တွေဟာ
ကျန်းမာရေးဆိုင်ရာ အခွင့်အရေးတွေ
အပြည့်အဝ ရပါတယ်။
သက်ပြည့်ပင်စင်ကလည်း
အိုတဲ့အခါ စား၊ဝတ်၊နေရေးအတွက်
လုံလုံလောက်လောက်
သုံးစွဲနိုင်ပါတယ်..။
အချိန်ပြည့် ( Full Time )
အလုပ်တွေဆိုတာ တစ်နေ့ကို ရှစ်နာရီ၊
တစ်ပတ်ကို နာရီ ၄၀ သာလုပ်ရတယ်။
နှစ်ပတ်ကို တစ်ကြိမ် လခ ထုတ်ပါတယ်။
xxxxx
ဒီမှာက ငွေလိုချင်ရင်
အလုပ်လုပ်ပါ ဆိုတာကို
လူတိုင်းနားလည်အောင် လုပ်ထားတယ်။
လူတိုင်းရဲ့ အဖိုးတန်လုပ်အားတွေကိုလည်း
နိုင်ငံတော် က ယူထားတယ်။
နိုင်ငံတော်က တန်ရာ တန်ဖိုး
ပြန်ပေးထားတယ်။
xxxxx
နိုင်ငံသားတွေရဲ့ လုပ်အားနဲ့တည်ဆောက်ထားတဲ့
အတွက်ကြောင့်
အမေရိကန်နိုင်ငံဟာ
အတိုးတက်ဆုံးနိုင်ငံတစ်နိုင်ငံအဖြစ်
ကာလတာရှည်စွာ ရပ်တည်နိုင်ခဲ့တာပါ…။
xxxxx
အမေရိကန်နိုင်ငံဟာ
နိုင်ငံသားတွေရဲ့ လုပ်အားနဲ့ နိုင်ငံကို
သိက္ခာရှိရှိ တည်ဆောက်ခဲ့ကြပါတယ်…။
xxxxx
စိုင်းအောင်ဝင်းဟိန်း
-
-
စာရေးသူ အား ခရက်ဒစ်ပေးပါသည် ။
ရှယ်ယာလိုက်ရင်ဖတ်သူနည်း၍ကော်ပီယူထားပါသည်
မူရင်းရေးသူအား Credit ပေးပါသည်..
Credit to original owner via Min Min Maw
Tuesday, October 30, 2018
မှတ်​သားစရာ..... မြို့တည်​နန်းတည်​ ခုနှစ်​သက္ကရာဇ်​ အတို​ကောက်​လင်္ကာများ
မှတ်​သားစရာ.....
မြို့တည်​နန်းတည်
ခုနှစ်​သက္ကရာဇ်​ အတို​ကောက်​လင်္ကာများ
Thursday, October 25, 2018
သိမှတ်ဖွယ်လေးပါ
တခါမှာ ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီး အဲလ်ဘတ်အိုင်းစတိုင်းကို သတင်းထောက်တွေက မေးခွန်းတခု မေးတယ်။
မေးခွန်းက လွယ်လွယ်လေးပါ။ တမိုင်မှာ ပေပေါင်း ဘယ်လောက်ရှိသလဲတဲ့။ အိုင်းစတိုင်း မဖြေနိုင်ပါဘူး။ မူလတန်းကျောင်းသားတယောက် လွယ်လွယ်ကူကူ ဖြေနိုင်တာလေးကိုတောင် ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီး မဖြေနိုင်ဘူးဆိုပြီး သတင်းထောက်တွေက သူ့ကို ဟားတိုက်လှောင်ပြောင်ကြတယ်။ အိုင်းစတိုင်းက သူတို့ကို ခုလို ပြန်ပြောလိုက်ပါတယ်။
"ဒီမေးခွန်းရဲ့ အဖြေကို ငါ မသိဘူး။ သိစရာလည်း မလိုဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီအဖြေကို သင်္ချာစာအုပ်မှာ တမိနစ်အတွင်း ရှာလို့ရတယ်။ ဒီလို လွယ်လွယ်ကူကူ ရှာလို့ရတဲ့ အကြောင်းအရာကို ငါ့ခေါင်းထဲမှာ ဘယ်တော့မှ ထည့်မထားဘူး"တဲ့။
ကမ္ဘာပေါ်မှာ မော်တော်ကားကို ပထမဆုံး တီထွင်ထုတ်လုပ်ခဲ့တဲ့ မီလျံနာသူဌေးကြီး ဟင်နရီဖို့ဒ်ကို ချီကာဂိုထရီဘွန်းသတင်းစာကြီးက "နလပိန်းတုံး" လို့ ရေးသားဖေါ်ပြခဲ့လို့ သူဌေးကြီးဖို့ဒ်က သတင်းစာတိုက်ကို တရားစွဲပါတယ်။ တရားရုံးတော်ရဲ့ တရားခွင်မှာ သူဌေးကြီးက သတင်းစာတိုက်က သတင်းထောက်တွေကို သူ့ကို 'နလပိန်းတုံး' 'ဘာမှ မသိသူ' လို့ ရေးသားဖေါ်ပြခဲ့တာ မှန်ကန်ကြောင်းကို သက်သေပြခိုင်းပါတယ်။ သတင်းထောက်တွေက သူဌေးကြီးကို လူတိုင်းနီးပါး ဖြေနိုင်တဲ့ ခုလို မေးခွန်းလေးတွေ မေးကြတယ်။
"အမေရိကန်နိုင်ငံရဲ့ ပထမဆုံးဗိုလ်ချုပ်ကြီးဟာ ဘယ်သူလဲ"
"အမေရိကန် ပြည်တွင်းစစ် ဘယ်နှခုနှစ်မှာ စတင်ဖြစ်ပွားခဲ့သလဲ" စတာတွေပါ။
သူဌေးကြီးဟာ ငယ်စဉ်က ကျောင်းမနေခဲ့ဖူးလို့ အဲဒီမေးခွန်းတွေကို မဖြေနိုင်ပါဘူး။ သတင်းထောက်တွေကလည်း မေးခွန်းတွေ ထပ်မေးကြတယ်။ သူတို့မေးခွန်းတွေကို မဖြေနိုင်တဲ့ သူဌေးကြီးဟာ စိတ်တိုလာပြီး သူတို့ကို ခုလို ပြောလိုက်ပါတယ်။
"မင်းတို့ မေးတဲ့ မေးခွန်းတွေကို ငါ မဖြေနိုင်ပါဘူး။ ဒါပေမဲ့ အဲဒီမေးခွန်းတွေကို ၂ မိနစ်အတွင်း ဖြေနိုင်ကြတဲ့ လူတွေ ငါ့မှာ ရှိတယ်။ မင်းတို့ အဲဒီအဖြေတွေကို သိချင်ရင် ငါ အခု ခေါ်ပေးမယ်" တဲ့။
အိုင်းစတိုင်းနဲ့ ဟင်နရီဖို့ဒ်တို့ဟာ အထွေထွေ ဗဟုသုတ သတင်းအချက်အလက်တွေကို ခေါင်းထဲထည့်ထားဖို့ စိတ်မဝင်စားကြဘူး။ သူတို့ စိတ်ဝင်စားကြတာက သတင်းအချက်အလက်တွေကို ဘယ်လို အသုံးချမလဲဆိုတာပါ။
ဒီအဖြစ်အပျက်နှစ်ခုဟာ ကျွန်တော်တို့ကို မှတ်သားစရာ အသိနှစ်ခု ပေးခဲ့ပါတယ်။ အဲဒါတွေက
(၁) ဦးနှောက်ဆိုတာ အချက်အလက်တွေကို သိုမှီးသိမ်းဆည်းထားရမယ့်နေရာ မဟုတ်ပါ။ စဉ်းစားတွေတောအကြံထုတ်ရမယ့် နေရာပါ
(၂) စာအုပ်ထဲမှာ လွယ်လွယ်ကူကူ ရှာလို့ ရတဲာ့ အချက်အလက်တွေကို ခေါင်းထဲမှာ သိမ်းမထားပါနဲ့။ မလိုတာတွေ မှတ်ထားတာများလာရင် ဦးနှောက်ဟာ မတွေးတတ် မစဉ်းစားတတ်တော့ဘူး။
(ဗန်းမော်သိန်းဖေ)
Credit. Aung Phone Myat
Sunday, October 21, 2018
သီတင်းကျွတ်လပြည့်၊ အဘိဓမ္မာအခါတော်နေ့
သီတင်းကျွတ်လပြည့်၊ အဘိဓမ္မာအခါတော်နေ့
----------------------------------------------------
မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး (၇)၀ါမြောက်တွင်၊ ၀ါဆိုဖို့ရန် အချိန်ရောက်လာသောအခါ၊ အဘိဓမ္မာတရားဟောကြားရန် တာဝတိံသာ နတ်ပြည်သို့ ကြွသွားပြီး၊ ပင်လယ်ကသစ်ပင်အရင်း၌ ခင်းထားအပ်သော ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာထက်မှာ သီတင်းသုံးနေတော်မူပါသည်။ ထိုအခါ၊ တစ်သောင်းသော စကြ၀ဠာတိုက်မှ အဘိဓမ္မာတရား နာကြားဖို့ရာ ရောက်ရှိလာကြသော နတ် ဗြဟ္မာတို့အား၊
မယ်တော်ဖြစ်ခဲ့ဘူးသော သန္တုဿိတနတ်သားကို အမှူးထား၍ အဘိဓမ္မာဒေသနာတော်ကို ဟောကြားတော်မူပါသည်။
အဘိဓမ္မာဒေသနာတော်ကို ဟောကြားတော်မူသည့်အခါမှာ၊ အဘိဓမ္မာဒေသနာတော်သည်၊ အလွန်များပြားသည့်အတွက်ကြောင့်၊ တောင်ကျချောင်းမှရေများ၊ အလျင်အမြန်စီးကျနေသကဲ့သို့၊ ဘုရားရှင်၏ နှုတ်တော်မှ အလျင်အမြန်ထွက်ပေါ်ကာ၊ နေ့ရောညပါ အဆက်မပြတ် ဟောကြားတော်မူသည်။
ထိုသို့ ဟောကြားနေစဉ်၊ ဆွမ်းခံကြွရန်အချိန်ရောက်လာသောအခါ၊ မြတ်စွာဘုရားနှင့် ပုံသဏ္ဍာန်အလုံးစုံတူသော နိမ္မိတရုပ်ပွား ဘုရားတစ်ဆူကို ဖန်ဆင်းတော်မူပါသည်။ ဖန်ဆင်းပြီးသောအခါ၊ "နိမ္မိတရုပ်ပွားဘုရားသည်၊ ဤအဘိဓမ္မာဒေသနာတော်မှ၊ ဤအဘိဓမ္မာဒေသနာတော်တိုင်၊ ဟောကြားစေသည်း"ဟု အဓိဋ္ဌာန်ပြုကာ၊ ဘုရားရှင်သည် လူ့ပြည်ရှိ အနောတတ်ရေအိုင်သို့ ကြွတော်မူပါသည်။ နိမ္မိတရုပ်ပွားဘုရားသည်၊ သဗ္ဗညုတမြတ်ဘုရားနှင့်၊ ရောင်ခြည်တော်(၆)သွယ် နှင့်တကွ၊ အသွင်အပြင် အမူအရာတို့သည်၊ တစ်ထပ်တည်း တူတော်မူ၏။ နိမ္မိတရုပ်ပွားဘုရား၊ အဘိဓမ္မာတရား ဟောကြားနေသည်ကို၊ တန်ခိုးနည်းသည့် နတ်ဗြဟ္မာများက မသိကြဘဲ၊ တန်ခိုးများသည့် နတ်ဗြဟ္မာများသာ
"ယခု ဟောကြားနေတာ၊ နိမ္မိတရုပ်ပွားဖြစ်သည်၊ ဗ္ဗညုမြတ်စွာဘုရားကတော့ ဆွမ်းကိစ္စအတွက် လူ့ပြည်သို့ ကြွသွားပြီ"ဟု သိကြပေသည်။
မြတ်စွာဘုရားသည်၊ အနောတတ်ရေအိုင်၌ ရေသပ္ပါယ်ပြီး၊ မြောက်ကျွန်းသို့ ဆွမ်းခံကြွတော်မူပါသည်။ ဆွမ်းခံရာမှ ပြန်ကြွလာသောအခါ၊ အနောတတ် ရေအိုင်မှာပင် ဆွမ်းဘုဉ်းပေးတော်မူပါသည်။ ဆွမ်းဘုဉ်းပေးပြီးသောအခါ စန္ဒကူးတောသို့ ကြွ၍၊ နေ့သန့်စင်တော်မူပါသည်။
ထိုအခါ၊ အရှင်သာရိပုတ္တရာသည် ဘုရားရှင်ထံ လာရောက်၍၊ ၀တ်ကြီးဝတ်ငယ် ပြုစုလုပ်ကျွေးပါသည်။ ဤသို့ အရှင်သာရိပုတ္တရာက လာရောက်၍ ပြုစုလုပ်ကျွေးသောအခါ၊ ဘုရားရှင်က
"ချစ်သား သာရိပုတ္တရာ - တာဝတိံသာနတ်ပြည်၌ ဟောကြားနေသော အဘိဓမ္မာဒေသနာတော်သည်၊ ဤဒေသနာတော်မှစ၍၊ ဤဒေသနာတော်တိုင်အောင် ဟောကြား၍ ပြီးဆုံးသွားလေပြီ"ဟု နည်းပေးသောအားဖြင့်၊ အရှင်သာရိပုတ္တရာအား၊ ဟောကြားတော်မူပါသည်။ အရှင်သာရိပုတ္တရာသည်၊ ပညာအရာတွင် အတော်ဆုံးဧတဒဂ်ရာထူးကို ရထားသောပုဂ္ဂိုလ် ဖြစ်သည့်အားလျော်စွာ၊ တာဝတိံသာနတ်ပြည်တွင် ဟောကြားတော်မူသည့် အဘိဓမ္မာဒေသနာတော်များကို၊ နည်းပေါင်းစုံလင်စွာ အားလုံးသိရှိတတ်မြောက်သွားပါသည်။
ဘုရားရှင်၊ စန္ဒကူးတောတွင် နေ့သန့်စင်သီတင်းသုံးနေတော်မူသော အချိန်တွင်၊ နေ့စဉ်နေ့တိုင်း အရှင်သာရိပုတ္တရာ လာရောက်၍ ပြုစုလုပ်ကျွေးသောအခါ၊ တာဝတိံသာနတ်ပြည်တွင် ဟောကြားတော်မူသည့် အဘိဓမ္မာတရားတော်များကို၊ ဘုရားရှင်က၊ အရှင်သာရိပုတ္တရာအား၊ အကျဉ်းချုပ် ဟောတော်မူပါသည်။ အရှင်သာရိပုတ္တရာက၊ အကျယ်တတ်မြောက်သွားပါသည်။ တတ်မြောက်ပြီးသော အဘိဓမ္မာ ဒေသနာတော်များကို၊ လင်းနို့ငယ်ဖြစ်စဉ်ဘ၀က အဘိဓမ္မာဓာတ်ခံ ပါလာကြသော၊ တပည့်ရဟန်းငါးရာကို တစ်ဆင့်သင်ကြားပို့ချပေးပါသည်။ တပည့်ရဟန်းငါးရာတို့သည် ကဿပမြတ်စွာဘုရား လက်ထက်တော် အခါက၊ အဘိဓမ္မာဓာတ်ခံ ပါလာကြသောကြောင့်၊ လျှင်မြန်စွာ တတ်မြောက် သွားကြပေသည်။ ဘုရားရှင်၊ အဘိဓမ္မာဒေသနာတော်ကို ဟောကြား၍ပြီးဆုံးခြင်းနှင့်၊ ထိုရဟန်းငါးရာတို့၏ အဘိဓမ္မာ(၇)ကျမ်းကို သင်ယူပြီးဆုံးခြင်းတို့သည်၊ မရှေးမနှောင်း တစ်ပြိုင်နက်လိုလိုပင် ဖြစ်ကြပေသည်။
ဤကဲ့သို့ ၀ါတွင်းသုံးလကာလပတ်လုံး ဟောကြား၍၊ သီတင်းကျွတ် လပြည့်နေ့မှာ ပြီးဆုံးသွားသောအခါ၊ ကုဋေ(၈)သောင်းမျှသော နတ်ဗြဟ္မာအပေါင်းတို့၊ ကျွတ်တမ်းဝင်သွားကြပေသည်။ မြတ်စွာဘုရား၏ မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားသည်လည်း၊ သောတာပန် ဖြစ်သွားရပေသည်။
ဘုရားရှင်သည်၊ အဘိဓမ္မာဒေသနာတော်ကို ဟောကြား၍ ပြီးဆုံးသွား သောအခါ၊ လူ့ပြည်သို့ ပြန်ကြွတော်မူမည့်အကြောင်း၊ သိကြားမင်းကို မိန့်ကြားတော်မူရာ၊ သိကြားမင်းက မြတ်စွာဘုရား၊ လူ့ပြည်သို့ ကြွဆင်းရန်၊ မြင်းမိုရ်တောင်ထိပ်မှ သင်္ကဿနဂိုရ်မြို့တံခါးသို့ စောင်းတန်းသုံးသွယ် ဖန်ဆင်းပါသည်။ လက်ယာဘက်မှ ရွှေစောင်းတန်း၊ လက်ဝဲဘက်မှ ငွေစောင်းတန်း၊ အလယ်မှ ပတ္တမြားစောင်းတန်းတို့ကို ဖန်ဆင်းပါသည်။
မြတ်စွာဘုရားသည်၊ ကိုယ်တော်မှ ရောင်ခြည်တော်(၆)သွယ်တို့ကို၊ ထွက်ပေါ်စေလျက်၊ မြင်းမိုရ်တောင်ထိပ် အလယ်ပတ္တမြားစောင်းတန်းမှ လူ့ပြည် သင်္ကဿနဂိုရ်မြို့တံခါးဝသို့၊ ကြွဆင်းတော်မူပါသည်။ လက်ယာဘက် ရွှေစောင်းတန်းမှ၊ နတ်ပရိသတ်များက ဘုရားရှင်ကို ယပ်လေခတ်ပေးခြင်း၊ နတ်တို့၏ တူရိယာအမျိုးမျိုးတို့ကို တီးမှုတ်ခြင်းတို့ဖြင့်၊ ပူဇော်ကာ၊ သက်ဆင်းလိုက်ပါလာကြပေသည်။ လက်ဝဲဘက် ငွေစောင်းတန်းမှ၊ ဗြဟ္မာကြီးများက၊ ဘုရားရှင်ကို ထီးဖြူများဖြင့် ဆောင်းမိုးကာ၊ သက်ဆင်းလိုက်ပါလာကြပေသည်။
မြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့်၊ အထက်သို့ အတနိဋ္ဌဗြဟ္မာပြည် တိုင်အောင်၊ အောက်သို့ အ၀ီစိငရဲတိုင်အောင်၊ အရှေ့, အနောက်, တောင်, မြောက်, အထောင့်အရပ်လေးခုဟူသော၊ အရပ်ရှစ်မျက်နှာ စကြ၀ဠာတိုက် ထောင်ပေါင်းများစွာတိုင်အောင်၊ အပိတ်အပင် အတားအဆီးမရှိဘဲ၊ ဟင်းလင်းပွင့်ကာ တွေ့မြင်ကြရပေသည်။
လူတို့သည်၊ နတ်ဗြဟ္မာတို့၏ ဘုံဗိမာန်များနှင့် နတ်ဗြဟ္မာတို့ကို တွေ့မြင်ကြရသလို၊ နတ်ဗြဟ္မာတို့ကလည်း၊ ဘုရားရှင်အား သောင်းသောင်းဖျဖျ ကြိုဆိုနေကြသည့် သိန်းသန်းကုဋေမက များပြားလှသော လူတို့ကို တွေ့မြင်ကြရပေသည်။ ဤသို့၊ မကြုံစဖူး ကြည်ညိုဖွယ်ရာများကို တွေ့မြင်ကြရသောကြောင့်၊ (၃၆)ယူဇနာအတွင်း၌ ရှိနေကြသော လူအပေါင်းတို့သည်၊ ဘုရားဆုကို မပန်သောသူဟူ၍ မရှိကြပေ။ ဘုရားရှင် ကြွဆင်းလာသည်ကို၊ လူတို့က မီးရှူးတန်ဆောင် အလင်းရောင်တို့ဖြင့် ထွန်းညှိပူဇော်ကြိုဆိုကြသည်။ ထိုဖြစ်ရပ်ကို အစွဲပြု၍၊ နှောင်းခေတ်ဗုဒ္ဓဘာသာဝင်တို့က သီတင်းကျွတ်ချိန်တွင်၊ မြင်းမိုရ်မီးပွဲ ထွန်းညှိပူဇော်ကြသည်။ ထို့ပြင်၊ သီတင်းကျွတ်လပြည့်နေ့ကိုလည်း၊ အဘိဓမ္မာအခါတော်နေ့ဟူ၍ သတ်မှတ်ကျင်းပလာခဲ့ကြပေသည်။
( သဒ္ဓမ္မရံသီဆရာတော်ဘုရားကြီး )
Monday, October 8, 2018
"​သွေးတိုး​ရောဂါကိုသ​ဘော​ပေါက်​​စေချင်​တယ်​"
အယူမှန်​ကန်​..
ရောဂါဒဏ်​..
အမြန်​​ကင်း​ဝေး..
ကျန်းမာ​ရေး..
"​သွေးတိုး​ရောဂါကိုသ​ဘော​ပေါက်​​စေချင်​တယ်​"
"​သွေးကျ​ဆေးမှန်​မှန်​​သောက်​သင့်​တယ်​ဆိုတာကိုလည်းအမြင်​မှန်​ရ​စေချင်​တယ်​"
************************
အမည်​..​ဒေါ်နွဲ့မူ
အသက်​..၆၈..နှစ်​..
ခေါင်းတအားမူး..
တအား​မော​နေတဲ့အပြင်​..
ရင်​ဘတ်​ထဲဆို့ကြပ်​​နေလို့..
ဆေးခန်း​ရောက်​လာပါတယ်​..
သွေးအချိုဓာတ်​..
သွေးတွင်း​အောက်​စီဂျင်​ရာခိုင်​နှုန်း..
သွေးခုန်​နှုန်း..​တွေ..ပုံမှန်​ပါပဲ..
သွေး​ပေါင်​ချိန်​က​တော့..
190/110mmHg..
ရှိသင့်​ရှိထိုက်​တာထက်​..
အလွန်​မြင့်​တက်​​နေပါတယ်​..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ယခု​နောက်​ဆုံး..
WHO..World Health Organization..
ကမ္ဘာ့ကျန်းမာ​ရေးအဖွဲ့ချုပ်​ကြီးရဲ့..
သတ်​မှတ်​ချက်​အရ..
Blood Pressure..​သွေး​ပေါင်​ချိန်​သည်​..
120/80mmHg..ကိုသာအမှန်​လို့..
သတ်​မှတ်​ထားပါတယ်​..
140/90mmHg..ဆိုရင်​​တောင်​..
သွေးတက်​​နေပြီလို့သတ်​မှတ်​​နေရပါပြီ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ECG..ဆွဲကြည့်​​တော့..
Left Ventricular Hypertrophy..
ဘယ်​ဘက်​နှလုံးကြီး​နေတယ်​..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
သွေးတက်​​နေတာမသိဘူးလား..
သွေး​ပေါင်​မချိန်​ကြည့်​ဘူးလား..​မေး​တော့..
သိတယ်​တဲ့..
မကြာခဏလည်းချိန်​ကြည့်​တယ်​တဲ့..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ဒါဖြင့်​..
သွေးကျ​ဆေးမှန်​မှန်​မ​သောက်​ဘူးလား..​မေး​တော့..
©​သွေးတက်​မှ​သောက်​တာတဲ့..
ဘာလို့​..
သွေးတက်​မှ​သောက်​တာတုန်းဆို​တော့..
©​သွေးနည်းသွားမှာစိုးလို့တဲ့..
©​သွေးကျ​ဆေး​သောက်​တာကြာလာရင်​..
ကျောက်​ကပ်​ပျက်​တတ်​တယ်​​ပြောကြလို့..
ကြာကြာစွဲမ​သောက်​ရဲလို့..
မ​သောက်​ဘူးတဲ့..
©​သွေးတက်​မှာစိုးလို့..
အား​ဆေးလည်း..
မ​သောက်​ရဲဘူးတဲ့..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
အယူအဆမှား​တွေ..
အယူအဆမှား​တွေ..
ဒေါ်နွဲ့မူ..လိုအယူအဆမှား​တွေကို..
အမှန်​ယူပြီး..
သွေးတိုး​ရောဂါရှိ​နေပါလျက်​..
ဆေးမှန်​မှန်​မ​သောက်​ပဲ..
ရောဂါဆိုးရွား​နေတဲ့လူ​တွေ..
ဘယ်​​လောက်​များ​နေပြီလဲ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
©​သွေး​ပေါင်​တက်​..
သွေးဖိအားတက်​..
သွေးတိုး​နေရင်​..
သွေးကျ​ဆေးကို..
အမြဲစွဲစွဲမြဲမြဲ​သောက်​ရပါမယ်​..
သွေးတက်​​နေမှ..
တက်​​နေတုန်း..
သောက်​ရမှာမဟုတ်​ပါ..
©​သွေးကျ​ဆေး​သောက်​ရင်​..
ရှိ​နေတဲ့​သွေး​တွေနည်းမသွားပါ..
©​သွေးကျ​ဆေး​သောက်​တာကြာလာရင်​..
ကျောက်​ကပ်​ပျက်​တတ်​တယ်​ဆိုတာ..
လုံဝမှားယွင်း​နေပါတယ်​..
©အား​ဆေး​သောက်​ရင်​..
အား​ဆေးထိုးရင်​..
သွေးမတက်​ပါ..
ဘာမှမဆိုင်​ပါ..
****************************
Blood Pressure..
သွေး​ပေါင်​ချိန်​​သွေးဖိအားအ​ကြောင်းကို..
နားလည်​​အောင်​​ပြောပြပါမယ်​..
သွေး​ပေါင်​ချိန်​အ​ကြောင်းသိရှိသ​ဘော​ပေါက်​ပါမှ..
အမှန်​မြင်​နိုင်​ကြမှာပါ..
**************************
အဆုပ်​များမှသန့်​စင်​​ပေးလိုက်​​သော..
အောက်​စီဂျင်​ဓာတ်​ပြည့်​ဝတဲ့..
သွေးအသစ်​​တွေကို..
နှလုံးရဲ့ဘယ်​ဘက်​​သွေးဝင်​ခန်းက..
လက်​ခံရယူပြီး..
နှလုံးရဲ့ဘယ်​ဘက်​​သွေးလွှတ်​ခန်းက​နေ..
သွေးလွှတ်​​ကြောမကြီးမှတဆင့်​..
ခန္ဓာကိုယ်​အနှံ့​သွေးအသစ်​များ..
ရောက်​ရှိ​အောင်​..
ညှစ်​ထုတ်​​ပေးလိုက်​ပါတယ်​..
©နှလုံးညှစ်​လိုက်​တဲ့အချိန်​..
ခန္ဓာကိုယ်​တကိုယ်​လုံးမှာရှိတဲ့..
သွေး​ကြောနံရံမှာ..
ဖြစ်​​ပေါ်လာတဲ့..
တင်းအားတွန်းအားကို..
Systolic Blood Pressure..
နှလုံးညှစ်​ချိန်​ဖြစ်​လာတဲ့တွန်းအား..
လို့​ခေါ်ပါတယ်​..
သွေး​ပေါင်​ချိန်​တိုင်းရင်​..
ကိန်းဂဏန်းကို..
အ​ပေါ်မှာအမြဲ​ရေးသားမှတ်​သားရတဲ့အတွက်​..
အ​ပေါ်​သွေးလို့​..လွယ်​လွယ်​​ခေါ်ပါတယ်​..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
နှလုံး..တချက်​ညှစ်​ပြီးရင်​..
နှလုံးနား​နေပါတယ်​..
Diastolic phase..လို့​ခေါ်ပါတယ်​..
နှလုံးနား​နေချိန်​မှာ..
ခန္ဓာကိုယ်​တကိုယ်​လုံးမှ..
အသုံးပြုပြီးသား​သွေးအ​ဟောင်း..
ကာဗွန်​ဒိုင်​​အောက်​ဆိုဒ်​များစွာပါဝင်​တဲ့..
သွေးအ​ဟောင်းများသည်​..
သွေးပြန်​​ကြော..​သေး..လတ်​..ကြီး..များမှတဆင့်​..
နှလုံးရဲ့..ညာဘက်​​သွေးဝင်​ခန်းသို့..
ပြန်​လည်​ဝင်​​ရောက်​လာကြပါတယ်​..
တနည်းအားဖြင့်​..
နှလုံးနား​နေချိန်​မှာ..
ခန္ဓာကိုယ်​အနှံ့က..
ပြန်​​ရောက်​လာတဲ့..
သွေးအ​ဟောင်း​တွေကို..
နှလုံးမှ..​ပြန်​လည်​လက်​ခံ​နေပါတယ်​..
အဲဒီအခိုက်​အတန့်​မှာ..
©​သွေး​ကြောများအတွင်း..
ဖြစ်​​ပေါ်​နေတဲ့..
တင်းအား..တွန်းအားကို​တော့..
Diastolic Blood Pressure..
နှလုံးနား​နေချိန်​ဖြစ်​လာတဲ့တင်းအား..
လို့​ခေါ်ပါတယ်​..
သွေး​ပေါင်​ချိန်​တိုင်းရင်​..
ကိန်းဂဏန်းကို..
အောက်​မှာအမြဲ​ရေးသားမှတ်​သားရတဲ့အတွက်​..
အောက်​​သွေးလို့..
လွယ်​လွယ်​​ခေါ်ပါတယ်​..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
©အသက်​အရွယ်​ကြီးလာ​လေ​လေ..
သွေး​ကြော​တွေ..မာ​ကြောလာကြတယ်​..
သွေး​ကြောနံရံများရဲ့..
Elasticity..ဆန့်​ထွက်​အား​..
လျော့ကျသွားကြတယ်​..
ထို့မှတဆင့်​ကျဉ်းကျုံ့သွားကြတယ်​..
ဒီအခါ..
နှလုံးညှစ်​လိုက်​တဲ့အခါတိုင်း..
သွေး​ကြောများအလိုက်​အထိုက်​..
ပျော့​ပြောင်းကျယ်​ပြန့်​မလာနိုင်​တဲ့အတွက်​..
သွေး​ကြောနံရံရဲ့တင်းအား..
မြင့်​တက်​သွားပါတယ်​..
သွေး​ပေါင်​ချိန်​တိုင်းကိရိယာနဲ့..
တိုင်းတာလိုက်​တဲ့အခါ..
Systolic Blood Pressure..
နှလုံးညှစ်​ချိန်​..​သွေးဖိအားတွန်းအား..
မြင့်​တက်​​နေပါတယ်​..
အ​ပေါ်​သွေးတက်​​နေတယ်​လို့..
လွယ်​လွယ်​​ခေါ်ကြပါတယ်​..
******​ခန္ဓာကိုယ်​အ​ပေါ်ပိုင်း..
သွေး​တွေများ​နေတာမဟုတ်​ပါ..
******​သွေး​ကြောဖိအားတွန်းအား..
များ​နေတာပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
နှလုံးတချက်​ညှစ်​ပြီးချိန်​..
အလိုက်​သင့်​​လေး..
သွေး​ဟောင်းများကိုပြန်​လက်​ခံချိန်​မှာ..
ခန္ဓာကိုယ်​အနှံ့က..
သွေး​ကြော​တွေမှာလည်း..
နှလုံးဆီကို​သွေးပြန်​ပို့​ပေးနိုင်​ဖို့..
တွန်းအားတင်းအားရှိရပါတယ်​..
အသက်​အရွယ်​ကြီးလာတာနဲ့အမျှ..
သွေး​ကြောနံရံ​တွေ..
ဆန့်​ထွက်​အား​လျော့..
မာ​ကြော..ကျဉ်းကျုံ့လာကြတဲ့အတွက်​..
နှလုံးဆီကိုပြန်​တွန်းပို့တဲ့အားလည်း..
လိုအပ်​သည်​ထက်​..
မြင့်​တက်​​နေပါတယ်​..
သွေး​ပေါင်​ချိန်​တိုင်းကိရိယာနဲ့..
တိုင်းတာတဲ့အခါမှာ..
သွေး​ပေါင်​​သွေးဖိအားတက်​​နေပါတယ်​..
ဒီ​သွေး​ပေါင်​ချိန်​က​တော့..
နှလုံးနားချိန်​..တနည်းအားဖြင့်​..
နှလုံးက​သွေး​ဟောင်းလက်​ခံချိန်​..
သွေး​ကြော​တွေမှာ..
ဖြစ်​​နေရှိ​နေတဲ့​သွေး​ပေါင်​ချိန်​မို့လို့..
Diastolic Blood Pressure..
လို့​ခေါ်ပါတယ်​..
အောက်​​သွေးတက်​​နေတယ်​..လို့လွယ်​လွယ်​​ခေါ်ပါတယ်​..
*****​ခန္ဓာကိုယ်​​အောက်​ပိုင်းက​သွေး​တွေများ​နေတယ်​လို့အယူအဆမမှားလိုက်​ပါနဲ့..
******​သွေးများ​နေတာမဟုတ်​..
သွေးဖိအားတင်းအားများ​နေတာပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
©​သွေး​ကြောများအတွင်း..
သွေးအချိုဓာတ်​များ..
လွန်​ကဲများပြားလာရင်​..
သွေး​ကြောနံရံများ..
တတိတိနဲ့ပျက်​စီးတတ်​ပါတယ်​..
ထိုမှတဆင့်​..
သွေး​ကြောများ..
ကျဉ်းကျုံ့ကုန်​တဲ့အတွက်​..
သွေးချိုဆီးချို ​ရောဂါကိုစံနစ်​တကျ..
ကုသမှုမပြုရင်​..
သွေး​ပေါင်​​သွေးဖိအားတက်​​နေတတ်​ပါတယ်​..
©​သွေးအချိုဓါတ်​..
လွန်​ကဲများပြား​နေတဲ့အခါ..
သွေး​စီးလမ်း​ကြောင်းကို..
ပိတ်​ဆို့်​ထားတဲ့အတွက်​..
နှလုံးညှစ်​လိုက်​တိုင်း..
နှလုံး​သွေးလက်​ခံတိုင်း..
သွေးစီးလမ်း​ကြောင်းဟာ..
ချော​မွေ့မှုမရှိ..ဆန့်​ကျင်​အား​တွေ..
ဖြစ်​ဖြစ်​​နေတာ​ကြောင့်​..
သွေး​ကြောနံရံရဲ့တင်းအားမြင့်​ပြီး..
သွေးတက်​တတ်​ပါတယ်​..
©​သွေးအဆီဓာတ်​များပြားလာရင်​လည်း..
သွေး​ကြောနံရံများမှာ..
သွေးခဲစုစည်းမှု..
Platelet aggregation..
တွေဖြစ်​​ပေါ်​စေပါတယ်​..
ထိုမှတဆင့်​..
သွေးခဲပိတ်​ဆို့မှု..
Clot..​တွေဖြစ်​​စေပါတယ်​..
သွေးလည်​ပတ်​မှု​ချော​မွေ့မှုမရှိတဲ့အတွက်​..
သွေး​ကြောဖိအားတင်းအား..
မြင့်​​နေပါမယ်​..
ဒီလိုအ​ခြေအ​နေမျိုးမှာလည်း..
သွေး​ပေါင်​ချိန်​တိုင်းလိုက်​တိုင်း..
သွေး​ပေါင်​တက်​​သွေးတိုး​နေမှာပါ..
*****အယူအဆမမှားရန်​ထပ်​မံ..
အသိ​ပေးပါတယ်​..
*****​သွေးတက်​တယ်​ဆိုတာ..
သွေးများ​နေတာမဟုတ်​ပါ..
*****​သွေး​ကြောဖိအားတက်​​နေတာပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
©နှလုံးရဲ့ဘယ်​ဘက်​ခန်းက​နေ..
သွေးအသစ်​​တွေ..ခန္ဓာကိုယ်​အနှံ့..
သွေး​ရောက်​ရှိ​အောင်​..
ညှစ်​ထုတ်​​ပေး​နေတဲ့အချိန်​မှာ..
သွေး​ကြော​တွေရဲ့..
တင်းအားဖိအား​တွေ..
ရှိသင့်​တာထက်​များ​နေရင်​..
နှလုံးဟာ..
ပိုပိုပြီး..အားစိုက်​..
ပိုပိုပြီး..ညှစ်​အားများများ
ထုတ်​ထုတ်​သုံးရပါတယ်​..
ထုတ်သင့်တဲ့​​​ညှစ်​အားထက်​..
ညှစ်​ထုတ်​အားစိုက်​​နေရတဲ့..
အချိန်​ကာလကြာလာတာနဲ့အမျှ..
ဘယ်​ဘက်​နှလုံးရဲ့ကြွက်​သား​တွေ..
ထူထဲလာကြပါတယ်​..
နှလုံးအရွယ်​အစားကြီးမားလာပါတယ်​..
Left Ventricular Hypertrophy..
ဘယ်​ဘက်​နှလုံးအရွယ်​ကြီးခြင်း..
နှလုံးကြီးခြင်း..လို့​ခေါ်ပါတယ်​..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
*****​သွေးတက်​လို့တက်​မှန်းမသိသူ..
*****​သွေးတက်​​နေမှန်းသိလျက်​နဲ့..
ဆေးမှန်​မှန်​မ​သောက်​သူ..
*****​သွေးကျ​​ဆေး​မှန်​မှန်​​သောက်​ရင်​..
ရှိ​နေတဲ့​သွေးကုန်​သွားမှာစိုးရိမ်​တဲ့..
အယူအဆမှားသူ..
*****​သွေးကျ​ဆေး..
ကြာကြာ​သောက်​ရင်​..
ကျောက်​ကပ်​ပျက်​တတ်​တယ်​ဆိုတဲ့..
အယူအဆမှား​ကြောင့််​..
ဆေးမှန်​မှန်​မ​သောက်​သူ..
ထိုသူများအားလုံး..
©နှလုံးအရွယ်​အစားကြီးမားလာကြပါတယ်​..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
©နှလုံးအရွယ်​အစားကြီးမားတာ..
တာရှည်​လာရင်​..
မနိုင်​ဝန်​ထမ်းရတဲ့...နှလုံးညှစ်​အား..
လျော့ကျသွားတဲ့အခါ..
©Heart Failure..
နှလုံးအားနည်း​ရောဂါဝင်​ပြီး..
မျက်​ခွံမို့..
ခြေ​ထောက်​​ရောင်​..
အဆုပ်​ထဲ​ရေဝင်​..
မောပမ်းလွယ်​..
လူဖြစ်​ရှုံးတဲ့ဘဝ​ရောက်​ရပါတယ်​..
°°°°°°°°°°°°°°°°°°°°°•°°°°°°°°°°°
©​သွေးတိုးတယ်​ဆိုတာ..
သွေး​တွေများလာတာမဟုတ်​ပါ..
သွေး​ကြောများရဲ့..
ဖိအားတွန်းအား..တိုး​နေများ​နေတာပါ..
သွေး​ပေါင်​ချိန်​တိုင်းကိရိယာမှာ..
သတ်​မှတ်​ထားတဲ့..
Pressure..ဖိအားတင်းအားထက်​များ​နေလို့..
သွေးတက်​တယ်​လို့..
လွယ်​လွယ်​​ပြောကြရာက​နေ..
သွေးများ​နေတယ်​လို့..
သ​ဘော​ပေါက်​မှားယွင်းသွားကြပါတယ်​..
©​သွေးကျ​ဆေးသည်​..
ခန္ဓာကိုယ်​ထဲကရှိ​နေတဲ့​သွေး​တွေ..
နည်းသွား​စေတာမဟုတ်​ပါ..
ရှိ​နေတဲ့​သွေးနဲ့ဘာမှမသက်​ဆိုင်​ပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
သွေးကျ​ဆေးသည်​..
©တင်းမာ​နေ​သော..
သွေး​ကြောနံရံများကို..
အလိုက်​သင့်​​ပျော့​ပြောင်းနူးညံ့​စေပါတယ်​..
©ကျဉ်းကျုံ့​နေ​သော..
သွေး​ကြောများကို..
အလိုက်​သင့်​..
ပွင့်​ကျယ်​လာ​စေပါတယ်​..
သွေးကျ​ဆေး​သောက်​လိုက်​တဲ့အခါ..
သွေး​ကြောများ​ပျော့​ပြောင်းလာပြီး..
သွေး​ကြောများပွင့်​ကျယ်​လာတဲ့အတွက်​..
သွေးဖိအားများပုံမှန်​..
ရောက်​ရှိသွားပါတယ်​..
နှလုံးကလည်း..
တအားညှစ်​ထုတ်​စရာမလို​တော့ပဲ..
သက်​သာရာရသွားပါတယ်​..
သွေးစီးလမ်း​ကြောင်းလည်း..
ချော​မွေ့သွားတဲ့အတွက်​..
ခန္ဓာကိုယ်​အစိပ်​အပိုင်းများ..
လုံ​လောက်​မျှတတဲ့​သွေးများ..
ရရှိ​နေပါတယ်​..
ကျန်းမာတဲ့ခန္ဓာကိုယ်​ကို..
ဖြစ်​​ပေါ်​စေပါတယ်​..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
©​ကျောက်​ကပ်​သည်​..
သွေး​ကြောငယ်​က​​လေးများ..
မြောက်​များစွာဖြင့်​ဖွဲ့စည်းထား​ပါတယ်​..
သွေးတိုး​ရောဂါရှိ​နေသူများ..
သွေးကျ​ဆေးမ​သောက်​ရင်​..
ကျောက်​ကပ်​​သွေး​ကြောငယ်​များအတွင်း..
ဖိအားတင်းအားများ​​နေတဲ့အတွက်​..
သွေး​ကြောငယ်​များပျက်​စီးလွယ်​ပါတယ်​..
ထိုမှတဆင့်​.
ကျောက်​ကပ်​ပျက်​စီးသွားပါမယ်​..
သွေးတိုး​ရောဂါရှိသူ..
သွေးကျ​ဆေးမှန်​မှန်​​သောက်​​နေရင်​..
ကျောက်​ကပ်​​သွေး​ကြောငယ်​များအတွင်း..
ဖိအားတင်းအား​လျော့ကျ​စေတဲ့အတွက်​..
ကျောက်​ကပ်​ပျက်​စီးခြင်းမှ..
ကာကွယ်​ပြီးသားဖြစ်​သွားပါတယ်​..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
©အား​ဆေးဆိုတာ..
ဗီတာမင်​ဓာတ်​..
သတ္ထု ဓာတ်​..
အသားဓာတ်​..
ခန္ဓာကိုယ်​တည်​​ဆောက်​ပြုပြင်​ဖို့..
လိုအပ်​တဲ့ဓာတ်​..
စတဲ့ဓာတ်​အစုအ​ပေါင်းသာဖြစ်​ပါတယ်​..
ထမင်းဟင်းစား​သောက်​တဲ့အခါမှာလည်း..
ပါဝင်​ပြီးသားဖြစ်​ပါတယ်​..
အား​ဆေးဆိုတာ..
ခန္ဓာကိုယ်​အတွက်​..
လိုအပ်​မည့်​..
အာဟာရဓာတ်​ကို..
ဖြည့်​စွက်​​ပေးတာပါ..
သွေးတိုး​သွေးတက်​တာနဲ့..
လားလားမှမဆိုင်​ပါ..
အား​ဆေး​သောက်​ခြင်းဖြင့်​..
သွေးမတက်​ပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
©အား​ဆေး​သောက်​ခြင်းသည်​..
သွေးမတက်​​စေပါ..
ဘာမှမဆိုင်​ပါ..
သို့​သော်​..
အဆီများ​သောအစာ..
အငန်​များ​သောအစာ..
စားရင်​​တော့..
သွေးတက်​​စေပါတယ်​..
အဆီဓာတ်​...အငန်​ဓာတ်​များသည်​..
သွေး​ကြောများကို..
ကျဉ်းကျုံ့​​စေပြီး..
ဖိအားတင်းအားတက်​လာ​စေပါတယ်​..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
အမှားကင်းစင်​၍..
အမှန်​မြင်​နိုင်​ကြပါ​စေ..
မေတ္တာဖြင့်​..
ဒေါက်​တာဦးစိုင်းဟန်​​ကျော်​စိန်
ဆမ..၁၁၀၀၈..
Sunday, October 7, 2018
ဝဋ်​​ကြွေး​ကြောက်​ရင်​ နှုတ်ကို သတိထား
ဝဋ်​​ကြွေး​ကြောက်​ရင်​ နှုတ်ကို သတိထား
============================
       တချို့လူ​တွေ ​​ပြောကြ​တဲ့ စကားရှိတယ်​။
သူများအ​ပေါ်မဟုတ်​တာမလုပ်​ဘူး မ​ကောင်းမကြံဘူး
နှုတ်ကြမ်းတာ ဘာဖြစ်​လည်း ။
    မှန်​ပါတယ်​ နှုတ်ကြမ်းလို့ ​​သူတစ်ပါးက
 ဖြစ်​ခြင်​မှဖြစ်​မှာပါ။ဖြစ်​တာ ခံရတာက ကိုယ်​ပါ ။
        မြတ်​စွာဘုရား လက်​ထက်က
အဗ္ဗပါလီပြည့်​တန်​ဆာမက ရုပ်​ရည်​လှပလို့ ဟိုမင်းက
လိုချင်​ ဒီမင်းက ရချင်နဲ့ သူ့​ကြောင့်​စစ်​ဖြစ်​မှာစိုးလို့
အများပိုင်​အဖြစ်​ပြည့်​တန်​ဆာမလုပ်​ဖို့ ဖြစ်​ခဲ့ရတာဟာ
စိတ်​ထားညံ့လို့ ​စေတနာနည်းလို့မဟုတ်​ပါဘူး။
            အတိတ်​ဘဝ ​စေတီရင်​ပြင်​မှာ
နေမ​ကောင်းတဲ့ ရဟန္တာမကြီး ချွဲသလိပ်ဖိတ်​စင်​သွားတာကို ဘယ်​သူမှန်းမသိပဲ စည်းကမ်းမဲ့တယ်​  ​စေတီရင်​ပြင်​​ပေါ်
ဘယ်​ပြည့်​တန်​ဆာမက တံ​​တွေး ထွေးသွားလဲလို့
စေတနာ​ဒေါသ နှုတ်ဝဋ်​​ကြွေး​ကြောင့်​ပါ။
တရား​ဟော အ​တော်​ဆုံးဖြစ်​တဲ့ ခုဇုတ္တရာဆိုတဲ့
ခါးကုန်​မ​လေးဟာ ဒီဘဝ ပဋိကတ်​​ဆောင်​ အမျိုးသမီးဖြစ်​ရပြီး ဘာ​ကြောင့်​ ခါးကုန်းရလဲဆိုရင်​ အတိတ်​ဘဝ အလှူခံကြွလာတဲ့ ပ​စ္စေကဗုဒ္ဓတစ်​ပါးက ခါးကုန်းတာကို သူငယ်​ချင်း​တွေ​ရှေ့ ဟာသအဖြစ်​ ဖလားကိုင်​ပြီး ​အိမ်​မှာလာတဲ့
ကိုယ်​​တော်​​လေးက ​ဟောဒီလို ခါးကုန်​​လေးပါလို့
ဟန်​အမူရာလုပ်​ ​ပြောင်​ခဲ့လို့ ခါးကုန်းဖြစ်​ရတာပါ။
       မြတ်​စွာဘုရားကိုယ်​တိုင်​က ​ဟောခဲ့ပါတယ်​။
သူများကို မကဲ့ရဲ့ဖို့ ကြမ်းတမ်းတဲ့စကား​တွေနဲ့ မ​ပြောဖို့ပါ။
    မြတ်​စွာဘုရား သုန္ဒရိတိတ္ထိ မိန်းမပျို
စိဉ္ဇမာနတို့ စွပ်​စွဲခံရတာဟာ နုစဉ်​အ​လောင်း​တော်​ဘဝက
ပ​စ္စေကဗုဒ္ဓကို မိန်းမပုံစံဝတ်​ပြီး လူထင်​လွဲ​အောင်​ပြုခဲ့လို့တဲ့။
      ဒုက္ကစရိယ ၆နှစ်​ကျင့်​ရခြင်း
လှည်းကုန်​သည်​လှူတဲ့
မုန့်​ကြမ်းကို တစ်​ဝါတွင်းလုံး
ဘုန်​​ပေးရခြင်း​တွေကနှုတ်ဝဋ်​​ကြွေးပါ။
       အပြင်​လက်​​တွေ့ဘဝမှာလည်း
သူတစ်​ပါး အားနည်းချက်​ကို
ကဲ့ရဲ့တဲ့သူ​တွေပြန်​ဝဋ်​လည်​ပါတယ်​။
          ဆရာကြီး​ရွှေဥ​ဒေါင်းက
သူရဲ့ ဘဝတသက်​တာ စာအုပ်​ထဲမှာ
သူစကားထစ်​ရခြင်း အ​ကြောင်းက
က​လေးဘဝက စကားထ​စ်​တဲ့
တန်းအ​ဖော်​သူငယ်​ချင်းကို ​ပြောင်​တာက​နေ
ဖြစ်​ရတာပါလို့ ​ရေးထားပါတယ်​။
      လူ​လောကမှာ တချို့သူတစ်​ပါးကို
ကဲ့ရဲ့တာ ​နောက်​​ပြောင်​တာကအစ ကိုယ်​တိုင်​​ရော
ကိုယ်​​မွေးတဲ့က​လေးတို့မှာ
အားနည်း​ချက်​​တွေပါလာတာ အများကြီးပါ။
သို့​သော်​လည်း အရေမရ အ ဖတ်မရ
အကုသိုလ်​ဝဋ်​မပါ​အောင်
သတိထားရင်​ အ​ကောင်းဆုံးပါ။
Credit. ဓမ္မအေးရိပ်
  မှကူးယူဖော်ပြသည်
Friday, September 28, 2018
ဆဲကြပါစေ
.   
                   ဆဲကြပါစေ
.             💬💬💬💬💬
🔹️ ဆဲကြပါစေ ...
      ဓာတ်တိုင်ခြေရင်း ၊ သွေးအိုင်တွင်းမှ
      သက်ကင်းလဲလျောင်း ၊ မင့်အလောင်းကို
      ငဲ့စောင်းတစ်မူ ၊ အရေးတယူ ဖြင့်
      သူတို့ ကြည့်မှာ  မဟုတ်ပေ ။
🔹️ ဆဲကြပါစေ ...
      သူတို့တစ်တွေအတွက်
      နေပူပြင်းပြ ၊ မိုးလေကျလည်း
      နေ့ည အခင်း ၊ လျှပ်စစ်လင်းဖို့
      မင်းကြိုးပမ်းရာ ၊ စေတနာကို
      ဘယ်မှာ သူတို့  မသိနိုင် ။
🔹️ ဆဲကြပါစေ ...
      ဆဲပါလေတော့
      သေကံ ရှင်ကံ ၊ ဓာတ်ကြိုးမှန်လျှင်
      အန္တရာယ်ရှိ ၊ မင်းတို့သိလျှက်
      မိမိရပ်ရွာ ၊ ထိန်လင်းသာအောင်
      အခါခါအောက်ကြို့ ၊ ထမ်းဆောင်လို့လည်း
      သူတို့ အကောင်း  မပြောပေ ။
🔹️ ဆဲကြပါစေ ...
      နာတာရှည်သနစ် ၊ ခေတ်အဆက်ဆက်
      အပျက်ပျက်ကို
      ဆက်ခံခဲ့ရ ၊ သည်ကာလ၏
      ကျဆင်း ပုံရိပ်
      ဝိပ္ပတ္တိခေတ် ၊ ဝန်ထမ်းဖြစ်သည့်
      စနစ်၏ သားကောင်  မင်းတို့တစ်တွေ ။
🔹️ ဆဲကြပါစေ ...
      သာယာမှုကင်း ၊ မင်းမိသားစု
      နွမ်းပါးမှုနဲ့
      လူ့ဂုဏ်သိက္ခာ ၊ သိမ်ငယ်စွာဖြင့်
      အနာဂတ်လမ်း ၊ စမ်းတဝါးဝါး
      ဝမ်းခါး မလှ ၊ မင့်ဘဝ ကို
      ဆဲကြသူတို့  မသိနိုင်ပေ ။
🔹️ ဆဲကြပါစေ ...
      လက်ညှိုးတွေထိုး 
      သည်မိုး သည်လှေ ၊ သည်လူတွေနဲ့
      သည်မြေ ဝန်းဝိုင်း ၊ မင်းကျောခိုင်းလို့
      ဆဲတိုင်း မနာ ၊ ခွင့်လွှတ်ပါလည်း
      မင်း ဈာပန ၊ စာနာကြသည့်
      သောကကြေကွဲ ၊ လူတွေထဲမှာ
      ဆဲဆိုသူတို့  မပါချေ ။
      ပေးဆပ်တာက  မင်းတို့တစ်တွေ ။
      ဆဲလိုသူတို့  ဆဲပါစေ ။      ။
                      နွေကိုတူး(ပခုက္ကူ)
[ဤကဗျာဖြင့် (၁၈.၉.၂၀၁၈) ရက်နေ့ညတွင်
 တာဝန်ထမ်းဆောင်ရင်း ကွယ်လွန်ခဲ့ရသည့်
 တောင်-ဒဂုံ လျှပ်စစ်မန်နေဂျာရုံးမှ
 လျှပ်စစ်လိုင်းလုပ်သား
 မောင်ထွေးမင်းအောင်သူမျိုး(ခ)ဇာနည်
 အသက်(၂၅)နှစ် အား
 ဂုဏ်ပြုမှတ်တမ်းတင် အပ်ပါသည်]
ရင်သွေးငယ်တို့အတွက်
ရင်သွေးငယ်တို့အတွက်
Thursday, September 27, 2018
WYသုံးစွဲထားရင်၂၄နာရီအတွင်း ဆီးစစ်ရင် ပေါ်ပါတယ်
WYသုံးစွဲထားရင်၂၄နာရီအတွင်း ဆီးစစ်ရင်
ပေါ်ပါတယ် ။ ၆လအတွင်း သွေးစစ်ရင် ပေါ်ပါတယ် ။
၂နှစ်အတွင်း ဆံပင်ကို ဓါတ်ခွဲ စစ်ရင် ပေါ်ပါတယ် ။
-
-
-
-
WYကို လူငယ်တွေက ကြယ်သီး လို့ 
အလွယ်ခေါ် ကြပါတယ် ။
အရောင် အလိုက် ပုံစံအလိုက်
အမျိုးအစား ခွဲ ကြတယ် ။
-
နောက် အရောင်
အများ အားဖြင့် အရောင် က
ပန်းဆီရောင် လိမ္မော်ရောင်
ချောကလက်ရောင် ဒီလို ခွဲခြား
သတ်မှတ် ကြတယ် ။
-
အစိမ်းရောင် နဲ့ ငွေမှင်ရောင် ပါ တဲ့
အစက်အပြောက်ပါတဲ့ အခြားအရောင်တွေကို
အထူးထုပ် ကာလာတွေကို
တစ်ရာ နှစ်ရာ ယူမှ (ရာစီး)
လက်ဆောင် ၂လုံးလောက်ပါတတ်တယ် ။
-
နောက်
WYထက် အဆင်ြ့မင့်ထားတဲ့
ICEက လည်း အဖြူ ရောင်
ကျောက်ချဉ်ခဲ အကြေနဲ့ တူပါတယ် ။
-
လူငယ်တွေဘာလို့ စွဲလည်း
ဘာအရသာလည်း ကလည်း
စိတ်ပျော့သူဆို ဆွဲတယ် ။
မျောဘို့ များပါတယ် ။
-
၃လုံး လောက် ရှူ ရှိုက်မိရင်
ကချင် ခုန်ချင် လှချင်ပ ချင်
သွားချင် လာချင်
သုံးစွဲသူ သန္ဓေလိုက်ပြီး
အမျိုးမျိုး ဖြစ်ပေါ်လာတတ်ပါတယ် ။
-
၃လုံးလောက် ရှူမိသူဟာ
ထမင်း ၂ရက်လောက်မဆာပါဘူး ။
-
၃ညလောက် မအိပ်ပဲ
အိပ်ရေးဝ လန်းဆန်းနေတယ် ။
-
လွန် သွားရင် အာရုံ သေ သွားပြီး
တစ်ခုခုထဲ မြုတ်သွား သလို ပေါ့ ။
အလုပ်တစ်မျိုးမျိုး
ဝါသနာပါရာgame လို မျိုးကို နစ်
မအိပ်မနေ ဆော့နေတတ်တယ် ။
ဆေး ကျချိန် ရဲ့ဒဏ်ကို မခံနိုင်တဲ့လူ
စွဲသွား တာပါပဲ ။
-
ဆေး ကျချိန်မှာ
ဆေးအာနိသင် ပြယ်ချိန်ဟာ
ချက်ခြင်းလူမမာ တစ်ယောက်လို
ပျော့ခွေပြီး အဆစ်အမြစ်ကိုက်ခဲ
အရိုးထဲကိုက်တဲ့ ဝေဒနာ
အားအင်ကုန်ခမ်းနွမ်းနယ်နေ သူတစ်ယောက်လို
ဒေါသ အလို လို ဖြစ်လာတာ ။
-
တကယ့်ကို လူမမာ လုံးလုံး ဖြစ်နေချိန်
တစ်ချက် နှစ်ချက် တစ်လုံးရဲ့ ၅ပုံ ၁ ပုံ လောက်
အနံ့ ရတာနဲ့ ငေါက်ခနဲ ထထိုင်
ဇာတ်ကြိုးမနိုင်တဲ့ မြင်းလို
ခုနက မောပမ်ကိုက်ခဲနေတာ
ချက်ခြင်းပျောက် သွားတဲ့ သုခ
အဲ့ဒီ သုခ ကို စွဲလမ်းသွား တာပါ ။
-
စွဲသွားသူတစ်ယောက် ဆေးကျချိန် မှာ
ဆေးသာ ရမယ်ဆို ဒုစရိုက် လုပ်ဘို့ 
၇၀ရာနူန်း တွန်းအားပေးပါတယ် ။
-
ဈေးကွက် ပေါက်ဈေးအရ
တစ်လုံး ၃ထောင် ကို စွဲလန်း သုံးစွဲသူ
လူငယ်တစ်ယောက်အနေ နဲ့
၃လုံး လောက် သုံးစွဲဘို့
တစ်နေ့  တစ်သောင်း လို အပ်ပါတယ် ။
-
ဒါဟာကျောင်သား လူငယ်တစ်ယောက်အနေနဲ့
ရေရှည် မဖြစ်နိုင်ပါဘူး ။
-
ထိုအချိန်မှာ မူးယစ်သားကောင် လူငယ်ဟာ
ဆေး ရဘို့  မိမိကဲ့သို စမ်းသပ်မယ့်
သားကောင် အသစ် ရှာ ရပါတယ် ။
-
သားကောင်အသစ် ရရင်
ရောင်းဝယ်သူ ပေးတဲ့ကော်မရှင် နဲ့ 
ဈေးနူန်း ကွာတဲ့ ၅၀၀ လောက်ရဘို့ 
အပိုအဆစ် ဆယ်လုံး မှ တစ်လုံး
အပို လေး ကို မျှော်လင့်ပြီး
အလို လို ရောင်း ဝယ်သူ
ဆေး ကယ်ရီသမား ဖြစ်မှန်း မသိ
ဖြစ်လာပါတော့တယ် ။
-
နီးစပ်ရာ မိန်း ကလေး ယောကျာင်္း လေး သူငယ်ချင်း များ ကို ဆွယ်ရပါတော့တယ် ။
-
နောက်ဆုံး မိမိ ပတ်ဝန်းကျင် လူစုမိပြီး
အားလုံး သားကောင်ဖြစ်သွားကြပြီး
သားကောင်အသစ် ထပ်မံမရတော့ တဲ့အချိန်
မသုံးစွဲရ မနေနိုင်အခြေအနေ မှာ
ဒုစရိုက်လုပ်ဘို့  ကြံစည်ပါတော့တယ် ။
-
ယခုတစ်လော လူငယ်တွေ အစုလိုက်အဖွဲ့လိုက်
လုယက်မှုကြူး လွန်နေတာ ဟာ
မူးယစ် သားကောင်တွေ ပါ ။
-
ဒါကြောင့်  လူငယ်များ မစမ်းသပ် သင့်ပါဘူး ။
-
မိမိသုံးစွဲတာ
တာဝန်ရှိသူတွေမသိဘူး မထင်ပါနဲ့ ။
၂၄နာရီအတွင်း ဆီးစစ်ရင် ပေါ်ပါတယ် ။
-
၆လအတွင်း သွေးစစ်ရင် ပေါ်ပါတယ် ။
-
၂နှစ်အတွင်း ဆံပင်ကို CID
အမျိုးသား ဓါတ်ခွဲ ဌာနပို့ စစ်ရင် ပေါ်ပါတယ် ။
-
မိဘများကလည်း
ကိုယ့်သားသမီး ရဲ့အမူအကျင့် တွေ
ပြောင်းလဲလာရင် လစ်လျှူ မရှူသင့်ပါဘူး ။
-
သုံးစွဲသူတွေက သိသာထင်ရှားပါတယ် ။
-
သိသိသာသာကိုယ်အလေးချိန် လျှော့လာမယ် ။
မလိုအပ်ပဲ စကားများလာမယ် ။
မျက်ကွင်းညိုလာမယ် ။
အစား အသောက်ပျက်လာမယ် ။
အထူးခြားဆုံး က ချွေးနံ့ !
-
ကိုယ် နံ့ ဟာ လိမ်ညာမရအောင်
ချောကလက် အနံ့ အမြဲမွှေးနေပါတယ် ။
ဆပ်ပြာနဲ့ ဆေးလို့ မပျောက်ပါဘူး ။
ဒါ ထူးခြားပါတယ် ။
-
သွားများ ကျိုးပဲကုန်ပါတယ် ။
ဒါနောက်ဆုံးအဆင့်ပါ !
-
လူငယ် အညွန့် အဖူးများ
အနာဂတ် လမ်းမမှားစေဘို့ 
တိုင်းပြည် သာယာ အေးချမ်းစေဘို့ 
အားလုံး ပူးပေါင်းပါဝင်စေလိုပါတယ် ။
-
တကယ်ဖြန့် ဖြူး ရောင်းချ တဲ့
ကုန်သည်ကြီးတွေကိုသာ ဖမ်းဆီးစေလို ပါတယ် ။
တာဝန်သိ သတင်းပေးစေလိုသလို
တကယ့်ကိုပဲ ထိထိရောက်ရောက်
အရေးယူစေလိုပါတယ် ။
-
Credit - Nang Htwe Khin
& Ng Wo Kham
-
#မူရင်းရေးသားသူကို ခရက်ဒစ်ပေးပါသည်။
Wednesday, September 26, 2018
အာဠာဝကဘီလူး နှင့် ဂေါတမမြတ်စွာဘုရား အမေးအဖြေ
အာဠာဝကဘီလူး နှင့် ဂေါတမမြတ်စွာဘုရား အမေးအဖြေ
အာဠာဝက မေး ၍
မြတ်စွာဘုရားက ဖြေဆို​တော်​မူသည်​။
အမေး - လောကမှာ အကောင်းဆုံး
ဥစ္စာက ဘာလဲ။
အဖြေ - သဒ္ဓါသည် အကောင်းဆုံး ဥစ္စာ။
၁။ (သဒ္ဓိဓ ၀ိတ္တံ ပုရိသဿ သေဌံ)
အမေး - လောကမှာ ဘာလုပ်ရင်
ချမ်းသာမှာလဲ။
အဖြေ - ဓမ္မကို ကျင့်သုံးရင် ချမ်းသာမယ်။
၂။ (ဓမ္မော သုစိဏ္ဏော သုခမာဝဟတိ)
အမေး - လောကမှာ အကောင်းဆုံး
 အရသာက ဘာလဲ။
အဖြေ - အကောင်းဆုံး အရသာဟာ သစ္စာ။
၃။ (သစ္စံ သာဓုတရံ ရသာနံ) 
အမေး - လောကမှာ အကောင်းဆုံးသော  အသက်ရှင်နည်းက ဘာလဲ။
အဖြေ - အသိပညာနဲ့ အသက်ရှင်တာ  အသက်မွေးတာ အကောင်းဆုံး။
၎။ (ပညာဇီဝိံဇီဝိတ မာဟု သေဌံ)
အမေး - အခက်အခဲကို ဘာနဲ့ ဖြတ်ကျော်ရမှာလဲ။
အဖြေ - သဒ္ဓါနဲ့ ဖြတ်ကျော်ရမယ်။
၅။ (သဒ္ဓါယ တရဟိ သြဃံ)
အမေး - ကျယ်ပြောသော ဘ၀ကြီးကို
ဘာနဲ့ ဖြတ်ကူးရမှာလဲ။
အဖြေ - သတိနဲ့ ဖြတ်ကူးရမယ်။
၆။ (အပ္ပမာဒေန အဏ္ဏ၀ံ) 
အမေး - ဆင်းရဲဒုက္ခကို ဘာနဲ့
ဖယ်ရှားမှာလဲ။
အဖြေ - ကြိုးပမ်းအားထုတ်မှု ၀ိရိယဖြင့်
ဖယ်ရှားနိုင်မယ်။
၇။ (၀ီရိယေန ဒုက္ခမစ္စေတိ)
အမေး - စိတ်ဖြူစင်အောင်  ဘယ်လိုလုပ်ရမှာလဲ။
အဖြေ - ပညာ ဖြင့်သာ ဆေးကြောရမယ်။
၈။ (ပညာယ ပရိသုဇျွတိ)
အမေး - ပညာကို ဘယ်လိုရအောင် ယူရမှာလဲ။
အဖြေ - နားလည်ချင်တဲ့စိတ် နားထောင်ချင်တဲ့စိတ်
မှတ်သားချင်တဲ့ဆန္ဒရှိရင်
ပညာရပါတယ်။
၉။ (သုဿုတသာ လဘတေ ပညံ) 
အမေး - ဥစ္စာကို ဘယ်လို ရှာမှာလဲ။
အဖြေ - လုံလ၀ီရိယရှိပြီး
တက်တက်ကြွကြွ ကြိုးစားအားထုတ်ရမယ်။
၁၀။ (ပတိရူပကာရီ ဓုရ၀ါ၊
ဥဌာတာ ဝိန္ဒတေ ဓနံ)
အမေး - အကျော်အစောရှိရန် ဘယ်လိုလုပ်ရမှာလဲ။
အဖြေ - သစ္စာရှိ ကတိတည် မှန်ကန်ရန်လိုတယ်။
၁၁။ (သစ္စေန ကိတ္တိံ ပပ္ပေါတိ)
အမေး - မိတ်ဆွေတွေ ရချင်ရင် ဘယ်လိုလုပ်ရမှာလဲ။
အဖြေ - ပေးကမ်းပါ။
၁၂။ (ဒဒံ မိတ္တနိ ဂန္ထတိ) 
အမေး - ဘယ်တရားတွေ ကျင့်သုံးမှ နောက်ဘ၀အရေး စိတ်အေးရမှာလဲ။
အဖြေ - အမှန်တရား၊ အသိပညာ၊ လုံလ၀ီရိယ၊စွန့်ကြဲပေးကမ်းမှု၊ရှိရမယ်။
၁၃။ (သစ္စံ ဓမ္မော ဓိတိ စာဂေါ)
ဓမ္မဒါန အဖြစ် မျှဝေပါသည် ...
Copy by write - Zin Mon ၊ အရှင်​မုနိန္ဒ
Photo - မူလပိုင်ရှင်အား
Credit ပေးပါသည် ။
Wednesday, September 19, 2018
ငရဲကိုသွားမဲ့ ဥပုသ်သည်
ငရဲကိုသွားမဲ့ ဥပုသ်သည်
_____________________
တစ်ခါတုန်းက တာဝတိံသာနတ်ပြည်က နတ်သမီးလေးတစ်ပါးဟာ လူ့ပြည်ကို နတ်မျက်စိနဲ့ကြည့်မိသတဲ့။ အဲဒီလိုကြည့်မိတဲ့အခါ လူ့ပြည်မှာ ၀ါတွင်းကာလဖြစ်တာမို့ လူတွေအများကြီး ဥပုသ်စောင့်ကြတာကို တွေ့ရတာပေါ့။
အဲဒီအခါ နတ်သမီးလေးက သိကြားမင်းကြီးကို
အရှင်သိကြားမင်း၊ လူ့ပြည်မှ လူတွေဒီလောက် ဥပုသ်စောင့်ကြရင် သူတို့ကွယ်လွန်တဲ့အခါ နတ်ပြည်ရောက်ကြမှာမို့ နတ်ပြည်မှာနေစရာမှ ရှိပါဦးမလားလို့ လျှောက်ထားလိုက်တယ်။
သိကြားမင်းက တရားတော်နဲ့အညီ ဥပုသ်စောင့်တတ်မှ ကုသိုလ်ကရတာ။ ကုသိုလ်ရမှ နတ်ပြည်ရောက်နိုင်တာ။ ဥပုသ်စောင့်တိုင်း နတ်ပြည်ရောက်နိုင်တာ မဟုတ်ဘူး။ သင်မယုံကြည်ရင် လူတွေ ဥပုသ်စောင့်တတ် မစောင့်တတ်နဲ့ ဥပုသ်စောင့်တဲ့သူတွေထဲက နတ်ပြည်ရောက်နိုင်တဲ့သူ ပါမပါကို ငါလက်တွေ့ပြမယ်လို့ နတ်သမီးလေးကိုပြောပါတယ်။
အဲဒီနောက် သိကြားမင်းဟာ မိမိကိုယ်ကို အသက်(၆၀)ကျော် အဘိုးကြီးအသွင် ဖန်ဆင်းလိုက်ပြီး နတ်သမီးလေးကိုတော့ (၁၆)နှစ်အရွယ် အပျိုမလေးလို ဖန်ဆင်းကာ လူ့ပြည်ကို ဆင်းသက်လိုက်တယ်။
လူ့ပြည်ရောက်တဲ့အခါ ဥပုသ်သည်တွေ စုဝေးနေတဲ့ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဇရပ်တွေဘက်ကိုစုံတွဲခုတ်ပြီး သွားလာလည်ပတ်ကြသတဲ့။ အဲဒီအခါ ဇရပ်တစ်ဆောင်ပေါ်မှာ အမျိုးသမီးတစ်စုဟာ ဥပုသ်စောင့်တယ်ဆိုပြီး စုဝေး၀ိုင်းဖွဲ့ကာ သူများအတင်းတွေ ပြောနေကြတယ်။ အဲဒီအနား လူယောင်ဖန်ဆင်းတဲ့ သိကြားမင်းတို့စုံတွဲ ရောက်သွားတဲ့အခါ ဇရပ်ပေါ်က အမျိုးသမီးတစ်စုက (၁၆)နှစ်ရွယ် သမီးပျိုလေးကို
" ဟဲ့သူငယ်မ ညည်းနဲ့အဘိုးကြီး ဘာတော်သလဲ။ ညည်းအဖေလား ယောက်ျားလား" လို့ စပ်စပ်စုစု မေးကြသတဲ့။
မိန်းမပျိုယောင်ဆောင်ထားတဲ့ နတ်သမီးက
"အဘိုးကြီးဟာ ကျွန်မရဲ့ခင်ပွန်းပါရှင့်"
လို့ ဖြေတဲ့အခါ ဥပုသ်စောင့်တဲ့ အမျိုးသမီးတွေက မေးငေါ့ပြီး
" ကြည့်စမ်းပါဦးတော် ရုပ်ကလေး
သနားကမား ပျိုပျိုရွယ်ရွယ်ကလေးနဲ့ ဒီသေခါနီး အဘိုးကြီးကိုပဲ ယူရသလား။ တကယ်ဆိုရင် ရွယ်တူတန်းတူ ယူရောပေါ့အေ။
ဟိုအဘိုးကြီးကလည်း သေခါနီးမှ ရိက္ခာယူရတယ်လို့။ နွားအိုမြက်နုကြိုက်ဆိုတာ ဒါမျိုးပေါ့"
လို့ တစ်ယောက်တစ်ပေါက် အတင်းပြောကြသတဲ့။
အဲဒီကနေ နောက်တစ်နေရာကို ရောက်သွားတဲ့အခါ အမျိုးသားတွေစုပြီးနေတဲ့ ကျောင်းဆောင်တစ်ခုအနားကို ရောက်သွားတယ်။ အဲဒီနားကို သူတို့စုံတွဲ ရောက်သွားတယ်ဆိုရင်ပဲ ယောက်ျားတွေက
" ကြည့်စမ်းဟေ့ မလိုက်တဲ့စုံတွဲကွာ။ အဘိုးကြီးကလည်း မခေဘူးနော်။ ကောင်မလေးကို မုန့်ပေးပြီးကြိုက်တာနေမှာ။ ကောင်မလေးကတော့ ကံဆိုးတာပဲ။ မကြာခင်မှာ မုဆိုးမ ဖြစ်တော့မယ်။ ဟဲ့ကောင် မုဆိုးမဖြစ်သွားရင် တို့သွားပြီး တန်းစီကြရင် မကောင်းဘူလား "လို့ မကြားတကြား သရော်ကြသတဲ့။
အဲဒီကျောင်းဆောင်ဘက်က ထွက်ပြီးနောက် ရေအိုးစင် တစ်ခုနားကို ရောက်သွားတယ်။ အဲဒီရေအိုးစင်နားမှာ အဘွားအိုတစ်ဦးဟာဘယ်သူနဲ့မျှ စကားမပြောဘဲ မျက်စိမှိတ်ပြီး စိပ်ပုတီးကိုပဲ အသာစိပ်နေသတဲ့။
မိန်းမပျိုယောင်ဆောင်ထားတဲ့ နတ်သမီးလေးက အဖွားအိုနားကိုသွားပြီး
" အဖွား ဒီရေအိုးစင်မှာ ရေရှိသလား။ ကျွန်မခင်ပွန်း ရေဆာနေလို့ပါရှင်"
လို့ ခွင့်တောင်းတဲ့အခါ အဘွားအိုက
" ရှိပါတယ် သူငယ်မရယ်။ သဘောရှိသောက်ပါ။ ကုသိုလ်လိုချင်လို့ အဘွားကိုယ်တိုင် ခပ်ထားတာပါ "
လို့ ပြောပါတယ်။ ပြီးတော့မှ အဘိုးကြီးယောင်ဆောင်ထားတဲ့ သိကြားမင်းကို တစ်ချက်လောက်ကြည့်လိုက်ပြီး
" သြော်မောင်ကြီးရယ် သူငယ်မရဲ့ ခင်ပွန်းသည်ကိုး။ ဒီလိုပေါ့အေရယ် ရှေးကရေစက်ဆိုတာ အမျိုးမျိုးဆုံစည်းရတာပဲ။ စိတ်ကောင်းကောင်းထားပြီး ဖခင်နဲ့တူသော ခင်ပွန်းရယ်လို့ သဘောထားရမှာပဲ။ ရိုရိုသေသေပြုစုပေါ့ကွယ် "လို့ ဆုံးမစကားပြောပါတယ်။
အဲဒီနောက်တော့ သိကြားမင်းနဲ့ နတ်သမီးလေးတို့ဟာ နတ်ပြည်ကိုပြန်သွားသတဲ့။
နတ်ပြည်ရောက်တဲ့အခါ သိကြားမင်းက " ကိုင်း ဘယ့်နှယ့်ရှိစ၊ လူ့ပြည်မှာ ဥပုသ်စောင့်တဲ့ သူတွေကတော့များပါရဲ့၊ အများစုက စေတနာမသန့်ကြဘူး။ ရိုးရိုးသားသား ကုသိုလ်လိုလားပြီး ဥပုသ်စောင့်တဲ့သူက နည်းတယ်။
ဒါကြောင့် အခု ဥပုသ်စောင့်တဲ့သူတွေထဲမှာ နောက်ဆုံးတွေ့တဲ့ အဘွားအိုတစ်ယောက်ပဲ နတ်ပြည်ရောက်လိမ့်မယ်။ ကျန်လူတွေကတော့ ထုံးစံအတိုင်း အောက်ပြည်သွားကြရမှာပဲ" လို့ နတ်သမီးလေးကို ပြောပြပါတယ်။
ဥပုသ်စောင့်ခြင်းရဲ့ အသွင်သဏ္ဍာန်နဲ့ အနှစ်သာရ မတူကွဲပြားပုံကို ခွဲခြား ဖော်ပြလိုတာပါ။ အနှစ်သာရမပါတဲ့ အသွင်သဏ္ဍာန်ဆိုတာ တကယ်တော့ အကာသက်သက်ပါပဲ။
#Credit-မူရင်း​ရေးသူ
🙏ဓမ္မမိတ်​​ဆွေများ ​ကောင်းကျိုး တရား တိုးပွားကြပါ​စေ🙏
Save & Copy & Share
Thursday, September 13, 2018
ဗုဒ္ဓဘာသာကိုတစ်ခြားဘာသာတွေနဲ့တန်းညှိဖို့လုပ်တဲ့အစိုးရကို ဆရာတော်သတိပေးပြီ
“ဘာသာပေါင်းစုံညီညွတ်ရေးအကြောင်းပြ ဗုဒ္ဓဘာသာကိုတစ်ခြားဘာသာတွေနဲ့တန်းညှိဖို့လုပ်တဲ့အစိုးရကို ဆရာတော်သတိပေးပြီ
ကြေးလည်း သတ္တု၊ ရွှေလည်း သတ္ထုဆိုပြီး
ဘယ်​သူမှ ​တန်းတူ​ဈေးထားပြီး မ​ရောင်း။
အိုင်​ဖုန်းလည်း ဖုန်း၊ ဟွာ​ဝေးလည်း ဖုန်းဆိုပြီး
ဘယ်​သူမှ တန်းတူ​ဈေးထားပြီး မ​ရောင်း။
ခွေးဘီလူးလည်း ကား၊ မာစီးဒီးလည်း ကားဆိုပြီး
ဘယ်​သူမှ တန်းတူ​ဈေးထားပြီး မ​ရောင်း။
အ​ပေါ်ယံ အသွင်​အပြင်​ကိုကြည့်​ပြီး အားလုံးတန်း
တူပဲလို့ ​ပြောခဲ့ရင်​ ရူးသွပ်​​နေသူမှတပါး အခြားမဖြစ်​နိုင်​ပြီ။ ဒီ​နေ့  စဉ့်​ကိုင်​မှာ တန်းတူပင်​မဟုတ်​၊ ​လျော့​ဈေးနှင့်​ အ​ရောင်းခံလိုက်​ရသည်​ဟု ခံစားရသည်​။
“ဒါဆို ကိုယ်​​တော်​တို့က  အခြားဘာသာ​ရေး
ဝန်​ထမ်း​တွေထက်​ မြင့်​မြတ်​သာလွန်​တယ်​လို့
ပြော​တာလား​” မေးရင်​ “ဟုတ်​တယ်​ ၊သာတယ်​”
လို့ ​ဖြေပါတယ်​။
ဘာ​ကြောင့်​လဲ...?
ရှင်းပါတယ်​— ဘုန်းကြီးချင်း အ​ခေါ်တူ​ပေမယ့်
သူတို့ကျင့်​တဲ့အကျင့်​နဲ့ ဘုန်းကြီးတို့ကျင့်​တဲ့အကျင့်​က
ဆီနဲ့​ရေ၊ နံ့သာနဲ့အီး၊ ရွှေနဲ့ရွှံ့  လိုကွာခြားပါတယ်​။
ဘုန်းကြီးတို့ဟာ ဆီပါ ၊ နံ့သာပါ၊​ရွှေပါ။
တန်းညှိမခံနိုင်​ပါဘူး။
       မူလပဏ္ဏာသပါဠိ၊စူဠသီဟနာဒ သုတ်​​တော်​မှာ
မြတ်​စွာဘုရားက “ဗုဒ္ဓသာသနာက ရဟန်း​တွေသည်​   အခြားသာသနာက ရဟန်း​ခေါ်သူ​တွေထက်
သာ​ကြောင်း” ခြ​င်္သေ့လိုကြုံးဝါးဖို့ မိန့်​မှာခဲ့တယ်​။
ဘာသာခြား​တွေ ဘာသာမဲ့​တွေ ဘာသာဝင်​အတု​တွေက  “သူတို့မှာလည်း ဘုရားရှိ တရားရှိ သံဃာရှိ  ကိုးကွယ်​သူရှိ​နေတာပဲ  ဘာထူးလို့လဲ  ဘာကွာလို့လဲ  ဘာခြားလို့လဲ” ဟု တန်းညှိစကား​ပြောလာလျှင်​ ...
“သူတို့သာသနာမှာ သောတာပန်​ရဟန်း၊
သကဒါဂါမ်​ရဟန်း၊ အနာဂါမ်​ရဟန်း၊ ရဟန္တာတို့
မရှိဘူး။ သူတို့ဘုရားက အဲဒီလို အဆင့်​​ရောက်​​အောင်
မ​ဟောနိုင်​ဘူး။ လမ်းမညွှန်​နိုင်​ဘူး။ သစ္စာသိရဟန်း
မရှိဘူး” လို့  ဗုဒ္ဓသာသနာရဟန်း​တော်​များက 
မ​ကြောက်​မရွှံ့  ကြုံးဝါးဟိန်း​ဟောက်​ဖို့
မြတ်​စွာဘုရားက မိန့်​​တော်​မူခဲ့တယ်​​။
ယခု မြတ်​ဘုရားမိန့်​​တော်​မူချက်​အတိုင်း
ကြုံးဝါးဟိန်း​ဟောက်​လိုက်​ပါသည်​။
““ ငါတို့ဗုဒ္ဓသာသနာသည်​  သင်​တို့သာသနာထက်​ အဆ​ပေါင်းများစွာ သာလွန်​မြင့်​မြတ်​သည်​ ””
သင်​တို့သာသနာ့ဝန်​ထမ်းတို့ထက်​ သာလွန်​မြင့်​မြတ်​သည်​ ””
““ ငါတို့နှင့်​သင်​တို့ တန်းညှိခြင်းကို လက်​မခံနိုင်​ ””                                                             
          ■သီတဂူဆရာတော်■
Sunday, September 9, 2018
သစ္စာဖောက်ကို ပုဆိန်ရိုးလို့ ဘာဖြစ်လို့ခေါ်တာလဲ...?"
"ငါ့မြေး...
သစ္စာဖောက်ကို ပုဆိန်ရိုးလို့ ဘာဖြစ်လို့ခေါ်တာလဲ...?"
"မသိပါဘူး အဘိုး"
"ပုဆိန်ရိုးကို ဘာနဲ့ လုပ်ကြသလဲကွ..?"
"သစ်သားနဲ့ လုပ်ပါတယ် အဘိုး"
"အဲဒီပုဆိန်နဲ့ ဘာကို ခုတ်သလဲ ငါ့မြေးရ...?
"သစ်ပင်ကို ခုတ်ပါတယ် အဘိုး"
 "အေး....သစ်သားနဲ့လုပ်တဲ့ ပုဆိန်ရိုးက ကိုယ်နဲ့မျိုးတူဖြစ်တဲ့ သစ်ပင်ကိုခုတ်ဖို့
သံပုဆိန်သွားကို ကူညီသလို
ကိုယ့်အမျိုးသား ပျက်စီးရာပျက်စီးကြောင်းအတွက် တခြားလူကို အကူအညီပေးတာဟာ သစ္စာဖောက်တာပဲပေါ့ကွ
ဒါကြောင့်.....သစ္စာဖောက်ကို ပုဆိန်ရိုးလို့ တင်စားသုံးတာပေါ့ကွယ်"
"ငါ့မြေးလည်း ပုဆိန်ရိုးလိုလူ မဖြစ်စေနဲ့ကွ မှတ်ထား"
"ဟုတ်...အဘိုး မှတ်ထားပါ့မယ်"
စောင်အောက်က ခြေထောက်နှစ်စုံ
စောင်အောက်က ခြေထောက်နှစ်စုံ
****************************
အမျိုးသမီးတစ်ဦးသည် ညည့်နက်သန်းခေါင်မှ
သူမအိမ်သို့ ပြန်ရောက်လာရာ ....
အသံမကြားရအောင် တံခါးကိုဖွင့်လျက်
အိပ်ခန်းဆီသို့ တန်းသွားလေသည်။
အခန်းထဲရောက်သောအခါ
ခုတင်ပေါ်က စောင်အောက်ဘက်တွင်
သူမခင်ပွန်းသည်၏
ခြေထောက်တစ်စုံသာ ထွက်နေရမည့်
အစား........
ခြေထောက်လေးချောင်းထွက်နေသည်ကို
မြင်လိုက်ရလေသည်။
မိန်းမခြေထောက်တစ်စုံနှင့်
ယောက်ျားခြေထောက်တစ်စုံဟု
မြင်သာနေသည့်အတွက်.....
ဒေါသထွက်သွားသော သူမသည်
ဘေ့စ်ဘောရိုက်သော ဘက်တံကို ယူပြီး
စောင်ခြုံထားသောစုံတွဲကို
အားရပါးရစိတ်ရှိသလောက် ရိုက်နှက်
ပစ်လိုက်လေသည်။
ဒေါသအလျောက် ရိုက်နှက်ပြီးနောက်
မောမောနှင့် ရေသောက်ရန်
မီးဖိုထဲသို့ ၀င်လာသောအခါ မီးဖိုထဲတွင်
မဂ္ဂဇင်းတစ်စောင်ထိုင်ဖတ်နေသော
သူမ၏ ခင်ပွန်းကိုအံ့အားသင့်ဖွယ် တွေ့လိုက်ရသည်။
သူမ ဘာမှမပြောရသေးခင် သူမခင်ပွန်းသည်က .....
''မိန်းမရေ ....
 မင်းအဖေနဲ့အမေ ရောက်လာတယ်ကွ ၊
 ကိုယ်လည်း သူတို့ကို တလေးတစားနဲ့
 ကိုယ့်တို့ခုတင်ပေါ်မှာပဲ
 အိပ်ခိုင်းထားလိုက်တယ်ကွာ....
 သွားပြီး နှုတ်ဆက်လိုက်ပါဦး'' ဟုဆိုလေသည်။
😥😫😩😩😫😣😣😣😓😓😓
မှတ်သားရန် သင်ခန်းစာမှာ.....
ဒေါသဖြင့် အလောတကြီးဆုံးဖြတ်လိုက်သော
တချို့ကိစ္စများသည်
အမှားမှန်းသိလိုက်ရသောအချိန်တွင်
ပြုပြင်ရ အလွန်ခက်သွားတတ်သည်။
အရာအားလုံးကို နှလုံးသာနှင့်.....စီမံပြီး
အပြုံးဖြင့် .......နာခံစဉ်းစား ဆင်ခြင်နိုင်ကြပါစေဗျာ။
မရင်းတင်​သူကို
Credit ပါ
Kkp
Saturday, September 8, 2018
★ အာစိဏ္ဏကံ ဆိုတာ
#အာစိဏ္ဏကံ
▬▬▬▬▬
★ အာစိဏ္ဏကံ ဆိုတာ နေ့စဉ် ဆွမ်းလောင်း၊ နေ့စဉ် ဘုရားဝတ်တက်၊ နေ့စဉ် ပုတီးစိပ် စသဖြင့်ရှိတယ်။ သေခါနီး ကိုယ့်စိတ်ထဲမှာ ပုတီးစိပ်တာ တရားထိုင်တာ၊ ဆွမ်းလောင်းတာတွေ ခံစားနေရတယ်။
★ အဲဒီလို အာရုံကောင်းကောင်လေးနဲ့ အမြဲလုပ်နေတာကို အာစိဏ္ဏကံလို့ ခေါ်တယ်။ မကောင်းတဲ့ အာစိဏ္ဏကံလုပ်တဲ့ ပုဂ္ဂိုလ်ကျတော့ မကောင်းတဲ့ အာရုံတွေ လာထင်မှာပဲ။ သေခါနီး အင်မတန် အရေးကြီးတယ်။
★ အာစိဏ္ဏကံ မရှိဘူးဆိုရင် အမှတ်တမဲ့ပြုလုပ်ထားတဲ့ကံတွေက ၀င်ပြီး အကျိုးပေးတယ်။ အဲဒီကံမျိုးကို ကဋတ္တာကံလို့ ခေါ်တယ်။ အဲဒါက ကံတွေရဲ့အကျိုးပေးတဲ့ အဆင့်ပဲ။ တစ်ခုနဲ့တစ်ခု မတူဘူး။ စေတနာပေါ် မူတည်ပြီး အကျိုးပေးတယ်။
★ ဒီလို အကျိုးပေးပေမယ့် ကံတွေဟာ အကျိုးပေးပုံချင်း တစ်ယောက်နဲ့တစ်ယောက် တူနိုင်သလားလို့ မေးရင် မတူဘူး။ လူရဲ့ qualification ပေါ်မူတည်ပြီး ကံကလိုက်အကျိုးပေးတာ၊ ဒါကြောင့် မတူဘူး။
★ ကုသိုလ်ကောင်းမှုကို စုပေါင်းပြီးပြုလုပ်တဲ့ ပုဂ္ဂိုလ်တွေမှာ ဆိုပါစို့၊ စုပေါင်းပြီး ကထိန်ခင်းတာ၊ စုပေါင်းပြီး တရားနာတာတွေမှာတောင် အလုပ်က တူကောင်းတူနိုင်ပေးမယ့် စိတ်စေတနာချင်းကတော့ မတူလို့ အကျိုးပေးချင်လည်း မတူနိုင်ကြဘူး။ quality က ဘာလဲဆိုရင် ကံနဲ့ပတ်သက်လာရင် ကံမှတစ်ပါး အခြားအခြေခံကောင်းတွေ ကိုယ့်သန္တာန်မှာ ရှိနေဖို့လိုတယ်။
★ လူတွေထဲမှာလည်းကြည့် မတူတာတွေ ပြောရရင် တချို့ပုဂ္ဂိုလ်တွေက လူတစ်ယောက်ကို သတ်တဲ့ ပါဏာတိပါတာကံ ကျူးလွန်လိုက်လို့ သေစားသေစေ (သို့) ထောင် တစ်သက်တစ်ကျွန်း ကျသွားစေတယ်။ တချို့ကျတော့ သူတစ်ပါးရဲ့အသက်ကို သတ်ပေမယ့် အပြမ်မရရုံမျှမက ဆုတောင်ရသေးတယ်။
★ အဲဒါမျိုး ရှိဘူးလား၊ ရှိတယ်။ ဘာကြောင့်လဲဆိုတော့ condition ချင်း မတူဘူးလေ။ condition ဆိုတာ ရှိသေးတယ်။ ကံကလည်း လူတိုင်းမှာ ဖိဖိစီးစီး အကျိုးမပေးနိုင်ဘူး။ အခြားအကြောင်းတွေ ရှိသေးတယ်။
★ ဥပမာ - မြတ်စွာဘုရားဟောထားတဲ့ လာဏကပလ္လသုတ်ဟာ အင်မတန်မှ မှတ်သားစရာကောင်းတယ်။ ဆားခဲလေးယူပြီး ဖန်ခွက်ထဲရှိ ရေထဲထည့်ပြီး အဲ့ဒီရေကို သောက်ကြည့်ရင် အင်မတန် ငန်သွားမယ်။ အဲဒီပမာဏ ဆားခဲ့ကိုပဲ ဂင်္ဂါမြစ်ထဲ၊ ဧရာဝတီမြစ်ထဲ၊ ရေကန်ကြီးထဲ ထည့်လိုက်ပါဦး။ ဆားရဲ့ အရသာ ပေါ်ပါတော့မလားတဲ့။
★ အဲဒီလိုပဲ တချို့ပုဂ္ဂိုလ်တွေကျတော့ ကိုယ်ကျင့်တရားကလည်း မကောင်းဘူး၊ ကုသိုလ်ကောင်းမှုလည်း ဘာမှမလုပ်ဘူးဆိုရင် အဲဒီ ပုဂ္ဂိုလ်ဟာ အကုသိုလ်နည်းနည်း လုပ်ပေမယ့်လည်း အများကြီးခံရမယ်။ သူများထက် ပြင်းပြင်းထန်ထန် ခံရမယ်။ ငွေတစ်မက်နဲ့ ထောင်ကျချင်ကျတာ။ ငွေတစ်သိန်းနဲ့ ထောင်ကျချင်မှ ကျတာ။
★ ပိုက်ဆံရှိရင် မကျဘူး။ ပိုက်ဆံရှိသူနဲ့ ပိုက်ဆံမရှိသူကလည်း အခြေအနေကွာသေးတယ်။ ပိုက်ဆံမရှိရင် ထောင်ကျမယ်။ ပိုက်ဆံရှိရင် ထောင်မကျဘူး။ All are equal under the law လို့ဆိုပေမယ့် ပိုက်ဆံပေးနိုင်လို့ လွတ်သွားတာတွေ အများကြီးရှိတယ်။ ဒါက လောကဖြစ်ရပ်ပဲလေ။ အဲဒီမှာ ပိုက်ဆံဟာ အရည်အချင်းတစ်ခုဖြစ်တယ်။ ဘုရားဟောတဲ့ စာထဲမှာလည်း ပါပါတယ်။
★ ဒီအတိုင်းပဲ ကံအကျိုးပုံချင်း မတူကြဘူး။ တချို့မှာ ကုသိုလ်စိတ်များတယ်။ ပုထုဇဉ်မို့လို့ မကောင်းမှုကို တစ်ခါတစ်ရံ လုပ်မိပေမယ့် ပျောက်သွားတယ်။ သိပ် အကျိုးမထင်ဘူး။ ကံက မျက်နှာလိုက်တာ မဟုတ်ဘူး။ ကံမှာလည်း အရည်အချင်းတွေရှိတယ်။ အခြား condition တွေရှိသေးတယ်။ သဘာဝတရားတွေမှာ ဆိုင်ရာဆိုင်ရာ အထောက်အကူ အကြောင်းတရားတွေ ရှိသေးတယ်။
★ မြတ်စွာဘုရား ဟောထားတာတစ်ခု ရှိသေးတယ် - ငါးသယ်ထံက ဆင်းရဲသားက ငါးတစ်ကောင်ခိုးယူရင် အလေးနဲ့ အထုခံရမှာနော်။ ကားနဲ့သူဌေးတစ်ယောက်က ယူရင်တော့ နောက်တစ်ကောင်တောင် ထပ်ပေးလိုက်ဦးမယ်။ ချမ်းသာတဲ့သူကို ဦးစားပေးပြီး မချမ်းသာတဲ့သူကိုတော့ ဦးစားမပေးဘူး။
★ ဒါက လောကရဲ့ဖြစ်စဉ်ပဲလေ။ ကံကျတော့ ပိုက်ဆံရှိတာ မရှိတာကို ပြောတာမဟုတ်ဘူး။ ကျန်တဲ့ အရည်အချင်း တွေရှိတာ၊ မရှိတာကို ပြောတာ။ ကျန်တဲ့ အရည်အချင်းတွေ ရှိတဲ့သူက အပြစ်သက်သာသွားမယ်။
★ ဆိုပါစို့၊ ကိုယ်ကျင့်တရားပြည့်စုံပြီး၊ စိတ်ကောင်းနုလုံးကောင်း အမြဲထားပြီး ကုသိုလ်ကောင်းမှုတွေ လုပ်တဲ့ပုဂ္ဂိုလ်တစ်ဦးဟာ တစ်ခါတစ်ရံ မကောင်းမှုလုပ်ပေမယ့် ထိုအကုသိုလ်က ပျောက်ပျက်သွားတယ်။
★ ဘာမှ ကောင်းမှုကုသိုလ် မရှိတဲ့ ပုဂ္ဂိုလ်ကျတော့ အကုသိုလ် နည်းနည်း လုပ်တာနဲ့ များများခံရမှာပဲ။
★ လောကမှာလည်း ဖြစ်စဉ်က ဒီအတိုင်းပဲ။ အဲဒီတော့ မကောင်းတဲ့ကံလုပ်မိရင် ထိုကံမှ သက်သာဖို့ ကောင်းတာ များများလုပ်ထားလို့ ဆိုလိုတဲ့ အဓိပ္ပါယ်ကို ပြေတာ။
★ အေး- ကံတရားဆိုတာ ပထမဘ၀မှာ အကျိုးပေးတာရှိတယ်။ ဒုတိယဘ၀မှာ အကျိုးပေးတာရှိတယ်။ တတိယဘ၀မှာ အကျိုးပေးတာ ရှိတယ်။ ဒီကံတရားတွေဟာ အခြေခံပေါ်မူတည်ပြီး ထိုကံတရားရဲ့ အကျိုးဟာလည်း ထက်သန်မှု၊ နိမ့်ကျမှုဆိုတာ ဖြစ်သွားခဲ့တယ်။ ဘယ်လောက်ပဲ ကောင်းတဲ့ကံဖြစ်စေ၊ အထက်တန်းရောက်တဲ့ကံ ဖြစ်စေ အခြေခံ တစ်ခုညံ့ရင် နိမ့်ကျတဲ့ဘ၀ကို ရသွားမှာပဲ။
ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
🙏🙏🙏
‘နိဗ္ဗာန်တံခါးကြီး ဖွင့်တော်မှုပါ အပိုင်း(၃)’ တရားတော်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။
#mp3_link
http://media.thitsarparamisociety.com/mp3/DrNandamalabhivamsa/DVD-171/0061-NDML.mp3
#ebook_link
http://www.drnandamalabhivamsa.com.mm/book/570
ဆရာတော်ဘုရား တရားတော်များနာယူရန်⤵️
https://www.thitsarparamisociety.com/dr-nandamarlabiwinsa
Tuesday, September 4, 2018
“ငါးပါးသီလပြည့်စုံမှ လူ့ဘဝ ပြည့်စုံမယ်။”
“ငါးပါးသီလပြည့်စုံမှ လူ့ဘဝ ပြည့်စုံမယ်။”
••••••••••••••••••••••••••••••••••••••••
ငါးပါးသီလကို “ဝါရိတ္တသီလ”လို့ ခေါ်တယ်။
တစ်ပါးမှ လျော့လို့မရဘူးနော်။
ငါးပါးသီလပြည့်စုံမှ လူ့ဘဝ ပြည့်စုံမယ်။
အဲဒါလေးကို နည်းနည်းလောက်
ပြန်စဉ်းစားကြည့်ရအောင်။
လူတစ်ယောက်ဟာ အရင်ဘဝတုန်းက
ငါးပါးသီလထဲ လေးပါးလောက်ကို
ပြည့်စုံအောင်ဖြည့်ကျင့်ခဲ့တယ်နော်။
အဲဒီအထဲမှာ . . .
❦ “ပါဏာတိပါတကံ”ကို မလုံခြုံခဲ့ဘူးဆိုရင်
လူ့ဘဝရောက်လာတဲ့အခါမှာ ချမ်းချမ်းသာသာဖြစ်ပေမဲ့လို့ အသက်တိုမယ်။
ဘယ်သူက အသက်တိုတို နေချင်မလဲနော်။
ပါဏာတိပါတကံ မလုံခြုံခဲ့ရင် လူဖြစ်လာတဲ့အခါမှာ အနာရောဂါများမယ်၊ အသက်တိုမယ်၊
ဒါက အပေါ့ဆုံးအပြစ်နော်။
ငရဲကျတာ ၊မကျတာ အသာထားနော်။
ငါးပါးသီလရဲ့ အပေါ့ဆုံးအပြစ်က ဒီအထိအောင် ခံရမယ်။
❦ “အဒိန္နာဒါနကံ”မလုံခြုံခဲ့ရင် ပစ္စည်းဥစ္စာတွေဟာ ရှာလို့တော့ ရပါရဲ့။ခဏခဏ ပျက်စီးသွားမယ်။ မီးလောင်တဲ့အထဲ ပါသွားမယ်။
ကိုယ့်ရဲ့ပစ္စည်းဟာ အမြဲတမ်းပျက်စီးနေမယ်။
❦နောက်တစ်ခုက ကာမေသုမိစ္ဆာစာရကံ
မလုံရင်လူမုန်း များတယ်။ သူနဲ့ ဘယ်သူမှ မတည့်ဘူး။ သူ့ မျက်နှာမြင်တာနဲ့ အလိုလိုမုန်းလာတယ်။ အခြောက်တိုက်မုန်းတာမျိုးပေါ့။
နောက်ပြီးတော့ “ကျား”မဟုတ်၊ “မ”မဟုတ်
ဖြစ်တတ်တယ်။
❦ “မုသာဝါဒကံ”မလုံရင် သူ့စကားကို မယုံကြတော့ဘူး။ သူ ပြောသမျှ မည်သူတစ်ဦးတစ်ယောက်မျှ မယုံကြည်တဲ့အခါ သူ့ရဲ့စကားအရာမရောက် ဖြစ်တယ်။
ဒါကြောင့် “မုသားဆို ရယ်စရာ အနေနဲ့တောင်
မပြောဘဲ ရှောင် ကြဉ်သင့်တယ်”လို့
မြတ်ဗုဒ္ဓ ဟောကြားထားတယ်။
❦ “သုရာမေရယကံ” မလုံခြုံခဲ့သူဟာ ဖြစ်ရာဘဝမှာ ဦးနှောက် မပြည့်ဘူး။ ကျပ်မပြည့်ဘူးပြောကြတယ်။ ရူးနှမ်းနှမ်းဖြစ်တတ်တယ်။
ဒါ့ကြောင့် လူတွေရဲ့ အခြေခံသီလဖြစ်တဲ့
ငါးပါးသီလလောက်ကို လုံခြုံအောင် စောင့်ထိန်းသင့်တယ်။
ငါးပါးသီလထဲက တစ်ခုမှ လျော့လို့ မရဘူး။
လူရယ်လို့ ဖြစ်လာတဲ့အခါ အသက်ရှည်ရမယ်။
ကျန်းမာပြီး အနာကင်းရမယ်။
ပစ္စည်းဥစ္စာ ရှိရမယ်။
လူချစ်လူခင် ပေါများရမယ်။
ဉာဏ်ပညာ ပြည့်စုံရမယ်။
ဩဇာရှိရမယ်။
ရူးနှမ်းနှမ်းမဟုတ်ဘဲ ၊တည်ကြည်သူ ဖြစ်ရမယ်။
ငါးပါးသီလလုံခြုံရင် အဲဒီ အကျိုးတွေရမယ်။
ဒါမှ လူ့ဘဝမှာ ပြည့်စုံသူလို့ပြောလို့ရမယ်။
ငါးပါးသီလဖောက်ဖျက်ခဲ့ရင် လူ့ဘဝမှာ
တစ်ခုခုလိုနေလိမ့်မယ်။
ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
Saturday, September 1, 2018
`လူတွေလုံးဝမေ့ထားကြတဲ့အရေးကြီးအင်္ဂါတစ်ခုသို့မဟုတ်ဘေလုံး(ခေါ်)သရက်ရွက်´
`လူတွေလုံးဝမေ့ထားကြတဲ့အရေးကြီးအင်္ဂါတစ်ခုသို့မဟုတ်ဘေလုံး(ခေါ်)သရက်ရွက်´
လူအများစုကမိမိတို့ရဲ့ဝမ်းဗိုက်ထဲမှာအရေးကြီးတဲ့အင်္ဂါတွေအဖြစ်နှလုံးတို့အသည်းတို့ကျောက်ကပ်တို့လောက်ပဲသတိထားမိကြလေ့ရှိပါတယ်။လုံးဝမေ့ထားကြတာကတော့ဘေလုံးလို့ခေါ်တဲ့သရက်ရွက်ပဲဖြစ်ပါတယ်။ရှိလို့ရှိမှန်းတောင်မသိကြသလိုကြားတောင်မကြားဖူးတဲ့သူတွေလည်းအများကြီးပါပဲ။
တကယ်တော့သရက်ရွက်ကိုရှေးခေတ်မြန်မာ့ဆေးပညာကဘေလုံးလို့ခေါ်ခဲ့တာကြာပါပြီ။အင်္ဂလိပ်လိုတော့spleenလို့ခေါ်ပါတယ်။ဘယ်သူတွေကသရက်ရွက်လို့အမည်ပေးခဲ့မှန်းမသိပါဘူး။သရက်ရွက်နဲ့လည်းမတူပါဘူး။ဒါကြောင့်ရှေးခေတ်မြန်မာ့ဆေးပညာအခေါ်အတိုင်းဘေလုံးလို့ပဲသုံးသွားပါမယ်။
ဘေလုံးဟာဝမ်းဗိုက်ရဲ့ဘယ်ဘက်နံရိုးအတွင်းဘက်မှာတည်ရှိပါတယ်။အလွန်နူးညံ့တဲ့သွေးအိတ်တစ်ခုဖြစ်ပါတယ်။သွေးတွေကိုသိုလှောင်ပေးထားတဲ့သွေးဘဏ်တိုက်ကြီးတစ်ခုလည်းဖြစ်ပါတယ်။ခန္ဓာကိုယ်ထဲကသွေးခွက်လို့လည်းတင်စားကြပါတယ်။မတူညီတဲ့Tissueတွေနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။
ဘေလုံးဟာသွေးတွေကိုစစ်ပေးတဲ့filterတစ်ခုဖြစ်ပါတယ်။ခန္ဓာပြန်ရည်ကြောစနစ်ရဲ့အကြီးဆုံးသောအင်္ဂါ လည်းဖြစ်ပါတယ်။သွေးထဲမှာပါလာတဲ့သွေးနီဥအဟောင်းတွေနဲ့Cellအပျက်တွေကိုစစ်ယူပြီးပြန်ရည်ကြောတွေကနေတစ်ဆင့်စွန့်ပစ်ပေးပါတယ်။အဲဒီအပြင်သွေးဖြူ ဥတွေကိုလည်းစစ်ထုတ်ဖယ်ရှားပေးပြီးသွေးကိုသန့်စင်အောင်ပြု လုပ်ပေးပါတယ်။စွန့်ပစ်လိုက်တဲ့သွေးနီဥအဟောင်းတွေထဲကသံဓါတ်ကိုလည်းစုပ်ယူပေးထားတဲ့အတွက်သံဓါတ်အားမနည်းအောင်ကူညီပေးပါတယ်။
ကိုယ်ခံအားကောင်းပြီးရောဂါတွေကိုတိုက်ဖျက်နိုင်ဖို့ဘေလုံးမရှိလို့မဖြစ်ပါဘူး။ဘေလုံးကသွေးအားကောင်းစေပြီးကိုယ်ခံအားတက်ဖို့အတွက်ကိုယ်ခံအားcellတွေကိုမွေးထုတ်ပေးတယ်။ရောဂါပြီးစနစ်ကိုကူညီတယ်။ရောဂါမဖြစ်အောင်လုပ်ပေးတယ်။သွေးလှည့်ပတ်မှုကောင်းအောင်လုပ်ပေးတယ်။ရောဂါကူးစက်မှုကိုကါကွယ်တယ်။ဗက်တီးရီးယားနဲ့ဗိုင်းရပ်စ်တွေကိုသုတ်သင်ပေးတယ်။အခြားသောကိုယ်အစိတ်အပိုင်းတွေသွေးလိုအပ်တာနဲ့ချက်ချင်းပို့ပေးတယ်။ခန္ဓာကိုယ်ရဲ့ရေဓါတ်Levelကိုညှိပေးတယ်။ဒဏ်ရာများကိုကုသပေးတယ်။ပြန်ရည်ကြောစနစ်ကိုထိန်းချုပ်ပေးတယ်။သွေးဖြူ ဥတွေမများလာအောင်ထိန်းချု ပ်ပေးတယ်။အူတွေသန့်ရှင်းအောင်ကူညီတယ်။နှလုံးလောင်ကြွမ်းမှုမဖြစ်အောင်ကာကွယ်ပေးတယ်။အသည်းဝန်ပိမှုကိုလျှော့ချပေးတယ်။နှလုံးလုပ်ဆောင်ချက်ကောင်းအောင်လုပ်ပေးတယ်။အစာခြေမှုစနစ်ကိုကူညီပေးတယ်စသည်ဖြင့်သူ့ရဲ့အလုပ်တွေကအများကြီးပါပဲ။ဒါကြောင့်မို့ဘေလုံးကိုခန္ဓာကိုယ်အတွက်အလွန်အရေးကြီးတဲ့အင်္ဂါတစ်ခုလို့ပြောရတာပါ။
အကယ်၍ဘေလုံးမရှိဘူးဆိုရင်သို့မဟုတ်ဘေလုံးပျက်စီးယိုယွင်းသွားမယ်ဆိုရင်အထက်ပါအလုပ်တွေမလုပ်နိုင်တော့ပါဘူး။အဲဒီအခါကျတော့ခန္ဓာကိုယ်မှာရောဂါမျိုးစုံဖြစ်လာနိုင်ပါတယ်။အဆိုးဆုံးကတော့သွေးဖြူ ဥတွေများလာပြီးသွေးဖြူ ဥကင်ဆာ၊သွေးကင်ဆာတွေဖြစ်လာတာပါပဲ။အဲဒီအခါကျတော့မသေမချင်းတစ်သက်လုံးသွေးသွင်းနေရပါလိမ့်မယ်။ဝဋ်တအားကြီးပါတယ်။ဒါကြောင့်ဘေလုံးမပျက်စီးအောင်ထိန်းသိမ်းစောင့်ရှောက်ဖို့လိုပါတယ်။
ဘေလုံးဟာအေးလွန်းတဲ့အစာတွေကိုမကြိုက်ပါဘူး။ဒါကြောင့်ရေခဲနဲ့သိပ်အေးတဲ့အစာတွေရှောင်ရပါမယ်။အေးတဲ့ရာသီဥတုကိုလည်းမကြိုက်တဲ့အတွက်ဝမ်းဗိုက်ကိုနွေးနွေးထားရမယ်။ပြီးတော့JUNK.FOODတွေFIRST FOODတွေကိုမကြိုက်ဘူး။မိမိနဲ့ဓါတ်မတည့်တဲ့အစာတွေစားရင်ဘေလုံးကိုထိခိုက်တယ်။အစာအဆိပ်မိရင်လည်းဘေလုံးကိုထိခိုက်တယ်။သကြားပါတဲ့အချိုစာတွေကလည်းဘေလုံးကိုထိခိုက်တဲ့အတွက်ရှောင်ရှားဖို့လိုပါတယ်။
ဘေလုံးကိုအားကောင်းဖို့အတွက်အဟာရနဲ့ပံ့ပိုးပေးရမယ်။ဘေလုံးကိုအားကောင်းစေတာကတော့အဝါရောင်အသီးအရွက်နဲ့ကောက်​နှံတွေပဲဖြစ်ပါတယ်။အဝါဆိုတဲ့အထဲမှာလိမ္မော်ရောင်လည်းပါပါတယ်။လိမ္မော်သီး၊သင်္ဘောသီး၊ဖရဲဝါ၊ခါကျက်ဥ၊​ရွှေဖရုံသီး၊အဝါရောင်ဆီ၊ငါးကြီးဆီ၊ဥအနှစ်၊ချင်း၊နနွင်းတွေနဲ့အဝါရောင်ကောက်နှံတွေအဝါရောင်ပဲတွေဖြစ်ပါတယ်။သူ့အတွက်အကောင်းဆုံးဆေးကတော့အဝါရောင်ဆီဖြစ်တဲ့သံလွင်ဆီနဲ့နနွင်းတို့ကိုရောပြီး​နေ့စဉ်မှီဝဲဖို့ပဲဖြစ်ပါတယ်။
အနေအထိုင်အားဖြင့်လည်းဘေလုံးကိုထိန်းသိမ်းရပါဦးမယ်။ညဘက်အိပ်တော့မယ်ဆိုရင်ဘယ်ဘက်ကို၁၅မိနစ်လောက်စောင်းအိပ်ပေးဖို့ဖြစ်ပါတယ်။အဲဒီလိုအိပ်တော့မှ​ဘေလုံးထဲမှာသွေးတွေပြည့်အိုင်လာပြီးသွေးစစ်ခြင်းပြန်ရည်ထုတ်ခြင်းစတဲ့အလုပ်တွေကိုကောင်းစွာလုပ်နိုင်မှာဖြစ်ပါတယ်။အဲဒီအပြင်နေ့စဉ်ရေများများသောက်ပေးမှလည်းသွေးနဲ့ပြန်ရည်ကြောစနစ်တွေအလုပ်ကောင်းကောင်းလုပ်နိုင်မှာဖြစ်ပါတယ်။ဗိုက်ထဲကကလီစာတွေကသူ့သဘောနဲ့သူလုပ်နေကြတာပါ။ကိုယ်ကလုပ်လို့မရပါဘူး။ကူညီလို့ပဲရမယ်။အဲဒီအင်္ဂါတွေထဲကဘေလုံးခေါ်သရက်ရွက်ကိုလည်းမေ့မထားကြဖို့မိတ်ဆွေတို့ကိုအသိပေးလိုက်ပါတယ်။
Thursday, August 30, 2018
ပညာရှိ သတ်ရင် ပိုကြောက်စရာပါ
ပညာရှိ သတ်ရင် ပိုကြောက်စရာပါ
===================
ပညာတကယ်တတ်သူက
ဘယ်တော့မှ မဆဲဘူး
ဒါပေမယ့် ;
စကားလုံးလေးများနဲ့ သေအောင်
ရိုက်သတ်တယ်လေ။
ပညာရှိက အမျက်ဒေါသကို
လူသိအောင် ထုတ်မပြတတ်ဘူး
ဒါပေမယ့်;
လုပ်ရပ်မှန်ကန်မှူ နှင့်
သက်သေပြတတ်တယ်လေ။
ပညာမဲ့က ဆဲလည်းဆဲတတ်ပြီး
ဟောင်ဖွာဟောင်ဖွာ လုပ်တယ်လေ
ဒါပေမယ့်;
သင်္ကြန် အမြောက်လို
အသံကျယ်ပြီး လူမလေးစားဘူးလေ။
လူလိမ္မာ အမျက် အပြင်မထုတ်သလို
ပညာရှိက အမျက်ကို လူမြင်အောင်
မပြတတ်ဘူး။
ဒါပေမယ့်;
တုန့်ပြန်မှူတိုင်းက ပညာသားပါပြီး
စကားတစ်လုံးက လူတစ်ယောက်၏ဘ၀ကို
များစွာ သက်ရောက်မှူရှိတယ်။
ပညာရှိတို့ တွေးကြည့်ရင် ပြေးကြည့်တာထက်
မှန်သလို ပညာရှိတို့ တုန့်ပြန်ခံရရင်လည်း
လူမိုက်ဆယ်ယောက်ထက်
ပိုကြောက်စရာကောင်းတယ်။
တကယ်တော့....
ပညာရှိ ဆိုတာ အကောင်းအဆိုးကို
ခွဲခွားသိမြင်သလို
တုန့်ပြန်သင့်သည်ကိုလည်း အဆင့်အတန်းရှိစွာ
တုန့်ပြန်တတ်ပြီး ဥပက္ခာပြုတော့မယ်ဆိုရင်လည်း
ဟောင်ဖွာဟောင်ဖွာမလုပ်ဘဲ
ပြတ်သားစွာ လစ်လျူ ရူတတ်သည်။
ပညာမဲ့သူ အယောက်တစ်ရာက
သင့် ကိုမုန်းတီးနေတာထက်
ပညာရှိ တစ်ယောက်က
သင့်ကို လစ်လျူ ရူပြီး ဥပက္ခာပြုသွားမှာကို
သတိထားပါ။
လေးစားစွာဖြင့်♥ ♥ ♥
ဇင်းနစ် မကွေး.credit
Wednesday, August 29, 2018
နှမြောတတ်သော ဘုန်းကြီး။ 😂😂😂
နှမြောတတ်သော ဘုန်းကြီး။   😂😂😂😂
==================
သူများထံမှကူးလာသည်
   .   တစ်ခါတုန်းက ခရီးသွားဧည့်သည် နှစ်ယောက်ဟာ
မွန်းတည့်ခါနီး ခရီးကလည်းပန်းနေတာမို့ ရွာတစ်ရွာရှိ ဘုန်းတော်ကြီးကျောင်းမှာဝင်နားကြတာပေါ့။
" တို့ခရီးကလည်း ပန်း။ ဆာကလည်း ဆာတယ်။
ဆရာတော်ထံမှာ ဆွမ်းကျန် ဟင်းကျန်လေး
လျှောက်ပြီး တောင်းစားရအောင်" ဆိုပြီး
ကျောင်းပေါ်တတ် ရှိခိုးနေပါသတဲ့။
ကျောင်းထိုင်ဆရာတော်က"… ဒကာတို့ ဘာကိစ္စ"လို့
မေးတဲ့အခါ "တပည့်တော်တို့ခရီးသွားတွေပါဘုရား"
အရှင်ဘုရားထံမှာ ဆွမ်းကျန် ဟင်းကျန်ကလေးများ
ရှိမလား " လို့ လျှောက်လိုက်တော့
" ကုန်ပြီ " လို့ ဘုန်းကြီးက ခပ်ပြတ်ပြတ်
ဖြေလိုက်သတဲ့။
Tuesday, August 28, 2018
မှတ်သားဖွယ်
ဆောင်သင့်တဲ့မှတ်သားဖွယ်ရာ
ခွေးတစ်ကောင်
ကိုက်တတ်မှန်းသိနေရ
သတိထား ရှောင်လိုက်ပါ
ဒါမှ အန္တရာယ်ကင်းမယ်
လူတစ်ယောက်
စိတ်ဓာတ်မကောင်းမှန်း သိနေရင်
သတိထား ရှောင်လိုက်ပါ
ဒါမှ အန္တရာယ်ကင်းမယ်
Monday, August 27, 2018
ခေတ်သစ် ငွေလိမ်နည်ူ
မိသားစု တစ်စုကို ၁၅ သိန်း ထုတ်ချေးပေးမယ်။ ဒါပေမယ့် ငွေမထုတ်ပေးခင်မှာ စာရွှက်စာတမ်းကြေး ၂၀၀၀၀ အရင်သွင်းရမယ် ။ နှင့် ခေတ်သစ်ငွေကြေးလိမ်လည်မှု့
      ကျွန်တော်တို့ကုမ္ပဏီက အသေးစားငွေကြေး ကုမ္ပဏီ ဖြစ်ပါတယ်။ ဆင်းရဲသားတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီဖို့ရည်ရွှယ်ချက်နဲ့ မိသားစုတစ်စုကို တစ်လ ၂ ကျပ်တိုး နဲ့ ၁၅ သိန်းချေးပေးပါမယ်။ ဒါပေမယ့် ငွေထုတ်မပေးခင်မှာ တော့ စာရွှက်စာတမ်းကြေး ၂၀၀၀၀ အရင်သွင်းရပါမယ်။ ၁ လ ပြည့်တဲ့နေ့မှာ ကျွန်တော်တို့ငွေထုတ်ပေးပါမယ်။ စသည် ဖြင့် အပြောချိုချိုလေးနဲ့မက်လုံးပေးပြောဆိုနေသူကတော့ ကုမ္ပဏီက တာဝန်ရှိသူဆိုသော လူတစ်ဦး။
       ရွှာက လူတွေက လက်ရှိအနေအထားအရ ငွေကြေးကျပ်တည်းသူများဖြစ်လေတော့ ၂ ကြိမ်စဉ်းစားရန်ပင်မလို။ ချေးလိုသူများစုစည်း၍စာရင်း လုပ်ကြသည်။ ရွှာထဲမှ ဦးဆောင်ချေးငှားသူထံ စာရင်းပေးသည်။ ငွေ ၂၀၀၀၀ ဆိုသည်မှာ များသည့်ပမာဏ မဟုတ်တော့ ချက်ခြင်းပင် စုစည်းမိသွားလေပီ။ ချက်ခြင်းငွေ ၂၀၀၀၀ မရှိသူကလည်း ရှိသည့် သူဆီက ခဏချေးငှားပြီး စာရွှက်စာတမ်းကြေး ပေးလိုက်သည်။
        တစ်ရွှာလျင် အိမ်ထောင်စု ၅၀ ခန့် ချေးသည်။ ငွေ ၁၀ သိန်း မှာ ငွေချေးပေးမည်ဟု ကတိပြုသူ ကုမ္ပဏီ ထံပါသွားလေပြီ။
          ထို့နောက်
           ထို့နောက်
           ထို့နောက်
           (၁) လသာပြည့်မြောက်ကုန်လွန်သွားသည်။ ချေးငွေ ရတော့မည်ဆိုပြီး ပျော်နေသော ရွှာသူရွှာသားတို့ စိတ်ပူ လာလေပြီ။ ဦးဆောင်ချေးငှားသူ ခေါင်းဆောင် လူကြီးထံ စုံစမ်းသည်။ ဦးဆောင်သူကလည်း အခြေအနေမှန်ကို မသိ။ ချေးငွေရမည်ဟုပင် ယုံကြည်နေဆဲ။
       ထို့နောက်
        နေ့ရက်များထပ်မံကုန်ဆုံးလာသည်။ ရွှာသူရွှာသား တို့ အခြေအနေမှန်ကို ရိပ်မိစပြုလာပြီ။ ခေါင်းဆောင် လူကြီး မှ တစ်ဆင့်ကုမ္ပဏီ ထံ ဖုန်းဆက်စုံစမ်းသည်။
       အဖြေသိရပါပြီ။ လက်ရှိလိုင်စင်မကျသေးတဲ့ အတွက် ၃ လခန့်ကြာမှရပါမယ်။ မစောင့်နိုင်လျင် သွင်းထားတဲ့ ငွေ ၂၀၀၀၀ ကို ရန်ကုန်မှာရှိတဲ့ ကုမ္ပဏီမှာ လာထုတ်ပါ။ တစ်ယောက်ချင်းစီပဲ ထုတ်ပေးပါမယ်။ ကိုယ်စားထုတ်လို့မရပါ တဲ့ဗျာ။
     ဘယ်သူမှသွားထုတ်ဖို့ စိတ်မရှိတော့။ ပြန်ထုတ်ရမည့်ငွေက ၂၀၀၀၀ ။ ခရီးစရိတ်က ဒီထက်မက ကုန်ကျမယ်။ လိမ်သွားပီဆိုတာ သိပေမယ့် အမှု့ဖွင့်မယ်ဆိုပြန်က အလုပ်ရှုပ်အုံးမယ်ဆိုတော့ ဘယ်သူကမှလည်းမဖွင့်ချင် ။ ဒီလို ပုံစံမျိုးနဲ့ လိမ်နေကြသူတွေ ဘယ်လောက်များနေပြီလဲ။ အလိမ်ခံနေရသူတွေကကော ဘယ်လောက်ရှိပြီလဲ။
     ရိုးသားကြတဲ့ နယ်ကလူတွေ ဒီစာဖတ်ပြီး သတိပြုနိုင်ကြပါစေ။ လိမ်လည်လှည့်ဖြားခံရခြင်းမှ ကင်းဝေးကြပါစေ။
စာချုပ်ရှေ့နေ
9:21 PM
22-8-2018
မဟာသုခ
Wednesday, August 22, 2018
အလွန် အရေးကြီးပါတယ်။ စေတနာက ဝေဒနာ ဖြစ်သွားတတ်တယ်။ အထူးသတိပြုဂရုစိုက်ရမယ့် အရာပါ။
အလွန် အရေးကြီးပါတယ်။  စေတနာက ဝေဒနာ
ဖြစ်သွားတတ်တယ်။ အထူးသတိပြုဂရုစိုက်ရမယ့်
အရာပါ။
သူဘာကြောင့် သေသွားသလဲ ကျွန်တော်ပဲ သိတယ်
===================================
အရေးပေါ်ဖုန်းဝင်လာတယ်
ဆိုင်ကယ် အက်ဆီးဒင့်တဲ့
ဆေးရုံ ရှေ့နားမှာဖြစ်တော့ ကျွန်တော့်
Ambulance Rescue ကားက
နောက်ကျမှ ရောက်သွားခဲ့တယ်။ 
ဖြစ်တဲ့နေရာကနေ
ကရုဏာနဲ့ ကူညီလိုတဲ့ လူတွေက
ဖြစ်ဖြစ်ချင်းမှာ
မှောက်ရက်လဲနေတဲ့ လူနာကို
အားခြင်း ကောက်အပွေ့ မှာ
အင့် ဆိုတဲ့
အသံတစ်သံပဲကြားလိုက်ရတယ်လို့ဆိုတယ်။
ထို့နောက်ေ ဆးရုံသို့ ပွေ့ချီအပြေး
ဆေးရုံးလဲရောက်
အသက်လဲပြောက်ခဲ့ရတဲ့ ဖြစ်စဉ်တစ်ခု။
ကျွန်တော်ရောက်သွားတော့
အသက်မဲ့ခန္ဓာနဲ့ ပတ်လက်အနေအထား
အမြင်အားဖြင့် စီစစ်ကြည့်တော့
ပြင်ပ ဒဏ်ရာ ကြီးကြီးမားမား မရှိခဲ့ပါ။
""သူဘာကြောင့်သေသွားသလဲ
ကျွန်တော် သိလိုက်ရပြီ""
ဝမ်းနည်းစရာ သိပ်ကောင်းတာပဲလို့
ရင်ကျိုးမရဖြစ်ခဲ့ရတယ်။
သူ ဆိုင်ကယ်တိုက်လို့ သေခဲ့တာ
မဟုတ်ခဲ့ပါဘူး။
ကျွန်တော်ထင်ထားတာနဲ့
တစ်ထပ်တည်းဖြစ်လိမ့်မည်ဟု
ခန့်မှန်းတွေးတောရင်း
သူ့ရဲ့ ရုပ်အလောင်းကို
ကျွန်တော့် Ambulance ယာဉ်နဲ့သယ်သွားပြီး
မြို့ရင်ခွဲရုံ ဆေးရုံတွင်ရင်ခွဲ စစ်ဆေးလိုက်တဲ့အခါ
ကျွန်တော်တွေးထားတာနဲ့ တစ်ထပ်တည်းဖြစ်ခဲ့ရတယ်။
ဆေးရုံနဲ့အဝေး မှာသာ မင်း ယာဉ်တိုက်မှုဖြစ်ခဲ့ရင်
မင်းကို ကူညီလိုတဲ့ လူတွေက ငါ့ရဲ့ ယာဉ်အလာကို
စောင့်ခဲ့ရင် မင်းသေမှာ မဟုပ်ဘူးလို့
ရင်ထဲက ရင်ကျိုးမရပြောပြဖြစ်ခဲ့တယ်။
ဆေးရုံနဲ့ အနီးမှာဆိုတော့
ကားအလာ မစောင့်တော့ဘူး
ကြာမယ်ထင်ပြီး
အားခြင်းကောက်အပွေ့မှာ
အင့် ဆိုတဲ့ အသံဟာ
ကျိုးနေတဲ့ ရင်ညွန့်ရိုးက
နှလုံးကို
ဓါးနဲ့ တေ့ထိုးလိုက်သလိုဖြစ်ခဲ့ရပြီး
အဲဒီနေရာမှာပဲ အသက်ပျောက်ခဲ့ရှာတာပါပဲ။
တိုက်မိချိန်မှာ အရိုးကျိုးသွားတာမှန်ပေမယ့်
လူခန္ဓာကိုယ်ဟာ မြေပြင်မှာဆန့်ဆန့်ဖြစ်နေချိန်
အရေးတကြီး စေတနာဂရုဏာတွေနဲ့ စိုးရိမ်ပူပန်မှုနဲ့
ဆေးရုံ အမြန်ရောက်ဖို့ စိတ်ဆန္ဒဇောနဲ့ ကောက်ချီပွေ့လိုက်
တော့ လူက ကွေးသွားပြီး ကျိုးနေတဲ့ အရိုးက ငေါပီး
နှလုံးကို သွားစိုက်ခဲ့တာ ဘယ်သူမှ မသိခဲ့ကြပါဘူး။
ထိုဖြစ်စဉ်ကို
ဖေးမကူညီခဲ့တဲ့ ကူညီသူတွေလဲ
မသိခဲ့ကြပါဘူး။
ကျွန်တော်သိခဲ့ပါတယ် ဘာကြောင့်လဲ
ကျွန်တော်
ပရဟိတ ကယ်ဆယ်ရေးအလုပ်ကို
လုပ်တော့မယ်လို့ရည်ရွယ်ထဲက
ကယ်ဆယ်ရေး ပညာရပ်တွေ
ရှေ့ဦးသူနာပြုစုနည်းတွေကို
လေ့လာ သင်ယူခဲ့ပါတယ်။
စေတနာဟာ ဝေဒနာမဖြစ်ဖို့
-------------------------------------
ကယ်ဆယ်လိုတဲ့ စိတ်ဆန္ဒတစ်ခုတည်းနဲ့ ကယ်ဆယ်ရေး
------------------------------------------------------------------------
သးမားမဖြစ်ပဲ ကိုယ်မသိ သူမသိ
--------------------------------------------- လူသတ်သမားအဖြစ်ကိုမဖြစ်စေဖို့ လူနာတစ်ဦးကို
--------------------------------------------------------------------
ကိုင်တွယ်နည်းတွေ
----------------------------
ကားပေါ် လူနာပါလာရင် ဘယ်လို ကီလိုနှုန်းနဲ့
-----------------------------------------------------------
လမ်းအခြေအနေကို ကြည်ပြီး မောင်းရမလဲဆိုတာတွေ
------------------------------------------------------------------------
ဆောင်ရန် ရှောင်ရန်တွေကို နည်းစနစ်တကျ သင်ယူခဲ့ပြီး မှ
ဒီလောကထဲဝင်ခဲ့ပါတယ်
အလွန်အရေးကြီးပါတယ်ဗျာ
ဒီဖြစ်စဉ်မှာ ဆိုင်ကယ်တိုက်လို့ သေခဲ့တာမဟုပ်ဘူးလို့
ပြောလိုပြီး လူနာကောက်ယူတဲ့အခါ ဆောင်ရန်ရှောင်ရန်
မသိခဲ့တဲ့အတွက် လူနာကောက်စဉ်မှာ သေခဲ့ရတဲ့
အဖြစ်တွေ ကျွန်ုပ်တို့ ပတ်ဝန်းကျင်တွင် အများကြီးရှိနေ
နိုင်ပါတယ်
ဒါကြောင့် ဒီဖြစ်စဉ်မျိုးတွေ မိမိအရှေ့ မှာတွေ့ကြုံခဲ့မယ်
ဆိုရင် ကူညီလိုတဲ့ စေတနာ စိတ်ဆန္ဒမလောပါနဲ့
---------------------------------------------------
လူနာရဲ့ ဘေးကို လူနာတင်ကပ် ချပီး မှ လူနာကို
ခေါင်းပိုင်းတစ်ယောက် ခါးပိုင်းတစ်ယောက်
ခြေထောက်ပိုင်းတစ်ယောက် အဖြောင့်ကိုင်ပြီးမှ ကပ်ပေါ်
------------------------------------
တင်၍ ဆေးရုံပို့ပါ။
------------------------
ကပ်မရှိက အနီးဆုံး ယာဉ်ပေါ်တင်မယ်ဆိုလည်းပဲ
လူနာကို မကွေးစေပဲ အဖြောင့်တင်ဖို့ လိုအပ်ပါကြောင်း
-----------------------------------------------------------------------
သူသေတာဘာကြောင့်လဲဆိုတာ ကျွန်တော်သိခဲ့တာဟာ
လူမှုကူညီရေးအတွေ့အကြုံနဲ့ အရေးပေါ်ကယ်ဆယ်ရေးသင်တန်းများမှ လူ့အသက်တွေကယ်တင်ဖို့ဆောင်ရန် ရှောင်ရန်များ၏
အတွေ့အကြုံများမှ သိရှိခဲ့ရပါကြောင်း
ဒီဖြစ်စဉ်က 2017 ခုနှစ်ထဲက ဖြစ်စဉ်တစ်ခုဖြစ်ခဲ့ပါသည်။
Crd
မျိုးဆက်(လူမှုကူညီရေး-ချောင်းကြီး)
09 78 27 27 207
via Songhnin Phyu
Thursday, August 16, 2018
နိုင်ငံတော်ဘာသာနေ့(၀ါခေါင်လပြည့်)
နိုင်ငံတော်ဘာသာနေ့(၀ါခေါင်လပြည့်)
🌿🌿🌿🌿🌿🌿🌿🌿🌿
ဗုဒ္ဓဘာသာ မြန်မာနိုင်ငံတော်ဘာသာ ဖြစ်လာပုံ သမိုင်းအကျဉ်း
========================
နိုင်ငံတော်ဘာသာပြဋ္ဌာန်းခဲ့သည့်နေ့ရက်
--------------------------------
၁၃၂၃ ခုနှစ် ၀ါခေါင်လပြည့်
(1961 ခုနှစ် ဩဂုတ်လ 26 ရက် ) စနေနေ့
နိုင်ငံတော် ဘာသာ ပြဋ္ဌာန်းသည့်ဥပဒေ
-------------------------------
နိုင်ငံတော်ဘာသာ ပြဋ္ဌာန်းသည့်ဥပဒေ၁၉၆၁ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြခံဥပဒေ (တတိယပြင်ဆင်ချက်) အက်ဥပဒေ
ပုဒ်မ ၂၁၊ ပုဒ်မခွဲ ၁ အစား ထည့်သွင်းရမည့်စာသား
ပုဒ်မခွဲ (၁) ဗုဒ္ဓဘာသာ သာသနာတော်သည်
နိုင်ငံတော်၏ နိုင်ငံသားအများဆုံး
ကိုးကွယ်ရာဘာသာကြီး ဖြစ်သည့်အားလျော်စွာနိုင်ငံတော်ဘာသာ သာသနာဖြစ်စေရမည်။
၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံ အခြေခံဥပဒေတွင် ပါဝင်သည့်စာသား
-------------------------------------------------------
ပုဒ်မ ၃၆၁ - နိုင်ငံတော်သည် ဗုဒ္ဓဘာသာ သာသနာတော်ကိုနိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာဖြစ်သောဂုဏ်ထူး
ဝိသေသနှင့် ပြည့်စုံသည့် ဘာသာ သာသနာဖြစ်သည်ဟုနိုင်ငံတော်က အသိအမှတ်ပြုသည်။
နိုင်ငံတော်ဘာသာ အက်ဥပဒေကို အတည်ပြုပြဌာန်းခြင်း
---------------------------------------------------------
၁၉၆၁ ခုနှစ်၊ သြဂုတ်လ ၂၆ ရက် ၁၃၂၃ ခု ၀ါခေါင်လပြည့်နေ့တွင် လွှတ်တော်နှစ်ရပ် တွဲဖက်ညီလာခံ အစည်းအဝေးက
ထောက်ခံမဲ ၃၂၄ မဲ၊ ကန့်ကွက်မဲ ၂၈ မဲဖြင့် ဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံ၏ နိုင်ငံတော်ဘာသာအဖြစ် အတည်ပြုပြဋ္ဌာန်းခဲ့သည်။
ထိုနေ့ နေ့လည် ၁ နာရီတိတိတွင် နိုင်ငံတော်သမ္မတ အိမ်တော်တွင် သမ္မတ ဦးဝင်းမောင်က အခမ်းအနားဖြင့်လက်မှတ်ရေးထိုး
အတည်ပြုပြဋ္ဌာန်းခဲ့သည်။
(၁၉၅၁ ခုနှစ်တွင် ပါလီမန်အမတ် ဒေါ်ခင်လှ တင်သွင်းခဲ့သော နိုင်ငံတော်ဘာသာပြဋ္ဌာန်းရေးသည်
၁၀ နှစ်အကြာ ၁၉၆၁
ခုနှစ်တွင်အကောင်အထည်ပေါ်လာခဲ့ပါသည်။)
ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းနိုင်ရန် ခေတ်အဆက်ဆက် ကြိုးပမ်းခဲ့ကြသူများ သမိုင်းမှတ်တမ်း
--------------------------------------------
၁။ လွတ်လပ်ရေးအကြိုကာလ အင်္ဂလိပ်အစိုးရလက်ထက်ကပင် ရဟန်း ရှင် လူ ပြည်သူအပေါင်းတို့သည်ဗုဒ္ဓဘာသာကို
နိုင်ငံတော်ဘာသာအဖြစ်ပြဋ္ဌာန်းနိုင်ရေးအတွက် ဆန္ဒပြုနှိုးဆော်ခဲ့ကြသည်။
၂။ ၁၉၄၇ ခုနှစ်၊ မေလ ဂျူဗလီဟော ဖ-ဆ-ပ-လ ပဏာမညီလာခံတွင် အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ် ဦးဘချိုက
လွတ်လပ်ရေးရသည့်အခါ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းသင့်ကြောင်း အဆိုတင်သွင်းခဲ့သည်။
သို့သော်လည်း လွတ်လပ်ရေးက အရေးကြီးနေ၍ မပြဋ္ဌာန်းနိုင်ခဲ့ပေ။
၃။ ၁၉၅၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်တွင် ပြည်သူ့လွှတ်တော်တွင် ပါလီမန်အမတ် ဒေါ်ခင်လှ (စမ်းချောင်း)က ပြည်ထောင်စု
မြန်မာနိုင်ငံတော်ကို ဗုဒ္ဓဘာသာနိုင်ငံတော်အဖြစ် အတိအလင်းကြေညာပေးပါရန် အဆိုတင်သွင်းခဲ့သည်။ ပါလီမန်အမတ်
ဗိုလ်ခင်မောင်က ထောက်ခံသည်။ သာသနာရေးဝန်ကြီး ဦးဝင်းက ကန့်ကွက်သဖြင့် အတည်မပြုနိုင်ခဲ့ပေ။
၎။ ၁၉၅၅ ခုနှစ်တွင် သံမဏိဦးဝမ်းမောင်နှင့် သခင် ဗသောင်းတို့ တည်ထောင်သော ရီပတ်ဗလီကင်ပါတီ (ခေါ်) သမ္မတဂိုဏ်းပါတီ၊
၁၉၅၈ ခုနှစ်တွင် ဆာအမ်အေမောင်ကြီး အပါအ၀င် နိုင်ငံရေးသမားကြီး ကိုးဦးပါဝင်သော The Buddhist Democratic Party နှင့်
၁၉၅၉ ခုနှစ်တွင် သီပေါမင်း၏ တတိယသမီးတော် အသျှင်ထိပ်စုမြတ်ဘုရား နာယကနှင့် မြေးတော် တော်ဘုရားလေး ဦးအောင်ဇေ
ဦးဆောင်သော နိုင်ငံတော်ဘာသာ ဖြစ်မြောက်ရေးအဖွဲ့တို့နှင့် ရဟန်းပျိုအဖွဲ့များ၊ ရခိုင်သံဃာတော်များသမဂ္ဂ အစရှိသော
အဖွဲ့အစည်းများက နိုင်ငံတော်ဘာသာပြဋ္ဌာန်းရေးအတွက် နှိုးဆော်ဆောင်ရွက်ခဲ့ကြသည်။
၅။ ၁၉၆၀ ပြည့်နှစ်တွင် နိုင်ငံတော်ဘာသာ ပြဋ္ဌာန်းရေးဆိုင်ရာ အကြံပေးအဖွဲ့နှင့် စုံစမ်းရေးကော်မရှင်များကို ဖွဲ့စည်းပြီး မြန်မာနိုင်ငံ
တစ်ဝှမ်းသို့သွားရောက်ကာ သဘောထားများတောင်းခံခဲ့သည်။ ဘာသာပေါင်းစုံမှ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။
၆။ ၁၉၆၁ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့တွင် နိုင်ငံတော်ဘာသာ အက်ဥပဒေကြမ်းကို
ဝန်ကြီးချုပ် ဦးနုက လွှတ်တော်သို့တင်သွင်းသည်။
၇။ ၁၉၆၁ ခုနှစ်၊ သြဂုတ်လ ၂၆ ရက် ၁၃၂၃ ခု ၀ါခေါင်လပြည့်နေ့တွင် လွှတ်တော်နှစ်ရပ် တွဲဖက်ညီလာခံ အစည်းအဝေးက
ထောက်ခံမဲ ၃၂၄ မဲ၊ ကန့်ကွက်မဲ ၂၈ မဲဖြင့် ဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံ၏ နိုင်ငံတော်ဘာသာအဖြစ် အတည်ပြုပြဋ္ဌာန်းခဲ့သည်။
ထိုနေ့ နေ့လည် ၁ နာရီတိတိတွင် နိုင်ငံတော်သမ္မတ အိမ်တော်တွင် သမ္မတ ဦးဝင်းမောင်က အခမ်းအနားဖြင့်လက်မှတ်ရေးထိုး
အတည်ပြုပြဋ္ဌာန်းခဲ့သည်။
(၁၉၅၁ ခုနှစ်တွင် ပါလီမန်အမတ် ဒေါ်ခင်လှ တင်သွင်းခဲ့သော နိုင်ငံတော်ဘာသာပြဋ္ဌာန်းရေးသည် ၁၀ နှစ်အကြာ ၁၉၆၁
ခုနှစ်တွင်အကောင်အထည်ပေါ်လာခဲ့ပါသည်။)
ကျင်းပရန် အစီအစဉ်များ
=============
၁။ နံက်ပိုင်းတွင် သာသနာ့အလံတော်များကို စတင်လွှင့်ထူကြရပါမည်။
၂။ ဥပုသ်သီတင်း ဆောက်တည်ခြင်း၊ အလှူဒါနများပြုလုပ်ခြင်း၊ တိရစ္ဆာန်များကို ဘေးမဲ့လွှတ်ခြင်း၊
ပရိတ် ပဋ္ဌာန်း မေတ္တာပို့စသည်များ စုပေါင်းရွတ်ဆိုခြင်း၊ တရားပွဲများ ဟောပြောပွဲများ ကျင်းပခြင်းတို့ကို(မိမိတို့ စွမ်းနိုင်သမျှ)
ဆောင်ရွက်ကြရပါမည်။
(နိုင်ငံတော်ဘာသာ ပြဋ္ဌာန်းခဲ့သည့်နေ့ကလည်း ရဟန်းရှင်လူများသည် ထိုသို့ပင် ဆောင်ရွက်ခဲ့ကြပါသည်။)
၃။ ညနေတွင် သာသနာ့အလံတော်များကို ပြန်လည်သိမ်းဆည်းနိုင်ကြပါသည်။
နိုင်ငံတော်ဘာသာနေ့ ကျင်းပရန်နှိုးဆော်ချက်
==========================
ပထစအစိုးရလက်ထက် (1961 ခုနှစ် သြဂုတ်လ 26 ရက်) ၁၃၂၃ ခု ၀ါခေါင်လပြည့်နေ့တွင် လွှတ်တော်နှစ်ရပ် တွဲဖက်ညီလာခံ
အစည်းအဝေးက ထောက်ခံမဲ 324 မဲ၊ ကန့်ကွက်မဲ 28 မဲဖြင့် ဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံ၏ နိုင်ငံတော်ဘာသာအဖြစ် အတည်ပြု
ပြဋ္ဌာန်းခဲ့သည်။ ထိုနေ့ နေ့လည် 1 နာရီတိတိတွင် နိုင်ငံတော်သမ္မတ အိမ်တော်တွင် သမ္မတ ဦးဝင်းမောင်က အခမ်းအနားဖြင့်
လက်မှတ်ရေးထိုး အတည်ပြုပြဋ္ဌာန်းခဲ့သည်။
ထိုတိမ်မြုပ်နေသော ဂုဏ်ယူဖွယ် သမိုင်းကြောင်းကို
ယခုအခါ ပြန်လည်ဖော်ထုတ်ရန် အမျိုး ဘာသာ သာသနာချစ်မြတ်နိုးသူများ၏
တာဝန်တစ်ရပ်ဖြစ်လာခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် ကျရောက်မည့် ၅၇- နှစ်မြောက် နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ် အခမ်းအနားများကို
မြန်မာတစ်နိုင်ငံလုံးတွင် ညီညွတ်စွာကျင်းပကြရန်
ဆရာတော် သံဃာတော်များနှင့်
သာသနာရေး လူမှုရေးအသင်းအဖွဲ့များအား
                   နှိုးဆော်လျက်။
          Crd:သူရိန်​စိုး(ဓမ္မဒူတ)
Wednesday, August 15, 2018
ပဋ္ဌာန်းပါဂဠိတော် မြန်မာပြန်
ပဋ္ဌာန်း ပစ္စယနိဒ္ဒေသ ပါဠိတော်/မြန်မာပြန်
--------------------------------------
----------------------------
မဟာဗောဓိ / Mahar Bodhi  ( page ) မှ ထပ်ဆင့် ဓမ္မဒါနပြုပါသည်။                    ဆရာကြီး ဒေါက်တာမင်းတင်မွန် ရေးသော
.  ❄၂၄ ပစ္စည်း ပဋ္ဌာန်းအဓိပ္ပာယ်❄
💫💫💫💫💫💫💫💫💫💫
၁။ ဟေတုပစ္စည်း၏ ကျေးဇူးပြုပုံ
➖➖➖➖➖➖➖➖
ဟိတ် (၆) ပါးသည် ၎င်းတို့နှင့် တပေါင်းတည်း ယှဉ်ဖြစ်ကြသော စိတ်စေတသိက်များ ဟူသည့်တရားတို့ကိုလည်းကောင်း၊ ထိုစိတ်စေတသိက်တို့ ဖြစ်စေသော စိတ္တဇရုပ်ကိုလည်းကောင်း ဖြစ်ပေါ်စေ၍ မြဲမြံခိုင်ခံ့၊ သန်စွမ်းစွာ တည်နေအောင် ဟေတုပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
၂။ အာရမ္မဏပစ္စည်း၏ ကျေးဇူးပြုပုံ
➖➖➖➖➖➖➖➖➖
(၁) ရူပါရုံသည် မြင်သိစိတ်နှင့် ယှဉ်ဘက်စေတသိက်တို့ကို ၎င်းအားဆွဲတွယ်ထောက်တည်၍ ဖြစ်ပေါ်လာအောင် အာရမ္မဏသတ္တိဖြင့် ကျေးဇူးပြု၏။
(၂) သဒ္ဒါရုံသည် ကြားသိစိတ်နှင့် ။ပ။
(၃) ဂန္ဓာရုံသည် နံသိစိတ်နှင့် ။ပ။
(၄) ရသာရုံသည် စားသိစိတ်နှင့် ။ပ။
(၅) ဖောဋ္ဌဗ္ဗာရုံသည် ထိသိစိတ်နှင့် ယှဉ်ဘက်စေတသိက်တို့ကို ၎င်းအားဆွဲတွယ်ထောက်တည်၍ ဖြစ်ပေါ်လာအောင် အာရမ္မဏသတ္တိဖြင့် ကျေးဇူးပြု၏။
(၆) ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံတို့သည် မနောဓာတ်အမည်ရသည့် ပဉ္စွဒွါရ၀ဇ္ဇန်းစိတ်၊ သမ္ပဋိစ္ဆိုန်းစိတ်နှင့် ယှဉ်ဖက်စေတသိက်တို့ကို ၎င်းအားဆွဲတွယ်ထောက်တည်၍ ဖြစ်ပေါ်လာအောင် အာရမ္မဏသတ္တိဖြင့် ကျေးဇူးပြု၏။
(၇) အလုံးစုံသော တရားတို့သည် တနည်း အာရုံ ၆-ပါးတို့သည် မနောဝိဉာဏဓာတ်အမည်ရသော စိတ် ၇၆-ပါးနှင့် ယှဉ်ဘက်စေတသိက်တို့ကို ၎င်းအားဆွဲတွယ်ထောက်တည်၍ ဖြစ်ပေါ်လာအောင် အာရမ္မဏသတ္တိဖြင့် ကျေးဇူးပြု၏။
(၈) အကြင်အကြင် အာရုံတရားတို့ကို အာရုံပြု၍ စိတ်စေတသိက်မားဟူသည့် တရားတို့ ဖြစ်ပေါ်လာကြ၏။ ထိုထိုအာရုံတို့သည် ထိုထို စိတ်စေတသိက်တို့အား ၎င်းတို့ကို ဆွဲတွယ်ထောက်တည်၍ ဖြစ်ပေါ်လာအောင် အာရမ္မဏသတ္တိဖြင့် ကျေးဇူးပြု၏။
ငါးပါးသီလ စောင့်ထိန်းခြင်း အကျိုးများ
“ငါးပါးသီလ စောင့်ထိန်းခြင်း အကျိုးများ”
💫💫💫💫💫💫💫💫💫💫
▬▬▬▬▬▬▬▬▬▬▬▬▬
၁။“ပါဏာတိပါတ သိက္ခာပုဒ် စောင့်ထိန်းခြင်းအကျိုး၂၂မျိုး”
▬▬▬▬▬▬▬▬▬▬▬▬▬
(၁)။အင်္ဂါကြီးငယ်နှင့် ပြည့်စုံခြင်း၊
(၂)။အလုံးအရပ်နှင့် ပြည့်စုံခြင်း၊
(၃)။လျင်မြန်မှု နှင့် ပြည့်စုံခြင်း၊
(၄)။ခြေဖဝါးအပြင် ကောင်းစွာတည်ခြင်း၊
(၅)။တင့်တယ်လှပခြင်း၊
(၆)။နူးညံ့သိမ်မွေ့ခြင်း၊
(၇)။သန့်ရှင်းစင်ကြယ်ခြင်း၊
(၈)။ရဲရင့်ခြင်း၊
(၉)။ခွန်အားကြီးခြင်း၊
(၁၀)။သန့်ရှင်းပြေပြစ်သော စကားရှိခြင်း၊
(၁၁)။သတ္တဝါအများက ချစ်ခင်နှစ်သက်ခြင်း၊
(၁၂)။ပရိသတ် စည်းလုံးညီညွှတ်ခြင်း၊
(၁၃)။မတုန်လှုပ်ခြင်း၊
(၁၄)။သူတစ်ပါးတို့က မဖျက်ဆီးနိုင်ခြင်း၊
(၁၅)။သူတစ်ပါး ပရောဂကြောင့် မသေရခြင်း၊
(၁၆)။အခြွေအရံများခြင်း၊
(၁၇)။အဆင်းလှခြင်း၊
(၁၈)။အသွင်အပြင်ကောင်းခြင်း၊
(၁၉)။အနာရောဂါကင်းခြင်း၊
(၂၀)။စိုးရိမ်သောကကင်းခြင်း၊
(၂၁)။ချစ်သောသူတို့နှင့် မကွဲမကွာ အတူနေရခြင်း၊
(၂၂)။အသက်ရှည်ခြင်း။
▬▬▬▬▬▬▬▬▬▬▬▬▬▬
၂။ “အဒိန္နာဒါန သိက္ခာပုဒ် စောင့်ထိန်းခြင်း အကျိုး ၉မျိုး”
▬▬▬▬▬▬▬▬▬▬▬▬▬▬
(၁)။ဥစ္စာစပါး ပေါများခြင်း၊
(၂)။သုံးမကုန်အောင် စည်းစိမ်ကြွယ်ဝခြင်း၊
(၃)။မြဲမြံတည်တံသော စည်းစိမ်ရရှိခြင်း၊
(၄)။လိုချင်သော စည်းစိမ်ရလွယ်ခြင်း၊
(၅)။ရန်သူမျိုးငါးပါးနှင့်မဆက်ဆံသော စည်းစိမ်ရှိခြင်း၊
(၆)။ပြန့်ပြောသော စည်းစိမ်ရှိခြင်း၊
(၇)။ရောက်ရာအရပ်၌ အကြီးအကဲ ဖြစ်ရခြင်း၊
(၈)။မရှိသည်၏ အဖြစ်ကိုမသိရခြင်း၊
(၉)။ချမ်းသာစွာ နေရခြင်း။
▬▬▬▬▬▬▬▬▬▬▬
၃။“ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ်စောင့်ထိန်းခြင်း အကျိုး၁၇မျိုး”
▬▬▬▬▬▬▬▬▬▬▬
(၁)။ရန်သူမရှိခြင်း၊
(၂)။သတ္တဝါတို့၏ ချစ်ခင်မှုကို ခံရခြင်း၊
(၃)။ထမင်း အဖျော် အဝတ် စသည်ရလွယ်ခြင်း၊
(၄)။ချမ်းသာစွာ အိပ်စက်ရခြင်း၊
(၅)။ ချမ်းသာစွာ နိုးကြားခြင်း၊
(၆)။အပါယ်ဘေးမှ လွတ်ခြင်း၊
(၇)။မိန်းမဘဝ၊နပုံးဏ္ဍုတ်ဘဝမဖြစ်ခြင်း၊
(၈)။အမျက်မထွက်ခြင်း၊
(၉)။အမှန်ကို ပြုလေ့ရှိခြင်း၊
(၁၀)။ကြည်သာရွှင်ပျ မျက်နှာလှခြင်း၊
(၁၁)။ချမ်းသာသုခ နှင့် ပြည့်စုံခြင်း၊
(၁၂)။ ဣနြေ္ဒ ပြည့်စုံခြင်း၊
(၁၃)။လက္ခဏာ ပြည့်စုံခြင်း၊
(၁၄)။ယုံမှား သံသယကင်းခြင်း၊
(၁၅)။ကြောင့်ကြမှုကင်းခြင်း၊
(၁၆)။ချမ်းသာစွာနေရခြင်း၊
(၁၇)။ဘေးရန်မရှိခြင်း။
▬▬▬▬▬▬▬▬▬▬▬▬▬
၎။ “မုသာဝါဒ သိက္ခာပုဒ် စောင့်ထိန်းခြင်း အကျိုး ၁၄ မျိုး”
▬▬▬▬▬▬▬▬▬▬▬▬▬
(၁)။ဣနြေ္ဒ ကြည်လင်ခြင်း၊
(၂)။သန့်ရှင်းသာယာချိုသာသောစကားရှိခြင်း၊
(၃)။ညီညာသောသွားရှိခြင်း၊
(၄)။မဝလွန်းခြင်း၊
(၅)။မပိန်လွန်းခြင်း၊
(၆)။မပုလွန်းခြင်း၊
(၇)။မရှည်လွန်းခြင်း၊
(၈)။အတွေ့ကောင်းခြင်း၊
(၉)။ခံတွင်းမှ ကြာနံ့သင်းခြင်း၊
(၁၀)။မိမိပြောစကား ပရိသတ်က နာယူခြင်း၊
(၁၁)။ရိုသေလေးစားထိုက်သော စကားရှိခြင်း၊
(၁၂)။ကြာပွင့်လွှာနှင့်တူသော နူးညံ့နီမြန်း၍ပါးသောလျှာရှိခြင်း၊
(၁၃)။မဆုတ်နစ်ခြင်း၊
(၁၄)။မတုန်လှုပ်ခြင်း။
▬▬▬▬▬▬▬▬▬▬▬▬
၅။ “သုရာမေရယ သိက္ခာပုဒ် စောင့်ထိန်းခြင်း အကျိုး၂၃မျိုး”
▬▬▬▬▬▬▬▬▬▬▬▬
(၁)။ကာလသုံးပါး၌ မမေ့လျော့ခြင်း၊
(၂)။ဉာဏ်ကောင်းခြင်း၊
(၃)။သတိကောင်းခြင်း၊
(၄)။အရာဋ္ဌာနအားလျော်စွာ ဖြစ်ပေါ်လာသော ဉာဏ်ရှိခြင်း၊
(၅)။မပျင်းရိခြင်း၊
(၆)။မဆွံ့အခြင်း၊
(၇)။မရူးခြင်း၊
(၈)။မတုန်လှုပ်ခြင်း၊
(၉)။ချုပ်ချယ်စော်ကားမှုမခံရခြင်း၊
(၁၀)။မငြူစူခြင်း၊
(၁၁)။ဝန်တိုမှုကင်းခြင်း၊
(၁၂)။စကားမှန်ကန်ခြင်း၊
(၁၃)။ကုန်းတိုက်စကား၊
ကြမ်းတမ်းစကား၊ပြိန်ဖျင်းစကားမပြောခြင်း၊
(၁၄)။ကျေးဇူးကို သိခြင်း၊
(၁၅)။စွန့်ကြဲခြင်း၊
(၁၆)။သီလရှိခြင်း၊
(၁၇)။ဖြောင့်မတ်ခြင်း၊
(၁၈)။အမျက်မထွက်ခြင်း၊
(၁၉)။အရှက်အကြောက်နှင့်ပြည့်စုံခြင်း၊
(၂၀)။အယူဖြောင့်မတ်ခြင်း၊
(၂၁)။မြင့်မြတ်ခြင်း၊
(၂၂)။ပညာရှိခြင်း၊
(၂၃)။အကျိုး ရှိသည်၊ မရှိသည်၌ လိမ္မာခြင်း။
(မှတ်ချက်။ ။ ဣတိဝုတ် အဋ္ဌကထာ နှင့်
ခုဒ္ဒကပါဌ အဋ္ဌကထာတို့တွင် လာရှိသည်။)
_____________________________________________________
"ငါးပါးသီလ (Five Precepts) အနက်အဓိပ္ပာယ်"
             ပါဠိ -  မြန်မာ -  English
              <><><><><><><><>
(၁) "ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ"
       သတ္တဝါတို့၏အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏။
       I shall abstain from killing.
(၂) "အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ"
       သူတစ်ပါး၏ ပစ္စည်းဥစ္စာကို မတရားရယူခြင်းမှ ရှောင်ကြဉ်ပါ၏။
      I shall abstain from taking what is not given.
(၃) "ကာမေသုမိစ္ဆာစာရာ ဝေရာမဏိသိက္ခာပဒံ သမာဒိယာမိ"
       ကာမဂုဏ်တို့၌ မှားယွင်းစွာ ပြုကျင့်ခြင်းမှ ရှောင်ကြဉ်ပါ၏။
       I shall abstain from illegal sexual conduct.
(၄) "မုသာဝါဒါ ဝေရာမဏိသိက္ခာပဒံ သမာဒိယာမိ"
       မမှန်သောစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏။
       I shall abstain from telling lies.
(၅)"သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရာမဏိသိက္ခာပဒံ သမာဒိယာမိ"
      မူးယစ်မေ့လျော့စေတတ်သော အရက်သေစာတို့ကို
      သောက်စားခြင်းမှ ရှောင်ကြဉ်ပါ၏။
      I shall abstain from any kind of  intoxicant.
                      ( ချမ်းမြေ့ဆရာတော် )
_____________________________________________________
ငါးပါးသီလ ခံယူဆောက်တည်ပုံ
➖➖➖➖➖➖➖➖
အဟံ ဘန္တေ တိသရဏေန သဟ
ပဉ္စသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ
သီလံ ဒေထ မေ ဘန္တေ။
(ဒုတိယမ္ပိ၊ တတိယမ္ပိ)
ယမဟံ ၀ဒါမိ တံ ၀ဒေထ။
အာမ ဘန္တေ
နမော တဿ ဘဂ၀တော အရဟတော သမ္မာသဗ္မုဒ္ဓဿ ( သုံးကြိမ်)
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ၊
(ဒုတိယမ္ပိ၊ တတိယမ္ပိ)
သရဏ ဂမနံ ပရိပုဏ္ဏံ ။ အာမ ဘေႏၱ
🔸ပါဏာတိပါတာ ေ၀ရမဏိ သိကၡာပဒံ
      သမာဒိယာမိ၊
သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏။
🔹အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ
     သမာဒိယာမိ။
သူတစ်ပါး ပစ္စည်း ခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏။
🔸ကာမေသုမိစ္ဆာစာရာ ဝေရမဏိ သိက္ခာပဒံ
     သမာဒိယာမိ၊
သူတစ်ပါး သားမယား ပြစ်မှားခြင်းမှ ရှောင်ကြဉ်ပါ၏၊
🔹မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
လိမ်ညာ ပြောဆိုခြင်းမှ ရှောင်ကြည်ပါ၏၊
🔸သုရာ မေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ
     သိက္ခာပဒံ သမာဒိယာမိ၊
သေရည် အရက်သောက်ခြင်းမှ ရှောင်ကြဉ်ပါ၏။
_______________________________________________________
“ ငါးပါးသီလ သာသနာ ”
➖➖➖➖➖➖
■ သရဏဂုံတည်ပြီးတဲ့နောက်မှာ ပါဏာတိပါတာ ဝေရမဏိ-သတ္တ၀ါတွေရဲ့ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်တယ်ဆိုတဲ့ သာသနာရော ငါ့သန္တာန်မှာ
တည်ရဲ့လား ?
■ အဒိန္နာဒါနာဝေရမဏိ ...သူများဥစ္စာကို မတရားယူခြင်းမှ ရှောင်ကြဉ်မှု လို့ဆိုတဲ့ ဒီသီလသာသနာရော ငါ့သန္တာန်မှာ တည်သလား ?
■ကာမေသုမိစ္ဆာစာရာဝေရမဏိ ... ကာမဂုဏ်ကိစ္စတွေမှာ မှားမှား ယွင်းယွင်း ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ခြင်းဆိုတဲ့ ဒီကိုယ်ကျင့်သီလ
သာသနာရော ငါ့သန္တာန်မှာ ရှိရဲ့လား ?
■မုသာဝါဒါ ဝေရမဏိ ... လိမ်လည်လှည့်စား ပြောကြားခြင်း သူတစ်ပါး အကျိုး ပျက်စီးအောင် လိမ်ခြင်းဆိုတာမျိုးမှ ရှောင်ကြဉ်မှုလို့ ဆိုတဲ့ ကိုယ်ကျင့်
သီလ သာသနာမျိုးရော ငါသန္တာန်မှာ တည်သလား ?ဆိုတာ ဆင်ခြင်စဉ်းစားရမယ်။
■ သုရာမေရယမဇ္ဇပ္ပဒဋ္ဌာနာ ဝေရမဏိ ... မူးယစ်စေတတ်တဲ့အရာတွေ အရက်တို့ ဘီယာတို့ အခြားမူးယစ်ဆေးဝါးတွေတို့ သုံးစားခြင်းမှ ရှောင်ကြဉ်မှုဆိုတဲ့ ဒီ ကိုယ်ကျင့်သီလရော ငါသန္တာန်မှာ တည်သလား ?
ဟော .....
ကိုယ့်သန္တာန်မှာ သာသနာဘယ်နှစ်ခု တည်သလဲဆိုတာ ဆန်းစစ်ကြည့်ရမယ်။
လူတိုင်းလူတိုင်းဟာ အကယ်၍ ကိုယ့်သန္တာန်မှာ။ ဥပမာ ... ငါးပါး သီလထဲက
တစ်ပါးမတည်ဘူး ဆိုရင် သာသနာတစ်ပါး ကွယ်တာလို့ပဲ ပြောရမယ်။
အဲဒီတော့ ...
သာသနာတည်တယ် , မတည်ဘူးဆိုတာ ကျင့်သုံးတဲ့ပုဂ္ဂိုလ် နဲ့ဆိုင်တယ်။အဲဒါကို သတိထားကြဖို့ လိုတယ်ပေါ့။ကိုယ့်သန္တာန်မှာ သာသနာတည်အောင် ကြိုးစား။
အဲ ... တစ်ချို့က
သာသနာတည်တယ်ဆိုတဲ့ အဓိပ္ပါယ်ကို မသိသည့်
အတွက်ကြောင့် ကိုယ်ကျင့်တရားကောင်းအောင် မကြိုးစားပါဘဲနဲ့ အခြားကိစ္စတွေမှာ ပြိုင်ဆိုင်နေတာမျိုးကတော့ တလွဲဆံပင်ကောင်း နေတာမျိုး ဖြစ်တယ်။
အဲဒီတော့ ...
အခြားကိစ္စတွေမှာ ပြိုင်ဆိုင်မှုမပြုဘဲနဲ့ ကိုယ်ကျင့်သီလနဲ့ ပတ်သက်ပြီး ကိုယ်သန္တာန်မှာ ဘယ်လောက်တည်သလဲ ဆိုတာ ကိုယ့်ဟာကိုယ် စစ်ဆေးသင့်တယ်။ မတည်သေးလို့ရှိရင် တည်အောင် ကြိုးစား
တည်လို့ရှိရင် ခိုင်မာအောင် ကြိုးစား။ဒီလို ကြိုးစားရမယ် ။
အဲဒီလို ကြိုးစား
လို့ရှိရင် ကိုယ်အတွက်တော့ ကျေနပ်စရာချည်းပဲ။
ငါသန္တာန်မှာ သာသနာတည်နေတယ်လို့ ဒီလို ပြောရမယ်။
- ပါမောက္ခချုပ်ဆရာတော်ကြီးဒေါက်တာ နန္ဒမာလာဘိဝံသ - အဂ္ဂမဟာပဏ္ဍိတ
Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm