Sunday, February 1, 2015

news of mawlu ( 27/28.1.15)

နန့်စီးအောင် - ပေကုန်းကျေးရွာတွင် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကော်မတီဖွဲ့စည်း
မော်လူး၊ ဇန်နဝါရီ ၂၉
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ မံဟဲကျေးရွာအုပ်စု၊ နန့်စီးအောင် - ပေကုန်းကျေးရွာတွင် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရန် ကော်မတီဖွဲ့စည်းပြီး သဘာဝစိမ့်စမ်းရေရရှိရေးအတွက် ဇန်နဝါရီ ၂၇ ရက်နေ့က နန့်စီးအောင် - ပေကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် နေ့လည် ၁၂ အချိန်က ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ယင်းသို့ ကော်မတီဖွဲ့စည်းပြီး သဘာဝစိမ့်စမ်းရေရရှိရေးအတွက် ညှိုနှိုင်းဆွေးနွေးရာသို့ နန့်စီးအောင်-ပေကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသောင်းရွှေ၊ စာရေးအဆင့်(၁) ဒေါ်ဝင်ဝင်းခိုင်၊ ကျေးလက်ဖွံ့ဖြိုးမှု အထောက်အကူပြုအဖွဲ့ဝင်များနှင့် ကျေးရွာသူ/သား ၅၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
နန့်စီးအောင်-ပေကုန်းကျေးရွာ သဘာဝစိမ့်စမ်းရေရရှိရေးအတွက် ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ်မှ ခွဲဝေချထားပေးသည့် ကျပ်သိန်း ၄၀နှင့် အင်းတော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာနမှ ၄ လက်မနှင့် ၂ လက်မ ပိုက်များကို ပံ့ပိုးပေးထားကြောင်း၊ ထို့အတွက် သဘာဝစိမ့်စမ်းရေရရှိရေး ကော်မတီကို ဖွဲ့စည်းထားပြီး  ရေရရှိရေးအတွက် အမြန်ဆုံး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တောင်သူလယ်သမားများအား လယ်ယာမြေဥပဒေနှင့် နည်းဥပဒေများအကြောင်း ရှင်းလင်း
မော်လူး၊ ဇန်နဝါရီ ၂၉
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသရှိ တောင်သူလယ်သမားများအား လယ်ယာမြေ ဥပဒေနှင့် နည်းဥပဒေများအကြောင်း ရှင်းလင်းပွဲကို ဇန်နဝါရီ ၂၈ရက် နံနက် ၁၀ နာရီတွင် မော်လူး အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လယ်ယာမြေဥပဒေနှင့် နည်းဥပဒေများအကြောင်းရှင်းလင်းရာသို့ အင်းတော်မြို့ လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်၊ အတွင်းရေးမှူး ဦးကျော်ကျော်လွင်(မြေစာရင်း ဦးစီးမှူး)၊ မြို့နယ်အထောက်အကူပြုကော်မတီဝင် ဦးချစ်ရွှေ၊
မြို့နယ် စိုက်ပျိုးရေး ဦးစီးဋ္ဌာန ဦးစီးမှူး ဦးမင်းအောင်၊ မြို့နယ် ဒုတိယ ပညာရေးမှူး ဦးသိန်းဆွေဝင်း၊ မြို့နယ် ကျေးလက် ဦးစီးမှူး ဦးမျိုးမင်းစိုး၊ မြို့နယ်ဆောက်လုပ်ရေး အင်ဂျင်နီယာ ဦးလင်းလင်းထွန်း(SAE)၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဒုဦးစီးမှူး ဦးပြည့်ဖြိုးမောင်၊ မော်လူးဒေသ ကျေးရွာအုပ်စု အသီးသီးမှ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ စာရေးများနှင့် ဒေသခံတောင်သူလယ်သမားများ တက်ရောက်ခဲ့ကြသည်။ ထို့နောက် အင်းတော်မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်နှင့် အတွင်းရေးမှူး ဦးကျော်ကျော်လွင်တို့မှ လယ်ယာမြေ ဥပဒေနှင့် နည်းဥပဒေအကြောင်းများကို ရှင်းလင်းပြောခဲ့ပြီး နေ့လည် ၁ နာရီခန့်တွင် ပြီးဆုံးခဲ့ကြောင်း သတင်းရရှိသည်။

အင်းတော်မြို့နယ် တာဝန်ရှိသူများမှ လုပ်ငန်းပြီးစီးမှုများကို ကွင်းဆင်းစစ်ဆေး
မော်လူး၊ ဇန်နဝါရီ ၂၉
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူး အခြေခံပညာအထက်တန်းကျောင်းသို့ အင်းတော်မြို့နယ် တာဝန်ရှိသူများမှ လုပ်ငန်းပြီးစီးမှုအခြေအနေများကို ဇန်နဝါရီလ ၂၈ ရက် နံနက် ၁၁ က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မော်လူးအခြေခံပညာ အထက်တန်းကျောင်းအတွက် မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်မှ ၂.၁၁.၂၀၁၄ ရက်နေ့က ကျပ်ငွေ ၁၅ သိန်းဖြင့် စာသင်ခုံ ၅၀ အား ပြုလုပ်နိုင်ရန် ချမှတ်ပေးထားခဲ့ရာ ယင်းစာသင်ခုံများ ပြုလုပ်ပြီးစီးမှုကို  အင်းတော်မြို့ ဒုတိယမြို့နယ် ပညာရေးမှူး ဦးသိန်းဆွေဝင်းနှင့် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးမှူး ဦးမျိုးမင်းစိုး၊ မြို့နယ် အထောက်အကူပြု အဖွဲ့ဝင် ဦးချစ်ရွှေတို့မှ ကွင်းဆင်း စစ်ဆေးကြည့်ရှု့ခဲ့ရာ မော်လူးအခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သောင်းတင့်မှ စာသင်ခုံ ပြုလုပ်ပြီးစီးမှုကို လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သတင်းရရှိသည်။

ဟောင်းတုန်းကျေးရွာအုပ်စု လေးတန်းချောင်းကူးတံတား ကမ်းကပ်ခုံ မြေသားဖို့ခြင်း ဆောင်ရွက်နိုင်ရန် ကွင်းဆင်း စစ်ဆေး
မော်လူး၊ ဇန်နဝါရီ ၂၉
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ မံဟဲကျေးရွာနှင့် ဟောင်းတုန်းကျေးရွာကို ဆက်သွယ် ဆောက်လုပ်ထားသည့် လေးတန်းချောင်းကူး ကြိုးတံတားအား မံဟဲကျေးရွာဘက်အခြမ်းတွင် ကမ်းကပ်ခုံ မြေသားဖို့ခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် ဇန်နဝါရီ ၂၈ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းမံဟဲကျေးရွာနှင့် ဟောင်းတုန်းကျေးရွာကို ဆက်သွယ်ထားသည့် လေးတန်းချောင်းကူးတံတားသည် အရှည် ၅၈၆ ပေ၊ အကျယ် ၄ ပေ၊ အမြင့် ၁၇ ပေရှိ ကြိုးတံတားအမျိုးအစားဖြစ်ပြီး၊ ကမ်းကပ်ခုံအဖြစ်  ၂၀၀ ပေခန့်ကို မြေသားဖို့ခြင်းလုပ်ငန်း ဆောင်ရွက်ရန်နိုင်ရန်အတွက် အင်းတော်မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်၊ မြို့နယ်ဆောက်လုပ်ရေး အင်ဂျင်နီယာ ဦးလင်းလင်းထွန်း (SAE)၊ မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး ဦးမင်းအောင်၊ ဒုတိယ မြို့နယ် ပညာရေးမှူး ဦးသိန်းဆွေဝင်း၊ မြို့နယ် ကျေးလက်ဦးစီးမှူး ဦးမျိုးမင်းစိုး၊ မြို့နယ်မြေစာရင်း ဦးစီးမှူး ဦးကျော်ကျော်လွင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဋ္ဌာန ဒုဦးစီးမှူး ဦးပြည့်ဖြိုးမောင်၊ မြို့နယ် အထောက်အကူပြု ကော်မတီဝင် ဦးချစ်ရွှေတို့မှ ကွင်းဆင်းစစ်ဆေးရာ ဟောင်းတုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအုံးကျော်မှ လိုက်လံပြသ ရှင်းပြခဲ့သည်။ ယင်းတံတားအား ကမ်းကပ်ခုံ မြေသားဖို့ခြင်းလုပ်ငန်းအတွက် ကျပ်ငွေ ၃၅သိန်းကို လွှတ်တော်(၂၀၁၄/၁၅ ဘတ်ဂျက်ငွေ)မှ ချမှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

mawlu news 31.1.15

နန့်စီးအောင် - ပေကုန်း အလကကျောင်းတွင် လုပ်ငန်းဆောင်ရွက်ထားမှုများ ကွင်းဆင်းကြည့်ရှု့
မော်လူး၊ ဇန်နဝါရီ ၃၀
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ မံဟဲကျေးရွာအုပ်စု၊ နန့်စီးအောင် -ပေကုန်း အခြေခံပညာ အလယ်တန်းကျောင်းတွင် လုပ်ငန်းဆောင်ရွက်ထားမှုများအား တာဝန်ရှိသူများမှ ဇန်နဝါရီ ၂၈ ရက်နေ့က ကွင်းဆင်းကြည့်ရှု့ခဲ့ကြောင်း သိရသည်။

အဆိုပါ အခြေခံပညာ အလယ်တန်းကျောင်းတွင် စာသင်ဆောင်သစ် ဆောက်လုပ်ရန်အတွက် ၂.၁၁.၂၀၁၄ ခုနှစ်တွင် မွေးမြူရေးနှင့် ရေလုပ်ငန်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်မှ ဘိလပ်မြေအိတ် ၃၀၀ လုံး၊ သွပ် ၁၆၀ ချပ်၊ စာသင်ခုံ ၃၀ လုံးအတွက် ၁၀ သိန်း ၅ သောင်း၊ ရေလောင်းအိမ်သာ ၂ ခန်းတွဲ ဆောက်လုပ်ရန် ၁၀ သိန်းကျပ်တို့ကို ချမှတ်ထားပေးခဲ့ရာ၊ လုပ်ငန်းဆောင်ရွက်ထားမှုများကို အင်းတော်မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်၊ မြို့နယ်ဆောက်လုပ်ရေး အင်ဂျင်နီယာ ဦးလင်းလင်းထွန်း (SAE)၊ မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး ဦးမင်းအောင်၊ ဒုတိယ မြို့နယ် ပညာရေးမှူး ဦးသိန်းဆွေဝင်း၊ မြို့နယ် ကျေးလက်ဦးစီးမှူး ဦးမျိုးမင်းစိုး၊ မြို့နယ်မြေစာရင်း ဦးစီးမှူး ဦးကျော်ကျော်လွင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဋ္ဌာန ဒုဦးစီးမှူး ဦးပြည့်ဖြိုးမောင်၊ မြို့နယ် အထောက်အကူပြု ကော်မတီဝင် ဦးချစ်ရွှေတို့မှ ကွင်းဆင်းကြည့်ရှု့ကြရာ နန့်စီးအောင် - ပေကုန်းကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးသောင်းရွှေ၊ စာရေးအဆင့်(၁) ဒေါ်ဝင်းဝင်းခိုင်၊ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်စင်းချိန်နှင့် ကျောင်းအကျိုးတော်ဆောင် ကော်မတီဝင်များမှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို လိုက်လံ ရှင်းလင်း ပြသခဲ့ကြောင်း သတင်းရရှိသည်။

ကူးဆိပ်ကျေးရွာ ရေဂါလံ ၅၀၀ ဆန့် အုတ်ရေလှောင်ကန် တည်ဆောက်ပြီးစီးမှု ကွင်းဆင်းကြည့်ရှု
မော်လူး၊ ဇန်နဝါရီ  ၃၀
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ ဂွေ့ကြီးကျေးရွာအုပ်စု၊ ကူးဆိပ်ကျေးရွာတွင် ရေဂါလံ ၅၀၀ ဆန့် အုတ်ရေလှောင်ကန် တည်ဆောက်ပြီးစီးမှုအား တာဝန်ရှိသူများမှ ဇန်နဝါရီ ၂၈ ရက်နေ့က ကွင်းဆင်းကြည့်ရှု့ခဲ့ကြောင်း သိရသည်။
အဆိုပါ အုတ်ရေလှောင်ကန်ကို ဆောက်လုပ်ရန်အတွက် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာနမှ ခွင့်ပြုရံပုံငွေ သိန်း ၁၆၀ ကို ချမှတ်ထားပေးခဲ့ခြင်းဖြစ်ပြီး၊ ရေလှောင်ကန်မှာ အကျယ် ၁၀ ပေပတ်လည်၊ အမြင့် ၈ ပေရှိပြီး လုပ်ငန်းဆောင်ရွက်ထားမှုမှာ ၉၀%ခန့် ပြီးစီးနေပြီဖြစ်ကြောင်း၊ ရေသွယ်ယူခြင်းလုပ်ငန်းကိုမူ Teach Friend ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို အင်းတော်မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်၊ မြို့နယ်ဆောက်လုပ်ရေး အင်ဂျင်နီယာ ဦးလင်းလင်းထွန်း (SAE)၊ မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး ဦးမင်းအောင်၊ ဒုတိယ မြို့နယ် ပညာရေးမှူး ဦးသိန်းဆွေဝင်း၊ မြို့နယ် ကျေးလက်ဦးစီးမှူး ဦးမျိုးမင်းစိုး၊ မြို့နယ်မြေစာရင်း ဦးစီးမှူး ဦးကျော်ကျော်လွင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဋ္ဌာန ဒုဦးစီးမှူး ဦးပြည့်ဖြိုးမောင်၊ မြို့နယ် အထောက်အကူပြု ကော်မတီဝင် ဦးချစ်ရွှေတို့မှ ကွင်းဆင်း ကြည့်ရှု့ရာ ဂွေ့ကြီးကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး၊ စာရေးအဆင့်(၁) ဒေါ်နှင်းဝေ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင်များမှ လိုက်လံရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။

ဂွေ့ကြီးကျေးရွာတွင် စိမ့်စမ်းရေးသွယ်ယူရန် ရေပိုက်များ ရောက်ရှိ
မော်လူး၊ ဇန်နဝါရီ ၃၀
@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ ဂွေ့ကြီးကျေးရွာအုပ်စု၊ ဂွေ့ကြီးကျေးရွာသို့ စိမ့်စမ်းရေ သွယ်ယူရန် ရေပိုက်များ ရောက်ရှိနေကြောင်း ဇန်နဝါရီ ၃၀ ရက်နေ့က သိရသည်။
ဂွေ့ကြီးကျေးရွာ သဘာဝစိမ့်စမ်းရေကို ကျေးရွာမှ ၂ မိုင်ခန့်ကွာဝေးသည့် မော်လူးကျေးရွာအုပ်စု၊ ကရင်ကျေးရွာ အရှေ့ဘက်မှ သွယ်ယူမည်ဖြစ်ပြီး၊ ရေပိုက်သွယ်ယူခြင်းလုပ်ငန်းကို ထွဋ်ခေါင်ဦး ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း၊ ၄လက်မ၊ ၂ လက်မရေပိုက်များဖြင့် သွယ်ယူမည်ဖြစ်သည်။ အဆိုပါ ရေသွယ်ယူမည့်ပိုက်များ ရောက်ရှိနေသည့် အခြေအနေများကို ဇန်နဝါရီ ၂၈ ရက်နေ့က အင်းတော်မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်၊ မြို့နယ်ဆောက်လုပ်ရေး အင်ဂျင်နီယာ ဦးလင်းလင်းထွန်း (SAE)၊ မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး ဦးမင်းအောင်၊ ဒုတိယ မြို့နယ် ပညာရေးမှူး ဦးသိန်းဆွေဝင်း၊ မြို့နယ် ကျေးလက်ဦးစီးမှူး ဦးမျိုးမင်းစိုး၊ မြို့နယ်မြေစာရင်း ဦးစီးမှူး ဦးကျော်ကျော်လွင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဋ္ဌာန ဒုဦးစီးမှူး ဦးပြည့်ဖြိုးမောင်၊ မြို့နယ် အထောက်အကူပြု ကော်မတီဝင် ဦးချစ်ရွှေတို့မှ ကွင်းဆင်း ကြည့်ရှု့ရာ ထွဋ်ခေါင်ဦး ကုမ္ပဏီမှ တာဝန်ခံ၊ ဂွေ့ကြီးကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး၊ စာရေးအဆင့်(၁) ဒေါ်နှင်းဝေ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင်များမှ လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သတင်းရရှိသည်။

မော်လူး- လေးတန်ရိုးကျေးရွာများ ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်းမပေါ်ရှိ တံတားများကို အသစ်ပြုပြင် တည်ဆောက်မည်
မော်လူး၊ ဇန်နဝါရီ ၃၀
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ မော်လူးနှင့် လေးတန်ရိုးကျေးရွာများသို့ ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်းမပေါ်ရှိ နန့်ကျဲချောင်းကူးတံတားနှင့် ရေအေးချောင်းကူတံတားတို့ကို အသစ်ပြုပြင် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တံတား ၂ စင်းကို အသစ်ပြုပြင်တည်ဆောက်နိုင်ရန်အတွက် မွေးမြူရေးနှင့် ရေလုပ်ငန်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်မှ ဘိလပ်မြေ ၆၀၀ အိတ်ကို ပံပိုးပေးထားခဲ့ကြောင်း၊ သို့အတွက် တံတားများကို အသစ်ပြုပြင်တည်ဆောက်နိုင်ရန်အတွက် ဇန်နဝါရီ ၂၈ ရက်နေ့က အင်းတော်မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်၊ မြို့နယ်ဆောက်လုပ်ရေး အင်ဂျင်နီယာ ဦးလင်းလင်းထွန်း (SAE)၊ မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး ဦးမင်းအောင်၊ ဒုတိယ မြို့နယ် ပညာရေးမှူး ဦးသိန်းဆွေဝင်း၊ မြို့နယ် ကျေးလက်ဦးစီးမှူး ဦးမျိုးမင်းစိုး၊ မြို့နယ်မြေစာရင်း ဦးစီးမှူး ဦးကျော်ကျော်လွင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဋ္ဌာန ဒုဦးစီးမှူး ဦးပြည့်ဖြိုးမောင်၊ မြို့နယ် အထောက်အကူပြု ကော်မတီဝင် ဦးချစ်ရွှေတို့မှ ကွင်းဆင်း ကြည့်ရှု့ခဲ့ကြောင်း၊ နန့်ကျဲချောင်းကူးတံတားမှာ အရှည် ၄၂ ပေ၊ အကျယ် ၁၅ ပေ၊ အမြင့် ၁၀ပေရှိပြီး၊ ရေအေးချောင်းကူးတံတားမှာ အရှည် ၄၀ ပေ၊ အကျယ် ၁၅ ပေ၊အမြင့် ၁၀ ပေရှိကြောင်း သိရသည်။

မော်လူး ပြည်သူ့အားကစားကွင်း ပြုပြင်မွမ်းမံမည်
မော်လူး၊ ဇန်နဝါရီ ၃၀
@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ မော်လူး ပြည့်သူ့အားကစားကွင်းကို ပိုမိုကောင်းမွန်အောင် ပြုပြင်မွမ်းမံမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မော်လူး ပြည်သူ့အားကစားကွင်းကို ပိုမိုကောင်းမွန်အောင် ပြုပြင်မွမ်းမံမှုများ ပြုလုပ်နိုင်ရန်အတွက် ခွင့်ပြုရံပုံငွေ ၁၀ သိန်းကျပ် ရရှိထားကြောင်း၊ ပြုပြင်မွမ်းမံမှုများ ပြုလုပ်နိုင်ရန်အတွက် ဇန်နဝါရီ ၂၈ ရက်နေ့က အင်းတော်မြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးမှူး ဦးမျိုးမင်းစိုး၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးသိန်းဆွေဝင်း၊ မြို့နယ် အထောက်အကူပြု ကော်မတီဝင် ဦးချစ်ရွှေတို့မှ ကွင်းဆင်းကြည့်ရှု့ရာ မော်လူးဒေသ အားကစားနှင့် ကာယပညာ ဦးစီးဋ္ဌာန အတွင်းရေးမှူး ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်များမှ ပြုပြင်မွမ်းမံရန် လိုအပ်သည်များကို ရှင်းလင်းပြောပြခဲ့ကြောင်း သတင်းရရှိသည်။

သမိုင်းဝင် ဒီပင်္ကရာ စေတီတော်မြတ်သို့ သွားရာကျေးရွာချင်းဆက်လမ်းအား ချောင်းရေတိုက်စားမှု ကာကွယ်ရန် ရေလွဲစပါးတည်ဆောက်
မော်လူး၊ ဇန်နဝါရီ ၃၀
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ သမိုင်းဝင် ဒီပင်္ကရာ စေတီတော်မြတ်သို့ သွားသည့် ကျေးရွာချင်းဆက်လမ်းမကြီးအား ချောင်းရေတိုက်စားမှုမှ ကာကွယ်ရန် ရေလွဲစပါးတည်ဆောက်ပြီးစီးကြောင်း သိရသည်။
အဆိုပါ လမ်းမအား ချောင်းရေတိုက်စားမှု ကာကွယ်ရန် ရေထိန်းနံရံတည်ဆောက်ထားမှုကို ဇန်နဝါရီ ၂၈ ရက်နေ့က အင်းတော်မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်၊ မြို့နယ်ဆောက်လုပ်ရေး အင်ဂျင်နီယာ ဦးလင်းလင်းထွန်း (SAE)၊ မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး ဦးမင်းအောင်၊ ဒုတိယ မြို့နယ် ပညာရေးမှူး ဦးသိန်းဆွေဝင်း၊ မြို့နယ် ကျေးလက်ဦးစီးမှူး ဦးမျိုးမင်းစိုး၊ မြို့နယ်မြေစာရင်း ဦးစီးမှူး ဦးကျော်ကျော်လွင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဋ္ဌာန ဒုဦးစီးမှူး ဦးပြည့်ဖြိုးမောင်၊ မြို့နယ် အထောက်အကူပြု ကော်မတီဝင် ဦးချစ်ရွှေတို့မှ ကွင်းဆင်းကြည့်ရှု့ခဲ့ရာ မင်းသာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်သန်း၊ အုန်းဒုတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဋ္ဌေး၊ စာရေးအဆင့် (၁) ဒေါ်ဝင်းတာနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင်များမှ ရေထိန်းနံရံ တည်ဆောက်ထားမှုကို လိုက်လံပြသ ရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။ ထိုရေလွဲစပါးတည်ဆောက်နိုင် မွေးမြူရေးနှင့် ရေလုပ်ငန်း ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်မှ ငွေကျပ် ၁၀ သိန်း ပံ့ပိုးပေးထားခြင်း ဖြစ်ကြောင်း သိရသည်


မော်လူးတွင် နွေစပါး (ပုလဲသွယ်စပ်မျိုး) စိုက်ပျိုး
မော်လူး၊ ဇန်နဝါရီ ၃၁
@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ စီးမော်ကျေးရွာအုပ်စု၊ စီပိန်းကျေးရွာတွင် ဇန်နဝါရီ ၃၁ ရက် နံနက် ၇ နာရီက နွေစပါး(ပုလဲသွယ်စပ်မျိုး)စိုက်ပျိုးနေကြောင်း သိရသည်။
အဆိုပါ နွေစပါး( ပုလဲသွယ်စပ်မျိုး) ကောက်စိုက်ခြင်းကို စီပိန်းကျေးရွာနေ တောင်သူ ဦးချစ်ထွန်း၏ လယ်ယာမြေတွင် စိုက်ပျိုးခြင်းဖြစ်ပြီး GAP စနစ်ဖြင့် ကောက်စိုက်သမ ၅ ဦးမှ စိုက်ပျိုးကြခြင်းဖြစ်ကြောင်း၊ အဆိုပါ နွေစပါးစိုက်ပျိုးရာသို့ အင်းတော်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဋ္ဌာနမှ ဒုဦးစီးမှူး ဦးစိုးရွှေ၊ ဒုလက်ထောက် ဦးစီးမှူး ဦးမင်းညွှန့်ဦး၊ စီပိန်းကျေးရွာ အထောက်အကူပြုကော်မတီဝင် ဦးသန်းဦးတို့မှ လာရောက်အားပေးကြည့်ရှု့ရာ လယ်ပိုင်ရှင် နွေစပါးစိုက်ပျိုးသူ ဦးချစ်ထွန်းမှ နွေစပါးစိုက်ပျိုးနေမှုကို လိုက်လံပြသခဲ့ကြောင်း သတင်းရရှိသည်။

အုန်းဒုတ်ကျေးရွာ မူလတန်းလွန်ကျောင်း ရေလောင်းအိမ်သာနှင့် စာသင်ခုံများ ပြုလုပ်ပြီးစီး
မော်လူး၊ ဇန်နဝါရီ ၃၁
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးကျေးရွာအုပ်စု၊ အုန်းဒုတ်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် လိုအပ်နေသည့် ရေလောင်းအိမ်သာနှင့် စာသင်ခုံများအတွက် ၂.၁၁.၂၀၁၄ ရက်နေ့က မွေးမြူရေးနှင့် ရေလုပ်ငန်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်မှ ငွေကျပ် ၁၇ သိန်းအား ပံ့ပိုးကူညီပေးမှုဖြင့် ဆောက်လုပ်ခဲ့သော ရေလောင်းအိမ်သာနှင့် စာသင်ခုံများ ပြုလုပ်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ရေလောင်းအိမ်သာနှင့် စာသင်ခုံများ ပြုလုပ်ပြီးစီးမှုကို အင်းတော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဋ္ဌာနမှ ဦးစီးမှူး ဦးမျိုးမင်းစိုး၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးသိန်းဆွေဝင်းတို့မှ ဇန်နဝါရီ ၃၀ ၇က်နေ့က လာရောက် ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ရာ အုန်းဒုတ်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စမ်းစမ်းအေးနှင့် ကျောင်းအကျိုးတော်ဆောင်ကော်မတီဝင်များ၊ အုန်းဒုတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဋ္ဌေးတို့မှ လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်