Saturday, June 14, 2014

ပိန်းတိန်းတိန်း ဝါးတားတားဆရာကြီးများ နှင့် မသိသေးသောမော်လူးသားများအတွက်

သိပြီးရင် မကြည့်ကြပါနဲ့

မသိသေးသူများအတွက်

၅၉ (စ)  ဆိုတာကို  ရှင်းပြထာတာပါ






















ဖားပန်ကျေးရွာတွင် မိုးကြိုးထိမှန်လို့ ကျွဲတစ်ကောင်သေဆုံး


ဖားပန်ကျေးရွာတွင် မိုးကြိုးထိမှန်လို့ ကျွဲတစ်ကောင်သေဆုံး
အင်းတော်၊ ဇွန် ၁၄
@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ ဖားပန်ကျေးရွာတွင် ၁၂.၆.၂၀၁၄ ရက်နေ့ နံနက် ၉ နာရီ အချိန်ခန့်တွင် လျှပ်စီးလိုက်ပြီး မိုးကြိုးပစ်ရာတွင် ကျွဲပေါက်ကြီးတစ်ကောင် မိုးကြိုးထိမှန်ပြီး သေဆုံးသွားကြောင်း သိရသည်။
"မိုးကြိုးပစ်တဲ့ အချိန်မှာ လျှပ်စီးကြောင်းတွေက တောင်ဘက်ကနေ မြောက်ဘက်ကိုလာတာ ဖြစ်တယ်။ အဲ့ဒီအချိန်မှာ ဖားပန်ရွာက ဦးတင်မောင်စိုးရဲ့ မီးဖိုချောင် ထရံနဲ့ တန်းတွေကို မိုးကြိုးထိမှန်လို့ အချို့ထရံစတွေက ပြတ်ထွက်သွားတယ်။ လျှပ်စီးလက်တဲ့ အချိန်မှာ ဦးတင်မောင်စိုးနဲ့ ဦးစိုးလင်းတို့လည်း မီးဖိုချောင်ထဲမှာ ဝိုင်းထိုင်ပြီး ရေနွေးကြမ်းသောက်နေကြတာရှိတယ်။ ထရံတွေ တန်းတွေ ပြတ်ထွက်သွားပေမယ့် လူ့ဘုန်းကံကြောင့်လားတော့ မသိဘူး။ သူတို့တွေကိုတော့ တစ်စုံတစ်ရာမှ ထိခိုက်မှု မရှိပါဘူး။ ဒါပေမယ့် စက်ခန်းထဲမှာ ဆန်ပြာနေတဲ့ ဦးတင်မောင်စိုးရဲ့ ဇနီးကတော့ မိုးကြိုးပစ်တဲ့ အချိန်မှာ ထရံစလေး လွင့်စင်လာလို့ ခြေထောက်မှာတော့ အနည်းငယ် ပွန်းပဲ့တဲ့ ဒဏ်ရာလေးတွေရခဲ့ပါတယ်။ ဒါပေမယ့် မစိုးရိမ်ရပါဘူး။ အားမကြီးတဲ့ အတွက် လူတွေမစိုးရိမ်ရပေမယ့် အိမ်ထိပ်မှာ ချည်ထားတဲ့ ခုနှစ်မိုးကျွဲပေါက်ကြီးကိုတော့ မိုးကြိုးထိမှန်လို့ ပွဲချင်းပြီးပဲ သေဆုံးသွားပါတယ်…." ဟု ဖားပန်ကျေးရွာ ရာအိမ်မှူး ဦးဝင်းချိုက ပြောကြားခဲ့သည်။ အဆိုပါ ဖားပန်ကျေးရွာတွင် လျှပ်စီးလက်မိုးကြိုးပစ်လို့ ဦးတင်မောင်စိုးရဲ့ ကျွဲပေါက်ကြီးတစ်ကောင် ဆုံးရှုံးမှုရှိခဲ့သော်လည်း ဆန်ပြာနေသည့် လူတစ်ဦးသာ အနည်းငယ် ပွန်းပဲ့ဒဏ်ရာရတဲ့ အဆင့်ရှိခဲ့သည်။ အခြားလူများမှာ ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သိရသည်။

LPN Mawlu news