Wednesday, August 31, 2016

မန်ဟဲသားfacebookပေါ်တက်ပြီးဆုတောင်းတယ်ဗျာ



အင်းတော်မြို့နယ်ထဲက မန်ဟဲရွာတွင်းမှာမူးယစ်ဆေးဝါးတွေရောင်းနေကြတာလူငယ်တွေပျက်စီးနေကြပါပြီ။ရွာတွင်းအုပ်ချုပ်ရေးပိုင်းကစည်းလုံးမှုကွဲနေပါတယ်။မူးယစ်ဆေးစွဲတဲ့လူငယ်များဟာခိုးမှုတွေကျူးလွန်နေကြပါပြီ။၂၉ရက်နေ့နံနက်၁နာရီအချိန်တွင် ပညာရေးဝန်ထမ်းတစ်ဦးနဲ့ကျန်တစ်အိမ်မှာ ဆန်/ဆီ/ဒန်အိုးတို့ပါ ခိုးယူထွက်ပြေးသွားပါပြီ။ဒါကြောင့်သက်ဆိုင်ရာမှအရေးယူပေးပါရန်မေတ္တာရပ်ခံပါသည်။

**************

တူတူပါကျုပ်တို့ရွာပိုဆိုးပါတယ်

 စက်တင်ဘာ ၁ရက်နေ့ နေကြတ်မည် " တဲ့ မြန်မာပြည်မှ မမြင်ရ



" စက်တင်ဘာ ၁ရက်နေ့ နေကြတ်မည် "

          စက်တင်ဘာ ၁ရက်နေ့ မြန်မာစံတော်ချိန် မွန်း
လွဲ ၁နာရီ ၄၈မိနစ်မှ ညနေ ၅နာရီ ၂၆မိနစ်အတွင်း
နေကြတ်မည်။
           နေကြတ်ခြင်းကို အာဖရိကတိုက် မဒါဂတ်စ
ကားကျွန်း အိန္ဒိသမုဒ္ဒရာ အတ္တလန္တိတ်သမုဒ္ဒရာတို့
မှ မြင်တွေ့ကြရမည်။ မြန်မာမှ မြင်တွေ့နိုင်မည်မ
ဟုတ်ပါ။
             ယခု နေကြတ်ခြင်းအမျိုးအစားသည် နေအ
ရစ်ကြတ်ခြင်း ( Annular Eclipse ) ဖြစ်သည်။
              ဂါဗွန်နိုင်ငံ ဖရန့်စီဗီလီမြို့ မဒါဂတ်စကားမှ
ဟာဂန်ကာမြို့ တိုအာမာဆီနာမြို့ ပြင်သစ်ရီယူနီယံ
မှ စိန့်ပေါမြို့ စိန့်ပီရီမြို့တို့မှ အလင်းတန်း အဝန်းအ
ဝိုင်းပုံနှင့် လက်စွပ်ကွင်းသဏ္ဍာန် ဖြစ်နေသော နေကို မြင်တွေ့ကြရမည်။
              နေအရစ်ကြတ်ချိန် မတိုင်မီနှင့် ကြတ်ပြီး
၁နာရီ ကာလတွင် နေအပိုင်းကြတ်ခြင်း ( Partial Eclipse)ကိုအာဖရိကဒေသအများစုမှမြင်တွေ့ကြရမည်။

Monday, August 29, 2016

ကျောင်းထောက်ပံ့ကြေးကွင်းဆင်းဆောင်ရွက် နမီးရွာမှာပြုလုပ်




ကျောင်းထောက်ပံ့ကြေးကွင်းဆင်းဆောင်ရွက်မှု

        စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်
အင်းတော်မြို့နယ်သို့ရောက်ရှိနေသော
Save the Children မှ Project Officer
ဒေါ်မိုးလွင်စိုးသည် နမီးကျေးရွာအခြေခံ
ပညာအလယ်တန်းကျောင်း(ခွဲ)တွင်ယနေ့
ညနေပိုင်း ၁၈:၄၅ နာရီတွင် ကျေးရွာရှိ
ကျောင်းထောက်ပံ့ကြေး/ပညာသင်ထော
က်ပံ့ကြေးကော်မတီများ နှင့်တွေ့ဆုံပြီး
ပညာရေးစီမံကိန်းများအပေါ်ဆွေးနွေးခြင်း
၊လေ့လာဆန်းစစ်အကဲဖြတ်ခြင်းများကို
ဆောင်ရွက်ခဲ့ပါသည်။

facebookမှ

လယ်ယာမြေကို မစိုက်ပျိုးဘဲ ခြံခတ်ထားပါက လယ်ယာမြေဥပဒေအတိုင်း အရေးယူမည်တဲ့ မဟုတ်ကောင်း


The Myanmar Reviews Journal
လယ်ယာမြေကို မစိုက်ပျိုးဘဲ ခြံခတ်ထားပါက လယ်ယာမြေဥပဒေအတိုင်း အရေးယူမည်
====================
ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ လယ်ယာမြေများကို စိုက်ပျိုးခြင်းမပြုလုပ်ဘဲ ခြံခတ်ထားပါက လယ်ယာမြေဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းဝင်းက ပြောသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၊ ဒုတိယပုံမှန်အစည်းအဝေး ၂၂ရက်မြောက်နေ့ တွင် ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေး မေးမြန်းသည့် “ဆန့်ကျင်ဖောက်ဖျက်ပြီး မိမိကိုယ်ကျိုးစီးပွား တစ်ခုတည်းအတွက်သာ ဆောင်ရွက်နေခြင်းများ ရှေ့ဆက်ပြီး မပေါ်ပေါက်စေရေးအတွက် မည်သို့ စီစဉ်ဆောင်ရွက်ထားခြင်း ရှိမရှိ” မေးခွန်းကို ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

`` ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ကားလမ်း၊ ရထားလမ်းဘေးမှာ ရှိတဲ့ လယ်ယာမြေတွေကို ၀ယ်ထားပြီး စိုက်ပျိုးမှုမလုပ်ဘဲ ခြံခတ်ထားတာတွေ ရှိပါတယ်။ ဒါကြောင့် လယ်ယာမြေဥပဒေ ပုဒ်မ ၁၉ အတိုင်း အရေးယူဆောင်ရွက်သွားမှာပါ``ဟု ဒေါက်တာထွန်းဝင်းက ပြောသည်။

ယင်းကဲ့သို့ အရေးယူဆောင်ရွက်မှုများအတွက် ပြစ်ဒဏ်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက လယ်ယာဥပဒေပုဒ်မ ၃၅၊ ၃၆တို့နှင့် ထပ်မံအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါက်တာထွန်းဝင်းက ဆက်လက်ပြောသည်။
`` ပိုက်ဆံရှိတဲ့သူအချို့က မြေစာရင်းက ၀န်ထမ်းတွေနဲ့ ပေါင်းပြီး ကားလမ်း၊ ရထားလမ်း ဘေးဘက်က လယ်ယာမြေတွေကို ၀ယ်ပြီး စိုက်ပျိုးခြင်းမလုပ်ဘဲ ခြံခတ်ထားပြီး အဆင့်ဆင့် ပြန်လည်ရောင်းချတာတွေ ပြုလုပ်နေကြတယ်။ ဒီနေ့အထိ ဥပဒေနဲ့ ထိထိရောက် မလုပ်ဆောင်နိုင်သေးတဲ့အတွက် ဒီမေးခွန်းကို မေးမြန်းရတာ ဖြစ်ပါတယ်``ဟု ဝေါမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေးက ပြောသည်။

လယ်ယာမြေများကို ၀ယ်ယူပြီး လယ်ယာစိုက်ပျိုးခြင်းမပြုလုပ်ဘဲ ထားရှိလိုပါက ခိုင်လုံသည့် အထောက်အထားဖြင့် သက်ဆိုင်ရာဌာနများထံ တင်ပြပြီး ခွင့်ပြုချက်ရရှိမှသာ ထားရှိနိုင်ကြောင်း ဥပဒေပြဋ္ဌာန်းထားသည်။ လယ်ယာမြေဥပဒေပုဒ်မ ၃၀က၊ခ အရ လယ်ယာမြေကို အခြားနည်းဖြင့် သုံးမည်ဆိုပါက သက်ဆိုင်ရာ အဖွဲ့စည်းအဆင့်ဆင့် ခွင့်ပြုချက်ရယူရမည်ဖြစ်သည်။ လက်ရှိတွင် တိုင်းဒေသကြီး၊ ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ကြီးကြပ်ပြီး ဥပဒေ ၊နည်းဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Timeline Photos ·

Sunday, August 28, 2016

ဟောင်းတုန်းရွာ ၂၄ နာရီ မီလင်းရေး လွှတ်တော်အမတ်ကြိုးစားပြီဗျာ




ဒီနေ့
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် အမှတ်၂တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်း
ဟောင်းတုံကျေးရွာ မီလင်းရေးအတွက် မြို့နယ်လျှပ်စစ်တာဝန်ရှိသူများနှင့် ကျေးရွာသူကျေးရွာသားများ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်

လော့ချရင်အလွယ်ပြန်ယူနိုင်စေဖို့ Facebook ID တင်နည်း လုပ်ထားစေချင်ပါသည်



Facebook  account  တွေ လော့ကျကြလို့  တစ်ခုပြီးတစ်ခုထပ်လုပ်နေရတော့  ကိုယ်တင်ထားတဲ့ပုံတွေ  friend တွေ
ဆုံးရှုံးတာပေါ့
ဒါကြောင့်  လောကျရင်  ပြန်ဆယ်ဖို့
မိမိမှတ်ပုံတင်နဲ့  မိမိ facebook  account  ကို
ID  တင်ထားကြပါစို့

ပြုလုပ်ပုံ ပြုလုပ်နည်းက
အောက်ကလင့်မှာ  http://www.swln.info/2016/03/facebook-idcard.html?m=1

လေ့လာပြီးလုပ်ယုံဘဲ
==========================
တိုက်ရိုက်သွားလုပ်တော့မယ်ဆို
အောက်ကလင်းကိုသွား
           https://mobile.facebook.com/help/contact/319547548123767?_rdr&refsrc=http%3A%2F%2Fwww.google.co.th%2Furl

မှတ်ချက်။     ။မှတ်ပုံတင် သို့မဟုတ်  ယာဉ်မောင်လိုင်စင်  ကဒ်ကိုတော့
ကြိုတင်  ထင်ထင်ရှားရှား ဓါတ်ပုံရိုက်ထားဖို့လိုတယ်

အထူးမှတ်ချက်==သူများဆိုဒ်က ခိုးယူလာသည်  မှားသွားလို့  ကော်ပီယူလာသည်။

Saturday, August 27, 2016

ကသာမှာ mpt ဆင်းကဒ်တွေ မှတ်ပုံတင်နိုက်ပြီတဲ့ ပိတ်ရက်မရှိ

free လို့တော့ပြောတာဘဲ

ဒို့ဝန်ကြီးချုပ်ကတော့ ပြောပြန်ပြီတစ်မျိုး ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ ထွေအုပ်ကို တိုက်ရိုက်စီမံအုပ်ချုပ်ရမည်ဟုဆို



ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ ထွေအုပ်ကို တိုက်ရိုက်စီမံအုပ်ချုပ်ရမည်ဟုဆို
Byသတင်းအဖွဲ့On  Sat, 2016-08-27 06:30Locationရန်ကုန်Issue No.No.1193 Saturday, August 27, 2016
ပြည်ထဲရေးဝန်ကြီးဌာန လက် အောက်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ထွေ အုပ်)များကို တိုင်းဒေသကြီးနှင့် ပြည် နယ်အစိုးရအဖွဲ့များက တိုက်ရိုက်ကွပ်ကဲ စီမံအုပ်ချုပ်မည်ဖြစ်ကြောင်း တိုင်းနှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူအ ချို့က ပြောသည်။

ရှမ်းပြည်နယ်စီမံကိန်းနှင့် စီးပွားရေး ၀န်ကြီးဦးစိုးညွန့်လွင်က ‘‘ထွေအုပ်ကို အစိုးရရဲ့ တိုက်ရိုက်ကွပ်ကဲမှု အောက်မှာ ထားရှိဖို့ဆိုတာ ညွှန်ကြားချက်တွေ ထွက် ပေါ်လာပြီ။ မကြာခင် အကူးအပြောင်း ဖြစ်သွားနိုင်ပါတယ်’’ဟု သြဂုတ် ၂၆ ရက် က တောင်ကြီးမြို့

မြို့တော်ခန်းမ၌ ပြုလုပ်သည့် ပြည်နယ်အစိုးရအဖွဲ့မှ ၀န်ကြီး လေးဦးနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲ၌ သတင်းထောက်များ ၏ မေးမြန်းမှုကို ဖြေကြားသည်။

Friday, August 26, 2016

သိသလိုလိုနဲ့ မှားတတ်တယ်လေ မမှားအောင်ပြန်မှတ်ထားကြပါအုန်း ရင်လွှမ်းတဘက်စောင်းအကြောင်း



ရင်လွှမ်းတဘက်စောင် အကြောင်း သိကောင်းစရာ
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷

အမျိုးသမီးများ ငယ်ငယ် ကြီးကြီး အသီးသီးသော ၀ိသဘာဂ=ရဟန်းများအတွက် ဆန့်ကျင်ဘက်အာရုံဖြစ်သော ဣတ္ထိယများ-
ကျောင်းဘုရားသွားသောအခါ ဘုရားရှင်နဲ့ ရဟန်းတော်များ ရှိခိုးဦးချ ကန်တော့သည့်အခါမှာ ရင်လွှမ်းတဘက်ကို အချိုးကျကျ အသုံးပြုကြရပေမည်။

ရင်လွှမ်းတဘက်ကို ယောဂီရောင်ဟုဆိုအပ်သော နီညိုရင့်ရောင်ကို အသုံးပြုပါ။

အရှည် အလျား ၄-ပေ ခန့်နှင့် အနံ ၁-ပေ ခွဲ= တစ်တောင်ခန့် ဆိုလျှင် သင့်လျှော်ပါသည်။

တဘက်ကို အသုံးပြုပုံ-
ဘယ်- ညာ မိမိအားသန်ရာ ပခုံးတစ်ဖက်ပေါ်သို့ တဘက်တစ်စကို ၁-ပေ ခွဲ လောက်ကို လက်နဲ့ တင်လိုက်ပါ။

 ရှေ့ဖက်မှာ ကျန်နေတဲ့ ၂-ပေ ခွဲ ခန့်ကို ရှေ့ရင်ဘတ်တပြင်လုံး ဖုံးကာမိအောင် လက်ဖြင့်ပြုပြင်ပါ။ 

အဖျားပိုင်းသည် မိမိ၏ ရှေ့ပိုင်း ၀မ်းပျဉ်း ပေါင် ဒူးများကိုပါ ကွယ်ကာမိအောင် အချိုးကျကျ ပြုပြင်လိုက်လျှင် ရဟန်းတော်များ၏ ရှေ့မှာ ဣနြေ္ဒရရ ဟိရိသြတ္တပ္ပ အရှက်အကြောက်ရှိရှိ ကြည်ညိုဖွယ်ရာ တင့်တယ်သော ဗုဒ္ဓဘာသာဝင် အမျိုးသမီး ဣနြေ္ဒရှင် ပီပီသသ ဖြစ်ပါပြီ။

ခုတော့ အဲ့သလို မဟုတ်ကျပြီ။

ထိုင် မလုံ၊ ထ ဖော်၊ ကုန်းရှိခိုး - နောက် ပေါ်။

လက်တစ်ဝါးစာ လက်ကိုင်ပ၀ါလေး ရှေ့မှာချခင်းပြီး လက်တင် ရှိခိုးဦးချနေကြတာက သူတို့လက် ဖုံမပေအောင် လုပ်သလိုပါဘဲ။ 

အကွယ်အကာမပါတော့ ရှေ့ကို ကုန်းပြီးဝတ်ချ- ပြန်ပြီးခါမတ်တော့ ရှေ့က မလုံခြုံပြန်ဘူး။
ကဲ ဒါလေးတွေလဲ အဆင်ပြေအောင် ပြုပြင်လိုက်ကြပါအုံး။

ဣနြေ္ဒယှဉ်သော ဣနြေ္ဒရှိသော အမျိုးသမီးကောင်းတို့- သိတယ်နော်။

ကျောင်း-ဘုရား ရဟန်းများ ထံတော်ပါးသွားတာ - Model Show-ပွဲ သွားသလိုတွေ သတိထားကြပေတော့။

မလုံမခြုံ ၀တ်စားဆင်ယင်မှုက အမျိုးသမီးများရဲ့ဘ၀ ပျက်စီးခြင်ရဲ့ အစပါပါဘဲ။ ။

{{{ ဘုရားကျောင်းကန်သွားမည့် အမျိုးသမီးများ သတိထားဖို့ }}}

=================================

ရှင်စောပု မိဖုရားကြီးက ဘုန်းကြီးကျောင်းသွားခါနီး သူ့အခြွေအရံများကို ပြောနေသည်မှာ -

((( ထိပ်ထား တစ်ခုသတိပေးချင်သေးတယ်။ သမီးတော်တို့ရော သေသေချာချာ နားထောင်ကြနော်။ 

ယခုမယ်မယ်တို့ သွားရမှာက ရဟန်းတော်တွေ သီတင်း သုံးတဲ့နေရာ၊ မယ်မယ်တို့ ချယ်သထားတာက တကယ့်ပွဲလမ်းသဘင် သွားမယ့်အတိုင်းပဲ။ 

မိန်းမတစ်ရောက်ရဲ့ ၀တ်စားဆင်ယင်မှုနဲ့ အမူအရာတွေ ဟာ ဆန့်ကျင်ဘက် ဖြစ်တဲ့ ပုရိသတွေကို ဆွဲဆောင်နိုင်စွမ်းရှိတယ်။ အဆန်း တကြယ် ပြင်ဆင်မွမ်းမံမှုက ညှို့ယူလိုက်တဲ့အတွက် သူတို့မှာ ပူလောင်တဲ့ ဆန္ဒ ဖြစ်လာနိုင်တယ်လေ။

ဒီလို သူ့စိတ်ကို အမှောင်ရိပ်လွှမ်းသွားတာနဲ့ တပြိုင်နက် သူ့မှာ အပြစ်ဖြစ်ရ သလို သူ့ကိုပူလောင်အောင် ၀တ်ဆင်ထားတဲ့ မိန်းမမှာလည်း တန်းတူ အပြစ်ဖြစ်ရတယ်။ ဒီတော့ ကိုယ့်ရဲ့ အနေအထိုင်ကြောင့် တစ်ပါးသူတစ်ဦးကို ဘယ်တော့မှ အမှောင်မလွှမ်းသွားပါစေနဲ့။

သမီးတော်တို့ . . . ရဟန်းတော်တွေဆိုတာကလည်း အာသဝေါ ကုန်းခမ်းကြ သေးတာ မဟုတ်ဘူး။ ပုထုဇဉ်တွေပဲဖြစ်လို့ ပြာဖုံးနေတဲ့ မီးခဲတွေပါပဲ။ ဒီမီးခဲ တွေကို သမီးတော်တို့ရဲ့ တပ်မက်စရာ ရူပါရုံဆိုတဲ့ လေပြေတစ်ချက်မွေ့ လိုက်ရင် . . . ထိပ်ထား မဆက်ပါရစေနဲ့တော့ကွယ် . . . ။

ဒါကြောင့် သင့်တင့်ရုံပဲ ပြင်ဆင်ကြ၊ ခေါင်းကပန်းတွေဖြုပ်လိုက်။ မှုံနံ့သာတွေ ကိုလည်း ဖျက်လိုက်ကြပါဦး။ လုံလုံခြုံခြုံဝတ်ဆင်ပြီး မြင်ရသူစိတ်ထဲမှာ နှမငယ် သမီးငယ်တစ်ယောက်လို ကရုဏာပွားလာအောင် ပြောဆို ဆက်ဆံ ကြပါကွယ် )))

မသန်းသန်း (မန်းတက္ကသိုလ်)၏ ရှင်စောပု အမည်ရှိ စာအုပ်မှ။

ဒါကြောင့်ဆရာတော်ဘုရားကြီးတွေ ဆုံးမကြတယ်။

{{{ ပစ္စည်း ၊ မာတု ၊ ထိုနှစ်ခု
ဘိက္ခု သေမင်း ဓားနှစ်စင်း }}} တဲ့. . . .

အရမ်းကောင်းတယ်ထင်လို့ ပြန်လည်မျှဝေပေးလိုက်ပါသည်။ ။ ။

အရှင်သာသန(ပုလောမြေ)

ပညာရေးဝန်ထမ်း ကျန်းမာရေးဝန်ထမ်း လုပ်လိုသူများ ခေါ်နေပြီ ၁၀ တန်းအောင်ရန်တာလိုသည်

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်နေထိုင်သောဒေသခံများခင်ဗျား
ပညာရေး/ကျန်းမာရေးဝန်ထမ်းများလျှောက်ထားနိုင်ပါကြောင်း

-----------


မဟာဘွဲ့ရထားသူများ တက္ကသိုလ်ဆရာခေါ်ပြီ အထူးအခွင့်အရေး ဖြစ်နိုင်ပါသည်




မဟာဘွဲ့ရထားပြီး နည်းပြဆရာ ပြန်လုပ်
ဖို့ ရည်ရွယ်ထားသူများ အလုပ်ခေါ်နေပါပြီ။
သက်ဆိုင်ရာ တက္ကသိုလ်တွေမှာ စုံစမ်းပါ။
------------
မိုးညှင်းဒဂရီကောလိပ်လည်းပါသည်
မော်လူးဒေသမှ မဟာဘွဲ့ ရထားသူများ
ကံကောင်းကြပါစေကြောင်း ဆုတောင်းပေးလိုက်ပါသည်။

Thursday, August 25, 2016

စေတနာနဲ့ မီတာခ တွက်ချက်ပုံ ရှင်းပြသလိုလိုလုပ်ပြီး ပစ္စည်းကြော်ငြာ ဝင်းထားတယ်



အိမ်တိုင်း ၊ လုပ်ငန်းတိုင်း မှာမရှိမဖြစ်တာကတော့ လျှပ်စစ်မီတာပဲဖြစ်ပါတယ်။
လစဉ်လတိုင်းမီတာစာရွက်လာလျှင် ပုံမှန်ဘေဆောင်ရသော်လည်း ယူနစ် ၁ ယူနစ်၏တွက်ချက်ခြင်းအား လစ်လျှူရှု့မိကျမည်မဟုတ်လား?

ကြော်ငြားပေးတာမဟုတ်ပါဘူး သိသင့်လို့ 


- နှုန်းထား - 

မြန်မာ့လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ၂၀၁၄ခုနှစ်တွင်အသစ်ထုတ်ပြန်ထားသောနှုန်းထားများအရ

အိမ်သုံးလျှပ်စစ်မီတာတွင် ၁ လလျှင် -
ယူနစ် ၁၀၀ အောက်လျှင် ၃၅ ကျပ်
ယူနစ် ၁၀၁-၂၀၀လျှင် ၄၀ ကျပ်
ယူနစ် ၂၀၀ နှင့် အထက်လျှင် ၅၀ ကျပ်စသည်ဖြင့် သတ်မှတ်ထားပါသည်။

လုပ်ငန်းသုံးလျှပ်စစ်မီတာတွင် ၁ လလျှင် -
ယူနစ် ၅၀၀ အောက်လျှင် ၇၅ ကျပ်
ယူနစ် ၅၀၁-၁၀၀၀၀လျှင် ၁၀၀ ကျပ်
ယူနစ် ၁၀၀၀၁-၅၀၀၀၀လျှင် ၁၂၅ ကျပ်
ယူနစ် ၅၀၀၀၁-၂၀၀၀၀၀လျှင် ၁၅၀ ကျပ်
ယူနစ် ၂၀၀၀၀၁-၃၀၀၀၀၀လျှင် ၁၂၅ ကျပ်
ယူနစ် ၃၀၀၀၀၁ နှင့် အထက်လျှင် ၁၀၀ ကျပ်စသည်ဖြင့် သတ်မှတ်ထားပါသည်။

- တွက်ချက်နည်း -

လျှပ်စစ်မီးအား ၁ ယူနစ်ကို kWh (kilowatt hour) ၊ ၁ နာရီလျှင် ဝပ် ၁၀၀၀ ဆိုပြီးသတ်မှတ်ထားပါသည်။

လျှပ်စစ်မီးပစ္စည်းတိုင်းတွင် မီးအားစားနှုန်းများပါရှိပါသည်။
(ဥပမာ၊ ၄ ပေ မီးချောင်း - ဝပ် ၄၀၊ လျှပ်စစ်ထမင်းပေါင်းအိုး - ဝပ် ၇၀၀ ၊ စသည်ဖြင့်)

လျှပ်စစ်အား ၁ ယူနစ်တွက်ချက်ရာတွင် အောက်ပါတွက်ချက်နည်းအားအသုံးပြုရပါမည်။
(မီးအားစားနှုန်း / ၁၀၀၀ x အသုံးပြုသောအချိန်နာရီ x ၁ ယူနစ်နှုန်းထား = ကုန်ကျငွေတန်ဖိုး)

ဥပမာ ၁ -
၇၀၀ ဝပ် လျှပ်စစ်ထမင်းပေါင်းအိုးအား မိနစ် ၃၀ ခန့်အသုံးပြုလျှင် 
(၇၀၀ ဝပ် x ၀.၅ နာရီ / ၁၀၀၀ x ၃၅ကျပ် = ၁၂.၂၅ ကျပ်) 
စုစုပေါင်း ၁၂.၂၅ ကျပ်ကျသင့်မည်ဖြစ်ပါသည်။

ဥပမာ ၂ -
၎ ပေ မီးချောင်း ၄ ချောင်း (၄၀ ဝပ်  x ၄ = ၁၆၀ ဝပ်)၊ ၁ ကောင် အဲယားကွန်း ၁ လုံး (၇၅၀ ဝပ်)၊ ၁၅၀ ဝပ် တီဗွီ ၁ လုံး (၁၅၀ ဝပ်) စုစုပေါင်း ၁၀၆၀ ဝပ်  အား ၁ နာရီခန့်အသုံးပြုနေချိန်တွင်
(၁၀၆၀  ဝပ် x ၁ နာရီ / ၁၀၀၀ x ၃၅ကျပ် = ၃၇ ကျပ်) 
စုစုပေါင်း ၃၇ ကျပ်ကျသင့်မည်ဖြစ်ပါသည်။

ကဲ! အဲသည်တော့လျှပ်စစ်မီတာခတွေသက်သာစေဖို့ "ဟန်ကွမ်း" LEDကို မိတ်ဆက်ပေးပါရစေ။

၂ နှစ် အာမခံ အရေအသွေးပြည့်မှီသော "ဟန်ကွမ်း" အမှတ်တံဆိပ် LED မီးပစ္စည်းများ၏အားသာချက်များသည် -

• သာမန် ဖန်ချောင်း ၊ မီးကွေးများထက် အလင်းအားကောင်းခြင်း၊
• လျှပ်စစ်မီတာခ ထက်ဝက်အထိသက်သာခြင်း၊
• မီးထွန်းချိန်ကြာမြင့်သော်လည်း မီးအရောင်ပြောင်းခြင်း မရှိခြင်း၊
• ရေးသားထားသောမီးအားအတိုင်း အလင်းအားအပြည့်ရရှိခြင်း၊
• အချိန်နာရီ ၅ဝဝဝဝ အထိ တာရှည်အထွန်းခံခြင်း၊
• ပုံစံသေသပ်လှပခြင်း၊
• အာမခံချက်ရှိခြင်း တို့ဖြစ်ပါသည်။

ရရှိနိုင်သောပစ္စည်းများ အား မီးအလင်းရောင်ကာလာ (3000K အဝါရောင်) ၊ (4500K အဝါနုရောင်) ၊ (6500K အဖြူရောင်) သုံးမျိုးလုံးရရှိနိုင်ပါသည်။

• ဖရိမ်ပါ T5 LED မီးချောင်း - (၂ ပေ ၊ ၃ ပေ ၊ ၄ ပေ)
• ဖရိမ်ပါ T8 LED မီးချောင်း - (၂ ပေ ၊ ၄ ပေ)
• ဖရိမ်မပါ T8 LED မီးချောင်း - (၂ ပေ ၊ ၃ ပေ ၊ ၄ ပေ)
• မီးသီး (E27 အရစ်) – (3W / 5W / 7W / 9W / 11W)
• မျက်နှာကြက်ဒေါင်းလိုက် – (3W / 5W / 7W / 9W / 12W / 15W / 18W)
• COB မျက်နှာကြက်ဒေါင်းလိုက် – (5W / 8W / 10W / 15W / 20W / 25W / 30W / 40W)
• COB ဆလိုက်မီး - (10W / 20W / 30W / 50W / 60W / 70W / 100W)
• SMD ဆလိုက်မီး - (30W / 50W / 100W / 150W / 200W)
• LED လမ်းမီးများ - (60W / 90W / 120W)

လူနေအိမ် ၊ ရုံးခန်း ၊ အထည်ချုပ် ၊ စက်ရုံ ၊ ဟိုတယ် နှင့် အခြားဆောက်လုပ်ရေးလုပ်ငန်းများအတွက် အထူးသင့်တော်ပါသည်။

ဟန်ကွမ်း အမှတ်တံဆိပ် LED လျှပ်စစ်ပစ္စည်းများအား လက်လီ၊လက်ကား ဝယ်ယူရန် အရောင်းကိုယ်စားလှယ်များ -

A1 လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေး (လမ်း ၃၀) 
ဖုံးနံပါတ်: 01- 246423 , 01- 385285 , 01-552604

ပဲခူးလျှပ်စစ် (၂၉ လမ်း)
ဖုံးနံပါတ်: 01-387775 , 09-5192892 , 09-73901256

မင်္ဂလာလျှပ်စစ်ပစ္စည်းရောင်းဝယ်ရေး (အနော်ရထာလမ်း ၊ ၂၉ လမ်း နှင့် ရွှေဘုံသာလမ်းကြား)
ဖုံးနံပါတ်: 01-701675 , 01-372801 , 09-43122866

ကျော်နိုင်လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေး (၂၈ လမ်း)
ဖုံးနံပါတ်: 01-242058 , 01-378960

ဖြန့်ချိရေး: -
Ever Top Trading Co., Ltd.
ဖုံးနံပါတ်: 01-210891 / 01-224766

Wednesday, August 24, 2016

ပုဂံမှာ ငလျင်လှုပ်တာတဲ့ ဒီနေ့ညနေတဲ့






ငလျင်ကြောင့် ပုဂံရှိဘုရားစေတီများ ပြိုကျပျက်စီး
#Earthquake #Update
မြေငလျင်လှုပ်ခတ်မှုကြောင့် ပုဂံမြို့ရှိ နာမည်ကြီးဘုရားစေတီများ ပြိုကျပျက်စီးခဲ့ပြီး လူနေအိမ် အများအပြားလည်း ပျက်စီးသွားကြောင်း သတင်းရရှိသည်။
ပုဂံမြို့ရှိ ထီလိုမင်းလိုဘုရား၊လောကနန္ဒာဘုရား၊ အာနန္ဒာ၊ သဗ္ဗေညု ၊ဓမ္မရံကြီး ၊ဂူပြောက်ငယ် ဘုရား၊ ရွှေလိပ်တူးဘုရားနှင့် စေတနာကြီးဘုရား စသည့် ဘုရားအပါအဝင် ကျန်ဘုရားများလည်း ထီးတော်မြေခမှု၊ အနည်းငယ် ပျက်စီးမှုများ ရှိကြောင်း သတင်းရရှိသည်။
လက်ရှိ ကောက်ယူထားသည့် စာရင်းများအရ ပုဂံဘုရား ၁၁ဆူ ထိခိုက်မူရှိခဲ့ပြီး ဘုရားစေတီများ ပျက်စီးမူ များပြားသည့်အတွက် ထိခိုက်ပျက်စီးမူ အခြေအနေအား 
အသေးစိတ် ကောက်ယူလျှက်ရှိကြောင်း ရှေးဟောင်းသုတေသန ၊အမျိုးသားပြတိုက်နှင့် ယဉ်ကျေးမူ ဦးစီးဌာနမှ သိရသည်။
" ဘုရားစေတီတွေ ထိခိုက်မူ တော်တော်များပါတယ် ၁၁ဆူထက်ပိုပါတယ် ၊အခုမှ စာရင်းကောက်ယူနေတုန်း ဖြစ်တဲ့အတွက် အတိအကျတော့ မသိရသေးပါဘူး " 
ရှေးဟောင်းသုတေသန ၊အမျိုးသားပြတိုက်နှင့် ယဉ်ကျေးမူ ဦးစီးဌာန ပုဂံရုံးခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်ကပြောသည်။
ဓာတ်ပုံ-မင်းနိုင်အောင်၊ ဂျက်မ

facebookမှ

#Eleven_News_Update
ယနေ့ ညနေပိုင်းက လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မကွေးတိုင်း ရေနံချောင်းမြို့၊ မြို့မဈေးကြီး အရှေ့ဘက်ရှိ ကျမ်းကိုင်ဘုရားဝင်း အတွင်းရှိ စေတီတော်တစ်ဆူ ကိုယ်လုံးတော်မှ အုတ်ချပ်များ ပေါက်ထွက်၍ စိန်ဖူးတော်လည်း မြေခခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
အဆိုပါ ငလျင်မှာ ယနေ့ (သြဂုတ်လ ၂၄ ရက်) ညနေ ၅ နာရီ ၅ မိနစ်ခန့်က လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး မန္တလေး မြေငလျင်စခန်းမှ အနောက်တောင်ဘက် (၁၂၃) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ချောက်မြို့၏ အနောက်ဘက် (၁၂) မိုင်ခန့်အကွာ) ကို ဗဟိုပြု၍ အင်အားရစ်(ခ်) တာ စကေး (၆.၈)အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခုဖြစ်သည်။

■ အောင်သူငြိမ်း

Tuesday, August 23, 2016

မော်လူးဒေသ သားတွေ အဆင်ပြေပြီ ကသာမှာ MPT Sim card Registeration စတော့မည်




ကသာမှာ MPT Sim card Registeration စတော့မည်

၂၆ ၈ ၂၀၁၆ မှ စတင်၍ ကသာမြို့ အော်တိုအိတ်ချိန်းရုံးတွင်  ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်
မနက် ၇ ၃၀ မှ ည ၇ ၃၀ ထိ ပိတ်ရက်မရှိ ၃၁ ၃ ၂၀၁၇ ထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်
MPT sim card ဝယ်ယူစဉ်က စာချုပ်ရရှိခဲ့ပါက်ထပ်မံဆောင်ရွက်ရန်မလိုပါ သို့သော် အကြောင်းအမျိုးမျိုးကြောင့် အသစ်ထပ်မံregisteration ပြုလုပ်လိုလျှင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်

မည်သည့် MPT sim card ကိုမဆို အခမဲ့ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်

registeration ဆောင်ရွက်မည်ဆိုလျှင် register လုပ်မည့် sim card  ကို အဝင်အထွက် စမ်းသတ် ခေါ်ဆိုနိုင်ရန် မဖြစ်မနေ တပါးတည်းယူဆောင်လာရပါမည်
မှတ်ပုံတင်မည့်သူ၏ နိုင်ငံသား စီစစ်ရေးကဒ် သို့မဟုတ် ကျောင်းသားကဒ် သို့မဟုတ် ယဉ်မောင်းလိုင်စင်ကဒ် မိတ္တူ ၃ စောင် မဖြစ်မနေ တပါတည်း ယူဆောင်လာရပါမည်

စာချုပ်တွင် sim card ၏ ID နံပတ်ကို ထည့်သွင်းရမည် ဖြစ်ပါသဖြင့် လုပ်ငန်းလျှင်မြန်စေရန် sim card ဝယ်ယူစဉ်က ပါခဲ့သော ဘေးသားကဒ် ယူဆောင်လာရမည်ဖြစ်ပါသည် သို့သော် ဘေးသားကဒ် မပါခဲ့လျှင်လည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည် သို့သော် ၁၅ မိနစ်မှ ၃၀ မိနစ်ခန့်ထိ  ID နံပတ် စုံစမ်းရန် အချိန်အနည်းငယ် ပေးနိုင်ရမည်ဖြစ်ပါသည်

MPT sim card ပျောက်ခြင်း ပျက်ခြင်း သက်တမ်းလွန်ခြင်း တို့ကိုလည်း ရုံးဖွင့်ရက်တွင် ချက်ခြင်းရအောင် ကသာအိတ်ချိန်းရုံးတွင် ဆောင်ရွက်ပေးလျှက်ရှိပါသည်

အသေးစိတ်သိလိုပါက ၀၉ ၄၂၃၀၀၃၈၂၁ နှင့် ၀၉ ၄၀၀ ၅၅ ၁၂၃၄ သို့ စုံစမ်းမေးမြန်နိုင်ပါသည်

MPT ကို အားပေးမှုအတွက် အထူးကျေးဇူးတင်ပါသည်

Moving Myanmar Forward

ရှေ့သို့လှမ်းချီ MPT

မော်လူးမြို့ အရှေ့ကျောင်းတိုက်ဆရာတော် ဦးနန္ဒောဘာသ ဘဝနတ်ထံစံလွန်တော်မူခြင်း  (၅ )နှစ်ပြည့် ဆွမ်းသင်္ကန်းကပ် ဓမ္မသဘင်ကျင်းပ ပူဇော်မည်




မော်လူးမြို့ အရှေ့ကျောင်းတိုက်ဆရာတော်
ဦးနန္ဒောဘာသ ဘဝနတ်ထံစံလွန်တော်မူခြင်း
 (၅ )နှစ်ပြည့် ဆွမ်းသင်္ကန်းကပ် ဓမ္မသဘင်ကျင်းပ ပူဇော်မည်
၁၃၇၈ ခုနှစ် ဝါခေါင်လပြည့်ကျော် (၁၀ )ရက်၁၃၇၆ ခုနှစ် ဝါခေါင်လပြည့်ကျော်  ၁၄  ရက်

မော်လူးမြို့
အရှေ့ကျောင်းတိုက်ဆရာတော်
ဆရာတော် ဦးနန္ဒောဘာသ မဟာထေရ်
စံလွန်တော်ခြင်း
ငါးနှစ်ပြည့်
အာစရိယဂုဏ ပူဇာ ဆွမ်းသင်္ကန်းကပ်
မင်္ဂလာကျင်းပမည်
တပည့်တကာ တကာမအပေါင်းတို့အား
အကြောင်းကြားသိစေပါသည်

ဒီတစ်ခါတော့တရားဝင်ပြောပြီ အခြေခံပညာက ဝန်ထမ်းများ လစာတိုးမည်တဲ့



အခြေခံပညာဝန်ထမ်းများကို လစာတိုးပေးမည်
===============
အခြေခံပညာရေးတွင် တာဝန်ထမ်းဆောင်နေသည့် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမ များကို လစာတိုးပေး
သွားမည်ဖြစ်ကြောင်း အခြေခံပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သန်းဦးက ပြောသည်။
`` အခြေခံပညာရေးတွင် တာဝန်ထမ်းဆောင်နေတဲ့ ဆရာ၊ဆရာမတွေကို လစာတိုးပေးသွားဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ ရက်ကိုတော့ အတိအကျ မပြောနိုင်သေးပါဘူး။ အခြေခံဦးစီးဌာနမှာ ငွေ၁၀၀ရရင် ၈၅ ရာခိုင်နှုန်းက အခြေခံပညာမှာရှိတဲ့ ဆရာ၊ဆရာမ ၀န်ထမ်းတွေအတွက် အသုံးပြုတာပါ။ ဒါကြောင့် လစာတိုးပေးဖို့ စီမံချက်ရှိပါတယ်``ဟု ဦးအောင်သန်းဦးက ပြောသည်။
အစိုးရသစ်၏ ပထမ ရက် ၁၀၀ ကာလအတွင်း ပညာရေးဝန်ကြီးဌာန၏ ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်ပြီး သြဂုတ်လ၂၃ရက်က နေပြည်တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် အခြေခံပညာရေးဝန်ထမ်း ဆရာ၊ဆရာမ များကို လစာတိုးပေးရန် အစီအစဉ်များပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။ အခြေခံပညာဦးစီးဌာနတွင် ဆရာ၊ဆရာမအပါအ၀င် ၀န်ထမ်းအင်အား ၄သိန်းကျော်ရှိကြောင်း သိရသည်။

Monday, August 22, 2016

မော်လူးဒေသ မှ ၂၀၁၆ တက္ကသိုလ်ဝင်တန်းစာမေးပွဲ top 10 ဝင် ကျောင်းသူလေး ဆုတက်ယူ



ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ ဒုတိယအကြိမ်ပါတီညီလာခံမှာ
top  10  အဆင့်ဝင်  ကျောင်းသူတွေကိုဆုပေးတော့
မော်လူးဒေသ  စီပိန်းရွာ  ကျောင်းသူလေးလည်း  ပါတော့ပေါ့

မော်လူးဒေသသားတွေအတွက် ဂုဏ်ယူစရာပါ။
--------

မော်လူးဒေသသားများ မအဖို့ ဖတ်ထားကြပါစို့


သားသမီးရအောင်ပြုလုပ်ပေးမည်ဟု အာမခံကာ ငွေကျပ်သိန်းပေါင်း ၁၂၀၀ ကျော် လိမ်လည်
22.8.2016
ကချင်ပြည်နယ် မိုးညှင်းမြို့မှာ အမျိုးသမီး ၅ ဦးကို သားသမီးရစေရမယ်လို့ အာမခံပြီး ငွေကျပ်သိန်း ၁၂,၀၄၅၅,၀၀၀ (တစ်ထောင့်နှစ်ရာလေးသိန်းငါးသောင်းငါးထောင်) လိမ်လည်မှု တခု ဖြစ်ပွားခဲ့ပါတယ်။
ဖြစ်ပွားပုံမှာ မိုးညှင်းမြို့ပျော်ဘွယ်ကျေးရွာနေ ဦးစံအေးနဲ့ ဒေါ်စန္ဒာခိုင်တို့က သားသမီးရအောင် ပြုလုပ်ပေးနိုင်တယ်လို့ သိရတဲ့အတွက် မိုးညှင်းမြို့နဲ့အနီးရွာမှ အမျိုးသမီး ၅ ဦးတို့က ၂၀၁၅ ခုနှစ် ဇွန်လမှစပြီး သားသမီးရလိုတာကြောင့် သွားရောက်ဆေးကုသခံခဲ့ကြတယ်လို့ ဆိုပါတယ်။
၂၀၁၆ ခုနှစ် ဇန်နဝါရီလ ရောက်တဲ့အထိ သားသမီးမရှိဘဲ နည်းအမျိုးမျိုးနဲ့ ၎င်းတို့ထံကနေ အကြိမ်ကြိမ်လိမ်လည် ငွေတောင်းယူခဲ့ကြတဲ့ ဦးစံအေးနဲ့ ဒေါ်စန္ဒာခိုင်တို့ ၂ ယောက်ကို နားခါရပ် အုပ်ချုပ်ရေးမှူး ဦးမြင့်အေး၊ ဟဲလုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သောင်းတို့ထံ တိုင်ကြားပြီး ရပ်ကွက်ရုံးကတဆင့် ခေါ်ပေမယ့်လည်း မလာခဲ့တာကြောင့် မိုးညှင်းမြို့မရဲစခန်းသို့ လိမ်လည်ခံရတဲ့ အမျိုးသမီး ၅ ဦးက သွားရောက်တိုင်တန်းခဲ့ကြပါတယ်။
မိုးညှင်းမြို့မရဲစခန်းမှ အမှုစစ်ဒုရဲအုပ်စည်သူအောင်က (ပ)၁၀၀/၁၆ ရာဇသတ်ကြီးပုဒ်မ ၄၂၀၊ (ပ)၁၀၁/၁၆ ရာဇသတ်ကြီးပုဒ်မ ၄၂၀၊ (ပ)၁၀၂/၁၆ ရာဇသတ်ကြီးပုဒ်မ ၄၂၀၊ (ပ)၁၀၃/၁၆ ရာဇသတ်ကြီးပုဒ်မ ၄၂၀၊ (ပ)၁၀၄/၁၆ ရာဇသတ်ကြီးပုဒ်မ ၄၂၀ တို့နဲ့ သြဂုတ်လ ၁၉ ရက် ၁၁ နာရီ ၅၀ မိနစ်အချိန်က အမှုဖွင့်အရေးယူခဲ့တယ်လို့ သိရပါတယ်။
ခရိုင်ကျန်းမာရေးဦးစီးဦးစီးဌာနမြို့နယ် ကျန်းမာရေးဦးစီးမှူးအရာရှိ ဦးလှဌေးနဲ့အဖွဲ့ကလည်း သက်သေမြို့နယ်ထွေအုပ် ဒုဦးစီးမှူးဖြိုးကိုကို၊ မြို့မရဲစခန်မှ ဒုစခန်းမှူး ရဲအုပ်စောအောင်ဝင်းဝင်း၊ ဒုအုပ်ဇော်ထက်ပိုင်၊ ဟဲလုံကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတို့နဲ့အတူ ဦးစံအေးနဲ့ ဒေါ်စန္ဒာခိုင်တို့ နေအိမ်နေအိမ်ကို ရှာဖွေခဲ့ကြပါတယ်။
၎င်းတို့နှစ်ဦးကို နေအိမ်မှာတွေ့ရပြီး ဆက်လက်ရှာဖွေရာ နိုင်ငံတော်မှ ခွင့်ပြုချက်မရှိဘဲ တင်သွင်းအသုံးပြုထားတဲ့ ဆေးဝါးများဖြစ်တဲ့ ANAGININJECTION ၄ ကတ်၊ MULTIVIDAIDAINJECTION ၃ ကတ်၊ DICLOFEMOCSODIOUN ၃ ကတ်၊ DICNO-M စားဆေးတဗူးနဲ့ ဆေးကုသရာမှာအသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကို ရှာဖွေတွေ့ရှိခဲ့တဲ့အတွက် ရဲအုပ် စောအောင်ဝင်းဝင်းက (ပ)၉၉/၁၆ ၁၉၉၂ ခုနှစ် အမျိုးသားဆေးဝါးဥပဒေပုဒ်မ ၁၈ အရ အမှုဖွင့်အရေးယူခဲ့တယ်လို့ သိရပါတယ်။
ဦးစံအေးနဲ့ ဒေါ်စန္ဒာခိုင်တို့ လိမ်လည်ယူခဲ့တဲ့ ငွပမာဏမှာ ပထမအမျိုးသမီးထံက ၃၃၂၉၅၀၀၀ ကျပ်၊ ဒုတိယအမျိုးသမီးထံက ၂၃၃၆၀၀၀၀ ကျပ်၊ တတိယအမျိုးသမီးထံက ၄၆၈၉၇၀၀၀ ကျပ်၊ စတုထ္ထအမျိုးသမီးထံက ၁၂၉၉၀၀၀၀ ကျပ်၊ ပဉ္စမအမျိုးသမီးထံက ၃၉၁၃၀၀၀ ကျပ် စုစုပေါင်း ၁၂၀၄၅၅၀၀၀ ကျပ်ဖြစ်တယ်လို့ မိုးညှင်းမြို့မရဲစခန်းမှ သိရပါတယ်။
DVB

မော်လူးသားလေးပါဝင်သော U 19 ဘောလုံးပွဲကို အားပေးကြစို့

U-19  မြန်မာ့လက်ရွေးစင်  ဘောလုံကစားသမားများ

Sunday, August 21, 2016

မော်လူးဒေသမှာလည်း အဲ့ဒီလိုစိန်ခေါ်တဲ့သူ ပေါ်လာရင်ကောင်းမှာ

ကဲ ဝန်းသိုမှာတော့ ပြည်သူကရဲကိုစိန်ခေါ်ပြီ မူးယစ်ရာဇာတွေကိုဖမ်းနိုင်ရင် ကားဆုချမယ်ဆိုပါလား


Friday, August 19, 2016

မော်လူးဒေသက ၁၀ တန်းအောင်ကျောင်းသား/သူလေးများ အင်တော် ထိသွားစရာ မလိုတော့ဘူးတဲ့




ယနေ့နံနက်[၁၁]နာရီအချိန်ကစပြီး.မော်လူးအထကမှ ၂၀၁၆.ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအားတက္ကသိုလ်လမ်းညွှန်နဲ့ဝင်ခွင့်လျှောက်လွှာများထုတ်ပေးလျက်ရှိရာ.၁၂၅.ဦးထုတ်ယူခဲ့ကြပြီးဖြစ်ပါကြောင်း...ဒီနှစ်မှာတော့အလွတ်ဖြေဆိုအောင်မြင်သူများကိုပါမော်လူးအထကမှာပဲထုတ်ပေးရတာမို့..အလွတ်ဖြေအောင်မြင်သူတွေ.အင်းတော်မှာသွားထုတ်ရတဲ့ဒုက္ခလွတ်မြောက်သွားတာတော့ဝမ်းသာစရာပါပဲ....

facebook  မှ

Thursday, August 18, 2016

ယခုနှစ်တက္ကသိုလ်ဝင်ခွင့်လျှောက်သူတွေအတွက်သတင်းကောင်း



ယခုနှစ်တက္ကသိုလ်ဝင် ခွင့်လျှောက်ထားသူများသည် သက်ဆိုင်ရာ ရဲစခန်း၊ မြို့နယ်၊ ရပ်ကွက်နှင့် မြို့နယ် ကျန်းမာရေး ဌာန၏ထောက်ခံစာများ ယူရန်မလိုဘဲ ၀င်ခွင့်လျှောက်လွှာပုံစံအိတ် ဖြင့်သာ လျှောက်ထားရမည်ဖြစ် ကြောင်း အဆင့်မြင့်ပညာဦး စီးဌာနမှ သတင်းရရှိသည်။

၂၀၁၆ တက္ကသိုလ်ဝင်စာမေး ပွဲအောင်မြင်သူများ၏ တက္ကသိုလ် ၀င်ခွင့်လျှောက်လွှာများကို အ ဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန် ရုံးခွဲ)မှ ဖွင့်လှစ်ထားသည့် ပညာ ရေးတက္ကသိုလ် အားကစားခန်းမ ၌ သြဂုတ် ၁၈ ရက်တွင် စတင် လက်ခံလျက်ရှိသည်။

တက္ကသိုလ်ဝင်ခွင့်လျှောက် လွှာလက်ခံရာတွင် တက္ကသိုလ်ဝင် ခွင့်လျှောက်လွှာပုံစံအိတ်၌ ပါ ဝင်သည့် လျှောက်လွှာများ၊ သက် ဆိုင်ရာ ကျောင်းမှ ထုတ်ပေးသည့် အမှတ်စာရင်းနှင့် အရည်အချင်း မှတ်တမ်းလွှာစုံ၊ မစုံစစ်ဆေး၍ လက်ခံခဲ့ပြီး အခြားထောက်ခံစာ တင်ပြရန် မလိုကြောင်း အဆင့် မြင့်ပညာဦးစီးဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောသည်။

‘‘ဝင်ခွင့်လျှောက်လွှာတင်တဲ့ နေရာမှာ အရင်ကလို ရပ်ကွက်တို့၊ ရဲစခန်းတို့၊ ဆေးရုံထောက်ခံစာတို့ မယူရတော့ ကျောင်းသားတွေ ရော၊ ကျောင်းသားမိဘတွေရော ငွေကုန်ကြေးကျလည်း မများ တော့ဘူး။ လူလည်း မပင်ပန်း တော့ဘူး။ အရင်ကဆို ဝင်ခွင့် တင်ဖို့အတွက် ထောက်ခံစာတွေ ကို တော်တော်တိုးဝှေ့ပြီး ယူရ တာ’’ဟု ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်မှ အငြိမ်းစားအထက်တန်းပြဆရာမကြီးတစ်ဦးက ပြော သည်။‘‘ဒီနှစ်က အဆင့်မြင့်ပညာ ဦးစီးဌာနကနေ ထုတ်ပေးလိုက် တဲ့ ၀င်ခွင့်လျှောက်လွှာပုံစံအိတ် အတိုင်းပဲ ပြန်တင်ရမှာပါ။ကျောင်းက လိုအပ်တဲ့ အမှတ်စာ ရင်းနဲ့ CPR ကိုပဲ တောင်းပါတယ်’’ ဟု တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ လက်ခံနေသည့် အဆင့်မြင့်ပညာ ဦးစီးဌာန(ရန်ကုန်ရုံးခွဲ) ကျောင်း သားရေးရာဌာနမှ ဒေါ်မြင့်မြင့်စိန် ကပြောကြားသည်။

၂၀၁၆ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများကို သြဂုတ် ၁၈ ရက်မှ ၃၁ ရက်အထိ ပိတ်ရက်မရှိ ရုံးချိန်အတွင်း လာရောက် လျှောက်ထားနိုင်ကြောင်းအဆင့် မြင့်ပညာဦးစီးဌာန(ရန်ကုန်ရုံးခွဲ) က ကြေညာထားသည်။

‘‘သြဂုတ် ၃၁ ရက် နောက် ဆုံးထားပြီးတော့ လက်ခံပေမယ့် နောက်ကျတဲ့ နယ်ကကျောင်း သားရော၊ ရန်ကုန်က ကျောင်း သားတွေအတွက်ကို အဆင့်မြင့် ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ)မှာ ပြန်လက်ခံပေးပါတယ်။ မေဂျာ တွေ မကျမချင်း လက်ခံလို့ရတဲ့ အချိန်အထိ လက်ခံပေးပါတယ်’’ ဟု ဒေါ်မြင့်မြင့်စိန်ကပြောသည်။

ယခုနှစ် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ရန် မိမိတို့စာမေး ပွဲဖြေဆိုကြသည့် သက်ဆိုင်ရာ  စာစစ်ဌာန ကြီးကြပ်ရေးမှူးများ (အခြေခံပညာ အထက်တန်း ကျောင်းအုပ်ကြီးများ)ထံတွင် အ မှတ်စာရင်း၊ အရည်အချင်းမှတ် တမ်းစာချုပ်ရမှတ်အဆင့်၊တက္က သိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်နှင့် လျှောက်လွှာပုံစံအိတ်ကို သြဂုတ် ၁၇ ရက်မှစ၍ ကိုယ်တိုင်ထုတ် ယူနိုင်ပြီဖြစ်ကြောင်း အဆင့်မြင့် ပညာဦးစီးဌာနမှ သိရသည်။

‘‘လျှောက်လွှာအိတ်ထဲမှာပါ တဲ့ လျှောက်လွှာကတ်ပြားတွေနဲ့ပဲ တင်ခဲ့တယ်။ အမှတ်မီမယ်ထင်တဲ့ တက္ကသိုလ်တွေကို ဦးစားပေး လျှောက်ခဲ့တယ်’’ဟု ၂၀၁၆ တက္က သိုလ်ဝင်ခွင့် လာရောက်လျှောက် ထားသည့် ကျောင်းသားတစ်ဦးက ပြောသည်။

တက္ကသိုလ်ဝင်ခွင့်ရွေးချယ် ရာတွင် တက္ကသိုလ်အလိုက် လျှောက်ထားသည့် ကျောင်းသား များကို တက္ကသိုလ်မှ လက်ခံနိုင် သည့် အရေအတွက်အတိုင်း တက္ကသိုလ်ဝင်စာမေးပွဲရမှတ်များ အပေါ် အဓိကအခြေခံသည့် ယှဉ် ပြိုင်စနစ်ဖြင့် ဦးရေစိစစ်၍ ၀င်ခွင့် လက်ခံမည်ဖြစ်ကြောင်း တက္က သိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေး အဖွဲ့က ကြေညာထားသည်။

မော်လူးဒေသက ကျောက်းတွင်းသတင်း RFA သတင်းမှ



ကျောက်မျက်ကုမ္ပဏီ ၂ ခု ရပ်ဆိုင်းခိုင်း
=======================
၁၈..၈..၁၆
-
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မော်လူးမှော်မှာ တရားမဝင် ကျောက်မျက်
တူးဖော်မှုနဲ့ ဒဏ်ငွေချမှတ်ခံထားရတဲ့ ကုမ္ပဏီနှစ်ခုကို တိုင်းဝန်ကြီးချုပ်က လုပ်ငန်းလည်ပတ်ခွင့် ယာယီရပ်ဆိုင်းဖို့ ညွှန်ကြားလိုက်ပါတယ်။
-
ပြီးခဲ့တဲ့ရက်ပိုင်းက တိုင်းဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင် ကွင်းဆင်းစစ်ဆေး
ရာမှာ မြေစာစွန့်ပစ်တာတွေ စနစ်တ ကျ ဆောင်ရွက်ထားတာမရှိတဲ့အတွက် လင်းထက်ဇော်နဲ့ ဂျိတ်ကိုး(ဒ်) ကုမ္ပဏီတို့ကို ရပ်ဆိုင်းခိုင်းလိုက်တာဖြစ် တယ်လို့ ၀န်ကြီးချုပ်ရဲ့ ကိုယ်ရေးအရာရှိ ဦးသန်းဌေး က ပြောပါတယ်။
-
"ကျနော်တို့ ဝန်ကြီးချုပ်က လိုက်ကြည့်တဲ့အခါမှာ သတ်မှတ်ထားတဲ့ ဧကတွေ
ထက်လည်းကျော် တူးဖော်ပုံစနစ် မှာလည်း အပေါ်ယံမြေဆီလွှာတွေကို ဖယ်ပြီးတော့ သိမ်းထားရမယ်၊ လုပ်ကွက်ပိတ်သိမ်းတဲ့အခါ ပြန်ပြီးတော့ သူ့မြေဆီလွှာအတိုင်း စနစ်တကျထားရမယ်ဆိုတာမျိုးတွေရှိတယ်၊ အဲ့တော့ ကျနော်တို့ မြေဆီလွှာပုံတွေ လိုက်ကြည့်တဲ့အခါမှာကျတော့ ဒါတွေလည်း
မတွေ့ရဘူး၊ နောက်သစ်ပင်တွေ ဒီနေရာစတူးတုန်းက အပင်ပေါင်း ဘယ်
လောက်ရှိတယ်ဆိုတာလည်း မသိရဘူး၊ အဲ့ဒါဆို ဒါတွေအကုန်ရပ်ဆိုင်းပါ၊ နောက်တစ်ခါ သစ်တောက လည်း ဒီဟာတွေလုပ်တာနဲ့ ပတ်သက်လို့  တရားစွဲထားပါတယ်"
-
အဲ့ဒီကုမ္ပဏီနှစ်ခုဟာ ပြီးခဲ့တဲ့ မေလကလည်း အင်းတော်မြို့နယ်တရားရုံးက တရားမ၀င် ကျောက်မျက်တူးဖော်မှု နဲ့ ငွေဒဏ် ကျပ် ၅ထောင်စီ ချမှတ်
ထားတာဖြစ်ပါတယ်။ တည်ဆဲဥပဒေဟာ အဟောင်းဖြစ်တာကြောင့် ကျပ်
ငွေ ၅ ထောင်သာ ချမှတ်ခဲ့တာဖြစ်ကြောင်း သစ်တောဦးစီးမှူးတစ်ဦးက ပြောပါတယ်။
-
၂၀၁၄ ခုနှစ်မှာ သတ္တုတွင်းဝန်ကြီးဌာနခွင့်ပြုချက်နဲ့ အဲ့ဒီကုမ္ပဏီတွေဟာ ကျောက်မျက်တူးဖော်နေကြတာဖြစ်ပြီး သစ်တောဦးစီးဌာနရဲ့ ခွင့်ပြုချက်မပါဘဲ လုပ်ကိုင်နေတဲ့အတွက် သစ်တောဦးစီးဌာနက တရားစွဲဆိုထားတာ လည်းဖြစ်ပါတယ်။
-
ကျောက်မျက်တူးဖော်ခွင့်ကို သတ္ထုတွင်းဝန်ကြီးဌာနက လုပ်ကိုင်ခွင့်ပြုပေမယ့် သစ်တောဦးစီးဌာနရဲ့ သဘောထား လည်း တောင်းခံရမှာဖြစ်ပြီး ခွင့်ပြုမှသာ လုပ်ကိုင်ခွင့်ရမှာဖြစ်ပါတယ်။
-
အင်းတော်မြို့နယ်မှာ ၁၉၉၀ ခုနှစ်ကစပြီး အရင်အစိုးရအဆက်ဆက်က ကျောက်မျက်တူးဖော်ခွင့် ပြုထားခဲ့တဲ့ ကုမ္ပဏီပေါင်း ၁၀ ခုလောက်ရှိပြီး လက်ရှိအစိုးရ လက်ထက်မှာ ခွင့်ပြုတာမရှိဘူးလို့လည်း ပြောပါတယ်။
-
လက်ရှိမှာတော့ အင်းတော်မြို့နယ်ထဲမှာ ကျောက်မျက်တူးဖော်တဲ့ ကုမ္ပဏီတွေအားလုံး လုပ်ငန်းရပ်ဆိုင်းထား ကြပါတယ်။
========
RFA

မော်လူး စည်ပိန်းဘုန်းတော်ကြီးတည်ထားသော မော်လူးဒေသ၏ တစ်ဆူတည်းသောမဟာဗောဓိစေတီဌာပနာသွင်း





မော်လူးမြို့ စည်ပိန်းရွာ ကျောင်းဝင်းအတွင်းတည်ထားတော်မူသော မဟာဗောဓိစေတီတော်ဌာပနာတော်ပစ္စည်းတော်သွင်းမင်္ဂလာ ထီးတော်တင်မင်္ဂလာ
ကျ င်းပ
၁၃၇၈ ခုနှစ် ဝါခေါင်လဆန်း  ၁၅  ရက်

facebook မှ

မေတ္တာအခါတော်နေ့မှာ ooredoo က နှိုးဆော်ထားတယ်


ဗုဒ္ဓဘာသာဝင်တိုင်း အလေးအနက်ထားရွတ်ဆိုလေ့ရှိတဲ့ မေတ္တာသုတ်ကို ဝါတွင်းကာလ ကမ္မဋ္ဌာန်းတရားထုတ်နေတဲ့ ရဟန်းငါးရာအား  မြတ်စွာဘုရားဟောကြားတော်မူခဲ့တာကိုအစွဲပြုပြီး ဝါခေါင်လပြည့်နေ့ကို  မေတ္တာအခါတော်နေ့လို့ သတ်မှတ်ထားကြပါတယ်။ နတ်တွေကနှောက့်ယှက်လို့ တရားအားမထုတ်နိုင်တဲ့ ရဟန်းငါးရာကို ဘုရားရှင်က မေတ္တာသုတ် သင်ပေးပြီး မေတ္တာပို့ရင်း ကမ္မဋ္ဌာန်း အားထုတ်ကြဖို့ ညွန်ကြားပေးလိုက်တာကြောင့် ရဟန်းတော်များလည်း ဘုရားရှင် ညွန်ကြားတဲ့အတိုင်း မေတ္တာပို့သတဲ့အတွက် ရုက္ခစိုး၊ ဘုမ္မစိုးနတ်တွေဟာ ရဟန်းတော်များရဲ့ မေတ္တာကိုယူရင်း တစ်ဖန်ပြန်ပြီး ရဟန်းတော်များကို စောင့်ရှောက်တဲ့အတွက် ကမ္မဋ္ဌာန်းတရားကို အေးအေးဆေးဆေး အားထုတ်ခွင့်ရခဲ့ ကြတယ်လို့ စာပေမှာ ဖော်ပြပါတယ်။ ဒီလိုအနက်အဓိပ္ပါယ်နဲ့ပြည့်စုံတဲ့ ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့မှာ  မေတ္တာသုတ်ကိုရွတ်ဆိုပွားများခြင်း၊ အနက်အဓိပ္ပါယ်ကိုလေ့လာပွားများခြင်း၊ ဘုရားကျောင်းကန်များသို့သွားရောက်၍ ဒါနပြုလုပ်ခြင်း၊ သီလဆောက်တည်ခြင်း၊ ဘာဝနာပွားများခြင်း အစရှိတဲ့ကုသိုလ်ကောင်းမှုတွေ့ကို မမေ့မလျှော့ပြုလုပ်ဆောင်ရွက်နိုင်ဖို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။

Tuesday, August 16, 2016

facbook က ဗွီဒီယိုတွေကို အလွယ်တကူ ဒေါင်းနိုင်တဲ့ apk လေးပါ



အောက်ကလင့်ကနေဒေါင်းလိုက်ပါ
http://www.mediafire.com/?nbas7274tt1tac2

မော်လူး ညောင်ပင်သာကျေးရွာမှ ကမ္ဘာ့ငြိမ်းရေးစေတီကြီး ပြီးတော့မည်

ညောင်ပင်သာကျောင်းဆရာတော်
ဦးစီးညွှန်ကြားတည်ထားတော်မူသည့်
၂၁ ရာစုကမ္ဘာ့ငြိမ်းချမ်းရေးစေတီတော်ကြီး
ပြီးစီးမှု အခြေအနေပါ



Monday, August 15, 2016

မိုးညှင်း ဆယ်မိုင်ရွာသစ်က ကျောက်ဈေးကောင်းရနေတယ်တဲ့




မိုးညှင်း ဆယ်မိုင်ရွာသစ်အရှေ့တောင်
ရခူးမှော်နှင့် ရေတံခွန်မှော်မှထွက်သော အဖိုးတန် နီလာကျောက် ဈေးကောင်းရ
မိုးညှင်း သြဂုတ် ၁၅
@@@@@@@@@@@@@@@@@@@
ကချင်ပြည်နယ် မိုးညှင်းမြို့ နယ် ဆယ်မိုင်ရွာသစ် နန့်ရင်းချောင်းဖျားဒေသ ရခူးမှော်
နှင့် ရေတံခွန်မှော်မှထွက်ရှိ သောအဖိုးတန် နီလာကျောက်များမှာဈေးကောင်းရရှိပြီး (မိုးညှင်း-နီလာကျောက်)
အရောင်းအဝယ်ဖြစ်ထွန်းလျက်ရှိကြောင်း သိရပါတယ်
ဆယ်မိုင်ရွာသစ်ကျေးရွာ၏အရှေ့ဘက် ၅မိုင်ခန့်အကွာ တောင်တန်းရှိလျှို မြောင် တောင်ကမ်းပါးယံ ရေတံခွန် စိမ့်စမ်းများတည်ရှိရာ နန့်ရင်းချောင်းဖျားမှ အဖိုးတန်နီလာကျောက် ရတနာများထွက်သော ရခူးမှော်နှင့် ရေတံခွန်မှော်တို့တွင်
တူးဖော်ရရှိကြောင်းသိရပါတယ်
``ဒီဒေသမှာထွက်တဲ့တွင်းထွက်နီလာ ကျောက်အရိုင်းပုံစံက ဖန်ချောင်း မှန်ချောင်း
လိုအပြားတွေ ဖန်တုံးပုံစံတွေ အလွှာပြားပုံစံတွေ တစ်ချို .ကကျောက်ဖြူတုံးတွေထဲကနေ ကျောက်ကြား ကျောက်လွှာထဲကနေထွက်တာပါ မောက်ကြားထဲကနေထွက်တဲ့လဂျီးကျောက်တွေနဲ့အတူ တူးဖော်တွေ့ရှိရပါတယ် ကျောက်သားရဲ့မာခြင်းအဆင့်ကမိုးကုတ်ကျောက်ကိုတော့မမီပေမဲ့ ကျောက်အရည်အသွေးကပြာလဲ့ပြီးကြည်တောက်ရှင်းဖြစ်နေတာမို့ ဝယ်ယူသုံးစွဲသူတွေကကြိုက်နှစ်သက်ပါတယ်ဟု´´ဆယ်မိုင်ရွာသစ်ကျေးရွာ တွင်နေထိုင်းပြီး နီလာကျောက်တူးဖော်ရောင်းဝယ်ရေးလုပ်ကိုင်သူကိုအောင်လင်း<
ကပြောပြပါတယ်
``အခုချိန်လယ်ယာစိုက်ပျိုးပြီးတဲ့အချိန်ဖြစ်လို့ဒေသခံတောင်သူတွေ မိုးညှင်မြို့နယ်တစ်ဝိုက်ကတောင်သူတွေက တစ်နိုင်တစ်ပိုင်တူးဖော်ကြတာပါ ´´ဟုထပ်ဆင့်ပြောပြခဲ့ပါတယ်
အဆိုပါနီလာကျောက်တစ်ပွင့်ကိုဒေသပေါက်ဈေး ၅သိန်းမှ၁၀သိန်းတန်ထိကျောက်များတစ်ပတ်ကို နှစ်ပွင့်သုံးပွင့်
ထွက်ရှိတပ်ကြောင်း အဖိုးတန်ကျောက်ကောင်း တစ်ပွင့်ကိုငွေကျပ်သိန်း (၅၀)ထိအရောင်း အဝယ်ဖြစ်ထွန်းသော်လည်း တန်ဘိုးကြီးနီလာကျောက်များအထွက်နည်းပါးကြောင်း မိုးကုတ်ဒေသထွက်နီလာကျောက်များကဲ့သို့ တန်ဘိုးကြီးမားပြီး မာခြင်းအဆင့်အားနည်း သော်လည်းအရည်အသွေး လှပခြင်းကြောင့် ပုံဖော်ပြီးသွေးကျောက်များမှာအတူတူပင်ဖြစ်သည့် အတွက် မိုးကုတ်ကျောက်သမားများ အကြိုက်တွေ့ကာအရောင်းအဝယ်ဖြစ်ထွန်းလျက်ရှိကြောင်း ယခုအခါဖော်ထုတ်လုပ်ကွက်ကုမ္ပဏီတစ်ခုနှင့် ဒေသခံတစ်နိုင်တစ်ပိုင်တူးဖော်လုပ်ကိုင်ကြသူများဖြင့် လုပ်ကိုင်လျက်ရှိကြောင်းသိရပါတယ်
Cyclone

Saturday, August 13, 2016

ဒို့ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ဒီနေ့ ကျောက်တွင်းက ကုမ္ပဏီတွေကို ဒဲ့ကစ်တဲ့စကား


ရေမဆေးကျောက်သမားမှန်ရင်  ဒီဗွီဒီယို  ဒေါင်းထားလိုက်  ဒါမှမဟုတ်ကြည့်ထားလိုက်
ဒို့ဝန်ကြီးချုပ်က  ရိုးသားဆင်းရဲတဲ့ပြည်သူတွေကို  ကာကွယ်ထားပြီးသားကွ  ရှင်းတယ်
ဒုန်းဒုန်းဒုန်းးး  ဒေါက်တာမြင့်နိုင်

အောက်ကလင့်မှာဒေါင်း
http://youtu.be/5SDPuMkxzjs

ပေကုန်းကျေးရွာကို ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ပေကုန်းရောက်ပြီ

ဦးကြီးသာအေးက  မော်လူးဖြတ်ရင်  လက်လေးထုတ်ကာ  တာ့တာ  ဆိုပြီး နုတ်ဆက်တယ်တဲ့
အခုဒို့ဝန်ကြီးချုပ်ကော  မော်လူးဖြတ်သွားတာ အခြေအနေမသိသေး တစ်ခုခုရမယ်ထင်တယ်



ထူးထူးခြာူခြား မော်လူးကျေးရွာမှာ facebook မှတဆင့် လူသုံးကုန်ပစ္စည်းတွေရောင်းတဲ့ on line shopping ဈေးဆျုင်တဲ့

အိမ်အရောက်  ပို့ပေးတဲ့  online  shopping  အကောင့်လေးပါ
add  ထားကြအုန်း

တစ္ဆေခေါ်မယ် ပျောစရာကွယ် တချိန်ခါက ကျောင်းခန်းထဲဝယ် လက်ချောင်းလေးတွေနဲ့ ဝိုက်ခါခေါ်ခဲ့တယ်






ကဲ စိတ်ဝင်စားသူများ တင်ပြီနော်

#အရင်ဆုံးလိုအပ်တာတွေပြောမယ်

ဖယောင်းတိုင် တစ်ချောင်း
A4စာရွက် နှစ်ရွက်
ကြွေပြားစေ့တစ်စေ့
ဘောပင်တစ်ချောင်း

* * *
အောက်မှ ကီဘုတ်ကိုပြထားပေးတယ်။ အာ့အတိုင်းဆွဲပါ။

step 1
အမှောင်ခန်းတစ်ခန်းရွေးလိုက်ပါ။ လင်းနေရင်လဲ မီးမျာပိတ်လိုက်ပါ ။ spiritမျာသည် အမှောင်ကိုကြိုက်သောကြောင့်ဖြစ်သည်။ကီးဘုတ် ဘေးတွင်ဖယောင်းတိုင်တစ်တိုင်ထွန်းလိုက်ပါ

step2
ကစားမည့်သူများသည် ကီဘုတ်ကိုစက်ဝိုင်ပုံစံဝိုင်းထိုင်ပါ။ ကြွေပြားစေ့ကို startအကွက်တွင်ထားပါ။ပြီးရင် မိတ်ဆွေတို့ရဲ့ လက်ညှိးများကို ကြွေပြားစေ့ပေါ်ကိုတင်ထားပါ။ ကြွေပြားစေ့ကိုမတွန်းပါနှင့်။ထိရုံထိထားပါ။

step3
spiritကိုဖိတ်ခေါ်ပါ။(ရွတ်ရန်မှာ spirit of the coin please come here ၃ခေါက်) ရောက်လာကြောင့်သိအောင် yes or noတစ်ခုခုဖြေခိုင်းပါ။ spiritရောက်လာရင် ကြွေပြားစေ့က ရွေ့လာပါလိမ့်မယ်။ spiritရောက်ဖို့ မိနစ်အနည်းငယ်စောင့်ရပါမယ်။ စိတ်ရှည်မှုရှိပါလေ။

step4
ကြွေပြားစေရွေ့လာရင်တော့ spiritရောက်လာပါပြီ။ မိတ်ဆွေမေးခွန်းများ စ မေးလို့ရပါပြီ။ မိတ်ဆွေရဲ့မေးခွန်းတွေကို သူက စာလုံးပေါင်းပြမှာပါ။ဒါ့ကြောင့် ဘောပင်ကိုင်ထားပါ ကြွေပြားစေ့ကိုမထိသောလက်ဖြင့် စာလုံးများကိုလိုက်မှတ်ပါ။ စားလုံးပေါင်းပြနေရင် မရယ်ပါနဲ့ spiritကိုလေးစားပေးပါ။ သူကသေပြီးသားဖြစ်သောကြောင့် စားလုံးပေါင်းများမှားနိုင်ပါတယ်။ ဒါပေမဲ့ သူသိသလောက် စာလုံးပေါင်းပြမှာပါ။

step5
ကစားပွဲကိုအဆုံးသတ်ချင်ပါက မိတ်ဆွေတို့က endအကွက်ကိုရောက်အောင်ရွေ့ပေးရပါမယ် ဒါမှမဟုတ်ရင်တော့ u may go goodbyeလို့ပြောလိုက်ပါ။ပြီးရင် ကြွေပြားစေ့ကို စာရွက်ပေါ်မှချကိချင်းယူပါ။ စာရွက်နဲ့အဝေးဆုံးမှာထားပေးပါ။စာရွကိုမှောက်လိုက်ပါ သို့မဟုတ်ခေါက်ထားပါ။ ကစားသမားတစ်ဦးမှ အခန်းတံခါးထဖွင့်ပေးပါ။spirit ပြန်လည်ထွက်ခွာနိုင်အောင်ပါ။

#သတိပေးချက်များ
တစ်ယောက်တည်းမကစားရပါ။
spiritရဲ့ ရုပ်ပိုင်းဆိုင်ရာများ မမေးရ။ လူမှုရေးပြသနာများမမေးရ။
မည်သည့်အကြောင်းကြောင့်မှcoinကို တစ်ဦးတစ်ယောက်မှ မလွတ်ရ။အလွန်အရေးကြီးသည်။

စာကြွင်း။ ။ အိမ်စောင့်နတ် ခြံစောင့်နတ်များအား အမွှေးတိုင်ထွန်းကာတောင်းပန်ရမည်။ spiritကို အိမ်အတွင်းသို့ ခဏသာပေးဝင်ရန်ဖြစ်သည်။ တောင်းပန်ရမည့်စကားမှာ အဘတို့ ခုလာမည့်ဝိဥာဉ်အား အိမ်အတွင်းသို့ပေးဝင် ပေးပါရန်ပန်ကြားအပ်ပါတယ် ဟူ၍ဖြစ်သည်။ 

#cd
Aps(souce from intrnet)