Saturday, April 12, 2014

မေိာ်လူ နှင့် နန့်စီးအောင်ကြား ၁၂ ဘီးကား တံတားလမ်းလျှော်

၁၂ ဘီးကား တံတားပေါ်ဖြတ်သန်းစဉ် လမ်းချော်

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်းမကြီးပေါ်ရှိ ဟွေမွန်းတံတားပေါ် မော်တော်ကားဖြတ်သန်းစဉ် လမ်းချော်ပြီး တံတားလက်ရန်းတိုင်များကို ဝင်တိုက်ကာ မော်တော်ကားယာရှေ့ပိုင်းသည် တံတားအပြင်ဘက်သို့ ကျွံထွက်သွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်းမကြီး မိုင်တိုင်အမှတ် ၁၆၇/၁ တွင် တည်ရှိသော တံတားပေါ်တွင် ဘက်ဟိုးယာဉ်ပစ္စည်းများ တင်ဆောင်လာသော ရွှေဘိုဘက်မှ ယာဉ်မောင်း ကိုလေးနှင့် ယာဉ်နောက်လိုက် ကိုဖြိုးတို့ လိုက်ပါ မောင်းနှင်လာသည့် ယာဉ်အမှတ် ၈ဇ/၆၃၄၇ ဆယ်နှစ့်ဘီးကားသည် ဧပြီ ၁၂ ရက်၊ နံနက် ၃နာရီ ၃၀ မိနစ်အချိန်တွင် လမ်းချော်ကာ တံတားလက်ရန်းတိုင်များကို ဝင်တိုက်ပြီး မော်တော်ကား ယာဘက်အရှေ့ခြမ်း တံတားအပြင်ဘက်သို့ ကျွံထွက်သွားခဲ့ခြင်းဖြစ်ကြောင်း၊ အခင်းဖြစ်ရာနေရာသို့ နန့်စီးအောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ၊ နန့်စီးအောင် ရဲစခန်းမှ စခန်းမှူး ရဲအုပ် လှကြည်နှင့် တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်း တပ်မတော်သားများ၊ မြေပလ္လင်ကျေးရွာ ဒေသအရံ မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ပြီး စစ်ဆေးကြည့်ရှု့ကာ လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း၊ အဆိုပါ မော်တော်ကား လမ်းချော်မှုကြောင့် ခရီးသွား ယာဉ်များ လမ်းကြောပိတ်ဆို့မှုနှင့် ကြုံတွေ့ကြရကြောင်း သတင်းရရှိသည်။


သင်္ကြန်ကာလအတွင်း မြန်မာ့ဆက်သွယ်ရေးမှ အပိုထပ်ဆောင်းပေးသည့်ငွေသည် ပြည်တွင်းဖုန်းခေါ်ဆိုမှုကိုသာ သီးသန့်ရရှိမည်

သင်္ကြန်ကာလအတွင်း မြန်မာ့ဆက်သွယ်ရေးမှ အပိုထပ်ဆောင်းပေးသည့်ငွေသည် ပြည်တွင်းဖုန်းခေါ်ဆိုမှုကိုသာ သီးသန့်ရရှိမည်


သင်္ကြန်ကာလအတွင်း မြန်မာ့ဆက်သွယ်ရေးမှ အပိုထပ်ဆောင်းပေးသည့်ငွေသည် ပြည်တွင်းဖုန်းခေါ်ဆိုမှုကိုသာ သီးသန့်ရရှိမည်




သင်္ကြန်ကာလအတွင်း မြန်မာ့ဆက်သွယ်ရေးမှ အပိုထပ်ဆောင်းပေးသည့်ငွေသည် ပြည်တွင်းဖုန်းခေါ်ဆိုမှု အတွက်သာ သီးသန့်ရရှိမည်ဖြစ်ပြီး အင်တာနက်အသုံးပြုမှုနှင့် မက်ဆေ့ဂ်ျဝန်ဆောင်မှုအတွက် မိမိဖုန်းဘေဖြင့် ဖြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဧပြီ ၁၂ ရက်နေ့မှ ၂၁ ရက်နေ့အတွင်း ဖုန်းငွေဖြည့်ကတ် ထည့်သွင်းသူများအား ၂၀ ရာခိုင်နှုန်း အပိုငွေ ထည့်သွင်းပေးကာ ယင်းအပိုငွေကို သတ်မှတ်ရက်အတွင်းသာ အသုံးပြုခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

“ဧပြီ ၁၂ ရက်နေ့မှာ ငွေဖြည့်တယ်။ ငွေစစ်ကြည့်တော့ ၅၀၀၀ + အပို ၁၀၀၀ ဆိုပြီး မက်ဆေ့ဂ်ျပြန်တယ်။ အင်တာနက်သုံးပြီး ငွေစစ်ကြည့်တော့ ကိုယ်ထည့်ထားတဲ့ ဖုန်းဘေကပဲ ဖြတ်တယ်။ ဘောနပ်စ်ငွေက မဖြတ်ဘူး” ဟု ဧပြီ ၁၂ ရက်နေ့တွင် ငွေဖြည့်ကတ် ၅၀၀၀ ဖြည့်သွင်းသည့် မစန္ဒာမင်းက ဆိုသည်။

အဆိုပါ အပိုငွေထည့်သွင်းပေးခြင်းအား မြန်မာ့ဆက်သွယ်ရေးမှ ချထားပေးသည့် GSM, WCDMA များအပြင် တန်ဖိုးနည်း ဖုန်းများတွင်လည်း ရရှိမည်ဖြစ်သည်။