Monday, January 19, 2015

မော်လူး မီးရထားဘူတာမှာ ရထားစီးဖို့ စောင့်ဆိုင်းသူများ သတိထား



 စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူး မီးရထားဘူတာတွင် ဇန်နဝါရီ ၁၇ ရက် ည ၈ နာရီအချိန်ခန့်တွင် မော်လူး မီးရထားဘူတာတွင် မီးရထားစီးရန် စောင့်ဆိုင်းနေသည့် ခရီးသွားအား တာဝန်ရှိ ဝန်ထမ်းမဟုတ်သူမှ မှတ်ပုံတင်ပြခိုင်းခြင်း၊ ပိုက်ဆံအိတ်များအား စစ်ဆေးခြင်းများ ပြုလုပ်ကာ ခြိမ်းခြောက်သည့် သဘောမျိုးဖြင့် ရဲဝန်ထမ်းများ ကိုင်ဆောင်သည့် လက်ထိပ်ကို ပြသကြောင်း စစ်ဆေးခံရသည့် ခရီးသည်ထံမှ သိရသည်။

*မေလ်းထဲရောက်လာတဲ့ သတင်းလေးပါ။

မော်လူး အထကတွင် ဝက်သက် ဂျိုက်သိုး ကာကွယ်ဆေး ထိုးနှံပေး





မော်လူး အထကတွင် ဝက်သက်ဂျိုက်သိုး ကာကွယ်ဆေး ထိုးနှံပေးခြင်းဆောင်ရွက်
မော်လူး၊ ဇန်နဝါရီ ၁၉
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူး အခြေခံပညာ အထက်တန်းကျောင်း သရဖီခန်းမတွင် ဇန်နဝါရီ ၁၉ ရက် နံနက် ၉ နာရီအချိန်က အသက် ၅ မှ ၁၅ နှစ်အထိ ကျောင်းသား/သူလေးများအား ဝက်သက်ဂျိုက်သိုး ကာကွယ်ဆေး ထိုးနှံပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းအခြေပြု ဝက်သက်ဂျိုက်သိုး ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မော်လူး တိုက်နယ်ဆေးရုံမှ ဒေါက်တာ လာမာမီးနှင့် ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း မော်လူး အခြေခံပညာ အထက်တန်းကျောင်းမှ အသက် ၅ နှစ်မှ ၁၅ နှစ်အထိ ကျောင်းသား/သူ ၁၇၀၆ ဦးကို တစ်ရက်လျှင် ၅၀၀ ဦးနှုန်းဖြင့် ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ကြောင်း၊ မော်လူးဒေသတစ်ခုလုံးရှိ အသက် ၅ နှစ်မှ ၁၅နှစ်အထိ ကျောင်းသား/သူများအား ဇန်နဝါရီ ၁၉ ရက်မှ ၂၇ ရက်နေ့အထိ သက်ဆိုင်ရာကျောင်းများသို့ သွားရောက်ပြီး ကာကွယ်ဆေး ထိုးနှံခြင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။