Wednesday, October 15, 2014

အခြေခံ မီးသတ်သင်တန်း (၁/၂၀၁၄)

မော်လူးတွင် ဒေသအရံမီးသတ်တပ်ဖွဲ့ဝင်များ အခြေခံမီးသတ်သင်တန်း(၁/၂၀၁၄) ဖွင့်လှစ် မော်လူး၊ အောက်တိုဘာ ၁၅ @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ လူငယ်အားကစားကွင်းတွင် ဒေသအရံမီးသတ်တပ်ဖွဲ့ဝင်များ အခြေခံမီးသတ်သင်တန်း (၁/၂၀၁၄)ကို အောက်တိုဘာ ၁၃ ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အခြေခံ မီးသတ်သင်တန်း(၁/၂၀၁၄)ဖွင့်ပွဲတွင် မော်လူးကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းစိန်မှ အမှာစကားပြောကြားရာတွင် မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းရည်လေးရပ်ဖြစ်သည့် မီးငြိမ်းသတ်နည်းစွမ်းရည်၊ ရှာဖွေကယ်ဆယ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်များကို အစဉ်အဆက်မပြတ် လေ့ကျင့်သွားကြရန်နှင့် မီးဘေးအန္တရယ်ကင်းဝေးရေးအတွက် အထူးသတိရှိကြရန်တို့ကို ပြောကြားခဲ့ကြောင်း၊အခြေခံ မီးသတ်သင်တန်းသို့ မော်လူး၊ အုန်းဒုတ်၊ မင်းသာ၊ ဟဲနုစသည့် ကျေးရွာများမှ အခြေခံမီးသတ်သင်တန်း မတက်ရောက်ရသေးသည့် မီးသတ်တပ်ဖွဲ့ဝင်များတက်ရောက်ခြင်း ဖြစ်ပြီး မော်လူးနယ်မြေ ရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး ရဲအုပ်အေးမင်းသိန်းနှင့် ရဲတပ်ဖွဲ့ဝင်များအနီးကပ်ကြီးကြပ်သင်ကြားပို့ချလျှက်ရှိကြောင်း၊ သင်တန်းသား ၃၅ ဦးရှိပြီး သင်တန်းကာလ ရက်သတ္တလေးပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

မော်လူးက တောင်သူများအတွက် သတင်းကောင်း

ကွင်းကြီးရွာ ဗီယက်နမ်အထွက်တိုးမျိုးစပါး စမ်းသပ်စိုက်ပျိုးမှုအောင်မြင်ဖြစ်ထွန်း          မျိုးစပါးများရရှိရန် တောင်သူများတန်းစီစနစ်ဖြင့် ကြိုတင်စောင့်ဆိုင်းလျှက်ရှိ မိုးညှင်း အောက်တိုဘာ ၁၅ @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@ ကချင်ပြည်နယ်၊ မိုးးညှင်းမြို့နယ်၊ နမ္မားဒေသ၊ လယ်မှီးကျေးရွာအုပ်စု၊ ကွင်းကြီးကျေးရွာတွင် အောက်တိုဘာ ၁၅ရက်နေ့က တောင်သူဦးဇော်ဝမ်း၏ လယ်မြေတွင် ဗီယက်နမ်အထွက်တိုး မျိုးစပါး၂ဧကကို စမ်းသပ်စိုက်ပျိုးခဲ့ရာ စပါးအသီးအနှံများ လှပဝေဆာစွာ အောင်မြင်ဖြစ်ထွန်းသောကြောင့် အဆိုပါမျိုးကောင်း မျိုးသန့်စပါးမျိုးရရှိနိုင်ရန်အတွက် တောင်သူများကတန်းစီစနှစ်ဖြင့် ကြိုတင်မှာယူခြင်း၊ ဗဟုသုတအဖြစ်လေ့လာသူများဖြင့်စည်ကားလျှက်ရှိကြောင်းသိရသည်။ ဗီယက်နမ်အထွက်တိုးမျိုးစပါးကို စမ်းသပ်စိုက်ပျိုးသော တောင်သူဦးဇော်ဝမ်း၏လယ်ယာမြေမှာ နန်းမားဒေသ၊ လယ်မှီးကျေးရွာအုပ်စု၊ ကွင်းကြီးရွာမြောက် ကွင်းအမှတ်(၂၆၈)၊ ဦးပိုင်အမှတ်(၁၉) တွင် လယ်မြေဧက(၂၀)အနက် စမ်းသပ်စိုက်ပျိုးမှုအဖြစ်(၂)ဧကကို ဗီယက်နမ်အထွက်တိုးမျိုးစပါး(၁)တင်းဖြင့်စတင်စိုက်ပျိုးခဲ့ကြောင်း၊ ယင်းမျိုးစပါးတစ်တင်းကို ၂၅၀၀၀ကျပ်ဖြင့်  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်ရေကြည်ကျေးရွာနေ ကိုမောင်မျိုးထံမှဝယ်ယူခဲ့ကြောင်းသိရသည်။ (အဆိုပါစပါးမျိုးရရှိပုံကို ကိုမောင်မျိုးမှအခုလိုပြောပြသည်မှာ ``ကျွန်တော့မိတ်ဆွေ ရွှေဘိုကကိုဇော်မင်းနိုင်က ရွှေဘိုမြို့နိုဘယ်ဟက်ခန်းမဆောင်မှာ ၂၀၁၃ ခုနှစ်က ကျင်းပပြုလုပ်တဲ့ မြန်မာနိုင်ငံစိုက်ပျိုးရေးဋ္ဌာနကအထွက်တိုးစပါးစိုက်ပျိုးရေးတောင်သူအသိပညာပေးဟောပြောပွဲကနေလေ့လာပြီး နမူနာစမ်းသပ်စိုက်ပျိုးဘို့အတွက် ဗီယက်နမ်အထွက်တိုးစပါးမျိုး တစ်နှံ စပါးစေ့(၁၄၀၀)ခန့်ကိုယူခဲ့ပြီး ကျွန်တော်တို့ရေကြည်ရွာကျွန်တော့လယ်မှာ စိုက်ပျိုးခဲ့တာ အပင်(၈၀၀)ရတယ် အဲဒီကနေစိုက်ပျိုးလိုက်တာ စပါး၎တင်းရပါတယ် အဲဒီကနေအခုကွင်းကြီးရွာကတောင်သူဦးဇော်ဝမ်းကိုတစ်တင်း နောက်ပြီးကျော်တောရွာကိုတစ်တင်းမျှဝေခဲ့တာပါ ဒီနှစ်မှာပထမဦးဆုံးကချင်ပြည်နယ်မှာ စတင်စမ်းသပ်စိုက်ပျိုးခဲ့တာပါဟု ဗီယက်နမ် အထွက်တိုး စပါးမျိုးစေ့ဖြန့်ဝေပေးသူ ကိုမောင်မျိုးကပြောသည်။) ယခုအခါအဆိုပါဗီယက်နမ်အထွက်တိုးစပါးကို သိပ္ပံနည်းမပါ ပုံမှန်စိုက်ပျိုးနည်းအတိုင်စိုက်ပျိုးခဲ့ရာ စပါးအနှံများမှာယခင်စပါးပင်များနှင့်မတူ လှပဝေဆာစွာဖြင့်အောင်မြင်ဖြစ်ထွန်းလျှက်ရှိကြောင်း၊ ဘေးအန္တရာယ်ကြောင့် ပျက်စီးမှုမရှိ စေရန်အတွက် ယာယီတဲထိုးကာရိတ်သိမ်းချိန်အထိ အထူးစောင့်ရှောက်လျက်ရှိကြောင်း၊ လေ့လာသူများ၊ မျိုးစပါးကိုကြိုတင်အော်ဒါပေးကာမှာယူသူများ ဖြင့်နေ့စဉ်စည်ကားလျက်ရှိကြောင်း၊ ၄င်းမျိုးစပါးတစ်တင်းလျှင်ကျပ် (၃၀၀၀၀ိ/) ဖြင့်တောင်သူတစ်ဦးလျှင် ၁တင်း၊ ၂တင်း စသဖြင့်ခွဲဝေရောင်းချပေးမည်ဖြစ်ရာ ကြိုတင်အော်ဒါမှာယူသူများမှာ ဦးရေ (၂၀၀)ခန့်ထိရှိကြောင်း ဖခင်ဖြစ်သူဦးတင်မြင့် ကွင်းကြီးကျေးရွာနေသူကပြောပြသည်။ ``ဒီစပါးမျိုးကရေကိုအခြားစပါနဲ့မတူဘူး ရေကိုပိုကြိုက်ပါတယ် စပါးနှံကိုညွှတ်အောင်သီးလို့အပင်မနိုင်ဘဲ လဲတယ်ဆိုတာမရှိပါဘူး၊စိုက်ပျိုးတဲ့နေရာမျာလည်း ကောက်ပင်ကို နှစ်ပင်၊ သုံးပင်ဘဲစိုက်ရတယ် ပင်ပွါးနှုန်းကလည်းမြန်ပါတယ်၊ မနေ့က မိုးညှင်းခရိုင်က စိုက်ပျိုးရေးဦးစီးဋ္ဌာန ခရိုင်ဦးစီးမှူးအဖွဲ့ရောက်လာပြီး ကြည့်ရှုစစ်ဆေးခဲ့ပါတယ်၊ စပါးတစ်နှံကိုရေတွက်ကြည့်လိုက်တော့အဆံပြည့်စပါးစေ့(၁၂၅၀)ခန့် ရှိတာမို့ တစ်ဧကကို တင်း(၂၀၀)နှင့် အထက်ကိုထွက်နိုင်ပါတယ်``လို့ ခန့်မှန်းကြောင်း တောင်သူဦးတင်မြင့် ကပြောသည်။ ကျန်လယ်၁၈ဧကတွင် ဆင်းဧကရီ(၃)စပါးမျိုးကိုသာစိုက်ပျိုးသော်လည်း ယင်းစပါးတစ်နှံတွင် ပှံမှန်စပါးစေ့မှာ (၄၀၀)ခန့်အထိသာထွက်ကြောင်း၎င်းမှပြောသည်။ ဗီယက်နမ်အထွက်တိုးစပါးများရိတ်သိမ်းပြီးပါက မျိုးစပါးစောင့်ယူမည့်တောင်သူမှာများပြားကြောင်း ၄င်းတို့အထဲမှ ၀ီရိယကြီးစွာစောင့်ဆိုင်းကာ မျိုးယူကြမည့် တောင်သူများ ဖြစ်သည့်အင်းတော်ကြီးဒေသ လုံးစန့်ကျေးရွာနေဦးမြင့်ထွန်း၊ ဦးအောင်မျိုးညွှန့်၊ ဦးပွကြီး၊ ဟဲပါးရွာနေဦးသိုက်ဝင်းတို့ကလည်း ကြိုတင်စရံငွေပေးကာမှာယူကြောင်းသိရသည်။ ``ကျွန်တော်တို့က ဒီစပါးမျိုးကိုမရမှာစိုးလို့ တစ်တင်းကိုကျပ်သုံးသောင်းနဲ့ နှစ်တင်းဘိုးစရံငွေ (၆၀၀၀၀)ပေးထားတယ်၊ ဒီထက်ပိုယူလို့လဲမရဘူး၊ ဒီစပါးမျိုးကိုမရရင် ခေတ်နောက်ကျသွားနိုင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော့တစ်သက်မှာ ဒီလောက်လှတဲ့စပါးနှံပင်မျိုးကိုမတွေ့ဘူးသေးလို့ပါ၊ ဘယ်စပါးမျိုးဘဲဖြစ်ဖြစ် အထွက်နှုန်းတိုးမယ်၊ စားလို့လည်းကောင်းမယ်၊ ကိုယ့်ရေ မြေနဲ့လည်းကိုက်ညီမယ်၊ စီးပွါးရေးဈေးကွက်လည်းကောင်းမယ် ဆိုရင်ဘယ်နိုင်ငံကဘယ်လိုစပါးမျိုးဘဲဖြစ်ဖြစ်၊ ဘယ်နေရာမှာဘဲရှိနေပါစေ ရအောင်ယူပြီးစိုက်ရမှာပါ၊ ဒါမှကျွန်တော်တို့တောင်သူတွေခေတ်မီတိုးတက်မှာပါ၊ ဒီစပါးမျိုးက ဗီယက်နမ်နိုင်ငံမှာ တင်း(၃၀၀)ကျော်ထွက်တယ်လို့သိရပါတယ်၊ ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့ဒေသမှာတော့ တစ်ဧကကိုတင်း(၂၀၀)ကျော်ထွက်ရင်တော့တောင်သူတွေမြေကြီးကရွှေသီးပြီပေါ့ဗျာ``ဟုလုံးစန့်ရွာ တောင်သူကြီးဦးအောင်မျိုးညွှန့်ကပြောသည်။  အဆိုပါဗီယက်နမ်အထွက်တိုးစပါးကို ရင့်မှည်ချိန်တွင် စံကွက်ချပြီးစနစ်တကျရိတ်သိမ်းကာ စပါးအလေအလွှင့်မရှိအောင်တိုင်းတာချိန်တွယ်ခြင်း၊ အထွက်နှုန်းစံချိန်စံညွှန်းနှင့်ကိုက်ညီမှုရှိ မရှိကိုလုပ်ဆောင်ကာ တောင်သူပညာပေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိုးညှင်းခရိုင်လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဋ္ဌာန စိုက်ပျိုးရေးဦးစီးဋ္ဌာန၊ ခရိုင်ဦးစီးမှူး ဦးစိန်မြင့်ထံမှသိရသည်။

မော်လူး ဒေသသားတွေ ဆိုတေး ပုန်းညက်ဖြူ ပိုင်သက်ကျော် တို့ကို အားပေးလိုက်ကြပါအုန်း

ကဲ နို့ဆီ ကို စားအုန်းဆီ နဲ့ ချက်နေတယ်တဲ့ ဟုတ်ကော ဟုတ်ရဲ့လားဗျာ

အံ့သြစရာတစ်ခု မထင် မှတ်ပဲ သိခဲ့ရတယ်။နို့ဆီကိုဘယ်ကရသလဲတဲ့။ မဆိုင်းမတွဖြေ လိုက်တယ် နွားနို့ကရတာပေါ့ လို့။လုံးဝမဟုတ်ဘူးတဲ့။စားအုန်းဆီကရတာတဲ့ ဟုတ်လို့လားလို့အံ့သြတကြီးမေးလိုက်တယ် fill pounder,နို့မှုန့်အနည်းငယ်နဲ့ ဈေးကွက်တွင်ရောင်းရန်အရည်အ သွေး မမှီသောစားအုန်းဆီဖြင့်ပြုလုပ်ထားကြောင်း နို့ဆီချက် ရန် စားအုန်းဆီပေပါများ ကွန်တိန်နာဖြင့်လာချကြောင်း။အန္တရာယ် ရှိ၍မစားသုံးရန် နို့ဆီစက် ရုံတွင် အလုပ်လုပ်နေသူတစ်ဦးကသူ့ ဆွေမျိုးမိတ်သင်္ဂံဟများကိုလိုက်လံသတိ ပေးပါသည်။နို့ဆီကိုချိုသာသောဈေးနှုန်း ဖ်ြင့်  များစွာထုတ်နိုင် ပါ သည်။ သို့သော် မြန်မာနိုင် ငံတွင် နွား မွေမြူရေးဇုံ အလုံအလောက်မရှိပါ။ ရှားပါးသော နွားနို့မှ ဈေးနှုန်းချိုသာ နို့ဆီထုတ် ရန် မဖြစ်နိုငှ် မှန်း ကောင်းစွာနားလည်လိုက်ပါပြီ ဒီသတင်းကြားပြီး ပြည်သူများ အတွက်စိုးရိမ်သွားပါသည်။facebook friendများအားလုံးမိမိဆွေမျိုးမိတ်ဆွေအားလုံးကိုshareပေးပါ။ယခုခေတ်တွင် အသက်၂၀ကျော်လူငယ်များတွင် သွေးတိုးရောဂါတွေ့နေရပါပြီ။လေဖြတ်တာတွေ လဲဖြစ်နေကြပါပြီ။ သွေးတွင်း cholestol ကိုအဆမတန်တက်စေပြီး သွေကြော များ ကျဉ်းစေ ပိတ်စေ သော နို့ဆီက အသံတိတ်လူသတ်သမားဖြစ် မှန်းသိသူ အလွန်နည်းမည်ထင် ပါသည်။ ဘယ်သူသေ သေ င တေ မာ ပြီး ရော ဆိုတဲ စီးပွားရေးသမားတွေဟာ ဘယ်သူတွေလဲ ဆိုတာ အားလုံးသိကြမှာပါ။့်admin -mmt facebook မှကူးယူသည်။