Saturday, September 5, 2015

မူးယစ်ဆေး ပိုင်ရှင်မဲ့ သိန်း ၂၀၀၀ နီးပါးဘိုး


ကျပ်သိန်း ၂၀၀၀ ခန့်တန်ဘိုးရှိ မူယစ်ဆေးဝါးများ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိ
မော်လူး | စက်တင်ဘာ ၅
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် မန္တလေး - မြစ်ကြီးနား မီးရထားလမ်း ပင်ဝ်ဲမီးရထားဘူတာနှင့် မော်လူးမီးရထားဘူတာအကြား ကြို့ပင်ချောင်းအနီးတွင် စက်တင်ဘာ ၅ ရက် နံနက် ၇ နာရီ ၂၀ မိနစ်အချိန်က မီးရထားလမ်း လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် တပ်မတော်စစ်ကြောင်းမှ ကျပ်သိန်း ၂၀၀၀ ခန့်တန်ဘိုးရှိ မူးယစ်ဆေးဝါးများကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၅ ရက် နံနက် ၇ နာရီ ၂၀ မိနစ်အချိန်တွင် ခလရ(၂၇) မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စိုးမြင့်ဦး ဒုတပ်ရင်းမှူး ဗိုလ်မှူး ကျော်ဇင်ဦး ဗိုလ်ကြီး ဝေလင်းမောင်တို့ ဦးဆောင်သည့် တပ်မတော်သားများသည် မန္တလေး - မြစ်ကြီးနား မီးရထားလမ်း ပင်ဝဲမီးရထားဘူတာနှင့် မော်လူးမီးရထား ဘူတာအကြားတွင် မီးရထားလမ်းလုံခြုံရေးတာဝန်ထမ်းဆောင်နေစဉ် အမည်မသိအမျိုးသား ၄ ဦးသည် တပ်မတော်သားများအားမြင်တွေ့ပြီး ၄င်းတို့သယ်ဆောင်လာသည့် ပစ္စည်းများ ပစ်ချပြီး ထွက်ပြေးသွားခဲ့ကြကြောင်း ၄င်းတို့ ပစ်ထားခဲ့သည့် အဝါရောင် ပလပ်စတစ်ပုံး ၅ ပုံးအား စစ်ဆေးရာ ပလပ်စတစ်ပုံးများအတွင်းမှ အပြာရောင် ဆပ်ပြာခွက် ၄၂ ခွက် ပန်းရောင် ဆပ်ပြာခွက် ၄၁ ခွက် အစိမ်းရောင် ဆပ်ပြာခွက် ၄၀ခွက် အနီရောင်ဆပ်ပြာခွက် ၄၉ ခွက် စပ်ကြားဆပ်ပြာခွက် ၂ ခွက် စုစုပေါင်း ဆပ်ပြာခွက် ၁၇၄ ခွက်အတွင်းမှ မူယစ်ဆေးဝါးများဟုယူဆရသော အဖြူရောင်နှင့် အဝါရောင်အမှုန့် အလေးချိန် ၁၆၁၃ ဂရမ်နှင့် စိတ်ကြွဆေးပြား ၆၉၅၀ ပြား (စုစုပေါင်းကာလတန်ဘိုး ကျပ်သိန်း ၁၉၆၀၅၀၀၀၀ ကို ရှာဖွေတွေ့ရှိခဲ့ရာ နေ့လည် ၁၂ နာရီအချိန်တွင် မော်လူးနယ်မြေ ရဲတပ်ဖွဲ့စခန်းသို့ လွဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။ အဆိုပါ အမှုအား မော်လူးနယ်မြေ ရဲတပ်ဖွဲ့စခန်းမှ မယ- ပ/ ၂၇ | ၁၉က/၁၂ ကျင့် ၅၁၂ အရ အမှုဖွင့် အရေးယူထားပြီး တရားခံမျာကိုလည်း အမြန်ဆုံး ဖမ်းဆီးရမိနိုင်ရန် ဆက်လက်စုံစမ်း စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

ခင