Thursday, November 27, 2014

မီးရထားဖြင့် ခရီးသွားကြမည့်သူများအတွက် သတင်းကောင်း



မန္တလေး - မြစ်ကြီးနား မီးရထားလမ်းပိုင်းတွင် အိန္ဒိယမှ ဝယ်ယူမည့်
မီးရထားတွဲဆိုင်း စမ်းသပ်ပြေးဆွဲ
မော်လူး၊ နိုဝင်ဘာ ၂၇
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
မြန်မာနိုင်ငံ မြန်မာ့မီးရထားမှ ခရီးသွားပြည်သူများ စီးနင်းလိုက်ပါရာတွင်
အဆင်ပြေချောမွေ့စေရန် အိန္ဒိယနိုင်ငံမှ ဝယ်ယူမည့် မီးရထားတွဲဆိုင်းများအား
မီးရထားလမ်းနှင့် အဆင်ပြေကိုက်ညီမှု ရှိမရှိ သိနိုင်စေရန်အတွက်
အထက်တန်းတွဲနှစ်တွဲအား မန္တလေး - မြစ်ကြီးနား မီးရထားလမ်းပိုင်းတွင်
စမ်းသပ်ပြေးဆွဲခဲ့ကြောင်း သိရသည်။ အဆိုပါ အိန္ဒိယနိုင်ငံမှ ဝယ်ယူမည့်
မီးရထားတွဲဆိုင်းများထဲမှ အထက်တန်းတွဲနှစ်တွဲအား မီးရထားစက်ခေါင်းဖြင့်
ချိတ်ဆက်ကာ နိုဝင်ဘာ ၂၃ ရက်နေ့ နံနက် ၇ နာရီမှ မန္တလေး မီးရထားဘူတာကြီးမှ
စတင်ထွက်ခွာခဲ့ပြီး မိုးညှင်းမီးရထားဘူတာသို့ နိုဝင်ဘာ ၂၅ ရက်နေ့တွင်
ရောက်ရှိပြီး ၂၆ ရက်နေ့တွင် မန္တလေးမီးရထား ဘူတာသို့
ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။  စမ်းသပ်မောင်းနှင်မှုတွင်
ဘုံချောင်းမီးရထားဘူတာနှင့် နမ်းခမ်းမီးရထားဘူတာကြားတွင် အကွေ့အကောက်
အတက်အဆင်းများရှိသဖြင့် မီးရထားတွဲ၏ ဒန်ဘားနှင့် ထရိန်းပိုက်
မလွတ်တလွတ်ဖြစ်နေသည်မှ လွဲ၍ ကျန်နေရာများတွင် အဆင်ပြေမှုရှိကြောင်း၊
အဆိုပါ အထက်တန်း မီးရထားတွဲ၏ အရှည်မှာ ၆၃ ပေ ၉ လက်မရှိပြီး၊
ခရီးသည်စီးထိုင်ခုံ ၄၀ ၊ သန့်စင်ခန်း ၄ ၊ လက်ဆေးကန် ၂ ကန်၊
ရေမီးအပြည့်အစုံနှင့် ပန်ကာ ၈ လုံးပါရှိကြောင်း သိရသည်။
စမ်းသပ်မောင်းနှင့်ခဲ့သည့် မီးရထား ခရီးစဉ်သို့  မြန်မာ့မီးရထားမှ AME
ဦးရဲကျော်ထွေး၊ မီးရထားတွဲ လျှပ်စစ် အရာရှိ ၁ ဦး၊ ဝန်ထမ်းနှစ်ဦး၊
ကောလင်းမီးရထားဘူတာမှ လမ်းဗိုလ်ကြီး၊ စက်ခေါင်းမောင်း၊ တွဲပြင်၊
အင်းတော်မီးရထားဘူတာမှ လမ်းဗိုလ်ကြီး၊ မန္တလေး မီးရထားဘူတာမှ တွဲထိန်း၊
မီးရထားတွဲဆိုင်း ရောင်းချမည့် အိန္ဒိယ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးတို့
လိုက်ပါခဲ့ကြကြောင်း သတင်းရရှိသည်။ အဆိုပါ မီးရထားတွဲဆိုင်းများ
မြန်မာနိုင်ငံသို့ ရောက်ရှိနေသည်မှာ တစ်နှစ်ခန့် ကြာမြင့်နေပြီ ဖြစ်ပြီး
ဝယ်ယူခြင်း မပြုရသေးကြောင်း ၊ စမ်းသပ်မောင်းနှင်မှု
အဆင်ပြေချောမွေ့မှုရှိပါက ဝယ်ယူမည်ဖြစ်ကြောင်းများကို
စမ်းသပ်မောင်းနှင်မှုတွင် လိုက်ပါလာသည့် တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။







တရားမဝင်သစ်များ ဖမ်းဆီးရမိ




အင်းတော်မြို့နယ်တွင်တရားမ၀င်ကျွန်းသစ်ခွဲသားနှင့်သစ်စက်များဖမ်းဆီးရမိ
အင်းတော် နိုဝင်ဘာ ၂၇
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ ပုန်းဟုန်ကျေးရွာအုပ်စု၊
ဥသျှစ်ကုန်းကျေးရွာအနီး၊ အောက်တော
ကြိုးဝိုင်းတွင် တရားမ၀င်ကျွန်းသစ်ခွဲသားနှင့် သစ်စက်(၃)လုံးကို
ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၄ရက်နေ့၊ နေ့လည် ၁၂နာရီအချိန်ခန့်က သတင်းအရ
အင်းတော်မြို့နယ်၊ သစ်တောဦးစီး
အရာရှိ ဦးထွန်းလတ် ဦးစီးသောသစ်တောဝန်ထမ်းအဖွဲ(၈)ဦးတို့သည်
အင်းတော်မြို့နယ်၊ ပုန်းဟုန်ကျေးရွာအုပ်စု ဥသျှစ်ကုန်းကျေးရွာအနီး၊
အောက်တောကြိုးဝိုင်းအတွင်းရှိ
သဲဖြူချောင်းရိုးတစ်လျှောက်ရှာဖွေရာ ပိုင်ရှင်မဲ့
ကျွန်းသစ်ခွဲသား(၂.၀၂၂၄)တန်ဖမ်းဆီးရမိခဲ့သည် ။ ထို့နောက် နိုဝင်ဘာ
၂၅ရက်နေ့ နေ့လည်၂နာရီအချိန်ခန့်တွင်
အဆိုပါကြိုးဝိုင်းနေရာတွင်ဆက်လက်ရှာဖွေရာ
တရားမ၀င်သစ်စက် JIANGDONG
22Kg(၃)လုံးနှင့်ဆက်စပ်ပစ္စည်းများကိုလည်ကောင်း၊
တရားမ၀င်ကျွန်းသစ်(၁၀)လုံး (၃.၇၈၈)တန်တို့ကိုပိုင်ရှင်
မဲ့ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

အင်းတော် မှ လူကြီးတွေ ရန်ဖြစ်ကြတယ်တဲ့ facebook မှာ တွေ့လို့

၂၅ရက်၁၁လ၂၀၁၄ ည၁၂ နာရီခန့်အချိန်တွင်အင်းတော်မြို့နယ်
%%%%%%%%%%% နှင့် KTV ပိုင်ရှင် &&&&&&&&&&&&&&တို့ ၂ ဦး$%& လက်ဘက်ရည်ဆိုင်တွင်ထိုးကြိတ်မှုများဖြစ်ပွားခဲ့ပါသည်။KTVတွင်  &%%##@@#$$ အရှိန်သုံးကာအခမဲ့ပျော်ပါးကြိမ်များလာ၍ပိုင်ရှင်&&&&&&&&&မှမခံရပ်နိုင်ဖြစ်ကာစကားများရာမှထိုးကြိတ်နေကြရာအတူပါလာကြသူများဖြစ်သောမြို့နယ်%#%#@  &%%$@@ ဦးစီးတို့မှဝိုင်းဝန်းဆွဲဖြန်မှရန်ပွဲအဆုံးသတ်သွားပါသည် ဆိုပြီး  facebook  တွင်  တွေ့ရ။




မိဘများ သတိထားသင့်သည် မော်လူးချောင်းက အဖြစ်အပျက်

တစ်ခုခုများမှားနေပြီလား
ယနေ့မော်လူးတံတာမှာကလေးငယ်တစ်ယောက်ရေနှစ်သေဆုံးနေတယ်...
လွန်ခဲ့တဲ့နှစ်လကျော်ကလည်းတစ်ယောက်
သေပြီးပြီ
ကလေးတွေကိုသတိထားကြပါမိဘတွေ.....