Monday, February 17, 2014

အင်တာနက် မှ ခန့် မှန်းသော ယနေ မော်လူး မိုးလေဝသ

၎  ရက်စာ ခန့်မှန်း ထားပါသည်

gps  စနစ်ပါသော ဖုန်းမှတဆင့်

အင်တာနက် ရာသီ ဥတု ခန့်မှန်းချက်ကို

ကြည့်နိုင်ပါသည်




mail ထဲ ရောက်လာသော သတင်း

ကျွန်တော်တို့ အင်းတော်မြို့နယ်ကပြည်သူတွေ အခွန်ကို
တရားဝင် နိုင်ငံတော်သို့ ဆောင်ခွင့်ရပြီ

ဝမ်းသာတယ်ဗျာ ခါတိုင်းဆို အခွန်သာဆောင်လိုက်ရတယ်
ကိုယ် ပေးလိုက်တဲ့ငွေ ဘယ်ရောက်သွားတယ်ဆိုတာမသိဘူး

ခုတော့ ဘဏ်မှာ သွင်းရတော့မည်ဆိုတော့ဝမ်းသာတယ်ဗျာ
ဘဏ်ချလန်ဆိုတာကို ခုမှမြင်ဘူးတာဗျ

ဒီနှစ် ဘဏ်မှာ ဆောင်ရမယ် ဆိုတော့
ပြီးခဲ့သည့် နှစ်က ငွေဘယ်ရောက်သွားသလဲ ဆိုပြီးတော့
မမေးတော့ပါဘူးဗျာ နောက်ကြောင်း ပြန်မလှည့် ချင်ဘူးလေ

ရှေ့ဆက်ရမယ့် လမ်းကြောင်း မှန်ကန်ပါစေလို့ဘဲ ဆုတောင်ပါ့မယ်
အင်းတော်မြို့နယ်အတွင်းရှိ ပြည်သူပြည်သားအားလုံး ကျသင့်သော
အခွန်ငွေများကို အခုလို ဘဏ်ချလန်ဖြင့် နိုင်ငံတော်အတွက် ပေးသွင်း
ရမည်ဆိုတာကို မြို့နယ်အတွင်းနေထိုင် သူများကို အသိပညာပေး
ရန် လိုအပ်သည်မှာ အမှန်ပါ မည်သူ့မှာ တာဝန်ရှိတယ်ဆိုတာတော့ မသိဘူးဗျ

ကျွန်တော်သည်လည်း ယခုမှ ဘဏ်မှာ ပေးဆောင်တာ အကောင်းဆုံးဆိုတာ
ကိုယ်တွေကြုံမှ သဘောပေါက်ခဲ့တဲ့သူဖြစ်ပါတယ်

ဒါကြောင့် တာဝန်ရှိသူများမှ အခွန်ငွေဆိုပြီး ကောက်ခံလာခဲ့သော်
ဘဏ်ချလန်တာ တောင်းပြီးအခွန်ဆောင်ကြပါလို့
အင်းတော်မြို့နယ်အတွင်း နေထိုင်သော အခွန်ထမ်း ပြည်သူများကို
အကြံကောင်းပေးလိုက်ပါတယ်

ဘဏ်ချလန် မပါဘဲ တောင်းလာပါ သော နိုင်ငံတော်အတွက် စေတနာ ပလပွ ဖြင့်
မိမိကိုယ်စား သွင်းပေးမည့် ၀န်ထမ်း ဒီခေတ်မှ မရှိနိုင်တော့ဟု ကျွန်တော်ထင်မိပါသည်



                                     အခွန်ထမ်းပြည်သူတစ်ဦး