Tuesday, September 20, 2016

ဖုန်းဆိုင်သွားပြီး ဆင်းကဒ်မှတ်ပုံတင်လုပ်ပေးဖို့ သွားပြောနေစရာလိုတော့ဘူး မော်လူးဒေသသားတွေ ကွကိုလုပ်လုပ်ရပြီ



အူရီဒူးဆင်းကဒ်ကို အွန်လိုင်းကနေတစ်ဆင့် မှတ်ပုံတင်လုပ်နိုင်ပြီ
Submitted by Naung Ye Aung on September 20, 2016 - 3:08pm
Local
Telecom

   အူရီဒူးဆင်းကဒ်အသုံးပြုသူများအနေဖြင့် ဆင်းကဒ်မှတ်ပုံတင်လုပ်ထား၊မထားကို အွန်လိုင်းကတစ်ဆင့်စစ်ဆေး နိုင်ပြီး မှတ်ပုံတင်မလုပ်ထားပါက အွန်လိုင်းကနေတစ်ဆင့် ပြုလုပ်နိုင်ပြီဖြစ်ကြောင်းသိရပါတယ်။

    ဆင်းကဒ်မှတ်ပုံတင်ထားခြင်းကို *666# သို့ဖုန်းခေါ်စစ်ဆေးနိုင်ပြီး မှတ်ပုံတင်ထားခြင်းမရှိပါက အူရီဒူးက မက်ဆေ့ကနေတစ်ဆင့် ဖောင်ဖြည့်ရမည့်လင့်ကိုပို့ပေးမှာဖြစ်ပါတယ်။ အဆိုပါလင့်မှတစ်ဆင့် ၀င်ရောက်ကာ မှတ်ပုံတင်ခြင်းကို ဆက်လက်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ကိုယ်တိုင်မှတ်ပုံတင်ခြင်းပြုလုပ်ရာတွင် အမည်၊ မွေးသက္ကရာဇ်၊ မွေးရပ်၊ နိုင်ငံသား၊ ကျား / မ ၊ လိပ်စာ နဲ့ နိုင်ငံသားစိစစ်ရေးကတ် (သို့) ကျောင်းသားကတ် (သို့) ယာဉ်မောင်းလိုင်စင်ကတ် ရှေ့ / နောက် ပုံ တို့ကိုဖြည့်သွင်းရမှာဖြစ်ကြောင်းသိရပါတယ်။

     ဆင်ကဒ်မှတ်ပုံတင်ခြင်းပြုလုပ်ရာတွင် အူရီဒူး၏ 3G/4G ကွန်ရက်ကိုသာ အသုံးပြုရမည်ဖြစ်ပြီးအူရီဒူးမှ ဖြည့်သွင်းထားသော အချက်အလက်များ ကို ပေါက်ကြားမူ မရှိစေရန် ထိန်းချူပ်ထားမှာဖြစ်ကြောင်း သိရပါတယ်။