Monday, April 7, 2014

Viber ကိုအင်တာနက်မလိုပဲ ပြန်ပြီး activate လုပ်ချင်သူတွေအတွက်

Viber ကိုအင်တာနက်မလိုပဲ ပြန်ပြီး activate လုပ်ချင်သူတွေ ၊
Viber code တောင်းရတာအဆင်မပြေသူတွေ၊
အရင်သုံးလက်စ Viber message တွေ ၊sticker တွေကို
ဖုန်းထဲမှာအသစ်ပြန်သွင်းထားတဲ့ Viber ထဲမှာပြန်ထည့်ချင်သူတွေအတွက်ရည်ရွယ်ရေးသားပါတယ်
------------------------------------------------------------
ကျွန်တော်တို့ ဖုန်းတွေထဲမှာ Viber ကိုတော့ လူတိုင်းအသုံးပြုကြပါတယ်။
Viber သွင်းပြီးတာနဲ့ Code တောင်းတယ် ။ Code ပြန်ပို့ရင် ဖုန်းထဲကို code ထည့်တယ် ။ ဒါကတော့ပုံမှန်လုပ်ရိုးလုပ်စဉ်ပါ။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဖုန်း Firmware ကျသွားတဲ့အခါ ၊ Firmware ပြန်တင်လိုက်ရတဲ့အခါ Viber သုံးနေကျသူဆိုရင် Viber ဆော့ဝဲကိုအသစ်ပြန်သွင်းရပါပြီ။ အဲဒီတော့ ဘာဖြစ်လဲဆိုရင် Code အသစ်ပြန်တောင်းပြီး activate ပြန်လုပ်ရပါတယ်။ ဒါကလည်း တစ်ခါတစ်လေ Code ပြန်မပို့တာတွေရှိပါသေးတယ်။ Internet မရှိတဲ့သူတွေ ၊ အင်တာနက်ရှိပေမယ့် Viber က Code ပြန်မပို့လို့ Viber အဆင်မပြေဖြစ်နေသူတွေအတွက် အလုပ်ရှုပ်တာပေါ့ဗျာ။
အခု ကျွန်တော်ပြောပြမှာက Viber ကို ဖုန်းထဲမှာ ပုံမှန်သုံးစွဲနေစဉ်ကတည်းက
အတွင်း data ကို copy/backup ကူးထားဖို့ပဲဖြစ်ပါတယ်။ iPhone တွေမှာဆိုရင် iTool , Tongbu စတဲ့ PC Suite တစ်ခုခုနဲ့ချိတ်ပြီး ဖုန်းထဲက app list ထဲဝင်ပါ။ ပြီးရင် viber ဆော့ဝဲရဲ့ Folder ထဲကိုဝင်ပြီး Documents ဆိုတဲ့ Folder ကို ကိုယ့်ရဲ့ကွန်ပျူတာထဲမှာသိမ်းထားလိုက်ရုံပါပဲ။ တကယ်လို့ ကိုယ့်ရဲ့ဖုန်းကို Firmware ပြန်တင်လိုက်ရပြီဆိုရင် Viber ဆော့ဝဲကိုအသစ်ပြန်သွင်း ၊
ပြီးတာနဲ့ iTool , Tongbu စတဲ့ PC Suite တစ်ခုခုနဲ့ချိတ်ပြီး ဖုန်းထဲက app list ထဲဝင်ပါ။ ပြီးရင် viber ဆော့ဝဲရဲ့ Folder ထဲကိုဝင်ပြီးရင် Documents ဆိုတဲ့ Folder ကိုဖျက်ပြီး ခုနက ကွန်ပျူတာထဲမှာသိမ်းထားခဲ့တဲ့ Documents folder ကိုပြန်ကူးထည့်ပေးလိုက်ရင် ။
Firmware မကျခင်တုန်းက activate လုပ်ထားပြီးသား Viber အခြေအနေကိုပြန်ရောက်သွားပါလိမ့်မယ်။ activate လုပ်ပြီးအခြေအနေ ၊
အရင်ကပြောထားတဲ့ Viber Message တွေ ၊ Contact တွေကစ အရင်အနေအထားတိုင်းပြန်ပေါ်နေမှာဖြစ်ပြီး အသင့်သုံးစွဲရုံပါပဲ။

Android ဖုန်းတွေမှာလည်းထိုနည်း၎င်းပါပဲ ။ Root Explorer ဆော့ဝဲသွင်းထားပြီး
ဖုန်းရဲ့ root directory ထဲက data/app ထဲကိုဝင် ၊ com.viber.voip ထဲကိုဝင်ပြီး အတွင်းမှာပါတဲ့ folder တွေကို copy ကူးပြီးသိမ်းထားလိုက်ပါ။ အကယ်၍ ကိုယ့်ဖုန်းက Firmware ကျသွားလို့ ၊ Firmware အသစ်ပြန်တင်ထားလို့ Viber ပြန်သွင်းပြီးပြီဆိုရင် အပေါ်အဆင့်မှာတုန်းက copy ကူးသိမ်းထားတဲ့ folder တွေကို data/app ထဲက com.viber.voip folder ထဲပြန်ထည့်ပေးလိုက်ရုံပါပဲ။
အရင်အနေအထားအတိုင်းပြန်လည်သုံးစွဲနိုင်မှာဖြစ်ပါတယ်။ ဒီနည်းလမ်းကိုပြုလုပ်ဖို့အတွက်ကတော့ Android ဖုန်းမှာ
root access တော့ရှိဖို့လိုပါလိမ့်မယ်အခုပြောခဲ့တဲ့နည်းတွေဟာ iPhone ရော ၊
Android OS သုံးဖုန်းတွေရောကို အင်တာနက်မလိုပဲ Viber ကို နဂိုသုံးစွဲအနေအထားအတိုင်းပြန်ပြီး activated ဖြစ်စေမှာဖြစ်ပါတယ်။







အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်

မော်လူးဒေသ လေးတန်ချောင်းရိုးနှင့် နမီးချောင်းရိုးရှိ ကျေးရွာများမှ ကျွဲနွားများအား ကာကွယ်ဆေးထိုြး


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊
လေးတန်းချောင်းရိုးနှင့် နမီးချောင်းရိုးရှိ ကျေးရွာများမှ
ဒေသခံတောင်သူများ၏ ကျွဲနွားများအား ကာကွယ်ဆေးထိုးနှံခြင်းကို
အင်းတော်မြို့နယ်မှ မွေးမြူရေးနှင့် ကုသရေး ဦးစီးဋ္ဌာနမှ တိ/ကု
ဆရာဝန်များနှင့် ဒေသခံ ကျေးလက်လူငယ် သင်တန်းသားများ ပူးပေါင်းပါဝင်ပြီး
ဧပြီ ၂ ရက်နေ့မှ စတင်ကာ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
လေးတန်ချောင်းဘေးရှိ ခိုးကောင်ကျေးရွာမှ မတ်လအတွင်း ဖြစ်ပွားခဲ့သည့်
ပေါင်ပုတ်လက်ပုတ် ရောဂါကြောင့် ကျွဲနွားများ
သေဆုံးမှုဖြစ်ပွားခဲ့ပြီးနောက် မွေးမြူရေးနှင့် ကုသရေး ဦးစီးမှူး၏
ပြန်ကြားချက်၊ အင်းတော်မြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးမှူး၏
ဦးစီးဆောင်ရွက်မှုဖြင့် ဒုဦးစီးမှူးများဖြစ်ကြသော ဒေါက်တာ
ဝေဝေအောင်မင်း၊ ဒေါက်တာမြင့်သူတို့သည် ကျေးလက်လူငယ်သင်တန်းသားများ
ပူးပေါင်းပါဝင်လျှက် မော်လူးဒေသ အုပ်စု(၉)အုပ်စုမှ ကျေးရွာများရှိ ကျွဲ၊
နွားများအား ကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်လျှက်ရှိကြောင်း






လေးတန်ချောင်း ကို ကယ်တင်ကြပါစို့

လေးတန်းချောင်းရေ သဘာဝရေအတိုင်း ပြန်လည် စီးဆင်းစေရန် ဒေသခံများ လိုလားနေ


စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊
လေးတန်းချောင်းရိုးတစ်လျှောက်ရှိ ကျေးရွာသူ/သားများမှ
လေးတန်ချောင်းဖျားရှိ ရွှေတူးဖော်ရေး လုပ်ငန်းများကြောင့်
ချောင်းရေနောက်ကျိနေခြင်းအား သက်ဆိုင်ရာမှ တားဆီးပေးပြီး သဘာဝရေအတိုင်း
ပြန်လည် စီးဆင်းစေရန် လိုလားနေကြကြောင်း၊ လေးတန်ချောင်းသည်
ကချင်ပြည်နယ်မှ ချောင်းဖျားခံစီးဆင်းလာသည့် ချောင်းတစ်ချောင်းဖြစ်ပြီး
ရွှေတူးဖော်ခြင်း လုပ်ငန်းများကြောင့် ချောင်းရေမှာ တစ်နှစ်ပတ်လုံး
နောက်ကျိနေပြီး သုံးမရဖြစ်နေသည်မှာ သုံးနှစ်ကျော်
လေးနှစ်ရှိပြီဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ ဒေသခံတွေက ဒီလေးတန်ချောင်းရေကို  သဘာဝရေအတိုင်း
ပြန်လည်စီးဆင်းနိုင်အောင် လွှတ်တော်ကိုယ်စားလှယ်ကနေတစ်ဆင့် လွှတ်တော်မှာ
တင်ပြခဲ့ပေမယ့်  နယ်မြေငြိမ်းချမ်းမှုမရှိတာကို အကြောင်းပြပြီး ဘာမှ
မလုပ်ပေးခဲ့ပါဘူး။ ဒေသခံတွေ လက်မှတ်များရေးထိုးပြီး အထက်ကို တင်ပြတာလည်း
တစ်စုံတစ်ရာ ဆောင်ရွက်ပေးခြင်းမရှိပါဘူး။  ချောင်းရေက  သုံးမရလောက်အောင်
တစ်နှစ်ပတ်လုံးနောက်ကျိနေတော့  ရွာတွေကနေတော်တော်ဝေးလံသောနေရာက ရေကို
ငွေကြေးအမြောက်အများ အကုန်အကျခံပြီး ပိုက်တွေနဲ့ သွယ်ယူသုံးစွဲနေကြရသလို
သွယ်ယူသုံးစွဲဖို့ လုပ်နေတဲ့ ရွာတွေလည်း ရှိနေတာပါ။ ငွေကြေးမတတ်နိုင်တဲ့
တချို့ကျေးရွာများမှာ အဝီစိတွင်းများတူးဖော်ပြီး သောက်သုံးနေကြရတာပါ။
ချောင်းကြီးတစ်ချောင်းလုံး ရွာတွေဘေးက ဖြတ်ပြီး စီးနေပါလျှက် သုံးမရအောင်
ဖြစ်နေတာကြောင့် ကျွန်တော်တို့ ဒေသခံတွေမှာ ဖောင်စီးရင်း ရေငတ်ဆိုသလို
ဖြစ်နေရတာပါ။ ကျွန်တော်တို့ ဒေသခံတောင်သူတွေရဲ့ ကျွဲ၊ နွားတွေကလည်း
နောက်ကျိနေတဲ့ ချောင်းရေကိုသာသောက်သုံးနေရတာမို့ မလိုလားအပ်တဲ့ ရောဂါများ
ဖြစ်ပွားမှာကို  စိုးရိမ်နေကြရပါတယ်"ဟု ဒေသခံတစ်ဦးမှ ပြောပြသည်။