Monday, February 10, 2014

မော်းလူး ဗျူဟာလမ်း ကတ္တရာ လမ်း ခင်းတော့မည်

မော်လူး ချောင်း တံတား  မှ ဟဲနု တပ်ကုန်း ဘုရား  ထိ

ခင်းမည်ထင်ရ


အမှတ် ၉၃၈ မြစ်ကြီးနား - မန္တလေး ကုန်တင်မီးရထား လမ်းချော်တိမ်းမှောက်





အမှတ် ၉၃၈ မြစ်ကြီးနား - မန္တလေး ကုန်တင်မီးရထား လမ်းချော်တိမ်းမှောက်

မော်လူး၊ ဖေဖော်ဝါရီ ၁၁
@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးမီးရထားဘူတာနှင့် နန့်စီးအောင် မီးရထားဘူတာကြားတွင် မြစ်ကြီးနားမီးရထားဘူတာမှ ထွက်ခွာလာသော အမှတ် ၉၃၈ ကုန်တင်မီးရထားသည် ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၇ နာရီ ၅ မိနစ်အချိန်က ရထားတွဲချော် တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြစ်ကြီးနားမှ မန္တလေးဘက်သို့ မောင်းနှင်လာသော စက်ခေါင်းအမှတ် DD 1118 ၊ စက်ခေါင်းမောင်း ဦးရဲသန်း၊ ရထားထိန်း ဦးလှမြင့် ပါရှိသည့် ကုန်တင်ရထားသည် နန့်စီးအောင်ဘူတာမှ နံနက် ၆ နာရီ မိနစ် ၄၀ တွင် ထွက်ခွာလာရာ မိုင်တိုင်အမှတ် ၆၀၆/၂၃၊ ၆၀၆/၂၄ ကြားအရောက်တွင် သံလမ်းအဆက်နေရာအနီး မီးရထားသံလမ်း နှစ်ပေခန့်ပြတ်ထွက်ပြီး ရထားတွဲများ လမ်းချော် တိမ်းမှောက်ခဲ့သည်။
တွဲအမှတ် GBHAH 40819( 1,2,7,8), GBHAH 40902(2,4,5,7) တွဲများ လမ်းချော်ကျပြီး တွဲအမှတ် GBHAH 40894 တွဲသည် မီးရထားသံလမ်း၏ ညာဘက် ၁၅ ပေခန့် အကွာသို့ လွင့်စင်တိမ်းမှောက်ကျခဲ့ပြီး လိုက်ပါလာကြသည့် ဝန်ထမ်းများတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း၊ မီးရထားတွဲချော် တိမ်းမှောက်ရာသို့ မော်လူး မီးရထားဘူတာ တာဝန်ရုံပိုင်ကြီး ဦးစိုးလင်း၊ နယ်မြေခံတပ်ရင်း (၉၈)မှ တပ်မတော်သားများ၊ မီးရထားလမ်း အင်ဂျင်နီယာ ဦးထင်လှအောင်(အငယ်တန်းအင်ဂျင်နီယာ)နှင့်အဖွဲ့ တို့မှ သွားရောက်ကြပြီး မီးရထားလမ်းပိုင်း အမြန်ဆုံး ပြန်လည်ကောင်းမွန်ပြီး မီးရထားများ ပုံမှန်သွားလာနိုင်စေရန်အတွက် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။