Tuesday, March 3, 2015

“သီတဂူသို့ ဦးခိုက်ခြင်း” ★★★★★★★★★★★★ (၀ါ) ဆရာတော်ကြီး(၇၈) နှစ်မြောက်မွေးနေ့ ဓမ္မဒါ

“သီတဂူသို့ ဦးခိုက်ခြင်း” ★★★★★★★★★★★★ (၀ါ) ဆရာတော်ကြီး(၇၈) နှစ်မြောက်မွေးနေ့ ဓ...


“သီတဂူသို့ ဦးခိုက်ခြင်း”
★★★★★★★★★★★★
(၀ါ)
ဆရာတော်ကြီး(၇၈) နှစ်မြောက်မွေးနေ့ ဓမ္မဒါန

★ တရားချစ်ခင်သူတော်စင်အပေါင်းတို့ ဒီကနေ့ဟာ တပေါင်းလပြည့်နေ့
အချိန်အခါပဲဖြစ်ပါတယ်။ သရဖီပန်းတွေ ဝေေ၀ဆာဆာပွင့်ပြီးတော့
သဲပုံစေတီ ပွဲဆင်နွဲတဲ့လ ၊ အပါဒါန်ပါဠိတော်မှာလည်းပဲ ပုလိနဆိုတဲ့
မထေရ်တစ်ပါးဟာ ရှေးရှေးကာလ တစ်ခုသောဘုရားရှင်ရဲ့ လက်ထက်တော်မှာ ယခုလိုသာယာ ငြိမ့်ညောင်းတဲ့ လတပေါင်းမှာ မြစ်ထဲမှာ ရေတွေက ကျဆင်းတဲ့အခါ သဲတွေက သောင်ဖြစ်ပြီး ကျန်ရစ်တဲ့ သဲသောင်ပြင်ပေါ်မှာသဲတွေကို စုပုံ စုပုံပြီးတော့ စေတီတော်ရဲ့ ပုံစုံအသွင်တည်ခင်းပြီးတော့ ရှေးရှေးက ပွင့်တော်မူကြတဲ့ မရေနိုင်အတွက်နိုင်သော ဘုရားအဆူဆူတို့ရဲ့
ဂုဏ်တော်ကို ရည်မှန်းပြီးတော့ သဲပုံ၍စေတီတော်ကို ဗုဒ္ဓဂုဏ်ရည်ကို ယုံကြည်၍ပူဇော်ခဲ့ဖူးပါတယ်။

★ ထိုအမျိုးကောင်းသားဟာ ထိုမှလွန်၍ ဂေါတမဘုရားရှင်လက်ထက်ရောက်လာတဲ့အခါမှာ
ပုလိနမထေရ်လို့ဖြစ်တော်မူလာပါတယ်။ ပုလိနမထေရ်ရဲ့ ထေရာအပါဒါန်ဟာဖြင့် သဲပုံစေတီ သမိုင်းကိုဖော်ပြလျှက်ရှိနေပါတယ်။ဒါကြောင့်မို့ တပေါင်းလရဲ့ပွဲဟာ
သဲပုံစေတီပွဲလို့ ဒီလိုဖွဲ့ဆိုခဲ့ကြတာဖြစ်ပါတယ်။ဤအခါသမယဟာ
ဘုရားရှင်ကိုယ်တော်မြတ် ဖခမည်းတော်စံမြန်းတဲ့ ကပိလ၀တ်ကိုကြွမြန်းတော် မူခဲ့တဲ့ ပြည်တော်ဝင်တဲ့လ လည်းဖြစ်ပါတယ်။ဖွားဘက်တော်(၇)ဦးထဲက
ကာဠုဒါယီအမတ်ကြီး ဂါထာပေါင်း(၆၀နဲ့ပင့်လျှောက်တဲ့နေလည်းဖြစ်ပါတယ်။

ဒါ့ကြောင့် တပေါင်းလဆိုတာ ဗုဒ္ဓဘာသာမြန်မာလူတွေရဲ့
အထွဋ်အမြတ်ထားတဲ့နေ့ထူးနေ့မြတ် အချိန်အခါပဲဖြစ်ပါတယ်။

ဒီလိုနေ့ထူးနေ့မြတ်အချိန်ကာလမှာ မွေးဖွားသန့်စင်တော်မူခဲ့သော
ဆရာတော်တစ်ပါးဟာလည်း ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်တစ်ဦးအဖြစ် ယနေ့ မြတ်ဗုဒ္ဓရဲ့သာသနာတော်မှာ သာသနာဝန်ထမ်းအဖြစ် မြန်မာမှာသာမက ကမ္ဘာကိုပါသာသနာပြုလျှက်ရှိပါတယ်။ မြန်မာသက္ကရာဇ် ၁၂၉၈ခုနှစ် တပေါင်းလပြည့်နေ့ ၊အင်္ဂါနေ့ ၌ (ခရစ်နှစ်-၁၉၃၇ခုနှစ်၊ဖေဖ၀ါရီ-၂၃)
အဖ ဦးမောင်ညို၊ အမိ ဒေါ်သန်းတင်တို့က ပဲခူးတိုင်း၊ ပြည် မြို့နယ် စီရင်စု၊ သဲကုန်းမြို့နယ် ပုတီးကုန်းမြို့တွင် ဖွားမြင်သည်။မွေးချင်းမောင်နှမ
(၂)ယောက်ရှိသည့်အနက်
သားအကြီးဖြစ်သည်။ငယ်အမည်မှာ မောင်စံသိန်းဖြစ်သည်။
ထိုပုဂ္ဂိုလ်ကား ယနေ့သီတဂူဆရာတော်ဘုရားကြီး အရှင်ဉာဏိဿရပင်ဖြစ်သည်။

★ ဆရာတော်ကြီးဘုရားကြီး၏ ငယ်အကြောင်းကို ဆရာတော်ကြီးပြောပြတာလေးကို
ဖတ်ပြီး ဆရာတော်ကြီးကို ကြည်ညိုဖူးမျှော်ကန့်တော့လိုက်ရအောင်။
အော် ပုဂ္ဂိုလ်မြတ်တို့၏ ဘ၀ကားထူးခြားဆန်းကြယ်လှပေစွ။
_/\_ ဆရာတော်ကြီးက

“ အမေ့ဝမ်းခေါင်းက ထွက်လို့ ၇-နှစ်လောက်ကြာတဲ့ခါ အဖေကွယ်လွန်ခဲ့တယ်။
ဆင်းဆင်းရဲရဲ အဖေ-အမေနှင့် ၇-နှစ် လောက်နေခဲ့ရပေမယ့်
အဖေမျက်နှာ ဘယ်လိုဆိုတာ
ဒီကနေ့ပြန်ကြည့်တော့ ကောင်းကောင်း မမှတ်မိဘူး။
အဖေ လေဖြတ်လို့ ဒူးထောက်လျှက်
ပက်လက်ကလေး ကွယ်လွန်နေတော့၊ ရုပ်အလောင်းကို အခေါင်းထဲ ထည့်တော့ လူကြီးတွေပြန်ကြတဲ့အခါ ထောင်နေတဲ့ ဒူး ခြေသလုံးရဲ့ အကျောတွေတင်းနေလို့ ခြေထောက်လွယ်လွယ်နဲ့ ပြန်ဆန့်မရတဲ့အခါ - အမေသနပ်ခါးသွေးတဲ့ ကျောက်ပြင်ကြီးလား အဖေနံပြားဖုတ်ဖို့ ပလာတာဖုတ်ဖို့ဂျုံမှုန့်ကြိတ်တဲ့ ကျောက်ပြင်ကြီးလားတော့မသိ
ကျောက်ပြင်တစ်ခုခုနဲ့ ဒူးနှစ်ဖက်ကို အတင်းဖိပြီး အခေါင်းထဲထည့်ကာ သယ်သွားပြီး မီးသင်္ဂြိုဟ်လိုက်ကြတာကိုပဲ မှတ်မိတယ်။

အဲ့ဒီတော့ အမေမုဆိုးမက သား မောင်စံသိန်းနှင့် သမီး မစိန်မြင့်ကို ကျောင်းထားဖို့ ဦးစောမြလေးရဲ့ ဆန်စက်ထဲမှာ စပါးသယ်ရတယ်။
ဆန်သယ်ရတယ်။ အဲဒီဆန်ရွက် စပါးရွက်လို့ ရတဲ့ ပိုက်ဆံလေးနဲ့ သားတစ်ယောက်နဲ့ သမီးတစ်ယောက်ကို ကျောင်းထားတယ်။ ပုတီးကုန်းမြို့ရဲ့ တောင်ဘက်ရွန်းရွန်းက ချစ်တီးဘုရားကျောင်းအနီး ကွက်သစ်မှာမွေးတဲ့ ဒို့မောင်နှမနှစ်ယောက်ဟာ
ပုတီးကုန်းမြို့ဈေးရဲ့ အနောက်မြောက်ဘက်ဆီက စာသင်ကျောင်းလေးမှာ ကျောင်းတက်ကြတယ်။ နောက်တော့ အမေမုဆိုးမ ဒေါ်သန်းတင်က
သမီးတစ်ယောက်ကိုသာ ကျောင်းထားပြီးတော့
သားကို အမေ့နောင်တော်ကြီးတစ်ဝမ်းကွဲ ဘကြီးတော် ဦးဣန္ဒ၀ံသရဲ့ သဲကုန်းမြို့တပ်ရွာအလယ်ကျောင်းကို ပို့လိုက်တယ်။
ဉာဏိဿရ ရဲ့ ဒေါက်တာဉာဏိဿရ ဘ၀ကို အဲဒီမှာ စခဲ့တာပဲလို့ဆိုချင်တယ်။

ညောင်စေ့ကလေးဟာ မျိုးစေ့ပေါင်းများစွာထဲမှာ အသေးဆုံးသော မျိုးစေ့တွေထဲမှာပါတယ်။
ဒါပေမယ့် မြေကောင်း ရေကောင်းကိုရတဲ့အခါ ငှက်အကောင်ပေါင်းများစွာတို့ရဲ့ အရိပ်ခိုနားနေရာ၊ အစာစားလို့ အသက်ရှင်ရာ၊ကြီးမားစည်ကားတဲ့
အပင်ကြီးကြီးတစ်ခုအဖြစ် ပေါက်ရောက်စေနိုင်တဲ့ သတ္တိဓာတ်
ကိန်းအောင်းနေတာ အမှန်ပဲ။ "

_/\_ _/\_ _/\_
အော်အခုတော် မျိုးစေ့ပေါင်းများစွာထဲမှာ အသေးဆုံးသောမျိုးစေ့လေးတစ်စေ့သည် ယနေ့မြန်မာပြည်မှာ သန်း(၆၀)သော ပြည်သူတွေရဲ့မှီခိုရာ ဓမ္မပဒေသာပင်ကြီးတစ်ပင် ဖြစ်နေပေတော့သည်။ဆရာတော်ကြီးရဲ့ အကြောင်းအရာတွေ ဖွဲ့နွဲ့မည်ဆိုပါက မကုန်နိုင်တော့ပေ။

ဆရာတော်ကြီးက “ ငါ့ကွာ ဘယ်တက္ကသိုလ်မှာမှ Phd ဘွဲ့မရခဲ့ပါဘူး။ဒါပေမယ့် တက္ကသိုလ်တွေက လာလာပြီးပေးကြတယ်ကွာ ”အော်ဆရာတော်ကြီးရဲ့ ပညာဉာဏ်ကြီးမားပုံမှာ မြန်မာကသာမက ကမ္ဘာကတောင် အသိအမှတ်ပြုရပါလား။
သီတဂူဆရာတော်ကြီးကို အောက်ဖော်ပြပါ တက္ကသိုလ်ကြီး ၆ခုမှ ဒေါက်တာဘွဲ့များဆက်ကပ်ထားသည်။ ခြောက်ထပ်ကွမ်း ဒေါက်တာဘွဲ့

၁။ ရန်ကုန်တက္ကသိုလ် (မြန်မာ)
၂။ မဟာချူလာလောင်ကွန် တက္ကသိုလ် (ထိုင်း)
၃။ မဟာမကုဋ် တက္ကသိုလ် (ထိုင်း)
၎။ နာလန္ဒာတက္ကသိုလ် (အိန္ဒိယ)
၅။ သီရိလင်္ကာတက္ကသိုလ်
၆။ Pannasastra တက္ကသိုလ် (ကမ္ဘောဒီးယား)

ဆရာတော်ကြီးရဲ့ မြန်မာလူမျိုး နိုင်ငံကိုချစ်ပုံ သာသနာကိုအလေးထားပုံတို့ကိုလည်း
ရုရှားရောက် မြန်မာကျောင်းသားများအား

_/\_ “ ငါ့နာမည် သီတဂူဆရာတော်။တရားဟောရင် ပိုက်ဆံသိပ်ရတာမင်းတို့ သိတယ်။ငါဘာတွေ သုံးလဲ မင်းတို့သိမှာပါ။ ငါအမေရိကန်မှာ ဟောပြောပွဲတွေရင် ဒေါ်လာတွေ သိပ်ရတာ။အဲ့ဒီဒေါ်လာတွေနဲ့ ငါအမေရိကန်မှာ ဒူးနန့်ပြီးမနေပါဘူးဗျာ။
တိုက်တွေဝယ်ပြီး ကားတွေနဲ့ ဇိမ်မခံပါဘူး။အဲ့ဒီလိုနေဖို့ စိတ်ကူးကိုမရှိတာ။
မင်းတို့ကပြောတယ် “ရေကြည်ရာ မြက်နုရာ”တဲ့ အဲ့ဒါလူပြင်းတွေရဲ့စကားကွ။ မကြည်တဲ့ရေကို ကြည်အောင်လုပ်ရမှာ ငါတို့ရဲ့တာဝန်ကွ။အခုက ရေကြည်တယ်ဆိုပြီးနေလိုက်တာ ပြန်ကိုမလာတော့ဘူး။အမိမြေကို ထည့်မတွက်တော့ဘူး။
အဲ့ဒါကြောင့် မင်းတို့ ကိုယ့်နိုင်ငံအကျိုးကို ဆောင်ရွက်ဖို့ လူကိုရှာရင် ငါ့ကိုပဲအနီးဆုံးအတုယူကြပါကွာ။

ငါအခုချိန်ထိ Passport အနီလေးနဲ့ပဲ ခရီးသွားနေတာပါ။
အခုအချိန်ထိ မြန်မာနိုင်ငံအထက်ပိုင်း ရွှေဘိုနားတစ်လျှောက်က
လူတွေညဆိုရင် နဖူးမှာ ဓာတ်မီးလေးတပ်ပြီးတော့ ငါးရှာ ဖားရှာနေကြတာ။
အော်ကြည့်စမ်း ၀မ်းတစ်ထှာအတွက် ပင်ပန်းနေလိုက်ကြတာ။အခုမှ တိုးတက်ဖို့စနေတဲ့ တို့နိုင်ငံကို ငါတို့မှ မချစ်ရင် ကိုယ်တတ်စွမ်းသလောက်မှ
ဒီနိုင်ငံကို မဆောင်ရွက်ရင် ဘယ်သူဆောင်ရွက်မလဲ။ကိုယ်ကျတော့ နိုင်ငံခြားမှာ ဇိမ်ခံနေပါတယ်တဲ့ ဒီမှာက ချောင်းထဲ မြောင်းထဲမှာ ငါးရှာ ဖားရှာ နေကြတယ်ကွ ငါတို့ရဲ့ ညီအစ်ကိုမောင်နှမတွေ ။ ”
_/\_

★ ဆရာတော်ကြီးရဲ့ သာသနာအတွက် ပေးဆပ်ပုံကိုလည်း★
“ ဘ၀သမိုင်းမရိုင်းအောင် ဘာလုပ်မလဲဆိုရင် ဒို့သာသနာ ဒို့ပြည်ရွာကို သာယာစေမှု လုံ့လပြုရမယ်။ တိုင်းပြည်နဲ့သာသနာအတွက် ကောင်းတဲ့လုပ်ငန်းမှန်သမျှကို လုပ်ခွင့်ရသလောက်၊ လုပ်နိုင်သလောက် အကုန်လုံးလုပ်ကြရမယ်။ ငါ့တိုင်းပြည်နဲ့ ငါ့သာသနာအတွက် ငါ ဘာတွေလုပ်နိုင်သလဲ၊ ဘာတွေလုပ်ခွင့်ရသလဲ၊
အဲဒီနှစ်ချက်တွက်ပြီးတော့ အလေးအနက် လုပ်နိုင်သလောက်၊ လုပ်ခွင့်ရသလောက်၊ ထည့်လိုက်ဦး လုပ်ဖြစ်သလောက် အကုန်လုံးလုပ်ရမယ်။ တိုင်းပြည်နဲ့သာသနာမှာ လုပ်ခွင့်ရပါလျှက်နဲ့၊ လုပ်နိုင်စွမ်းရှိပါလျှက်နဲ့၊ လုပ်လို့ဖြစ် ပါလျက်နဲ့ မလုပ်လိုက်ရဘူးဆိုလို့ရှိရင် သိတတ်တဲ့လူတစ်ယောက်အနေနဲ့ ဘ၀မှာအသက်ရှည်ရင် ရှည်သလောက် အဲဒီချွတ်ယွင်းမှုတွေနဲ့ ကိုယ့်ဘ၀ကို ကိုယ်ဖျက်ဆီးရာကျတယ်။
ကိုယ့်ဘ၀ကို ကိုယ်ဖျက်ဆီးခြင်းဟာ ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်သာသနာကို ဖျက်ဆီးခြင်းပဲ။

တိုင်းပြည်နဲ့သာသနာကိုဖျက်ဆီးခြင်းဟာလည်း ကိုယ့်ဘ၀ကို ဖျက်ဆီးခြင်းပဲ။ ဘ၀ရယ် တိုင်းပြည်ရယ် သာသနာရယ်ဟာ ခွဲလို့မရဘူး။ ဒီသုံးခုဟာ အတူတူပဲ။" ငါ့သာသနာအတွက် ငါဘာထားပစ်ခဲ့မလဲ၊ ငါ့အတွက်ကော ဘာတွေယူသွားမလဲ၊
အဲဒီစိတ်တွေကို အလေးအနက်ပြုပြီးတော့ ရထားတဲ့အခွင့်အရေး၊ ရထားတဲ့အချိန်၊ ရထားတဲ့ဘ၀နဲ့ခန္ဓာကို တိုင်းပြည် နဲ့သာသနာတော်အတွက် များများကြီးအသုံးချပါလို့
တိုက်တွန်းအပ်ပါတယ်။ ”

ဆရာတော်ဘုရားကြီးရဲ့ သီတဂူစီမံကိန်းတွေအကြောင်းများ
ဆရာတော်ကြီးရဲ့ ဒါနပါရမီ ကြီးမားပုံမှာ။

“ အရှင်အာနန္ဒာတို့ ဘုရားရှင်ကို အလုပ်အကျွေးပြုနေတာ
သူ့အတွက်ဘာမှ မလုပ်လိုက်ရဘူး။ဘုရား ပရိနိဗ္ဗာန်စံပြီးမှ လုပ်ရတယ်။
ဘုန်းကြီးတို့လည်း ဒီလိုဖြစ်နေမလား မသိဘူး။ ဘုန်းကြီးတို့ အသက်(၈၀) ပြည့်ဖို့ (၁)နှစ်ပဲလိုပါတော့တယ်။ Retire လုပ်ဖို့ကောင်းနေပါပြီ။ဒါပေမယ့် ဘုန်းကြီးမလုပ်သေးပါဘူး။ဘ၀သံသရာမှာ ကာမရဲ့ကျေးကျွန်ဖြစ်ခဲ့တာ ဘ၀ပေါင်းမရေနိုင်ဘူးလေ။ သာသနာရဲ့ ကျေးကျွန်ဖြစ်ပြီးတော့ ဘ၀ကိုအသုံးချတာ မကောင်းဘူးလား။

သီတဂူ စစ်ကိုင်းရေအလှူတော်(၃၅)နှစ်ရှိပြီ အတွက် တစ်လကို သိန်း(၁၅၀) တစ်နှစ်ကို (၁၈၀၀) လောက်ကုန်တယ်။အဲ့ဒီအတွက် စင်္ကပူက ဒါယကာ ဒါယိကာ မတွေကနေ (၁၈၀၀) လှူမယ်ဆိုရင် ဘုန်းကြီး တစ်နှစ်ပတ်လုံးနားပြီတဲ့။ ပြုံးရယ်လျက်ဆရာတော်ကြီး မိန့်တော်မူပါတယ်။
သီတဂူစစ်ကိုင်း အာယုဒါနဆေးရုံကြီးကလည်း တစ်လကို သိန်းပေါင်း (၁၀၀-၂၀၀) ကြားမှာရှိတယ် တစ်နှစ်ကို သိန်းပေါင်း (၁၂၀၀) အထက်မှာပဲ ရှိတယ်။ဒါကို စင်္ကပူက ဒကာမတွေကများ ဘုန်းကြီးကို သိန်း(၁၂၀၀)လှူမယ်ဆိုရင် ဘုန်းကြီးနားပါပြီ

(ဆရာတော်ကြီးမှ ပြုံးရယ်လျှက်)
နောက်တစ်ခါ ကမ္ဘာဗုဒ္ဓတက္ကသိုလ် (၃)ခု အဲ့ဒါကတော့ ဆွမ်း၊သင်္ကကန်း
သူ့ဘာသာ လုံလောက်ပါတယ်။ပူစရာမလိုတော့ပါဘူး။
နောက်တစ်ခါ နိုင်ငံတော်မှာ ဆောက်ထားတဲ့ ဆေးရုံပေါင်း(၂၈)ခု ရှိတယ်
(၅)ခုကိုနိုင်ငံတော်ကို လွဲလိုက်တယ်။ ဘုန်းကြီးက
(၂၃)ခုတာဝန်ယူထားတယ်။မျက်စိဆေးရုံတွေချည်းပဲ။
မျက်စိတစ်ခါခွဲရင် သိန်း(၅၀နဲ့၁၀၀) ကြားရှိပါတယ်။
ဒါတွေကိုများ စင်္ကပူက ဒါကာမတွေက ဆေးရုံ တစ်ရုံကို သိန်း(၁၀၀)
ပါဘုရားဆိုရင် ဘုန်းကြီးတို့ မနက်ဖြန်နားပါပြီ။
(ဆရာတော် ဘုရားကြီးက ပြုံးရယ်လျှက်)

ဆရာတော်ဘုရားကြီးသည် အထက်ပါကုန်ကျစရိတ် အားလုံးကို မိမိအားလှူဒါန်းသော အလွန်သန့်ရှင်းမြင့်မြတ်သော ဓမ္မဒါန၀တ္ထုငွေများ ဖြင့်သာ လှူဒါန်းတော်မူသည်။

သီတဂူဆရာတော်ကြီးရဲ့ ခံယူချက်သည် ကြက်သီးထစရာပင်ကောင်းတော့သည်။

" သစ်ပင်တွေ သီးသမျှအသီးကို ဒီသစ်ပင်တွေ ဘယ်အသီးမှ မစားဘူး။ ဒီလူတွေအကုန်စားတယ်။မြစ်တွေ ချောင်းတွေသယ်လာတဲ့ ရေတွေ
မြစ်တွေချောင်းတွေ သူတို့မသောက်ဘူး မြစ်ကမ်ပါးက
လူတွေအကုန်သောက်တယ်။ အသက်မရှိသော စိတ် ၀ိဉာဏ်မရှိသော
မြစ်ချောင်းသစ်ပင်တွေက သတ္တ၀ါတို့ရဲ့ အကျိုးကို ဒီလိုဆောင်တယ်။
နွားမတွေ နို့ရေတွေ တဒီးဒီးကျတယ်။နွားမရဲ့ကလေးတောင် ကောင်းကောင်းမသောက်ရဘူး။လူတွေအကုန်သောက်တယ်။
နွားထီးတွေ ပုခုံးပွန်းအောင်ရုန်း ထွက်လာတဲ့ ဆန်စပါး ဂျုံပြောင်း
ဒီလူတွေအကုန်စားတယ်။အဲ့ဒီနွားဘာစား ရိုးပျက်ပဲစားတယ်။
အဲ့ဒါကြောင့် သစ်ပင် မြစ်ချောင်းနွားတွေလို မိမိမှ ဖြစ်လာတဲ့ အကျိုးစီးပွား
သူတစ်ပါးတို့အတွက် များများကြီး အသုံးချကြပါ။အဲ့ဒါလေးကိုလည်းပဲ အထူးတိုက်တွန်းပါတယ်။"

ဆရာတော်ကြီးရဲ့ ကရုဏာဓာတ်ကြီးမားပုံကို
၂၀၀၇ ခုနှစ်တွင် ဧရာဝတီတိုင်းနာဂစ်မုန်တိုင်းသင့် ပြည်သူများအား တွင်
သီတဂူဆရာတော်နဲ့ ဒကာမတွေလှူဒါန်းမှုမှတ်တမ်းအား
ဝဏ္ဏဘာသန၊မုဒိတာကုသိုလ်ရရှိနိုင်ရင် တင်ပြအပ်ပါသည်။

(၁)စာသင်ကျောင်းပေါင်း(၂၇)ကျောင်း
(၂)ဘုန်းကြီးကျောင်း(၅)ကျောင်း(အသစ်ဆောက်လုပ်တာ အဟောင်းတွေပြင်ပေးတာ မနည်းဘူး။)
(၃)စေတီပေါင်း(၁၇၀)
(၄)အထကကျောင်း(၁)ကျောင်း
(၅) ဆေးရုံ(၁၂)ရုံ {ပစ္စည်းတွေထည့်တာ တစ်ခါထည့်ရင် သိန်း(၅၀၀)}
(၆)Container ကားကြီးတွေနဲ့ ဆန်၊စပား အခေါက်ပေါင်း (၅၅၀)
(၇)ဘုန်းတော်ကြီးကျောင်း(၂၄၀၀)ကို တစ်ချောင်းလျှင် သွပ်အချပ်(၁၀၀)၊
ငွေ(၁)သိန်းမှ (၁၀)သိန်း၊
အားလုံးကို ဘုန်းကြီးတို့ မြန်မာကျပ်ငွေ မှတ်တမ်းတင်လို့
ရသလောက်ပေါ့လေ
(8.85 billion) kyats.
1 billion= 1,000,000,000။”

ဆရာတော်ဘုရားကြီးက မိန့်ကြားတာကို မှတ်သားခဲ့ဖူးသည်။

စွမ်းနိုင်လွန်းတဲ့သီတဂူပါပေတည်း။

ဆရာတော်ကြီးရဲ့စွန့်လွတ်နိုင်တဲ့ စွမ်းအားကိုလည်း
“ မစွန့်လွှတ်တဲ့သူဟာ ဘယ်သောအခါမှ အထွတ်အထိပ်သို့
မရောက်နိုင်ဘူးဆိုတာ ငါ့တပည့်တို့မှတ်ထားကြ။မိမိခန္ဓာကိုယ်ရဲ့
သက်သာမှုကို သူတစ်ပါးအတွက် စွန့်လွှတ်နိုင်ရမယ်။
ကိုယ်ပိုင်ပစ္စည်းကိုလည်း သူတစ်ပါးတို့ စွန့်လွှတ်နိုင်ရမယ်။
ငါကတော့ အသီးတွေဝေနေတဲ့ သစ်ပင်ကြီးလို စွမ်းနိုင်သမျှ ကျင့်မယ်။ ”
ယနေ့သည် ဆရာတော်ဘုရားကြီး (၇၈)နှစ်ပြည့်သောနေ့ဖြစ်သည်။
ဆရာတော်ဘုရားကြီး၏ ဂုဏ်တော်တို့အား ဖော်ကျူးရန်ကျွန်ုပ်စကားလုံး မရှာနိုင်တော့ပါ။
ဆရာတော်ကြီးအား မွေးနေ့လက်ဆောင်အဖြစ် အဝေးကနေပြီး
ကျနော်တို့တစ်တွေ မေတ္တာ ပို့သလိုက်ကြရအောင်။

အားလုံးသော သူတော်စင်များ သီတဂူအဓိဋ္ဌာန်အတိုင်း လိုက်နာကျင့်ကြံ
ဆောင်ရွက် နိုင်ကြပါစေဗျာ။

ငါတို့ဖြစ်ရ
ဤလောက၀ယ်၊
ဘ၀သမိုင်း မရိုင်းစေရန်
စိတ်မန်မချ မာနမပါ၊
ဒို့စွမ်းရာဖြင့်
ဒို့သာသနာ ဒို့ပြည်ရွာကို
သာယာစေမှု
လုလ္လပြုအံ့။
သီတဂူစမ်းလပမာချမ်းမြသာယာ ရှိကြပါစေ။

{တရားပွဲများ၊ ဆရာတော်ဘုရားကြီးမိန့်ခွန်းများ ၊အရှင်ဝေပုလ္လ သီတဂူ၏ ဒိုင်ယာရီ စာအုပ်
တို့မှ ထုတ်နှုတ်ပူဇော်လိုက်ရပါတယ်}

ဤဓမ္မဒါန ကုသိုလ်သည် သာသနာတော်ကိုထောက်ပံ့နိုင်ပြီး နိဗ္ဗာန်၏
အထောက်အပံ့ဖြစ်ပါစေ။


-------==---==========---=-=

ယူနီကုတ်



★★★★★★★★★★★★
(၀ါ)
ဆရာတောျကွီး(၇၈) နှစျမွောကျမှေးနေ့ ဓမ်မဒါန





အောျ ပုဂ်ဂိုလျမွတျတို့၏ ဘ၀ကားထူးခွားဆနျးကွယျလှပစှေ။
_/\_ ဆရာတောျကွီးက




_/\_ _/\_ _/\_

ဆရာတောျကွီးက “ ငါ့ကှာ ဘယျတက်ကသိုလျမှာမှ Phd ဘှဲ့မရခဲ့ပါဘူး။ဒါပမေယျ့ တက်ကသိုလျတှကေ လာလာပွီးပေးကွတယျကှာ ”အောျဆရာတောျကွီးရဲ့ ပညာဉာဏျကွီးမားပံုမှာ မွနျမာကသာမက ကမာ်ဘကတောငျ အသိအမှတျပွုရပါလား။
(SIDAGU SAYADAW Dr. NYANISSARA)

၃။ မဟာမကုဋျ တက်ကသိုလျ (ထိုငျး)
၄။ နာလန်ဒာတက်ကသိုလျ (အိန်ဒိယ)
၅။ သီရိလငျ်ကာတက်ကသိုလျ
၆။ Pannasastra တက်ကသိုလျ (ကမော်ဘဒီးယား)



_/\_




သူ့အတှကျဘာမှ မလုပျလိုကျရဘူး။ဘုရား ပရိနိဗ်ဗာနျစံပွီးမှ လုပျရတယျ။


(ဆရာတောျကွီးမှ ပွံုးရယျလှကြျ)
နောကျတစျခါ ကမာ်ဘဗုဒ်ဓတက်ကသိုလျ (၃)ခု အဲ့ဒါကတော့ ဆှမျး၊သငျ်ကကနျး
သူ့ဘာသာ လံုလောကျပါတယျ။ပူစရာမလိုတော့ပါဘူး။





(8.85 billion) kyats.



ကနြောျတို့တစျတှေ မတေ်တာ ပို့သလိုကျကွရအောငျ။


သာယာစမှေု
လုလ်လပွုအံ့။

တို့မှ ထုတျနှုတျပူဇောျလိုကျရပါတယျ}

ဤဓမ်မဒါန ကုသိုလျသညျ သာသနာတောျကိုထောကျပံ့နိုငျပွီး နိဗ်ဗာနျ၏
အထောကျအပ့ံဖွစျပါစေ။






မူလတန်းကြို ပြီးမြောက်ခြင်း ကျောင်းဆင်းပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသ မံဟဲ အုပ်စု ပေကုန်းရွာ ကချင်တိုင်းရင်းသား ခရစ်ယန်အသင်းတော်မွကြီးမွူး ကျင်းပသည့် ၂၈ .၂ .၂၀၁၅ရက်နေ့ မူလတန်းကြိုကြောင်းပြီးမြောက် ခြင်း ဘွဲ့ယူကြောင်းဆင်းပွဲကျင်းပနေပုံနွင့် ကချင်သီချင်း အင်္ဂလိပ် သီချင်ျးမား သံပြိုင်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လွစ်လိုက်တဲ့ မြင်ကွင်းလေးပါ

ယူနီကုတ်
