Tuesday, August 23, 2016

မော်လူးဒေသ သားတွေ အဆင်ပြေပြီ ကသာမှာ MPT Sim card Registeration စတော့မည်




ကသာမှာ MPT Sim card Registeration စတော့မည်

၂၆ ၈ ၂၀၁၆ မှ စတင်၍ ကသာမြို့ အော်တိုအိတ်ချိန်းရုံးတွင်  ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်
မနက် ၇ ၃၀ မှ ည ၇ ၃၀ ထိ ပိတ်ရက်မရှိ ၃၁ ၃ ၂၀၁၇ ထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်
MPT sim card ဝယ်ယူစဉ်က စာချုပ်ရရှိခဲ့ပါက်ထပ်မံဆောင်ရွက်ရန်မလိုပါ သို့သော် အကြောင်းအမျိုးမျိုးကြောင့် အသစ်ထပ်မံregisteration ပြုလုပ်လိုလျှင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်

မည်သည့် MPT sim card ကိုမဆို အခမဲ့ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်

registeration ဆောင်ရွက်မည်ဆိုလျှင် register လုပ်မည့် sim card  ကို အဝင်အထွက် စမ်းသတ် ခေါ်ဆိုနိုင်ရန် မဖြစ်မနေ တပါးတည်းယူဆောင်လာရပါမည်
မှတ်ပုံတင်မည့်သူ၏ နိုင်ငံသား စီစစ်ရေးကဒ် သို့မဟုတ် ကျောင်းသားကဒ် သို့မဟုတ် ယဉ်မောင်းလိုင်စင်ကဒ် မိတ္တူ ၃ စောင် မဖြစ်မနေ တပါတည်း ယူဆောင်လာရပါမည်

စာချုပ်တွင် sim card ၏ ID နံပတ်ကို ထည့်သွင်းရမည် ဖြစ်ပါသဖြင့် လုပ်ငန်းလျှင်မြန်စေရန် sim card ဝယ်ယူစဉ်က ပါခဲ့သော ဘေးသားကဒ် ယူဆောင်လာရမည်ဖြစ်ပါသည် သို့သော် ဘေးသားကဒ် မပါခဲ့လျှင်လည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည် သို့သော် ၁၅ မိနစ်မှ ၃၀ မိနစ်ခန့်ထိ  ID နံပတ် စုံစမ်းရန် အချိန်အနည်းငယ် ပေးနိုင်ရမည်ဖြစ်ပါသည်

MPT sim card ပျောက်ခြင်း ပျက်ခြင်း သက်တမ်းလွန်ခြင်း တို့ကိုလည်း ရုံးဖွင့်ရက်တွင် ချက်ခြင်းရအောင် ကသာအိတ်ချိန်းရုံးတွင် ဆောင်ရွက်ပေးလျှက်ရှိပါသည်

အသေးစိတ်သိလိုပါက ၀၉ ၄၂၃၀၀၃၈၂၁ နှင့် ၀၉ ၄၀၀ ၅၅ ၁၂၃၄ သို့ စုံစမ်းမေးမြန်နိုင်ပါသည်

MPT ကို အားပေးမှုအတွက် အထူးကျေးဇူးတင်ပါသည်

Moving Myanmar Forward

ရှေ့သို့လှမ်းချီ MPT

မော်လူးမြို့ အရှေ့ကျောင်းတိုက်ဆရာတော် ဦးနန္ဒောဘာသ ဘဝနတ်ထံစံလွန်တော်မူခြင်း  (၅ )နှစ်ပြည့် ဆွမ်းသင်္ကန်းကပ် ဓမ္မသဘင်ကျင်းပ ပူဇော်မည်




မော်လူးမြို့ အရှေ့ကျောင်းတိုက်ဆရာတော်
ဦးနန္ဒောဘာသ ဘဝနတ်ထံစံလွန်တော်မူခြင်း
 (၅ )နှစ်ပြည့် ဆွမ်းသင်္ကန်းကပ် ဓမ္မသဘင်ကျင်းပ ပူဇော်မည်
၁၃၇၈ ခုနှစ် ဝါခေါင်လပြည့်ကျော် (၁၀ )ရက်၁၃၇၆ ခုနှစ် ဝါခေါင်လပြည့်ကျော်  ၁၄  ရက်

မော်လူးမြို့
အရှေ့ကျောင်းတိုက်ဆရာတော်
ဆရာတော် ဦးနန္ဒောဘာသ မဟာထေရ်
စံလွန်တော်ခြင်း
ငါးနှစ်ပြည့်
အာစရိယဂုဏ ပူဇာ ဆွမ်းသင်္ကန်းကပ်
မင်္ဂလာကျင်းပမည်
တပည့်တကာ တကာမအပေါင်းတို့အား
အကြောင်းကြားသိစေပါသည်

ဒီတစ်ခါတော့တရားဝင်ပြောပြီ အခြေခံပညာက ဝန်ထမ်းများ လစာတိုးမည်တဲ့



အခြေခံပညာဝန်ထမ်းများကို လစာတိုးပေးမည်
===============
အခြေခံပညာရေးတွင် တာဝန်ထမ်းဆောင်နေသည့် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမ များကို လစာတိုးပေး
သွားမည်ဖြစ်ကြောင်း အခြေခံပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သန်းဦးက ပြောသည်။
`` အခြေခံပညာရေးတွင် တာဝန်ထမ်းဆောင်နေတဲ့ ဆရာ၊ဆရာမတွေကို လစာတိုးပေးသွားဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ ရက်ကိုတော့ အတိအကျ မပြောနိုင်သေးပါဘူး။ အခြေခံဦးစီးဌာနမှာ ငွေ၁၀၀ရရင် ၈၅ ရာခိုင်နှုန်းက အခြေခံပညာမှာရှိတဲ့ ဆရာ၊ဆရာမ ၀န်ထမ်းတွေအတွက် အသုံးပြုတာပါ။ ဒါကြောင့် လစာတိုးပေးဖို့ စီမံချက်ရှိပါတယ်``ဟု ဦးအောင်သန်းဦးက ပြောသည်။
အစိုးရသစ်၏ ပထမ ရက် ၁၀၀ ကာလအတွင်း ပညာရေးဝန်ကြီးဌာန၏ ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်ပြီး သြဂုတ်လ၂၃ရက်က နေပြည်တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် အခြေခံပညာရေးဝန်ထမ်း ဆရာ၊ဆရာမ များကို လစာတိုးပေးရန် အစီအစဉ်များပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။ အခြေခံပညာဦးစီးဌာနတွင် ဆရာ၊ဆရာမအပါအ၀င် ၀န်ထမ်းအင်အား ၄သိန်းကျော်ရှိကြောင်း သိရသည်။