Tuesday, December 2, 2014

စီးမော်ချောင်းကူးတံတား ဖြတ်သန်းသွားလာသူများအတွက် အန္တရာယ်ရှိ



စီးမော်ချောင်းကူးတံတား ဖြတ်သန်းသွားလာသူများအတွက် အန္တရာယ်ရှိ
> > မော်လူး၊ ဒီဇင်ဘာ ၂
> > @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
> > စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးကျေးရွာအုပ်စုနှင့်
> > စီးမော်ကျေးရွာအုပ်စုတို့အား စီးမော်ချောင်းကို ဖြတ်သန်း
> > ဆက်သွယ်ပေးထားသော ရွှေဘို - မြစ်ကြီးနား ဗျူဟာမော်တော်ကားလမ်းမကြီးပေါ်ရှိ
> > စီးမော်ချောင်းကူးတံတားသည် ကြမ်းခင်းများ ပေါက်ပြဲနေခြင်း၊
> > တံတားလက်ရန်းတိုင်များ ဆွေ့မြည့်ကာ ခိုင်ခံမှုအားနည်းနေခြင်းတို့ကြောင့်
> > တံတားပေါ်သို့ နေစဉ်ဖြတ်သန်းသွားလာနေကြသည့် မော်တော်ယာဉ်များနှင့်
> > ဒေသခံများ၊ ကျောင်းသားကလေးသူငယ်များအတွက် အန္တရာယ်ရှိနိုင်ကြောင်း
> > သိရသည်။
> > ယင်းစီးမော်ချောင်းတံတား(တံတားအမှတ် ၁၀/၁၆၂)သည် အရှည် ၉၀ ပေ၊ အကျယ် ၁၅
> > ပေခန့်ရှိ သစ်သားတံတားဖြစ်ပြီး တံတားအောက်ခြေတိုင်များ၊ တံတားဘေးကာ
> > လက်ရန်းတိုင်များ ဆွေးမြည့်ပြီး ခိုင်ခံမှု အားနည်းကာ မော်တော်ယာဉ်ကြီး
> > ဖြတ်သန်းသွားလာစဉ် ပုခက်လွဲသကဲ့သို့ ယိမ်းထိုးလျှက်ရှိကြောင်း၊
> > တံတားကြမ်းခင်းများမှာလည်း ပေါက်ပြဲကာ ကြေမွပျက်စီးလျှက်ရှိကြောင်း၊
> > စီးမော်ချောင်းတံတားသည် ရွှေဘို - မြစ်ကြီးနား ဗျူဟာမော်တော်ကားလမ်းပေါ်ရှိ
> > တံတားတစ်စင်းဖြစ်သကဲ့သို့ ဒေသခံပြည်သူများအတွက်လည်း ဆက်သွယ်သွားလာရေးတွင်
> > အရေးပါသော တံတားတစ်စင်းဖြစ်ကြောင်း၊ တံတားယိမ်းယိုင်ပျက်စီးသွားပါက
> > ကွင်းလမ်းအခက်အခဲရှိသည့်အတွက် မိုးလေကင်းစင်ပြီး
> > ချောင်းရေနည်းပါးချိန်တွင် ပြုပြင်ခြင်း၊ အသစ်တည်ဆောက်ခြင်းများကို
> > ပြုလုပ်သင့်ကြောင်း၊ တံတားကြံ့ခိုင်မှု အားနည်းနေသည့်အတွက် တံတားပေါ်သို့
> > ဖြတ်သန်းမောင်းနှင်ကြသည့် ကုန်တင်မော်တော်ယာဉ်တန်းများ ဖြတ်သန်းရာတွင်
> > တစ်စီးပြီးမှ တစ်စီးဖြတ်သန်းနေရသဖြင့် ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပေါ်ကာ
> > မလိုလားအပ်သည့် ယာဉ်မတော်တဆမှုများဖြစ်ပေါ်ခြင်း၊ ဒေသခံပြည်သူများ၊
> > ကျောင်းသား/သူများအတွက် သွားလာရေးတွင်လည်း အခက်အခဲများနှင့်
> > ကြုံတွေ့ကြရကြောင်း၊ တံတားကြမ်းခင်းများ ပေါက်ပြဲနေသဖြင့် ကလေးသူငယ်များ
> > မကြာခဏ ကျွံကျလေ့ရှိကြောင်းများကို စီးမော်ကျေးရွာ အုပ်စု
> > အုပ်ချုပ်ရေးမှူးထံမှ သိရှိရသည်





စည်းမော်ကျေးရွာ မှ စေတီ ထီးတင်ပွဲ ကျင်းပတော့မည်

မော်လူးမြို့ စည်းမော်ရွာ``ဇမ္ဗူရောင်ခြည်ဓာတ်ပေါင်းစုစေတီတော်´´ပွဲတော်

ပွဲတော်ရက် ၁၃၇၆.ခု(2015)နှောင်း
တန်ခူးလ္ဆန်း(၁၁)(၁၂)(၁၃)ပဌာန်းပွဲ
(၁၄)(၁၅)တရားပွဲ
နှောင်းတန်ခူးလပြည့်ကျော်(၁)(၂)(၃)(၄)ရက်
ထီးတော်တင်ပွဲတော်နှင့်ဖျော်ဖြေရေး