Sunday, September 27, 2015

ချစ်ဦးမေ . . .



ချစ်ဦးမေ

အချစ်မယွင်း
သစ္စာခင်းလျက်
ချစ်ဦးမေ့ကို
မုန်းရစ်လေဘူး
ချစ်ဦးမေရေ။
ကာလတာရှည်
အညာပြည်မှ
တာမာဖြူပွင့်လေတိုင်း
မောင့်မှာမူမျက်ရည်ဝိုင်း၍
လွမ်းရက်ဆက်နှင့်
နွမ်းလျက်ကယ်ပျော်မရွှင်
မောင့်ကိုမြင်လျှင်
ချစ်ဦးမေသည်
မုန်းရစ်လေဘူး
အချစ်ဦးဟု
ဆိုလေမည်လား။
တမ်းတမိသည်။
မှန်းဆမိသည်။
ချစ်ဦးမေရေ။

နေခြည်နွေးနွေး