Wednesday, March 4, 2015

သို့ အင်းတော် မှ မော်လူး




ရက်တော်တော်ကြာ မပျက်ခဲ့သည့် လျှပ်စစ်မီးသည် ယခုရက်ပိုင်းများတွင် မကြာခဏပျက်လာသည်။ အံ့သြစရာကောင်းသည်ကား နေ့ပိုင်းများတွင် ပျက်လေ့မရှိပဲ ညပိုင်းများတွင် ပျက်သည်မို့ အံ့သြနေမိသည်။ နေ့ပိုင်းတွင်သုံးသည့် လျှပ်စစ်အားထက် ညပိုင်းတွင် သုံးသည့်လျှပ်စစ်အားက ပိုများ၍များ မနိုင်သဖြင့် ခဏခဏပျက်လေသလား။ သို့တည်းမဟုတ် နွေရာသီသို့ ရောက်လေတော့မည်မို့ မီးမကြာခဏပျက်လေသည်လား။ သို့တည်းမဟုတ်….. ကျနော်ဆက်မတွေးချင်ပါ….။ မန္တလေးမြို့ကြီးတွင် ယခုနှစ်နွေရာသီတွင် လျှပ်စစ်မီး မပျက်စေရဟု တာဝန်ယူပြီး ပြောထားသည့် အကြောင်းအရာများကို ကြားသိဖတ်ထားရသဖြင့် မန္တလေးမြို့ကြီးလိုနေရာမျိုးပင် နွေရာသီကို မီးမပျက်စေရဟု တာဝန်ခံထားလျှင် ကျနော်တို့လို ရွာလေးတစ်ရွာလောက်တော့ အေးဆေးပေါ့ဟု တွေးထားမိသည်။ မှန်မမှန် ဟုတ်မဟုတ်တော့ သေချာမသိ။ ကိုယ့်အတွေးနှင့် ကိုယ်ပင် …..။
ယခုရက်ပိုင်း မီးမကြာခဏပျက်တော့ မကြာခင်ရက်ပိုင်းအတွင်း တက္ကသိုလ်ဝင်တန်းခေါ် ဆယ်တန်းစာမေးပွဲကို ဖြေဆိုကြမည့် ကျောင်းသား/သူများအတွက် စိုးရိမ်စိတ်လေးတွေ ဖြစ်နေမိသည်။ သည်လိုသာ လျှပ်စစ်မီး ခဏခဏပျက်နေပါက သူတို့လေးတွေ စာကိုမည်ကဲ့သို့ လေ့လာကြမည်နည်း။ လျှပ်စစ်မီးမလာတော့ ဖယောင်းတိုင်မီးနဲ့ စာတွေကျက်ကြမည်ပေါ့။ တတ်နိုင်သည့်သူများကတော့ ဆိုလာပြား မီးတွေ မီးစက်တွေနိုးပြီး ကျက်ကြလိမ့်မပေါ့။ စာကရေးနေရင်း လိုရင်းမရောက် ဖြစ်နေတော့မည်။ လျှပ်စစ်မီး အဘယ်ကြောင့် ယခုရက်ပိုင်းအတွင်း ခဏခဏပျက်နေရသနည်း။ အားမနိုင်၍ပဲ ပျက်လေသလား။ ကျနော်တို့ဆီသို့ သွယ်တန်းထားသည့် ဓာတ်အားလိုင်းတွင် ပြဿနာရှိနေသဖြင့် ပျက်လေသလား။ ပထမအချက်ဖြစ်သည့် ဓာတ်အားမနိုင်၍ ပျက်ခြင်းဆိုသည်ကို စဉ်းစားကြပါစို့…. ထိုသို့ လျှပ်စစ်ဓာတ်အားမနိုင်မှုများ မဖြစ်စေရန် လျှပ်စစ်သုံးစွဲသူများ လျှပ်စစ်ဓာတ်အား ပြည့်ပြည့်ဝဝသုံးစွဲစေရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ကျနော်တို့မော်လူးဒေသတွင် ထရန်စဖော်များတပ်ဆင်ကာ ဆောင်ရွက်နေကြောင်း မော်လူြး မြို့နယ် လျှပ်စစ်မှူး ဦးမောင်မောင်ငြိမ်းကပြောသည်ကို ဟိုနေ့က မော်လူးသတင်းတွင် ဖတ်လိုက်ရပါသေးသည်။ မော်လူးတွင် ထရန်စဖော်မာ ၁၈လုံးခန့် တပ်ဆင်ထားသည်ဟု မှတ်သားမိ၏။ ပြီးတော့ မီးအားမနိုင်၍ ပျက်သည်ဆိုလျှင် နေ့ပိုင်းများတွင် ပျက်ရလိမ့်မပေါ့။ နေ့အချိန်တွင် လျှပ်စစ်ဓာတ်အား သုံးစွဲမှုကား ညပိုင်းထက် ပိုနေမည်မှာ အသေအချာပင်….။ သည်အကြောင်းတွေကြောင့် မီးအားမနိုင်၍ ပျက်ခြင်းဆိုသည်မှာ ဖြစ်နိုင်ချေမရှိ…။ နောက်တစ်ချက် အင်းတော်မှ မော်လူးသို့သွယ်တန်းထားသည့် လျှပ်စစ်ကြိုးများတွင် ပြဿနာရှိနေ၍ မီးပျက်လေခြင်းလော….။ ဒါဆိုလည်း နေ့ပိုင်းမှာရော ပျက်သင့်တာပေါ့… ညပိုင်းမှာမှ အဘယ်ကြောင့် မီးကပျက်လေသနည်း။ ထူးဆန်းနေပေတော့သည်။ နောက်ဆုံးတစ်ခု ကျနော်ရှေ့ပိုင်းမှာ ရေးခဲ့သလို ဒီအချက်ကို ကျနော်မတွေးချင်ပါ… အဘယ်ကြောင့်ဆိုသော်…. ကျနော်တွေးသလိုမဟုတ်ပဲ…. အမှန်တကယ် ပြဿနာတစ်ခုခုကြောင့် မီးပျက်သည်ဆိုလျှင် မခက်ချေဘူးလား။ ခက်နေသည်ကား သံသယစိတ်ပင်… ယုံကြည်မှုမရှိသည့်အတွက် သံသယဆိုတာ ဝင်ရသည်…။ ယုံကြည်မှုမရှိအောင် ဘယ်သူတွေလုပ်ခဲ့ကြသနည်း။ ရှင်းရပေတော့မည်… မော်လူးဆိုသည်ကား အင်းတော်မြို့နယ် လက်အောက်ခံ ရွာတစ်ရွာ မော်လူးမြို့ဟု မည်သို့ပင်ဆိုစေကာမူ အင်းတော်မြို့နယ် လက်အောက်တွင်ရှိသည်မို့ ရွာကား ရွာပင်ဖြစ်သည်။ မြို့နယ်လက်အောက်ခံဆိုတော့ မြို့နယ်က နှိပ်စက်သမျှ ခံခဲ့ကြရသည့် ကာလကား နည်းမှမနည်းတာ … ဥပမာပြောရလျှင် အင်းတော်မြို့က မြအင်းသာဇာတ်ရုံကြီး အမိုးမိုးဖို့ရာအတွက် မော်လူးသားတွေဆီက သက်ကယ်ဘယ်နှစ်ပျစ်နှင့် ငွေဘယ်လောက်ဆိုပြီး ကောက်ခံသွားတာတွေ … စည်ပင်နယ်နမိတ်ထဲပါတယ်ဆိုပြီး စည်ပင်ခွန်တွေတော့ ကောက်ပြီး အမှိုက်ပြစ်စရာနေရာလေးတစ်ခုပင် ဖန်တီးပေးမှု မရှိတာတွေ…. ကိုယ်ထူကိုယ်ထဆောင်ရွက်ထားသည့် ရေပေးဝေရေးကို မြို့နယ်စည်ပင်က လက်ဝါးကြီးအုပ်ပြီး ရေမီတာတပ်ကာ အခွန်ကောက်ဖို့ကြံစည်တာတွေ ပြောရရင်နည်းမှ မနည်းတာ…. ယုံကြည်မှုတစ်ခုဟာ ပျက်စီးသွားပြီဆိုရင် ပြန်တည်ဆောက်ဖို့ရာ လွယ်မှ မလွယ်ကူတာလေ…. ဒါပေမယ့် ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ဆိုသည့်ကြွေးကြော်သံနဲ့အတူ clean goverment , good goverment ဖြစ်ရမည်ဟု(စာလုံးပေါင်းမှားလျှင် ခွင့်လွှတ်ပါ) ချီတက်နေတာမို့ ပြောင်းလောက်ပါပြီလေလို့ …. သံသယစိတ်ကိုဖျောက်ပြီး ယုံကြည်မှုကို ကျနော်တို့ဒေသခံတွေ ပြန်တည်ဆောက်နေကြတာပါ….။ ဟုတ်ပါပြီ… ကျနော်တွေးမိတဲ့အတွေးက အင်းတော်မြို့နယ်ကနေ ကျနော်တို့မော်လူးကို ညစ်ပတ်ခြင်လို့ သို့မဟုတ် ငွေတောင်းခြင်လို့ လျှပ်စစ်မီးကို တမင်ဖြတ်ချနေတာလို့ တွေးမိနေတာပါ… ဒါပေမယ့်လေ… အကောင်းမြင်စိတ်လေးနဲ့ … မဟုတ်လောက်ပါဘူး… မဟုတ်လောက်ပါဘူး… ဆိုပြီး ဖြေတွေးလေးတွေးထားတာတွေက …………………………………………………………….
………………………………………………………………………………………………………………….
…………………………………………………………………………………………………………………........................................................................................................................
"အင်းတော် လျှပ်စစ်နဲ့ မော်လူး မြို့နယ် လျှပ်စစ်မှူး ဖုန်းနဲ့ စကားများကြတယ်တဲ့…
အကြောင်းက  အင်းတော်က လျှပ်စစ်မီးကို သက်သက်မဲ့ ညစ်ပတ်ပြီး ဖြတ်ဖြတ်ချနေတာလို့ မော်လူး မြို့နယ်လျှပ်စစ်မှူးက မကျေနပ်လို့ ပြောရင်း စကားများကြတာဆိုပဲ……………."
……………………………………………………………………………………………………………………
……………………………………………………………………………………………………………………
ကျနော်မယုံကြည်ချင်ပါ… တကယ်ကို မယုံကြည်ချင်တာပါ……. ပြောင်းလဲနေပြီဆိုတဲ့ မြန်မာနိုင်ငံမှာ …. ပြောင်းလဲနေပါပြီ ဆိုတဲ့ မြန်မာနိုင်ငံကြီးမှာ …… ဒီလို စောက်ကျင့်( ရိုင်းသွားရင်ခွင့်လွှတ်ပါ။ ဗိုလ်ချုပ်အောင်ဆန်းကတော့ မြန်မာတွေနားထဲမှာ ရိုင်းရိုင်းပြောမှ မှတ်မိတယ်ဆိုလို့) တွေရှိနေတဲ့ ဝန်ထမ်းတွေ ရှိနေသမျှ ……. တိုးတက်မှုဆိုတာ ဘယ်တော့မှ ရှိလာမှာ မဟုတ်ပါဘူး……………………………………………………………………………………….
……………………………………………………………………………………………………………….
………………………………………………………………………………………………………………
စောက်ကျင့်ယုတ်မာစွာ လျှပ်စစ်မီးကို အကြောင်းမဲ့ဖြတ်ချပြီး ပိုက်ဆံရဖို့ လုပ်နေတာဆိုရင် အလွန်ပဲရှက်စရာကောင်းပါတယ်….အင်းတော်မြို့နယ်က လျှပ်စစ်အင်ဂျင်နီယာရေ …..
ပိုက်ဆံအတွက်ဆိုရင် အပြင်ထွက်ပြီး အလုပ်လုပ်လိုက်ပါ…….. ခင်ဗျားအစား ကျနော်တို့ မော်လူးသားတွေက ရှက်လို့ပါ ……. တကယ်လို့များ ခင်ဗျားဟာ ပိုက်ဆံရဖို့ လျှပ်စစ်မီးကို အကြောင်းမဲ့ ဖြတ်ချနေသူမဟုတ်ပဲ…. မီးခဏခဏပျက်ခြင်း ဒုက္ခကို ခံစားနေရတဲ့ ကျနော်တို့လို ပြည်သူနေရာမှာဆိုရင် … အခု ကျနော်တို့ ခံစားရသလို ခင်ဗျားလည်း ခံစားရမှာပါ……….ကျနော်ဒီလိုအကြောင်းတွေ မရေးချင်ပါဘူး။ ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်မှုလို ဖြစ်မှာ စိုးလို့ပါ…. တကယ်လို့ ကျနော်ကြားတဲ့ သတင်းမမှန်ဘူးဆိုရင် တောင်းပန်တယ်ဗျာ……
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
သတင်းက သေချာသွားပြီပဲ ………. ဘာလို့လဲဆိုတော့ အရင်ရက်တွေက ညပိုင်း လျှပ်စစ်မီး နှစ်ခါသုံးခါပျက်နေပေမယ့် ….. ဒီည 4.3.15 မှာ တစ်ချက်လေးမှ မပျက်ပဲ …. အိုကေသွားတယ်ဆိုတော့ ….. သေချာပြီ…………………………………………………………..
………………………………………………………………………………………………………………..
ဒါ တမင်သက်သက် ညစ်ပတ်မှု လုပ်ကြံဖန်တီးမှု ငွေရလိုမှုတွေ ဆိုတာပေါ့……………………………………………………………

စာခေါင်းစဉ်ကိုတော့ ဆရာချစ်ဦးညို စာပေဟောပြောပွဲတွေမှာ သုံးတာကို သဘောကျလို့ ယူသုံးထားတာပါ။

မော်လူးသူ/သားအားလုံး ကိုယ်စား
with respect,
mawlu news group