Tuesday, December 9, 2014

မော်လူးဒေသ၊ နန့်စီးအောင်ပညာရေးအုပ်စု (၂၂)ကြိမ်မြောက် မူလတန်းအဆင့် ကျောင်းသားအားကစားပွဲတော်ဖွင့်ပွဲ ကျင်း

မော်လူးဒေသ၊ နန့်စီးအောင်ပညာရေးအုပ်စု (၂၂)ကြိမ်မြောက် မူလတန်းအဆင့်
ကျောင်းသားအားကစားပွဲတော်ဖွင့်ပွဲ ကျင်းပ
မော်လူး၊ ဒီဇင်ဘာ ၉
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ နန့်စီးအောင်
ပညာရေးအုပ်စု (၂၂)ကြိမ်မြောက် မူလတန်းအဆင့် ကျောင်းသားအားကစားပွဲတော်
ဖွင့်ပွဲ အခမ်းအနားကို မော်လူးဒေသ၊ မံဟဲကျေးရွာ အခြေခံပညာ
အလယ်တန်း(ခွဲ)ကျောင်းတွင် ဒီဇင်ဘာ ၉ ရက် နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က
ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နိုင်ဋ္ဌေး၊ ကသာခရိုင် ပညာရေးမှူး
ဒေါ်ကြည်ကြည်ဋ္ဌေး၊ နယ်မြေခံတပ်ရင်းမှူး၊ မံဟဲကျေးရွာ အုပ်ချုပ်ရေးမှူး
ဦးညွှန့်ဆွေ၊ နန့်စီးအောင်-ပေကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး
ဦးသောင်းရွှေ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ/မကြီးများ၊
ကျောင်းသား/သူများ၊ ကျေးရွာသူ/သားများ တက်ရောက်ခဲ့ကြပြီး
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နိုင်ဋ္ဌေး၊ ပညာရေးမှူး
ဒေါ်ကြည်ကြည်ဋ္ဌေး၊ ၊ နယ်မြေခံ တပ်ရင်းမှူး၊
နန့်စီးအောင်-ပေကုန်းကျေးရွာအုပ်ချုပ်ရေးမှူး၊ မံဟဲကျေးရွာ
အုပ်ချုပ်ရေးမှူးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကသာခရိုင်
ပညာရေးမှူး ဒေါ်ကြည်ကြည်ဋ္ဌေးမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက်
ပါဝင်ယှဉ်ပြိုင်ကြမည့် အခြေခံပညာ မူလတန်းကျောင်း အသီးသီးမှ
အားကစားသမားများက အားကစား အဓိဋ္ဌာန် ရွတ်ဆိုကာ  ကျောင်းသား/သူလေးများ၏
ဘင်ခရာတီးဝိုင်းဖြင့် ချီတက်အလေးပြုခဲ့ကြပြီး ဆက်လက်၍
ကျောင်းသား/သူလေးများက ကဗျာလွှတ်အက၊ ပန်းပွားအကများဖြင့်
တင်ဆက်ဖျော်ဖြေခဲ့ကြသည်။ ထို့နောက် မံဟဲကျေးရွာ အခြေခံပညာ
အလယ်တန်း(ခွဲ)ဘော့လုံးအသင်း(ကျား)နှင့် ကူးဆိပ်ခိုးကောင်ကျေးရွာ
အခြေခံပညာ မူလတန်းကျောင်း ဘော့လုံးအသင်း(ကျား)၊ ဂွေ့ကြီး-နန့်ယုံကျေးရွာ
အခြေခံပညာ မူလတန်းကျောင်း ဘော့လုံးအသင်း(မ)နှင့် ကုန်းခါး -
နောင်ကွတ်ကျေးရွာ မူလတန်းကျောင်းအသင်း(မ)တို့ ယှဉ်ပြိုင်
ကစားခဲ့ကြကြောင်း သတင်းရရှိသည်