Saturday, December 24, 2016

sky net HD စက်မှာ psi လိုင်းတွေ ထည့်လို့ရပီ








sn ဖမ်းစက်ပေါ်မှာ  psi လိုင်းတွေ ဖမ်းပြီး မကြည့်ခြင်ဖူးလား
ကျနော်တော့ မဟာလိုင်းလေးနဲ့ ငြိမ့်နေဘီ
**************************************************
စကိုင်းနက် စက်ပေါ်မှာ အခြားလိုင်းတွေ ထပ်ထည့်ဖို့ဆိုတာ 
အရင်ကမရဘူးနော်
ဘယ်လိုဘဲ ဖမ်းဖမ်း ၁၂၄ လိုင်းပဲ မိမှာပါ။
ခုမျှဝေမဲ့ အကြောင်း က စကိုင်းနက် hd ဖမ်းစက်KHDS 862 
ထဲ ကို လိုင်းတွေ ထပ်သွင်း မဲ့ နည်းလမ်းပါ။
ပုံတွေကြည့်ရင်လည်း ရှင်းသွားမှာပါ။
ဒီနည်းလမ်းရဲ့ အဓိက အချက်က တော့ hide setting ပါပဲ။
ကဲစမယ်
ဗန်းကတော့  ဟိုဖက်ဒီဘက် မိအောင် ခွချိန်ထားပေါ့ဗျာ 

ပထမဆုံး  ရီမုတ်ကွန်ထရိုးပေါ် menu  ကိုနှိပ်လိုက်ပါ။
menu ဇယား ကွက် ပေါ်လာပါလိမ့်မယ်
ပြီးတော့ အပေါ် အောက် ကီးနဲ့ installation ကိုရွေးထားပါမယ် 
အဲဇယားပေါ်မှာ ဘာမှ မနှိပ်ပါနဲ့အူး

အဲဒီအချိန်မှာ hide setting ကို ဖော်ဖို့အတွက်
ရီမှတ်ဖြင့် 1126 ကို အလွတ်နှိပ်လိုက်ပါ။
ဒါဆိုရင် hide setting  ဇယား ပေါ်လာပါပြီး
ရွေးစရာ သုံးခုရှိပါလိမ့်မယ်

အဲထဲက မှာ အောက်ဆုံး clear provider name ကို ok ပေးလိုက်ပါ။
ပြီးရင် ပြန်ထွက်ပြီး 
အင်စတော်လေးရှင်းပြန်ဝင်ပါမယ်
အင်စတော်လေးရှင်းကိုနှိပ်လိုက်ပါ password တောင်းရင်
1126 ပေးလိုက်ပါ။ 
ဒါဆို tP နံပါတ်တွေကို ချိန်းလို့သွင်းလို့ရသွားပါပြီး
manual ဖြင့်ဝင်ပြီး psi ကုတ်နံပါတ်တွေကို ရိုက်သွင်းပါမယ်
transponder no 6 ကို ရောက်အောင်သွားပြီးတော့
12729v30000ကို ရိုက်သွင်းပြီး saveလိုက်ပါ။
ပြီးတော့ ဖမ်းလိုက်ပါ။
ပြန်ထွက်ပြီး လိုင်းတွေပြန်စစ်ကြည့်လိုက်ပါ။
ကဲ 
စကိုင်းနက်ဖမ်းစက်ပေါ်မျာ မဟာလိုင်းအပါဝင်
 အခြားလိုင်းများ နဲ့ လန်းနိုင်ပါပြီး
အခြားလိုင်းများလည်း ထပ်ထည့်လို့ရပါပြီး

hide setting က  အပေါ်နှစ်ကြောင်းက ဘာလုပ်လို့ရသလဲ မသိပါ၊
စမ်းကြည့်ကြပါကုန်
hide setting  ကို အစဆွဲထုတ်ပေးပါသော ကိုဇွဲမာန်ကို ကျေးဇူးတင်ပါသည်။
အဆင်ပြေကြပါဇေ
hellman