Sunday, March 19, 2017

လှူတဲ့အခါ သတိပြုပါ

လှူတဲ့အခါ သတိပြုပါ
¤¤¤¤¤¤¤¤¤¤¤¤¤¤

မလှူခင်မှာလည်း ဝမ်းမြောက် ဝမ်းသာဖြစ်ရမည်။
.
လှူဆဲမှာလည်း ဝမ်းမြောက် ဝမ်းသာဖြစ်ရပါမည်။
.
လှူပြီးနောက်အခါလည်း ဝမ်းမြောက် ဝမ်းသာဖြစ်
ရပါမည်။
.
(ပါဠိလို -ပုဗ္ဗစေတနာ-မုဉ္စစေတနာ-အပရစေတနာ
ဆိုတဲ့စေတနာသုံးတန် ကောင်းရမည်)
.
ရှေးတုန်းက သူဌေးတစ်ယောက်သည် ပစ္စေကဗုဒ္ဓအား
လှူပြီး ဒီလှူဖွယ်တွေ ငါ့အလုပ်သမားတွေ ကျွေးတာက
ပိုအကျိုးရှိမယ်လို့  လှူဒါန်းပြီး ဝမ်းမြောက်မှု မဖြစ်ဘဲ
အပရစေတနာချို့တဲ့ခဲ့လေ၏။
.
ထိုသူဌေးသည် သူလုပ်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့်
ချမ်းသာခဲ့ သော်လည်း ဝမ်းမြောက်မှု မရှိခဲ့သောကြောင့်
ကောင်းတာတွေ မသုံးချင် မစားချင်းဘဲ  မကောင်းတာတွေ
ဘဲ သုံးဆောင် စားသုံးနေချင်လေ၏။
.
ထို့ကြောင့် လှူသောအခါ စေတနာသုံးမျိုး ပြည့်စုံသော
သူ၏ အလှူသည် အကျိုးကြီးပါသည်။
.
(အထောက်ပါဠိ-ဒါနဥှိနာမ တိေဿာ စေတနာ ပရိပုဏ္ဏံ
ကာတုံ သက္ကောန္တေဿဝ မဟပ္ဖလံ ဟောတိ)
ရွှင်လန်းချမ်းမြေ့ကြပါစေ......။
.
.

* ဒေါက်တာ အရှင်ဝိစက္ခဏ နိုင်ငံ့ရတနာ *