Sunday, October 30, 2016

"သမိုင်းမသိရင် ထိန်ပင်စာဖြစ်သွားမယ်" 





"သမိုင်းမသိရင် ထိန်ပင်စာဖြစ်သွားမယ်" 
==========================

ကွမ်လုံ ရက် ၄၀ တိုက်တယ်။ ဖင်အသားနီလန်ပြီး ပြန်ပြေးရ
တယ်။ မင်းတို့ထက် စစ်တိုက်ကောင်းတဲ့ မင်းတို့အဖေဗကပ
နော်။ ဖုန်ကျားရှင်တောင် ပါလိုက်သေး။ 

နောင်လိုင်/ပါဖန် တစ်လကျော်တိုက်တယ်။ ပြေးရတာပဲ။ အဲ
ဒီပွဲမှာ ခလရ ၈၃ က တပ်ခွဲမှူးက ရုပ်ရှင်မင်းသားနော်။ 

စီစီဝမ်တာပန်တိုက်တယ်။ လူနည်းနည်းစခန်းမို့ ငါတို့ဘက်
က ဆုတ်ပေးခဲ့ရတယ်။ ဒါတောင် လူ ၆ ယောက်ပဲရှိတဲ့ မိ
ကျောင်း ၁ ကာကင်းစခန်းသေးသေးလေးကို မင်းတို့ဘိုးအေ
ဗကပ ၃၀၀ လောက်က တစ်နာရီကျော်ကျော်တိုက်ရတယ်။ 

စီစီဝမ်တာပန်ကို ဗိုလ်မှူးကြီးလှမြင့်ဆွေဦးစီးပြီး ပြန်တိုက်
တယ်။ ယိုးဒယားကတောင် မကနိုင်ဘဲ ဖနောင့်နဲ့တင်ပါး
တစ်သားတည်းထားပြီး ပြေးရတယ်။ 

ဟော ... မိုင်းယန်းကိုတိုက်တယ်။ ဖင်အသားနီတင်မက
ဘူး လိပ်ခေါင်းပါထွက်ကျလောက်အောင် ပြန်ပြေးရတယ်။
နားကွဲပြီးသေတဲ့အလောင်းက မနည်းဘူး။ ထိုင်ငိုတဲ့သူက
ထိုင်ငိုတယ်။ 

မိုင်းယန်းတစ်မြို့လုံးနဲ့ မင်းတို့ ဆုတ်လမ်းတစ်လျှောက်လုံး
ပုပ်စော်နံနေတဲ့ ဗကပအလောင်း လိုက်တောင် မရေနိုင်
ဘူး။ အဲဒါ မင်းတို့ထက် စစ်တိုက်တာတော်တဲ့ ဗကပ။ 

သဘောပေါက်။ ကိုယ့်သမိုင်းကိုယ်သိ။ သမိုင်းသိ၊ ခဝဲခြံ
သိ၊ အင်းစိန်ပေါက်တောဝသိ၊ လှိုင်သာယာသိ၊ ဒါတွေမှ
မသိရင် ထိန်ပင်စာဖြစ်သွားမယ် ......... ။ ။

ရဲကျော်သူရ