Friday, March 14, 2014

ရွှေဘို - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နန့်ဒရန့်ချောင်းကူးတံတား ကျိုးပြန်ပြီ












ရွှေဘို - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နန့်ဒရန့်ချောင်းကူးတံတား ကျိုးပြန်ပြီ
မော်လူး ၊ မတ်လ ၁၄
@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ စီပိန်းကျေးရွာ အနီး ရွှေဘို - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နန့်ဒရန့်ချောင်းကူးတံတားသည် မတ်လ ၁၄ ရက်နေ့က ကျိုးကျခဲ့ကြောင်း သိရသည်။
နန့်ဒရန့်ချောင်းကူးတံတားသည် အရှည်ပေ ၁၈၀ ခန့်၊ အကျယ် ၁၅ပေခန့်၊ အမြင့် ၁၅ပေခန့်ရှိသည့် ရွှေဘို - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးပေါ်မှ ချောင်းကူးတံတားတစ်စင်းဖြစ်သည်။ ၄င်းတံတားပေါ်သို့ ရွှေဘိုဘက်မှ မောင်းနှင်လာသည့် ယာဉ်အမှတ် ၃င/၅၃၆၇ ရွှေခြင်္သေ့မှန်လုံယာဉ်သည် ဖြတ်သန်းစဉ် တံတားအလယ်ခန့်တွင် ဘီးနင်းအခင်းပြားပေါ်မှ အရှေ့ဘက်တံတားလက်ရန်းတိုင်အနီးသို့ ကျွံကျပြီး ကျိုးကျမှုဖြစ်ပွားခဲ့ကြောင်း နန့်ဒရန့်ချောင်းကူးတံတားသည် ၁၉.၁၁.၂၀၁၃ ရက်နေ့ကလည်း ကျိုးကျမှုဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

စည်းမော်ဘုန်းတော်ကြီးကျောင်း စေတီတော် လုပ်အားဖြင့် ကုသိုလ်ယူကြစဉ်


 14-3-2014=နေ့ဇမ္ဗူရောင်ခြည်

ဓာတ်ပေါင်းစုအောင်တော်မူအေးစေတီ

တော် အလုပ်အကြပ်ဆုံးအချိန်လုပ်အားဒါန

ပေးလှူကြသည့် မော်လူးသူ မော်လူးသား

 စည်းမော်ရွာသူရွာသား

ဘာသာ သာသနာချစ်မြတ်နိုးသူ

အပေါင်းတို့အား

စေတနာ ရှင်များမှလည်း

အကြော်ကောက်ညှင်းပေါင်းတို့ဖြင့်

 ကျွေးမွေးနေသည် ။

ဌာပနာ  ပိတ်ခါနီး  စေတီတော်ကြီး


ပြီးစီး မှု  စေတီ ဓါတ်ပုံ  လေးကိုလည်း

ကြည်ညို ဖူးမျှော်နိုင်-----