Tuesday, January 8, 2019

ရန်ကုန်ထမင်းပေါင်း ကိုယ်တိုင်ချက်နည်း


ရန်ကုန်ထမင်းပေါင်း (၃ ပွဲ - ၄ ပွဲစာအတွက်)

ရန်ကုန်ထမင်းပေါင်းမေးထားတဲ့သူတွေအတွက်ကော အခြားသူငယ်ချင်းတွေအတွက်ကော
မန္တလေးသူပေမယ့် ရန်ကုန်ထမင်းပေါင်းလဲ ကြိုက်တယ်ရှင့်။ ဟင်းများများမချက်ချင်တဲ့ နေ့ ဆို ရန်ကုန်ထမင်းပေါင်းလေးချက်စားလိုက်ရင် အားလုံးအဆင်ပြေတယ်။ အသီးအနှံလဲ ပါတယ်။ အသားလဲပါတယ်။ စားလို့ လဲကောင်းတယ်။ လုပ်စားကြည့်ကြနော်။

ပါဝင်သောပစ္စည်းများ
၁။ ကြက်သား - ၁၀ သား
၂။ ကြက်မြစ် ကြက်သည်း - ၁ စုံ
၃။ ပုဇွန်အသေး - ၁၀ သား
၎။ ငုံးဥ - ၆ လုံး
၅။ ကိုက်လန် - ၄ ပင်
၆။ ပန်းမုန်လာ - လက်တဆုပ်စာ
၇။ အစိမ်းေ၇ာင် ပန်းမုန်လာ - လက်တဆုပ်စာ
၈။ မုန်လာဥနီ - ၁ ဥ
၉။ ဂေါ်ဖီထုပ် - လက်တဆုပ်စာ
၁၀။ မုန်ညှင်းဖြူ - အနည်းငယ်
၁၁။ ပဲငံပြာရည်အကျဲ - ထမင်းစားဇွန်း ၄ ဇွန်း
၁၂။ သကြား - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
၁၃။ ဆား - လက်ဖက်ရည်ဇွန်း တ ၀က်
၁၄။ ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တ ၀က်
၁၅။ ခရုဆီ - ထမင်းစားဇွန်း ၁ ဇွန်း
၁၆။ နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၁၇။ ကော်မှုန့် (သို့ ) ပြောင်းဖူးမှုန့် - ထမင်းစားဇွန်း ၄ ဇွန်း
၁၈။ ကြက်သွန်ဖြူ - ၂ မွှာ
၁၉။ ဆီ - ထမင်းစားဇွန်း ၂ ဇွန်း
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ ကြက်သားကို အတုံးအသေးလေးတွေ (သို့ ) ရှည်ရှည်ပါးပါးလေးတွေလှီးထားပါ။ ကြက်မြစ် ကြက်သည်းကိုလဲ သန့် စင်ပြီး ကြိုက်နှစ်သက်ရာအရွယ်အစားလှီးထားပါ။ ပုဇွန်ကို အခွံနွှာထားပါ။ ငုံးဥကို ပြုတ်ပြီး အခွံနွှာထားပါ။
၂။ အသီးအနှံများကို ရေဆေးသန့် စင်ပြီး ကြိုက်နှစ်သက်ရာအရွယ်အစားလှီးထားပါ။ မာသော အသီးအနှံများဖြစ်တဲ့ မုန်လာဥနီ၊ ပန်းမုန်လာ၊ အစိမ်းေ၇ာင်ပန်းမုန်လာ၊ ကိုက်လန်အရိုးတို့ ကို သတ်သတ်၊  ဂေါ်ဖီထုပ်၊ မုန်ညှင်းဖြူ နှင့် ကိုက်လန် အ၇ွက်တို့ ကိုသတ်သတ်စီထားပါ။ ကော်မှုန့် ကိုတရုတ်ထမင်းစားပန်းကန်လုံးထဲထည့်ရ်ျ ရေကို ပန်းကန်လုံးပြည့်ခါနီးထိထည့်ပြီး ကော်မှုန့် အရည်ပျော်အောင်ဖျော်ထားပါ။
၃။ ဒယ်အိုးကြီးကြီး တခုထဲတွင် ဆီကိုထည့် အပူပေးပြီး ဆီပူလာလျှင် ဓါးပြား၇ိုက်ထားသော ကြက်သွန်ဖြူကို ထည့်ရ်ျ ဆီသတ်ပါ။
၎။ ကြက်သွန်ဖြူ အနံ့ မွှေးလာလျှင် အသား၊ ကြက်သည်းကြက်မြစ်ကို အ၇င်ထည့်ကြော်ပါ။ ကျက်လျှင် ပုဇွန်ကို ထည့်ပါ။ ပဲငံပြာရည်အကျဲကို ထမင်းစားဇွန်း ၁ ဇွန်းနှင့် သကြား (သို့ ) အချိုမှုန့် ကို လက်ဖက်ရည်ဇွန်း ၁ ဇွန်း ထည့်ရ်ျ သမအောင်ကြော်ပါ။
၅။ ပြီးလျှင် မာသော ဟင်းသီးဟင်းရွက်များဖြစ်တဲ့ မုန်လာဥနီ ၊ ပန်းမုန်လာ၊ အစိမ်းရောင်ပန်းမုန်လာ၊ ကိုက်လန်အရိုးတို့ ကိုထည့်ရ်ျ အရင်ကြော်ပါ။ ဆား၊ ပဲငံပြာရည်အကျဲ ထမင်းစားဇွန်း ၃ ဇွန်း၊ သကြား(သို့ ) အချိုမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ နှမ်းဆီမွှေး၊ ကြက်သားမှုန့် တို့ ကို ထည့်ပါ။ ရေကို အသီးအနှံ့ များဖုံးရုံလောက်ထည့်ပါ။ ထို့ နောက် ၂ မိနစ်လောက် အဖုံးမအုပ်ပဲ မွှေပြီးကြော်ပေးပါ။ (အဖုံးအုပ်လိုက်ရင် အစိမ်းရောင်များနွမ်းသွားလို့ ပါ။)
၆။ ပြီးမှ ကျန်သော အရွက်များကို ထည့်၊ ခရုဆီ၊ ငုံးဥ၊ အရည်ဖျော်ထားသော ကော်မှုန့် တို့ ကိုထည့်ပြီး ၂ မိနစ်လောက် မွှေကြော်ပါ။ အပေါ့အငံ မြည်းရ်ျ မီးဖိုပေါ်မှချပါ။
၇။ ထမင်းပေါင်းလုပ်ရန်အတွက် ထမင်းကို အလယ်မှာထား အပေါ်ကနေ အသီးအနှံ ကြော်ထားတာကို ဆမ်းပြီး ကြက်ဥကြော်လေးဖြင့် သုံးဆောင်နိုင်ပါပြီ။