Thursday, May 29, 2014

မော်လူး မှာ မှန်တဲ့ သတင်းပြောရင် &%@**$ ရောက်တယ်ဆိုလား ဒါကြောင့်သိမှတ်ဖွယ်လေးပါ

လာကမှာ ဖုံးကွယ်လို့မရတဲ့ အရာ(၃)ခု
===========================
၁။ ပညာမတတ်တာ။
၂။ ဆင်းရဲတာ နဲ့။
၃။ ချစ်တာပါ။

ဒီသုံးခုက ဖုံးကွယ်လေလေ ပေါ်လွင်လေလေပါ။
လောကမှာ လက်မလွှတ်သင့်တဲ့ အရာ(၃)ခု။
=============================
၁။ ယုံကြည်မှု
၂။ မျှော်လင့်ချက်နဲ့
၃။ ရိုးသားမှုပါ

လက်လွှတ်လေ[နောင်တ]ရလေမို့ပါ။
လောကမှာ ဆိုင်းငံ့ထားလို့မရတဲ့ အရာ(၃)ခု။
==============================
၁။ အသက်
၂။ အချိန်နဲ့
၃။ ချစ်ခြင်းပါ

ဆိုင်းငံ့ ထားလေ ကွာဝေးသွားတတ်လို့ပါ။
လောကမှာ ဆောင်ထားရမဲ့ အရာ(၃)ခု။
===========================
၁။ လေးစားမှု
၂။ ရိုးဖြောင့်မှုနဲ့
၃။ ခင်မင်ဖော်ရွေမှုပါ

ဆောင်ထားလေ နောင်တကင်းလေမို့လို့ပါ။
လောကမှာ နောက်ကိုမရွှေ့သင့်တဲ့ အရာ(၃)ခု။
==============================
၁။ အလှူအတန်း
၂။ မိဘကိုကျေးဇူးဆပ်ခြင်းနဲ့
၃။ ချစ်ခြင်းပါ

နောက်ကိုရွှေ့လေ နောက်ကိုရွှေ့လေ နောင်တရလေမို့ပါ။
Credit to ပညာပေးသော ကမ္ဘာကျော် စကားလုံးများ