Sunday, June 29, 2014

မော်​လူး ​ဒေသ မှအားကစား

{ မြို့နယ်​စီမံခန့်​ခွဲမှုဥက္ကဌ ဖလား } အတွက်​.​မော်​လူး ​ဒေသ ကိုးတိုက်​နယ်​တွင်​ အသက်​ ၂၀ ​အောက်​ အမျိုးသား​ဘော့လုံး ကစားသမား​ရွေးချယ်​ပွဲ  ကို ၂၇ ရက်​​နေ့ မှ ၄ ရက်​​နေ့အထိ ​မော်​လူး ပြည်​သူ့အားကစားကွင်း တွင်​ပြုလုပ်​ကာ ၁၇ နှစ်ေ​ယာက်​​ရွေးချယ်​ပြီး မြန်​မာ့အားကစား ဖွံ့ဖြိုး​ရေးအတွက်​ အသက်​မှန်​ကန်​မှု ကို အ​ရေး​ပေး​ရွေးချယ်​ သွားမည်​လို့ သိရ....

********************************** =========== မော်လူး သတင်းအတွက် Adm လုပ်ရန် စိတ်ပါဝင်စားသူများ mawluuvillagers@gmail.com သို့ ဆက်သွယ် နိုင်ပါကြောင်း မိမိကိုင်ဆောင်သော ဖုန်းအမျိုးအစား ပါ ပေးပို့ ပေးပါ နည်ပညာများ online မှ ပြောကြားပေးပါမည်

မော်လူးေ ဒသမှ မိသားစုများအတွက်---- ဆရာ အောင်ထွန်း သက် ၏ မှတ်သားဖွယ်စကားများ

ဆရာ အောင်ထွန်းသက် ၏ မှတ်သားဖွယ်စကားများ =============================== အလုပ်တိုင်းဟာ သိက္ခာ(Dignity) ရှိတယ်။ လခနည်းတာ၊ ရာထူးငယ်တာ အရေးမကြီးဘူး။ လုပ်နေရတာကိုက သိက္ခာရှိတာ။ အလုပ်လက်မဲ့ဆိုရင် သိက္ခာမရှိတော့ဘူး။ သူများချီးကျူးတာကို လက်မခံပါနဲ့။ သူများက ကိုယ့်အပေါ်မှာ ဘယ်လိုမြင်လဲဆိုတာ အရေးမကြီးပါဘူး။ ကိုယ့်ကိုကိုယ် ဘယ်လိုမြင်လဲဆိုတာ အရေးကြီးပါတယ်။ Self-respect ကိုယ့်သိက္ခာကိုယ် လေးစားဖို့ လိုပါတယ်။ Self-motivation က ဒီအလုပ်ကို လခရလို့ လုပ်တယ်ဆိုတာမျိုး မဟုတ်ဘဲ လုပ်သင့်လို့ လုပ်တာဆိုတာမျိုး ဖြစ်ရမယ်။ Work-life Balance ဖြစ်ရမယ်။ တစ်နေကုန် အလုပ်လုပ်နေရပြီး အိမ်မပြန်ဘူးဆိုတဲ့ လူတွေက တော်တော်ညံ့တဲ့သူတွေလို့ ပြောချင်ပါတယ်။ Work တစ်ခုတည်းမဟုတ်ဘဲ Life လည်း ရှိတယ်ဆိုတာ သတိထားဖို့ လိုပါတယ်။ မိသားစုက အရေးကြီးပါတယ်။ အလုပ်ကနေပဲ Retired ယူလို့ရတယ်။ မိသားစုမှာ Retired ယူလို့မရဘူး။ - ဒေါက်တာအောင်ထွန်းသက်
********************************** =========== မော်လူး သတင်း အတွက် Adm လုပ်ရန် စိတ်ပါဝင်စားသူများ mawluuvillagers@gmail.com သို့ ဆက်သွယ် နိုင်ပါကြောင်း မိမိကိုင်ဆောင်သော ဖုန်းအမျိုးအစား ပါ ပေးပို့ ပေးပါ နည်ပညာများ online မှ ပြောကြားပေးပါမည်

Friday, June 27, 2014

မော်လူး ကကျောင်းသားမိဘတွေ သိစေဖို့ ခွင့်ပြုချက်မရရှိဘဲ ကျောင်းစာသင်ခန်းအတွင်း ၀င်ရောက်သူအား ကျောင်းအုပ်ကြီးမှ အမှုဖွင့်အရေး




ကျောင်းခန် ထဲသို့ သွားပြီး  ပြသနာ သွားရှာတတ်သော မိဘ များ သတိထား ကြပါ သဘောကောင်းသော ဆရာကြီးများ ရှိသလို တိကျသော  ဆရာ များ နှင့် တွေ့ဆုံခဲ့သော်
ဥပဒေအရ --------

ဒီသတင်းသာကြည့်ပေတော့
********************--***
သတင်း၊ ကိုတိုးကြီး
ကသာ၊ ဇွန် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ အောက်ဝဲကြီးကျေးရွာရှိ အမှတ်(၁၀) အခြေခံပညာအလယ်တန်း ကျောင်းခွဲဝင်းအတွင်း၌ သက်ဆိုင်ရာကျောင်းအုပ်ဆရာမကြီး၏ ခွင့်ပြုချက်မရရှိဘဲ ဇွန်လ ၂၆ ရက်နေ့ မနက် ၈ နာရီအချိန်က ပထမတန်းစာသင်းခန်းအတွင်းသို့ ၀င်ရောက်လာသူ အမျိုးသမီးတစ်ဦးကို ရဲစခန်း၌ အမှုဖွင့်အရေးယူလိုက်သည်ဟု တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးရှိ ရဲအရာရှိတစ်ဦးမှ ပြောပြသည်။
ခွင့်ပြုချက်မရရှိဘဲ စာသင်ခန်းအတွင်းသို့ ကျူးကျော်ဝင်ရောက်ခဲ့သူမှာ အသက်(၁၉)နှစ်အရွယ် အမျိုးသမီး တစ်ဦးဖြစ်သည်။ စာသင်ခန်းအတွင်းသို့ ခွင့်ပြုချက်မရရှိဘဲ ၀င်ရောက်ခဲ့ခြင်းမှာ ကျောင်းသူ မမြယမင်း ရွှေရည် ဆိုသူအား လိုက်လံရှာဖွေခဲ့ခြင်းဖြစ်သည်ဟု ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြင်စိန်က အမှုစစ်ရဲအ ရာရှိဖြစ်သူ ဒုရဲအုပ် သိန်းထွန်းမြင့်ထံပြောကြားခဲ့သေးသည်။
ထို့ကြောင့် ကသာမြို့မရဲစခန်းက ကျောင်းအုပ်ဆရာမကြီး၏ တိုင်တန်းချက်အား (ပ) ၁၁၇/ ၂၀၁၄ ပြစ်မှု ပုဒ်မ ၄၅၃ အရ အမှုဖွင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းရဲစခန်းမှ သိရသည်။ ထိုမျှမက ခွင့်ပြုချက်မရရှိဘဲ စာသင်ခန်းအတွင်းသို့ ကျူးကျော်ဝင်ရောက်ခဲ့သူ အသက်(၁၉)နှစ်အရွယ် အမျိုးသမီး တစ်ဦးဖြစ်သူမှာ ဇွန် လ ၂၅ ရက်နေ့ နေ့လည် ၁ နာရီခွဲအချိန်က ကသာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် သတ္တမတန်းကျောင်းပညာများကို သင်ယူလျက်ရှိသော ကျောင်းသူ မစုရတီဇော် အသက်(၁၃)နှစ်ဆိုသူကို “ ဟာသဆိုင်” သို့ပြပေးရန်အတွက်ဟုဆိုကာ ဆိုင်ကယ်ဖြင့် တင်ဆောင်၍ မောင်းနှင်ထွက်ပြေးခဲ့သေးသည်။
ထို့အချိန်တွင် (၇)တန်းကျောင်းသူမလေး မစုရတီဇော် မှ ဆိုင်ကယ်အား ရပ်တန့်ခိုင်းသော်လည်း ရပ်တန့် ပေးခြင်းမရှိခဲ့သဖြင့် ဆိုင်ကယ်ပေါ်မှ ခုန်ခြထွက်ပြေးခဲ့ရသည်။ ဆိုင်ကယ်ပေါ်မှ ခုန်ချထွက်ပြေးခဲ့ရသည့်အ တွက်လည်း ညာဘက်လက်ဆစ်၊ ပခုံး၊ နှင့် တင်ပါးနေရာများတွင် ပေါက်ပြဲပွန်းပဲ့ဒဏ်ရာများရရှိခဲ့သည်။
ထို့ကြောင့် ကျောင်းဆရာမ ဒေါ်အေးအေးမြိုင်မှ ကျောင်းသူမလေး၏ အုပ်ထိန်းသူများထံ ဖုန်းဆက်၍ အကြောင်းကြားခဲ့ရသေးသည်။ မိဘ/အုပ်ထိန်းသူများ၏ ခွင့်ပြုချက်မရရှိဘဲ ကျောင်းသူမလေးတစ်ဦးအား ဆိုင်ကယ်ဖြင့် တင်ဆောင်ခေါ်ယူမောင်းနှင်သွားခဲ့သူအား ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြင်စိန်မှ တရားလို ပြုလုပ်၍ ရဲစခန်း၌ တိုင်တန်းခဲ့ရာ ၎င်းတိုင်တန်းချက်အား ကသာမြို့မရဲစခန်းက(ပ) ၁၁၆/၂၀၁၄ ပြစ်မှုပုဒ်မ ၃၆၃ အရ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းရဲစခန်းမှ သိရသည်


********************************** =========== မော်လူး သတင်း အတွက် Adm လုပ်ရန် စိတ်ပါဝင်စားသူများ mawluuvillagers@gmail.com သို့ ဆက်သွယ် နိုင်ပါကြောင်း မိမိကိုင်ဆောင်သော ဖုန်းအမျိုးအစား ပါ ပေးပို့ ပေးပါ နည်ပညာများ online မှ ပြောကြားပေးပါမည်

ဒီ Attrib Tool လေးက Files တွေ Hidden ဖြစ်သွားသောမိတ်ဆွေများအတွက် ကွန်ပျူတာ သုံး ဆော့ဝဲလေးပါ

Hidden Files တွေကိုဖော်ပေးမယ့် Fix Attrib Tool လေး လိုချင်သူများအတွက်
****************************

ဒီ Attrib Tool လေးက Files တွေ Hidden ဖြစ်သွားသောမိတ်ဆွေများအတွက် 
အရမ်းကောင်းတဲ့ Tool လေးပါ။ တစ်ခါတစ်လေ Virus ကြောင့် Hidden ဖြစ်သွားရင် ဒီ Software လေး ဖွင့်ပြီး ကိုယ်ပျောက်သွားတဲ့ Path လမ်းကြောင်းကိုရွေးပေးပြီး အိုကေ လုပ်လိုက်ရင် အဆင်ပြေပါပြီဗျာ။
Path လမ်းကြောင်းဆိုတာ မိတ်ဆွေတို့ ရဲ့ My Computer မှာ Drive D: / Drive E: / Memory Stick ဆိုရင် Drive Letter G:ဖြစ်ဖြစ် H: ဖြစ်ဖြစ် ရွေးပြီး OK ဆို ခဏစောင့်လိုက်ရင် Hidden တွေ ပြန်ပေါ်လာပါပြီးခင်ဗျာ။ 

ဒီမှာ

နှိပ်ပြီး  ဒေါင်းလိုက်ပါ http://adf.ly/pcu97 


မော်လူး သတင်း အတွက် Adm လုပ်လိုသူများ mawluuvillagers@gmail.com သို့ ဆက်သွယ် နိုင်ပါကြောင်း မိမိကိုင်ဆောင်သော ဖုန်းအမျိုးအစား ပါ ပေးပို့ ပေးပါ

Thursday, June 26, 2014

တညင်းသီးသည် စားစရာ မဟုတ်ပါ

တညင်းသီးသည် စားစရာ မဟုတ်ပါ
-------------------------------------------
တညင်းသီးကို English လို Djenkol Bean လိုခေါ်ပြီး၊ သူ့ရဲ့ Scientific name ကတော့ Pithecolobium -lobatum လို့ဆိုပါတယ်။
တညင်းသီးမှာ လူကိုအကျိုးပြုတဲ့ ဗီတာမင်ဓာတ်ပါဝင်မှု မရှိပါဘူး။ သူ့မှာ ပါဝင်တာကတော့ လူကို ဒုက္ခပေး နိုင်တဲ့ အဆိပ်ဓာတ်ပါ။ တညင်းသီးမှာ Djenkolic acid ဆိုတဲ့
အဆိပ်တွေ ၀.၃% ကနေ ၁.၃% အထိပါဝင်ပါတယ်။ တညင်းသီးဟာ အဆိပ်သင့်တတ်တဲ့
အစားအစာ တစ်ခုဖြစ်ပါတယ်။ တညင်းသီးအဆိပ်သင့် တာကို Djenkilism လို့ခေါ်ပါတယ်။ အဆိုးရွားဆုံးကတော့ ကျောက်ကပ် နှစ်ခုစလုံး တစ်ပြိုင်နက်ပျက်စီးပြီး အသက်ဆုံးရှုံးတဲ့အထိ
ဖြစ်နိုင်တာပါပဲ။
တညင်းသီးပေါတဲ့ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရွှေကျင်နဲ့ သံတောင်ကြီးဒေသတွေမှာ တညင်းသီးအဆိပ်သင့်မှု အများဆုံးတွေ့ရပါတယ်။ ရာသီမှာ အဆိုးဆုံးဖြစ်ပြီး နှစ်စဉ် အဆိပ်သင့်မှု
ကြောင့် အသက်ဆုံးရှုံးမှုတွေ ရှိပါတယ်။ အထူးသဖြင့် အဆိပ်သင့်တဲ့အခါ ဆေးရုံ တက်ရောက်ပြီး
စနစ်တကျကုသမှု မခံယူရင်သေဆုံးဖို့ လမ်းပိုများတယ်လို့ဆိုပါတယ်။
အဆိပ်သင့်ခြင်း
တညင်းသီးအဆိပ်ရဲ့ ဖွဲ့စည်းပုံမော်လီကျုးကတော့ အပ်ချောင်းပုံလေးတွေကို ပုတီးသီသလိုသီထားတဲ့
ပုံဖြစ်ပါတယ်။ တော်တော်ရှည်ပြီးတစ်ခုနဲ့တစ်ခုအလွယ်တကူချိတ်တွယ်နိုင်ပါတယ်။ ကျနော်တို့
ခန္ဓာကိုယ်မှာ အဆိပ်တွေဝင်လာရင် အသည်းကပျက်ပြယ်အောင်လုပ်ပေးပါတယ်။ ကျောက်ကပ်
ကတော့ ခန္ဓာကိုယ်က အညစ်အကြေးတွေကို စွန့်ထုတ်ပေးပါတယ်။ တညင်းသီးစားလိုက်ရင် ပါဝင်တဲ့ အဆိပ်တွေဟာ သွေးထဲကို အရင်ရောက်သွားပါတယ်။ ပြီးတဲ့ အခါ အသည်းကိုရောက်ပါတယ်။ အသည်းဟာ ခန္ဓာကိုထဲကို ရောက်လာတဲ့ အဆိပ်တွေကို ပျက်ပြယ်အောင်လုပ်ပေးနိုင်ပေမယ့်
တညင်းသီးမှာပါတဲ့ အဆိပ်ကိုတော့ ပျက်ပြယ်အောင်မလုပ်နိုင်ဘူးလို့ ဆိုပါတယ်။ အဲဒီအခါ ကျောက်
ကပ် ကနေစွန့်ထုတ်ဖို့ကြိုးစားရပါတယ်။

ဒါပေမယ့် တညင်းသီးအဆိပ်မော်လီကျုးရဲ့ တည်ဆောက်ပုံကြောင့် ဆီးပြွန်ငယ်လေးတွေ ပိတ်ဆို့
တတ်ပါတယ်။ နောက်ပြီးအပ်ချောင်းပုံ အဆိပ်မော်လီကျုးတွေကထိုးလို့ သွေးကြောလေးတွေ
ပေါက်တတ်ပါတယ်။ အဲဒီအခါ ဆီးသွားရင် သွေးပါတာ၊ ဆီးသွားနည်းတာတွေ ဖြစ်လာပါမယ်။ ပိုပြီးဆိုးလာတဲ့ အခါဆီးလမ်းကြောင်းပိတ်ပြီး ဆီးလုံးဝသွားလို့ မရဖြစ်လာပါမယ်။ ကျောက်ကပ်
နှစ်ခုစလုံးက ဆီးမထွက်နိုင်လို့ တင်းလာပြီး မခံမရပ်နိုင်အောင် နာကျင်လာပါမယ်။ သွေးထဲမှာ
Urea နဲ့ အဆိပ်အတောက်တွေများလာပြီး ဆေးရုံကိုအချိန်မီ တက်ရောက်ကုသမှု မခံယူရင် အသက်သေဆုံးနိုင်ပါတယ်။ ဒါကို ရုတ်တရက် ကျောက်ကပ်ပျက်စီးခြင်း (Acute renal failure) လို့ခေါ်ပါတယ်။ ကျောက်ကပ်သန့်စင်စက် (Renal dialysis) နဲ့ အချိန်မီကုသ နိုင်မှသာ အမြန်ဆုံး
သက်သာမှာ ဖြစ်ပါတယ်။

တညင်းသီးစားမယ်ဆိုရင်
တညင်းသီးမှာပါတဲ့ အဆိပ်ဓာတ်ဟာ ရေမှာအနည်းငယ်သာ ပျော်ဝင်တဲ့အဆိပ်မျိုးဖြစ်ပါတယ်။
ပျော်ဝင်နှုန်းက ၀.၅% သာဖြစ်ပါတယ်။ တညင်းသီးကို ပြုတ်လိုက်ရင် အဆိပ်ဓာတ်နည်းနည်းသာ
ပျော်ဝင်ပြီးပြည့်ဝသွားတဲ့ အတွက် အဆိပ်တွေထပ်ပြီးမပျော်နိုင်ပါဘူး။ ဒါကြောင့် ရေနဲ့ပြုတ်တဲ့
အခါ တစ်ကြိမ်တည်းနဲ့ မလုံလောက်ပါဘူး။ အနည်းဆုံး သုံးကြိမ်မှ ငါးကြိမ်ထိ ရေများများနဲ့
ပြုတ်ရမှာဖြစ်ပါတယ်။ ပြုတ်ပြီတဲ့ ရေတွေကိုလည်း သွန်ပစ်ပြီး ရေအသစ်နဲ့ ထပ်ပြုတ်ရမှာပါ။ ဒါဆို
ရင်တော့ အန္တရယ်တော်တော်လျော့သွားမှာပါ။ တညင်းသီး အဆိပ်ဟာ 300ֹC ကျော်မှသာ ဓာတ်ပြယ်ပျက်စီးပါတယ်။ ရေဆူမှတ်ဟာ 100ֹC သာရှိတာကြောင့်ဘယ်လိုမှ ဓာတ်မပြယ်နိုင်ပါဘူး။ တကယ်လို့များ မီးဖုတ်ပြီးစားရင် အဆိပ်တွေဟာ ဓာတ်လည်းမပြယ်၊ အပြင်လည်းမရောက်တော့
100% ခန္ဓာကိုယ်ထဲရောက်ပြီး ဒုက္ခပေးမှာဖြစ်ပါတယ်။
တညင်းသီးကို ဆားရည်မှာ ကြာကြာစိမ်ပြီးစာရင်တော့ အဆိပ်တွေတော်တော်လေး လျော့နည်းသွား တယ်လို့ဆိုပါတယ်။ တညင်းသီး အဆိပ်ဟာ ဆားရည်မှာအလွယ်တကူ ပျော်ဝင်ပါတယ်။ သိပ္ပံနည်း
အရ pH များလေလေ ပျော်ဝင်မှု Solubility များလေလေဖြစ်ပါတယ်။ အနံ့ပြင်းပြင်း၊ အဆိပ်ပြင်းပြင်း
တညင်းသီးစားပြီးတဲ့အခါ ပါးစပ်မှာနံနေတာ၊ ဆီးသွားရင် အနံ့ဆိုးတာတွေဟာခန္ဓာကိုယ်ထဲမှာ အဆိပ်တွေဝင်နေပြီလို့ ဆိုလိုတာပါပဲ။ တညင်းသီးအဆိပ်နဲ့ ပတ်သက်ပြီး WHO (1970),South East Journal of Tropical Medicine (1978) စသဖြင့်ထုတ်ပြန်ရေးသားထားတာတွေလည်းရှိပါတယ်
လို့ဆိုတယ်။ ဒါကြောင့် စားပြီးရင် ခန္ဓာကိုယ်ကိုလည်း ဒုက္ခပေးသလို အိမ်သာထဲမှာလည်း အနံ့ဆိုး
ပေတဲ့ ဒီလို အသီးကို အားလုံး တတ်နိုင်သမျှတော့ မစားသင့်ဘူးလို့ထင်ပါတယ်။

ဒေါက်တာ ခင်မောင်လွင်


မော်လူး သတင်း အတွက် Adm လုပ်လိုသူများ mawluuvillagers@gmail.com သို့ ဆက်သွယ် နိုင်ပါကြောင်း

Wednesday, June 25, 2014

မော်လူး ဘူတာလမ်းကျဉ်းနေပြီတဲ့ face book မှာ တွေ့





လမ်းဘေး ဈေးသည်များကြောင့်
မော်လူး ဘူတာလမ်းမကြီး ရှေးယခင်လိုကျယ်ဝန်းမှု မရှိတော့ပါ ခရီးသွားပြည်သူ
ပြည်သားများအတွက် ဆိုင်ကယ်/ကားသေး
ကားကြီးများအန္တရာယ်ကို ဖိတ်ခေါ်နေသလိုပဲ
---------------------=========-------

မှန်ပါ၏

လမ်းကျဉ်းတာ  အင်းတော်မြို့နယ်စည်ပင်တာဝန်ပါ

သူတို့က မော်လူး မှာ &@$#&&$$@&*$$ သာလုပ်၏



ဖေ့ဘုတ် မှ တင်လာ သူအား အကောင်းဆုံး

အကြံပေးလိုက် ချင်ပါ၏

ဖေ့ဘုတ်မှာ  တင်နေလို့ အကြောင်းမထူးပါ

thanlarwaddytime@gmail.com

ကိုသာ  မေးလ်  ပို့လိုက်ပါ

Tuesday, June 24, 2014

မော်လူး မှ ( )အဖွဲအစည်း ကလူတွေ ၂၀၁၄ခုနှစ် မှာမလုပ်သေးတာကို စေတနာရှင် ဆရာမတွေ လက်တွေလုပ်ပြလိုက်ပြီ

ကရင်ကျေးရွာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ကျောင်းဝတ်စုံများ လှူဒါန်း
မော်လူး၊ ဇွန် ၂၄
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးကျေးရွာ အုပ်စု၊ ကရင်ကျေးရွာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ကျောင်းဝတ်စုံများ လှူဒါန်းခြင်းကို ဇွန် ၂၄ ရက်နေ့ နံနက် ၉ နာရီက ကရင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကရင်ကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ကျောင်းဝတ်စုံများ လှူဒါန်းသည့် အလှူရှင်များမှာ မော်လူး အခြေခံပညာ အထက်တန်းကျောင်းမှ မူလတန်းပြဆရာမများဖြစ်ကြသည့် ဒေါ်စန်းစန်းအေး၊ ဒေါ်တင်မာအောင်၊ ဒေါ်ဖြူနု၊ ဒေါ်ဖြူစင်သန့်တို့ဖြစ်ကြပြီး ကရင်ကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား/သူ ၈ ဦးအား ကျောင်းဝတ်စုံ ၈ စုံကို ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း၊ ကရင်ကျေးရွာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ပညာသင်ကြားနေသည့် မူလတန်းအဆင့် ကျောင်းသား/သူဦးရေ ၅၆ ဦးရှိသည့်အနက်မှ ဆင်းရဲနွမ်းပါးသည့် ကျောင်းသူ/သား ရှစ်ဦးအား ကျောင်းဝတ်စုံများ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  

မော်လူးဒေသအတွက် ဂုဏ်ယူဖွယ်သတင်းလေးပါ

မော်လူးဒေသအတွက် ဂုဏ်ယူဖွယ်သတင်းလေးပါ
*****************************
AFC Women Cup ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲတွင်

မြန်မာ့လက်ရွေးစင်အဖြစ် ဗီယက်နမ်နိုင်ငံသို့

မလူးကျေးရွာ အ.လ.က (ခွဲ)မှ ကျောင်းသူလေး

မဆွေဇင်ဌေး သွားရောက်ယှဉ်ပြိုင်ခဲ့ခြင်းအတွက်

မော်လူးဒေသအတွက် ဂုဏ်ယူဖွယ် ဖြစ်ခဲ့ရပါ၏

Adm= NL လေးတန်မြေ



Sunday, June 22, 2014

မော်လူးသူများ သတိရှိကြပါ

Lineပေါ်မှာQနေသူတွေသတိသာထားကြပေတော့
ရန်ကုန်တိုင်းဒေသကြီး  မင်္ဂလာဒုံမြို့နယ်၌ အင်တာနက်ပေါ်တွင် ချစ်ကြိုက်နေသည့် ချစ်သူမိန်းကလေးအား သတ်ဖြတ်ကာ ပိုက်ဆံနှင့် ရွှေထည်များ ယူဆောင်ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာရဲစခန်းက စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ဇွန် ၁၃ ရက် ညနေ ၃ နာရီခွဲခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ ဈေးရပ်ကွက်၊ မင်္ဂလာဒုံဥယျာဉ်ပန်းခြံအတွင်းရှိ ၀ါးရုံအောက်၌ ပုပ်ပွနေသည့် အမျိုးသမီးအလောင်းတစ်လောင်းတွေ့ရှိသဖြင့် သက်ဆိုင်ရာက အင်းစိန်ဆေးရုံသို့ ပို့အပ်စစ်ဆေးစေခဲ့ကြောင်း သိရသည်။

ယင်းသို့အလောင်းအား ရင်ခွဲစစ်ဆေးရာ သေဆုံးသူမှာ ၀ဲဘက်ပခုံး ပြတ်ရှဒဏ်ရာ၊ ဦးခေါင်းအရေခွံ အရေပြားစုတ်ပြဲဒဏ်ရာ၊ နောက်စေ့တည့်တည့် ဦးခေါင်းခွံအက်ကွဲ၊ အပေါ်သွားလေးချောင်းနှင့် အောက်သွားလေးချောင်းကျွတ်ဒဏ်ရာများဖြင့် သေဆုံးရခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများ ဆက်လက်စုံစမ်းရာ သေဆုံးသူမှာ တိုးချဲ့ (၃)ရပ်ကွက်၊ ထောက်ကြန့်၊ မင်္ဂလာဒုံမြို့နယ်နေ ရန်ကုန်မြို့ထဲ ဈေးကြီးများမှ အ၀တ်အထည်များဝယ်ယူကာ တစ်ဆင့်ရောင်းချနေသော မ.......(၃၂)နှစ်ဖြစ်ကြောင်းနှင့် အခင်းဖြစ်မည့် ဇွန် ၉ ရက် နံနက်ပိုင်းတွင်လည်း အ၀တ်ဝယ်မည်ဆိုကာ နေအိမ်မှ ထွက်သွားခြင်းဖြစ်ကြောင်း သိရသည်။

"အသတ်ခံရတဲ့ကောင်မလေးနဲ့ ကျူးလွန်သွားတဲ့သူက အင်တာနက် Viber ပေါ် မှာတွေ့ရင်း ငြိစွန်းနေတယ်လို့ သိရတယ်။ ပြီးတော့ အခင်းမဖြစ်ခင် ယူသွားတဲ့ ပိုက်ဆံ သိန်း ၂၀ ရယ်၊ သူဝတ်ဆင်သွားတဲ့ ဆွဲကြိုး၊ လက်စွပ်တို့ဟာ အလောင်းကိုတွေ့တဲ့အချိန်မှာ ပျောက်ဆုံးနေတယ်။ အခင်းဖြစ်တဲ့ဝါးရုံထဲမှာ သူ့လက်ဆွဲအိတ်အခွံရယ်၊ ငါးထောင်ကျပ်တန် နှစ်ရွက်၊ ထီး၊ ဖိနပ်နဲ့ အ၀တ်ဝယ်ရင်ထည့်မယ့် အိတ်တို့ကိုပဲ တွေ့ရတယ်" ဟု မင်္ဂလာဒုံမြို့မရဲစခန်းက ရဲအရာရှိတစ်ဦးက ဇွန် ၁၆ ရက်တွင် ပြောကြားသည်။

ထို့နောက် ရဲတပ်ဖွဲ့ဝင်များမှာ အသတ်ခံရသူမိန်းကလေး၏ လက်ကိုင်ဖုန်းနံပါတ်အားစုံစမ်းပြီး မြန်မာ့ဆက်သွယ်ရေးရုံးသို့ သွားစုံစမ်းခဲ့ပြီး အခင်းမဖြစ်မီ နံနက်စောစောပိုင်းတွင် အများဆုံးဆက်သွယ်ထားသည့် ဖုန်းနံပါတ်မှာလည်း ၀၉ -----ဖြစ်သည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

"ကျွန်တော်တို့ မြန်မာ့ဆက်သွယ်ရေးကိုသွားပြီး အခင်းမဖြစ်ခင် အခေါ်များခဲ့တဲ့ အဲဒီဖုန်းနံပါတ်ကို စုံစမ်းတယ်။ အဲဒီဖုန်းကို အမည်ပေါက်ဖုန်းပိုင်ရှင် အောင်--ဆိုတဲ့ သူကမကိုင်ဘဲ၊ သူ့သူငယ်ချင်းဖြစ်တဲ့ ဇာ--ဆိုတဲ့သူက ကိုင်တာဖြစ်ပြီးတော့ အခင်းဖြစ်ပြီးတဲ့နောက်ပိုင်းမှာလည်း သူတို့နှစ်ဦး အတူတူရှိနေတယ်လို့ ခြေရာခံမိတယ်။ ပြီးတော့ အလောင်းကပုပ်ပွနေတဲ့အတွက် ကာမကျူးလွန်ခံထားရမှု ရှိ မရှိကို တိကျတဲ့ဆေးစစ်ချက် မထွက်ရှိသေးပါဘူး" ဟု အဆိုပါရဲအရာရှိက ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါဖုန်းနံပါတ်ကို တွေ့ရှိရပြီးနောက် မြန်မာ့ဆက်သွယ်ရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အဆိုပါဖုန်းကိုင်ဆောင်သူမှာ ရွာသာအေးရွာ၊ နွားထိုးကြီးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးနေ အသက် ၂၄ နှစ်အရွယ် ဇာ--ဆိုသူဖြစ်ကြောင်းနှင့် ၎င်းမှာ ဇွန် ၉ ရက်တွင် အောင်မင်္ဂလာအဝေးပြေးကားဝင်းရှိ GI Group ကားဂိတ်မှ ယာဉ်အမှတ် ၅ဃ/....ဖြင့် မန္တလေးသို့ထွက်ခွာသည့် ခုံအမှတ် (၁၁) တွင် ကိုဇာ-- ၈/နမန (နိုင်)----- အား စိစစ်တွေ့ရှိခဲ့ရကြောင်း သိရသည်။

အဆိုပါစစ်ဆေးတွေ့ရှိမှုအတွက် မင်္ဂလာဒုံမြို့မရဲစခန်းက (ပ) ၂၅၈/၁၄ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ ကျူးလွန်သူများအား ဖမ်းဆီးရမိရန် ခရိုင်ရဲတပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေကြောင်း သတင်းရရှိပါသည်
   By Admin Kaung Lay



v

ကဲ ဖေ့ဘုတ်ထဲမှာ မေးထားပြန်ပြီဗျာကားဂိတ်လားတဲ့

ကဲမော်လူး သားတို့ ရေ  ဘယ်အဖြေကမှန်တယ်ဆိုတာ

အဖြေမှန်ကို  ရွေးပေးပါအုန်းဂျာ




မော်လူး ဒေသပြည်သူများအတွက်အထူးသတင်းကောင်း အထူးအခွင့်အရေး သတင်းကောင်းပါ




ယနေ့ ၂၃-၆-၂၀၁၄ နေ့ မော်လူးတိုက်နယ် ဆေးရုံ မှာ
သွား နှင့် ခံတွင်း ဝေဒနာရှင်များကို

မန္တလေး သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်မှ
ဆရာဝန်များ နှင့် ဆရာဝန် လောင်းတို့က

အခမဲ့ စမ်းသပ် စစ်ဆေး ဆေးကုသပေးမည်ဖြစ်ပါသည်။

မော်လူးဒေသခံများအတွက် အခွင့်ကောင်းတစ်ခု ဖြစ်သောကြောင့်
မပျက်မကွက် သွား နှင့်ခံတွင်း စမ်းသပ်
စစ်ဆေး ဆေးကုသမှု ခံယူ သင့်ပါကြောင်း နှိုးဆော်လိုက်ပါတယ်

23-6-2014 တစ်ရက်တည်းသာဖြစ်ပါကြောင်း


မော်​လူး နယ်​သားများအတွက်​ ဖုန်းနည်းပညာ ..........<<< အရိပ်​ >>>





Software မလိုဘဲ video တွေmusicတွေPhotoတွေ အခြားအခြားသောအရာတွေ ဖျောက်ပေး ပွင့်မရအောင် လုပ်ရအောင်နော်
မောင်ပေါက် ( Maung Pauk ) / 1 days ago

မိမိတို့မှာရှိတဲ့ video(.MP4),music(.MP3),
photo(.jpg,.gif),...........
အခြားအခြားသောfile တွေကို application
မသုံးပဲ မမြင်ရအောင် သိမ်းထားရအောင်နော်

file manager ထဲဝင်လိုက်ပါ
မိမိဖျက်ချင်တာလိုက်ရှာလိုက်ပါ
ဖိလိုက်ပါ Rename နှိပ်ရွေးပါ

မိမိကvideoဖျောက်ချင်လျင်
ဥပမာ။   ။နေပြည်​​တော်​ VS ရန်​ကုန်​.MP4ပေါ်လာပါမည်ဒါဆို
နေပြည်​​တော်​ VS ရန်​ကုန်​.MPပဲထာလိုက် 4 ဖျက်လိုက်ပါ
ဒါဆို video ထဲမှာရော အခြားသောအရာထဲမှာပါ
အလွယ်တကူမတွေ့တော့ပါဘူး
video ပြန်ဖြစ်ချင်လျင် 4ပြန်ထဲပေးလိုက်ပါ

မိမိကmusicဖျောက်ချင်လျင်
kaungkalay.mp3 ဆိုပါဆို 3ကိုဖျက်လိုက်ပါ
ပြန်ရွေ့ချင်လျင်3 ပြန်ထည့်ပေးလိုက်ပါ

မိမိကphotoဖျောက်ချင်လျင်
kaungkalay.gifကို f ဖျက်လိုက်ပါ
ပြန်photo ဖြစ်ချင်လျင်.gif သာပြန်ထည့်ပေးလိုက်ပါ
kaungkalay.jpgဆိုရင်လည်း jgp ဖျက်လိုက်ပါ
ပြန်ဖြစ်ချင်ရင် .jgp ပြန်ထည့်လိုက်ပေါ့

www.kaungkalayprogram.blogspot.com
knowledge2



မော်လူးသား များ နောက်ထပ်တစ်ကြိမ် အလိမ်ခံခြင်း သို့မဟုတ် တစ်ကျော့ပြန် ၅၀၀၀ိ/တန်ဆင်းကဒ်များ ပြန်လည်နိုးထလာခြင်း






မော်လူးသား များ နောက်ထပ်တစ်ကြိမ် အလိမ်ခံခြင်း
သို့မဟုတ် တစ်ကျော့ပြန် ၅၀၀၀ိ/တန်ဆင်းကဒ်များ ပြန်လည်နိုးထလာခြင်း
***********************************
ပြောပြန်ရင်လည်းလွန်ရာကျမယ်
မော်လူးဒေသခံများ ဖြစ်ကြသော
၅ခရိုင်ဂိုဏ်းအတွင်းရှိ ပြည်သူများ လေးတန်ဂိုဏ်းအတွင်းရှိ ပြည်သူ
များ ပထမအကြိမ် ၅၀၀၀ိ/တန် ဆင်းကဒ်ကို ၄ လပိုင်းမှာရမယ်ဆိုပြီး
ပိုက်ဆံကြိုတင်ပေးပြီး လျှောက်လွှာတွေတင်ထားလိုက်ကျတာ ကျိတ်ကျိတ်တိုးဘဲ
ဆင်းကဒ် အရိပ်အရောက်တောင် မမြင်ခဲ့ရပေ...

အားလုံးနာအောင်ပြောရရင် ** အ** လိုက်ကြတာ **တုန်း** လိုက်ကြတာ
အသိပညာဗဟုသုတ ** မဲ့**လိုက်ကြတာ ကတော့ တန်းစီနေတာပဲ...
ဒါတွေကို အသိပညာပေးဖို့ မော်လူးသတင်း အဖွဲ့အနေနဲ့ လက်လှမ်းမီသလောက်ပြောကြားလိုက်တာပါ..

အားလုံးထိရောက်အောင် လုပ်ပေးနိုင်သူတွေရှိကြပါတယ်
အဲ့ဒီသူတွေကတော့ အထက်မှာ ရေးခဲ့တဲ့ $#@^& မှာရှိကြပါတယ်...
ဒါပေမယ့် ခက်တာက အထက်ပါ @#$&(&())^%$$(((&%%@@$$% ကလည်း
တန်းစီတဲ့အထဲပါနေကြ တယ်
###########################################
ကဲပြောချင်တာကတော့ ၅၀၀၀ိ/တန် ဆင်းကဒ်ကို (၇)လပိုင်းရမယ်ဆိုပြီး မော်လူးဒေသမှာ
ပြန်ခေတ်ထလာပြန်ပါပြီ လုံးဝလုံးဝလုံးဝ မယုံကြပါနဲ့ လုံးဝမဖြစ်နိုင်ပါ
မိုးမပြို ပြိုခဲ့သော် ချပေးခဲ့သည်ရှိသော် မည်သူမဆို ၁၅၀၀ိ/ဖြင့် လိုသလောက် မှတ်ပုံတင်ပြပြီး
ဝယ်ယူနိုင်မှာပါ ....

တယ်လီနော့ နှင့် အော်ရီဒူးတို့ က တရားဝင် ကြေငြာ ထားပြီးပါပြီး
၂၀၁၄ခုနှစ် (၈)လပိုင်း နောက်ဆုံးပတ်နှင့် (၉)လပိုင်းအစမှ ချပေးမှာပါ...

ချထားပေးတဲ့ ဆင်းကဒ်တွေက မော်လူး လို ရွာမျိုး မရနိုင် ထိုနည်းတူစွာ ကသာ၊ အင်းတော်၊
မဖြစ်နိုင်သေးပါ...
ရန်ကုန်၊ မန္တလေး ၊ နေပြည် တော် မြို့ကြီး (၃)မြို့သာ ရမည်ဟု တရားဝင်ကြေငြာထားပြီးပါပြီ

သဘောတရားကတော့ ဆင်းကဒ် လက်တွင် ၀ယ်ထားသော်လည်း မြို့ကြီး (၃)မြို့မှ လွှဲပြီး
ကျန်သော မြို့များတွင် ပြောဆို ဆက်သွယ်မရ နိုင်သေးပါ။ ထို ဆင်းကဒ်များကို သုံးလိုပါ
မြို့ကြီး (၃)မြို့မှ မြို့တစ်ခုခုကို သွားရောက်သောအခါမှ သာ ပြောဆိုနိုင်မှာပါ။

မော်လူး ဒေသတွင် အထက်ပါဆင်းကဒ်များ သည် တယ်လီနော အော်ရီဒူး ကုမ္ပဏီများမှ
တာဝါတိုင်များ စိုက်ထူလာမှ သာ ပြောဆိုနိုင်ပေမည်။

ဒါပေမယ့် အထက်ပါဆင်းကဒ်များ မြို့တွင် ချထားပေးချိန်.... မြို့သားများ အသုံးမပြုလိုတော့သည့်
MPT ဆင်းကဒ်များကို ဈေးနှုန်း ချိုသာစွာ ၀ယ်ယူသုံးစွဲ ယုံမှ အပ အခြားနည်းလမ်းမရှိသေးပါ။
အဘယ်ကြောင့်ဆိုသော် မော်လူးဒေသတွင် MPT မှ စိုက်ထူထားသော တာဝါတိုင် တစ်ခုတည်းသာ
ရှိနေသောကြောင့် ဖြစ်ပါသည်။

မော်လူးသားများ နောက်တစ်ကြိမ် အလိမ်မခံရစေရန်မှာ မော်လူးဒေသခံများအတွက်
လက်ရှိအခြေအနေမှာ
*** မဟာသန္တိသုခ ကျောင်းတိုက်အရေး
*** မျိုးစောင့် ဥပဒေ အရေး
*** ၄၃၆ အရေး တို့ ထက်ပင် အရေးကြီးနေပါတော့သည်.....

Adm - ရွာချစ်သား

ယာကျာ်းတစ်ယောက်ကို ပျော်ရွှင်စေနည်းနှင့် မိန်းမတစ်ယောက်ကို ပျော်ရွှင်စေနည်းများ



ယောကျာ်းတစ်ယောက်ကို ပျော်ရွှင်စေနည်းနှင့် မိန်းမတစ်ယောက်ကို ပျော်ရွှင်စေနည်းများ
=======================================================
ယောကျာ်းတစ်ယောက်ကိုပျော်ရွှင်အောင်လုပ်နည်း
_____________________________________

1. ကျွေးမွေးပါ
2. တူတူအိပ်ပါ
3. သူငြိမ်းချမ်းစွာနေပါစေ
4. သူ့ဖုန်းကိုလျှောက်မကြည့်ပါနဲ့
5. သူ့ကိစ္စတွေကိုဝင်မရှုပ်ပါနဲ့
6. နားလည်ပေးပါ

အရမ်းကြီးမခက်ပါဘူးနော်?
-----------------------------------

မိန်းမတစ်ယောက်ကိုပျော်ရွှင်အောင်လုပ်နည်း
___________________________________

သိပ်အခက်ကြီးတော့မဟုတ်ပါဘူးဒါပေမဲ့သူ့အတွက်
ယောကျာ်းလေးဖက်ကနေ

1. သူငယ်ချင်းတစ်ယောက်အဖြစ်
2. ရဲဘော်ရဲ့ဘက်တစ်ယောက်အဖြစ်
3. ချစ်သူတစ်ယောက်အဖြစ်
4. အစ်ကိုတစ်ယောက်အဖြစ်
5. အဖေတစ်ယောက်အဖြစ်
6. ဆရာတစ်ယောက်အဖြစ်
7. စားဖိုမှုးတစ်ယောက်အဖြစ်
8. မီးပြင်သမားတစ်ယောက်အဖြစ်
9. ရေပြင်သမားတစ်ယောက်အဖြစ်
10. စက်ပြင်သမားတစ်ယောက်အဖြစ်
11. လက်သမားတစ်ယောက်အဖြစ်
12. အိမ်တွင်းအလှဆင်တတ်သူတစ်ယောက်အဖြစ်
13. စတိုင်ကျသူတစ်ယောက်အဖြစ်
14. Sex နဲ့ပတ်သတ်လို့နားလည်တတ်သူတစ်ယောက်အဖြစ်
15. အထွေထွေဗဟုသုတရှိသူတစ်ယောက်အဖြစ်
16. စိတ်ဓါတ်အားပေးနိုင်သူတစ်ယောက်အဖြစ်
17. ဒါဏ်ရာရရင် အနာကျက်အောင်ဆေးထည့်ပေးတတ်သူတစ်ယောက်အဖြစ်
18. စိတ်ရောဂါကုသတတ်သူတစ်ယောက်အဖြစ်
19. စိတ်ပျော်ရွှင်အောင်လုပ်ပေးနိုင်သူတစ်ယောက်အဖြစ်
20. သူပြောတဲ့စကားတွေကိုနားထောင်ပေးတတ်သူတစ်ယောက်အဖြစ်
21. စီမံခံ့ခွဲတတ်သူတစ်ယောက်အဖြစ်
22. သန့်သန့်ရှင်းရှင်းနေတတ်သူတစ်ယောက်အဖြစ်
23. နွေးထွေးတတ်သူတစ်ယောက်အဖြစ်
24. အသိဥဏ်ရှိသူတစ်ယောက်အဖြစ်
25. ဟာသဥဏ်သူတစ်ယောက်အဖြစ်
26. တီထွင်တတ်သူတစ်ယောက်အဖြစ်
27. စိတ်ဓါတ်ခိုင်မာသူတစ်ယောက်အဖြစ်
28. နားလည်ပေးတတ်သူတစ်ယောက်အဖြစ်
29. အားပေးတတ်သူတစ်ယောက်အဖြစ်
30. အားကိုးထိုက်သူတစ်ယောက်အဖြစ်
31. ချစ်တတ်သူတစ်ယောက်အဖြစ်

နေပေးပါ
ဒါတွေကိုမမေ့ပဲနဲ့

32. သူ့ကိုချီးကျုးဖို့
33. သူနဲ့တူတူဈေးလိုက်ဝယ်ပေးဖို့
34. ရိုးသားဖို့
35. တင့်တောင့်တင့်တယ်ထားနိုင်ဖို့
36. သူ့ကိုဖိအားမပေးဖို့
37. တခြားကောင်မလေးတွေကိုလိုက်မငန်းဖို့
38. သူ့ကိုဂရုစိုက်ဖို့
39. အားတဲ့အချိန်တိုင်းသူ့အတွက်ပေးဖို့

နဲ့ အရေးကြီးဆုံးက

40. ဘယ်တော့မှမမေ့ပါနဲ့ဒီနေ့တွေကို

*မွေးနေ့
*နှစ်ပတ်လည်နေ့
*Valentine နေ့
*သူမချိန်းဆိုတဲ့နေ့
စတာတွေလည်း အမြဲသတိရပေးပါ။

ACM Re-Post 21-6-2014
Aye Chan Mon Credit To: The Express Times

တရုတ်တွင် မြန်မာ သတိုးသမီး ဈေး ကျပ်သိန်း (၁၀၀) အထိ မြင့်တက် ဒါကြောင့် မော်လူးဒေသခံများ မိမိ မိသားစုကို သတိထားကြပါ






တရုတ်နိုင်ငံတွင် အမျိုးသမီး ရှားပါးမှုကြောင့် မြန်မာ အမျိုးသမီးများကို ၀ယ်ယူ ပေါင်းသင်းလျက် ရှိရာ ယခင်က ကျပ်သိန်း (၅၀)၀န်းကျင်သာ ရှိခဲ့ရာမှ ယခုနှစ်မှ စတင်၍ ကျပ်သိန်း (၁၀၀) ၀န်းကျင် ထိပေး၍ ၀ယ်ယူမှုများ ရှိလာကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးရေးနှင့် တိုက်ဖျက် နှိမ်နှင်းရေး(ဗဟို) မှ စုံစမ်း သိရသည်ဟု
အင်တာနက် သတင်းမှာ တွေ့ရပါ၏

နောက်ထပ် သတင်းတစ်ခုမှာတော့

တရုတ်တွေက
သူတို့က ၀ယ်ယူ ပေါင်းသင်းတယ် ဆိုပေမယ့် သားမှတ်မှတ် မယား မှတ်မှတ်ပေါင်းတာထက် ညဖက်မှ သားမယားလို ပေါင်းပြီး၊ နေ့ဖက်မှာ သူတို့ရဲ့လုပ်ငန်းတွေမှာ စေခိုင်းကြတာပိုများတယ် ဟု ၎င်း ကပြောသည်။ ယခင်နှစ် များက တရုတ်နိုင်ငံတွင် မြန်မာ အမျိုးသမီးများ၏ ပေါက်ဈေးမှာ ယွမ်းနှစ်သောင်းမှ သုံးသောင်းဝန်းကျင်ထိ သာရှိခဲ့ရာမှ ယခု နှစ်ပိုင်းတွင် ယွမ်ငွေ ခြောက်သောင်းမှ ခုနှစ်သောင်းဝန်းကျင် ထိ ပေး၍ ၀ယ်ယူလာကြခြင်း ဖြစ်သည်။ တရုတ်တွေ ကသာ ဈေးကိုအများကြီးပေးတာ။ ကာယကံရှင်တွေက အဲဒီလောက် မရကြဘူး။ ပွဲစားတွေပဲရတာဟုလူကုန်ကူးမှု တိုက်ဖျက်ရေး နှင့် စပ်လျဉ်းသည့် ပညာပေး ဆောင်းပါးများ ရေးသားနေသော စာရေးဆရာ ဆရာဝင်းနိုင်ထွန်း ကပြောသည်။

http://www.ayechanmon-news1.com/2014/06/blog-post_5713.html



တရုတ်တွင် မြန်မာ သတိုးသမီး ဈေး ကျပ်သိန်း (၁၀၀) အထိ မြင့်တက် -

Wednesday, June 18, 2014

ဖုန်းပါဝါခလုတ်တွေပျက်မှာဆိုး၇င်အော်တိုဖုန်းကိုဖွင့်ပေးမဲ့Auto Screen On




ဖုန်းပါဝါခလုတ်တွေပျက်မှာဆိုး၇င်အော်တိုဖုန်းကိုဖွင့်ပေးမဲ့
APK လေးပါ
××××××××××××××××××××××××××××××××××××××÷

ကိုကိုမမတွေအတွက်အရမ်းကိုလန်းတဲ့ဆော့ဝဲလေးတစ်ခုတင်ပေးလိုက်တယ်ဗျာ
AUTO SCREEN ONဆိုတဲ့ဆော့ဝဲလေးကကိုယ့်ဖုန်းမှာ၇ှိတဲ့ပါဝါခလုတ်လေးကိုနှိပ်စ၇ာမလိုပါဘူး

ကင်မရာ ဘေးနားမှာရှိတဲ့ အမဲဝိုင်းလေး
အချို့ဖုန်းတွေမှာ တော့ မမြင်ရဘူး
ဈေးပေါတဲ့ ဖုန်းတွေမှာတော့ မပါဘူး

setting မှာ
G sensor ကိုတော့ မရွေးပါနှင့်

sensorမှာ လက်လေးထားထားယုံနဲ့Auto

ဖုန်းဖွင့်ပေးပါတယ်ဘယ်လောက်ကောင်းတဲ့ဆော့ဝဲလေးလည်းဗျာ

လက်နဲ့ နှစ်ချက် ခေါက်ရင်ပွင့်အောင်လုပ်ရင်လည်း
ရပါ၏

ကျွန်တော့်သုံးတာတော့ကောင်းတယ်ဗျ
လိုချင်ရင်တော့

ဒီမှာ


နှိပ်ပြီး ဒေါင်းပါ

မဒေါင်ချင်ရင်လည်း ဖုန်းဆိုင်မှာထည့်ခိုင်းပြီး
setting ပါ ချိန်ချုင်းလိုက်ပါ။

one candle အဖွဲ့ စာရေးကရိယာ မူလတန်းကျောင်းများသို့ လှူဒါန်းထောက်ပံ့မှု ၂၀၁၄-၂၀၁၅ ပညာသင်နှစ် အတွက် စတင်

၁၇.၆.၂၀၁၄ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ ကရင်ကျေးရွာ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းလေးသို့ One Candle စေတနာရှင် လူငယ်များအဖွဲ့၏ စာရေးကိရိယာအလှူဒါန်း

နောက်ထပ် မူလတန်းကျောင်းလေး ၂၀ ခန့် သို့လည်း
သွားရောက်လှူဒါန်းမည်ဖြစ်ကြောင်း သိရပါ၏


မော်လူးြ​ပုပြင်​​နေအုံးမယ်​ လမ်းက​လေး

မော်​လူး မြို့အတွင်းကတ္တရာလမ်းခင်း​နေစဉ်​ လမ်းလွဲအဖြစ်​ထားရှိ​သော လမ်းခွဲ မှာ မပြုပြင်​ဘဲထာခဲ့​သော​ကြောင့်​ ယခုကာလမိုးရာသီတွင်​ အနီးနားရှိ ရပ်​ကွက်​အတွင်းတို့ ​ရေများ ဖုံးလွမ်းလာသဖြင့်​ ရပ်​ကွက်​​နေ လူကြီး လူငယ်​ မျာဝိုင်း​၀န်း ၍ ပြုပြင်​ခဲ့ကြပါသည်​...

Tuesday, June 17, 2014

ကဲ မော်လူးဒေသမှာ မိုးကြိုးပစ်လို့ သေပြန်ပြီတဲ့ ဒီပိုစ်လေးကို ပြန်ဖတ်ကြပါအုန်း ခုချိန်က မိုးရာသီဆိုတော့ မိုးကြိုးပစ်ရင် ဘယ်လိုနေရမယ်ဆိုတာလေးတွေ မျှဝေပေးပါမယ်။





မိုးကြိုးပစ်လျှင် ...

ခုချိန်က မိုးရာသီဆိုတော့ မိုးကြိုးပစ်ရင် ဘယ်လိုနေရမယ်ဆိုတာလေးတွေ မျှဝေပေးပါမယ်။

ကွင်းပြင်ထီးထီးကြီးထဲမှာ မနေပါနှင့်။
လျှပ်စစ်ကူးစေနိုင်တဲ့ ဓါတ်အားပေးတိုင်များနားမှာ မနေပါနှင့်။
ရေကူးနေစဉ်ဆိုရင်လည်း ရေနှင့်ဝေးရာသို့ အမြန်ဆုံးသွားပါ။
သစ်ပင်၊ တာဝါတိုင်များအောက်မှာ မနေပါနှင့်။
မိုးရွာနေရင်ထီးဆောင်တာ သဘာဝပါ။ မိုးကြိုးပစ်ရင်တော့ ထီးဆောင်းထားတာဟာ မိုးကြိုးပစ်ခံရဖို့နီးစပ်နေပါပြီ။
ပြတင်းပေါက်များနားတွင် မနေပါနှင့်။
မည့်သည့် လျှပ်စစ်ပစ္စည်းမျှ မကိုင်ပါနှင့်။ ဖုန်းမပြောပါနှင့်။
မိမိ၏အိတ်အတွင်းတွင် လျှပ်ကူးပစ္စည်းများပါနေသည်ဆိုပါလျှင် အိတ်ကိုချပြီး ပေ ၁၀၀ အကွာဝေးသို့ သွားနေပါ။
မိုးကြိုးပစ်လျှင် မြေပြင်ပေါ်တွင် ဝမ်းလျားမှောက်မနေပါနှင့်။
ဒူးနှင့်မျက်နှာအပ်သည်အထိထိုင်ချလိုက်ပါ။ ခေါင်းကိုငုံ့ထားပါ။ နားနှစ်ဖက်ကိုလည်း လက်နှစ်ဖက်နှင့် ဖုံးအုပ်ထားပါ။ ကိုယ်ခန္ဓာကို ကျုံ့နိုင်သမျှကျုံ့ထားပါ။
ဆံပင်များထောင်လာသည်ဟု ခံစားရပါက မိုးကြိုးစက်ကွင်းထဲရောက်နေပါပြီ။ ထိုနေရာမှ ဝေးရာသို့ အမြန်ဆုံးထွက်ခွါသွားပါ။
ကားထဲမှာရောက်ရှိနေလျှင်လည်း ကားရဲ့ ကိုယ်ထည်နှင့် မှန်များကို မထိမိအောင် ဂရုစိုက်ပါ။
မိုးကြိုးလျှပ်စီးကြောင်းမြင်လိုက်ပြီး စက္ကန့် ၃၀ ထိရေတွက်လိုက်ပါ။ မိုးကြိုးပစ်သံ အသံမကြားရဘူးဆိုပါလျှင် ထိုနေရာမှ အမြန်ဆုံးထွက်ခွါပေးပါ။
အဆောက်အဦးတိုင်းတွင် မိုးကြိုးလွှဲများ တပ်ဆင်ထားသင့်သည်။
မိမိရှေ့တွင် လူတစ်ဦးမိုးကြိုးပစ်ခံရပါက အလျင်စလိုမကူညီပါနှင့်။ မိုးကြိုးဟာ နောက်ဆက်တွဲတွေလာနိုင်ပါသေးတယ်။ လျှပ်ကူးမှုများမရှိတော့မှ ကူညီပေးပါ။ လောင်ကျွမ်းနေသော အဝတ်အစားများကို မဖယ်ပါနှင့်။ ရှေးဦးသူနာပြုစုနည်းဖြင့် ကုသပြီး ဆေးရုံသို့ အမြန်ဆုံးပို့ပါ။

Credit to: wikihow
KZ
Kanaung.NETg

Sunday, June 15, 2014

I P M ထိုင်းစလောင်းတွေ ပြုပြင် ရန်နည်း

IPM  စလောင်းတွေ လိုင်း ဖမ်းမရလို့ စိတ်ညစ်နေသူများအတွက်

ထိပ်ဖူးအထိုင် ပြင်လိုက်ရင်  အားလုံး အိုကေပါ

ပြုပြင်ထားပုံကို ပုံ နဲ့  တင်ပေးထားတယ်

အထိုင်ဖြုတ်ပြီး အပေါ်ကို ပြောင်းတပ်လိုက်ပါ

ထိပ်ဖူးအထိုင် နဲ့ စလောင်းဗန်း အလယ်နေ ရာအကွာအဝေးက  ၂၄  လက်မနော့်

မကိုက်ရင် ဆွဲကားလိုက်။

သစိသား စ  အသေးလေး ကြားထဲ မှာ
ညှပ်ဖို့  မေ့မယ်နော့။







Saturday, June 14, 2014

ပိန်းတိန်းတိန်း ဝါးတားတားဆရာကြီးများ နှင့် မသိသေးသောမော်လူးသားများအတွက်

သိပြီးရင် မကြည့်ကြပါနဲ့

မသိသေးသူများအတွက်

၅၉ (စ)  ဆိုတာကို  ရှင်းပြထာတာပါ






















ဖားပန်ကျေးရွာတွင် မိုးကြိုးထိမှန်လို့ ကျွဲတစ်ကောင်သေဆုံး


ဖားပန်ကျေးရွာတွင် မိုးကြိုးထိမှန်လို့ ကျွဲတစ်ကောင်သေဆုံး
အင်းတော်၊ ဇွန် ၁၄
@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ ဖားပန်ကျေးရွာတွင် ၁၂.၆.၂၀၁၄ ရက်နေ့ နံနက် ၉ နာရီ အချိန်ခန့်တွင် လျှပ်စီးလိုက်ပြီး မိုးကြိုးပစ်ရာတွင် ကျွဲပေါက်ကြီးတစ်ကောင် မိုးကြိုးထိမှန်ပြီး သေဆုံးသွားကြောင်း သိရသည်။
"မိုးကြိုးပစ်တဲ့ အချိန်မှာ လျှပ်စီးကြောင်းတွေက တောင်ဘက်ကနေ မြောက်ဘက်ကိုလာတာ ဖြစ်တယ်။ အဲ့ဒီအချိန်မှာ ဖားပန်ရွာက ဦးတင်မောင်စိုးရဲ့ မီးဖိုချောင် ထရံနဲ့ တန်းတွေကို မိုးကြိုးထိမှန်လို့ အချို့ထရံစတွေက ပြတ်ထွက်သွားတယ်။ လျှပ်စီးလက်တဲ့ အချိန်မှာ ဦးတင်မောင်စိုးနဲ့ ဦးစိုးလင်းတို့လည်း မီးဖိုချောင်ထဲမှာ ဝိုင်းထိုင်ပြီး ရေနွေးကြမ်းသောက်နေကြတာရှိတယ်။ ထရံတွေ တန်းတွေ ပြတ်ထွက်သွားပေမယ့် လူ့ဘုန်းကံကြောင့်လားတော့ မသိဘူး။ သူတို့တွေကိုတော့ တစ်စုံတစ်ရာမှ ထိခိုက်မှု မရှိပါဘူး။ ဒါပေမယ့် စက်ခန်းထဲမှာ ဆန်ပြာနေတဲ့ ဦးတင်မောင်စိုးရဲ့ ဇနီးကတော့ မိုးကြိုးပစ်တဲ့ အချိန်မှာ ထရံစလေး လွင့်စင်လာလို့ ခြေထောက်မှာတော့ အနည်းငယ် ပွန်းပဲ့တဲ့ ဒဏ်ရာလေးတွေရခဲ့ပါတယ်။ ဒါပေမယ့် မစိုးရိမ်ရပါဘူး။ အားမကြီးတဲ့ အတွက် လူတွေမစိုးရိမ်ရပေမယ့် အိမ်ထိပ်မှာ ချည်ထားတဲ့ ခုနှစ်မိုးကျွဲပေါက်ကြီးကိုတော့ မိုးကြိုးထိမှန်လို့ ပွဲချင်းပြီးပဲ သေဆုံးသွားပါတယ်…." ဟု ဖားပန်ကျေးရွာ ရာအိမ်မှူး ဦးဝင်းချိုက ပြောကြားခဲ့သည်။ အဆိုပါ ဖားပန်ကျေးရွာတွင် လျှပ်စီးလက်မိုးကြိုးပစ်လို့ ဦးတင်မောင်စိုးရဲ့ ကျွဲပေါက်ကြီးတစ်ကောင် ဆုံးရှုံးမှုရှိခဲ့သော်လည်း ဆန်ပြာနေသည့် လူတစ်ဦးသာ အနည်းငယ် ပွန်းပဲ့ဒဏ်ရာရတဲ့ အဆင့်ရှိခဲ့သည်။ အခြားလူများမှာ ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သိရသည်။

LPN Mawlu news





Wednesday, June 11, 2014

ပုဒ်မ ၅၉ (စ) မပြင်ရန် ဖွဲ့စည်းပုံပြင်ရေး လွှတ်တော် ကော်မတီ ဆုံးဖြတ်ြ





၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLD အနိုင်ရလျှင်ပင် ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်နိုင်တော့ပေ။(ဓာတ်ပုံ-ဟိန်းထက်/ဧရာဝတီ)

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခွင့် မရရှိစေရန် တားဆီး နေသော ပုဒ်မ ၅၉ (စ) ပါ ပြဋ္ဌာန်းချက်များကို မပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီက ဇွန်လ ၆ ရက်နေ့တွင် ဆုံးဖြတ် လိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် အများစု ပါဝင်သော လွှတ်တော် ကိုယ်စားလှယ် ၃၁ ဦးပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည် ဖော်မှု ကော်မတီက ဇွန်လ ၆ ရက်နေ့တွင် ကျင်းပ သော အခြေခံဥပဒေ ပြင်ဆင်ရေး အစည်းအဝေးတွင် ပုဒ်မ ၅၉ (စ) မပြင်ဆင်ရန် မဲခွဲ ဆုံးဖြတ် အတည်ပြု လိုက်ခြင်း ဖြစ်သည်ဟု သိရှိရသည်။

“ပုဒ်မ ၅၉ (စ) လုံး ပြင်ဖို့၊ မပြင်ဖို့ မဲခွဲဆုံးဖြတ် တယ်။ ပုဒ်မ ၅၉ (စ) ပြင်ဖို့ ထောက်ခံမဲက ၅ မဲပဲရှိတယ်။ မပြင်ဆင်ဖို့ မဲပေး တာက တော်တော်များ တယ်။ မပြင်ဆင်ဖို့မဲက အသာရသွားတော့ ၅၉ (စ) ပြင်ဆင်ဖို့ကတော့ ဒီလွှတ်တော် သက်တမ်း အတွင်း မှာ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး” ဟု ဖွဲ့စည်းပုံ ပြင် ဆင်ရေး လွှတ်တော် ကော်မတီတွင် ပါဝင်သော လွှတ်တော် ကိုယ်စားလှယ်တဦးက ဧရာဝတီသို့ ပြော ဆိုသည်။

အဖွဲ့ဝင် ၃၁ ဦး ပါဝင်သော ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်ကော်မတီတွင် တပ်မတော်သား လွှတ်တော်ကိုယ်စား လှယ် ၇ ဦး ပါဝင်ရာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အားလုံးက ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးအဆိုကို ပြင်းပြင်းထန်ထန် ကန့်ကွက်မှု များရှိခဲ့သည်ဟု ဧရာဝတီက စုံစမ်းသိရှိရသည်။

ပုဒ်မ ၅၉ (စ) သည် နိုင်ငံတော် သမ္မတ ဖြစ်ခွင့်ရှိရေး အရည်အချင်း သတ်မှတ်ပြဋ္ဌာန်းချက် ဖြစ်ပြီး သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံရမည့် သူသည် မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတဦးဦးသော် လည်းကောင်း၊ ထို တရားဝင် သားသမီးတဦးဦး၏ ဇနီးနှင့် ခင်ပွန်း သည် နိုင်ငံခြား အစိုးရ ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံသို့မဟုတ် တိုင်းတပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ ၊ ထိုသူများသည် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံ ဖြစ်သူသော် လည်း ကောင်း၊ တိုင်းတပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူး ခံစားခွင့်များကို ခံစား နိုင်ခွင့် ရှိသူများ မဖြစ်စေရဟု ဖော်ပြထားပြီး ယင်းသတ် မှတ်ချက်သည် နိုင်ငံခြားသား ၂ ဦးရှိနေသော ဒေါ်အောင်ဆန်း စုကြည် ကို သမ္မတဖြစ်ခွင့် မရှိစေရန် တားဆီးထားခြင်းဖြစ်သည်။

ကြံ့ခိုင်ရေးပါတီမှ ရွှေပြည်သာမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်၊ ဖွဲ့စည်းပုံပြင်ရေး လွှတ်တော် ကော်မတီဝင်လည်းဖြစ်သူ ဗိုလ်မှူး ကြီးဟောင်း ဦးတင်မောင်ဦးက ပုဒ်မ ၅၉ (စ) ပြင် ဆင်ဖွယ်ရှိ သည်ဟု ဧရာဝတီသို့ မေလတွင် ပြောဆိုခဲ့ သော်လည်း လွှတ်တော်ကော်မတီက ပုဒ်မ ၅၉ (စ) မပြင်ဆင်ရန် ဆုံးဖြတ်မှုကိုမူ တိတိကျကျ ဖြေဆို ခြင်းမပြုဘဲ တိမ်းရှောင်ဖြေဆိုသွားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လွှတ် တော်ကော်မတီတွင် ကြံ့ခိုင်ရေး လွှတ်တော်ကိုယ်စား လှယ် ၁၄ ဦး၊ စစ်တပ် လွှတ်တော် အမတ် ၇ ဦး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်အမတ် ၂ ဦး၊ အခြား နိုင်ငံရေး ပါတီများမှ လွှတ်တော် အမတ် ၈ ဦး စုစုပေါင်း ၃၁ ဦး ပါဝင်သည်။

(သာလွန်ဇောင်းထက်နှင့်ထက်နိုင်ဇော် ပူးတွဲရေးသားသည်

♪ ဗေဒင်ဝါသနာအိုးများအတွက် တစ်နှစ်စာဟောစာတမ်း (95%မှန်ကန်ကြောင်း အာမခံပါသည်။)




jh




♪ ဗေဒင်ဝါသနာအိုးများအတွက် တစ်နှစ်စာဟောစာတမ်း (95%မှန်ကန်ကြောင်း အာမခံပါသည်။) ♫



မွေးနေ့..မွေးရက်များနဲ့ သူရဲ့ ဂုဏ်သတ္တိများ..နှင့်အဟောများ
တကယ်လို့..မင်းဟာ..လတွေရဲ့. 1st, 10th, 19th, 28th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၁) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 2nd, 11th, 20th, 29th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၂) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 3rd, 12th, 21st, 30th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၃) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 4th, 13th, 22nd, 31st မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၄) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 5th, 14th, 23rd မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၅) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 6th, 15th, 24th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၆) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 7th, 16th, 25th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၇ သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 8th, 17th, 26th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၈ သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 9th, 18th, 27th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၉) သမား...
နံပါတ် (၁)
မင်းဟာ..ပါးနပ်တယ်..စကားကိုရှင်းရှင်းပြောတက်တယ်..ဟာသဥာဏ်ရွှင်တယ်..
ခေါင်းမာတယ်. ရိုးသားတယ်.. တဖက်သားကို မနာလို ၀န်တိုတက်တယ်..ကြင်နာတက်တယ်..ဒေါသလွယ်တယ်..
ဖော်ရွှေတယ်..တာဝန်ယူလိုစိတ်ရှိတယ်..အမြဲတမ်းကျော်ကြားသူတယောက်ဖြစ်ချင်တယ်..
လူတွေအားလုံးရဲ့အထက်မှာပဲ နေချင်တယ်.. တခါတရံမှာ လွတ်လပ်မှုကို မြတ်နိုးတယ်.. သူတပါးရဲ့အုပ်ချုပ်မှုကို မခံချင်ဘူး.
မိမိကိုယ်ကို ယုံကြည်တက်တဲ့ လူစားမျိုးဖြစ်တယ်..
ငယ်ငယ်ရွှယ်ရွှယ်နဲ့ အချစ်ကို တွေ့တက်ကြတယ်..ဒါပေမယ့်.. ရင့်ကျက်တဲ့အရွယ်ရောက်မှပဲ လက်ထက်ဖြစ်ကြတာများပါတယ်..
အမြင်မတူတဲ့သူတွေနဲ့ ပြဿနာတက်ရတာကို နှစ်သက်တယ်..
အငြိုးအတေးကြီးပြီး..လက်စားချေတက်ကြတယ်..အသုံးအဖြုန်းကြီးသူတယောက်ဖြစ်ပေမယ့်..
မင်းမှာ အလုပ်အကိုင်ကောင်းတွေ ရတက်ပါတယ်..
မင်းသာ အမျိုးသားဆိုရင်..အရမ်းနာမည်ကျော်မယ်.. ဆွဲဆောင်မှုရှိတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်နေမှာဖြစ်ပြီ..လူတိုင်းက မင်းကို လေးစားနေပါလိမ့်မယ်..မင်းဟာ.နေရာစုံ ၀င်ဆန့်နိုင်တဲ့သူတယောက်ဖြစ်တယ်.. ရပ်ကွက်ထဲမှသည်.. ဟိုအပေါ် ပါလီမန်တွေထိကို
မင်းက နေရာစုံသွားနိုင်သူပါ..ဘာဖြစ်လို့လဲ ဆိုတော့..ကိစ္စတော်တော်များများကို မင်းက တဖတ်ကန်ခတ်အောင် သိနေတက်တယ်လေ..
ဒါပေမယ့်..မင့်ရဲ့ဘ၀မှာ..တချို့လူတွေက မင်းဘ၀နှိပ့်ကျသွားအောင်..နာမည်ပျက်သွားအောင် လုပ်တာမျိုး..ကြုံရတက်ပါတယ်...
ဒါကလည်း မဆန်းပါဘူး...လူတွေရဲ့မနာလိုမှုကြောင့်ပါပဲ..
မင့်ရဲ့မိသားစုဘ၀က အေးချမ်းလွန်ပါတယ်.. မင်းဟာ အဖော်မွန်ကောင်းကို ပိုင်ဆိုင်ပြီ..
ချစ်စဖွယ်သားသမီးတွေနဲ့ နေထိုင်ရပါလိမ့်မယ်..မင်းဟာ..ရှေ့ဆောင်သူ..လွတ်လပ်မှုကို မြတ်နိုးသူ.. ဘာသာတရားကို ကိုယ်ရှိုင်းသူတယောက်ပါပဲ..
မင်းရဲ့အကောင်းဆုံးအဖော်မွန် နံပါတ်တွေကတော့.. 4, 6, 8 ...သင့်တင်တဲ့သူတွေကတော့.. 3, 5, 7!!!
========================
နံပါတ်(၂)
မင်းဟာ ဘာကြီးပဲဖြစ်နေနေ.. မင်းကို လူတိုင်းက ချစ်ကြပါတယ်..
ဘာဖြစ်လို့လဲ ဆိုတော့..မင်းဟာလ နဲ့ တူလို့ပါ.. လကို လူတိုင်းက သဘောကျသလိုမျိုးပေါ့..
ပြီးတော့ မင်းဟာ..စိတ်ကူးအရမ်းယဉ်တက်သူ တစ်ဦးလည်းဖြစ်တယ်...
မင်းဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအလွန်နည်းတယ်..မင်းဘ၀မှာ ပြန်ပြီးသုံးသပ်သင့်စရာတွေချည်းပဲ...
မင်းဟာ ခန့်မှန်းရခက်တဲ့သူ တစ်ဦးလည်းဖြစ်တယ်.. အချိန်နဲ့အခြေအနေကို လိုက်ပြီး မင်းဟာ အမြဲတမ်းပြောင်းလဲနေတယ်..
တကိုယ်ကောင်းဆန်ပြီ.. အနုပညာဘက်မှာ အားအတော်သန်တဲ့သူဖြစ်တယ်.. အပြောအဆို
ညက်ညောပြေပြစ်တယ်.
မင်းရဲ့အပြုအမှုတွေဟာ လလို့ပဲ.. နေအလင်းရောင် ပျောက်မှ လထွက်လာသလိုမျိုး.... လူတွေ စိတ်ဓါတ်ကျနေတဲ့အချိန်ဆို
ရောက်လာပြီ.. သူတို့တွေ စိတ်ဓါတ်မြင့်တက်လာပြီဆိုရင် မင်းဟာ သူတို့ဘ၀ထဲက ပျောက်ကွယ်သွားတက်တယ်..
မင်းဟာ.. ငြိမ်းချမ်းမှုကို မြတ်နိုးတဲ့.ဒုတိယ ဂန္ဒီ ဖြစ်နိုင်သလို...ငြိမ်းချမ်းမှုကို ဖျက်ဆီးမဲ့.. ဒုတိယ ဟစ်တလာ လည်း ဖြစ်နိုင်ပါတယ်
(ကျနော်ဆိုလိုတာက မင်းရဲ့ပတ်ဝန်းကျင် ဆက်ဆံရေးပေါ်မှာပါ).
တကယ့်လိုများ..ဘုရားတရားကို နက်နက်ရှိုင်းရှိုင်းလုပ်မယ်ဆိုရင်...မင်းဟာ အောင်မြင်မယ့်သူတစ်ဦးပါ...
အများစုသော မင်းရဲ့စကားလုံးတွေဟာ ပျော်ရွှင်မှုတွေဆီကိုပဲ ဦးတည်နေတာပါ..!
တခါတရံ မင်းဟာ ရှေ့ရေးကို ကြိုပြီး ခံစားမိတက်သူတစ်ဦးပါ.
မင်းဟာ ကဗျာဆရာ..စာရေးဆရာ.. အနုပညာနယ်ပယ်မှာ ကျင်လည်မှုသူတစ်ဦးပါ...
မင်းဟာ အချစ်ကို အရမ်းကြီးမယုံကြည်တက်သူတစ်ဦးပါ.. မင်းလက်ထက်ပြီးတဲ့အထိတောင် အဲဒီအတိုင်းပဲ
မင်းဟာ အချစ်အပေါ် သာမန်ပဲခံစားနေတက်သူတစ်ဦပါ..
မင်းဟာ မိန်းကလေးဆိုရင်တော့..မိသားစုမှာ တာဝန်သိအမျိုးသမီးတဦးဖြစ်နေပါလိမ့်မယ်..
မင်းဟာ ယောကျာ်းလေးသာဆိုရင်တော့ မိသားစုမှာ ခိုက်ရန်ဖြစ်တာတွေ..ငြင်းခုန်မှုတွေကို သယ်ဆောင်လာသူ ဖြစ်နေပါလိမ့်မယ်..ဒါမှမဟုတ် ပြောင်းပြန်လည်း ဖြစ်နေတက်ပါတယ်..ဆိုလိုတာက.
မိသားစုကောင်းစားဖို့အတွက် မင်းဘ၀ကိုတောင် စွန့်လွတ်ဖို့ ၀န်မလေးတဲ့သူတစ်ဦးပါ...
မင်းဟာ သိမ့်မွေ့တယ်..အမြင်ကျယ်တယ်..သူတပါးရဲ့စိတ်ကို ခံစားနားလည်ပေးနိုင်တယ်..
လူတွေနဲ့ လိုက်လျောညီထွေနေတက်တဲ့သူ တစ်ဦးပါ...
မင်းရဲ့အကောင်းဆုံး အဖော်မွန်ကတော့ 2, 5, 9 ..တခြားသူတွေနဲ့ဆိုရင်တော့..အဆင်ပြေဖို့ခဲ့ရင်းပါတယ်..!!!
====================================
နံပါတ် (၃)
နှလုံးသားမာကျောပြီ.. တကိုယ်ကောင်းဆန်တက်တယ်.. ဒါပေမယ့် ဘာသာတရားကို ကိုင်းရှိုင်းတက်သူတစ်ဦးပါ..
တိုးတက်မှုကို မြတ်နိုးတဲ့သူတစ်ဦးပါ.. မင်းဟာ မိသားစုပြဿနာတွေကို လျှော့ကျဖို့လိုလားပေမယ့်..
ပြဿနာတိုင်းက မင်းဆီကနေပဲ မြစ်ဖျားခံတက်တာများပါတယ်..
မင်းဟာ သြဇာအာဏာကြီးမားပြီး.. နှစ်လိုဖွယ်မျက်နှာထားကို ပိုင်ဆိုင်သူ တစ်ဦးပါ..
ဒါကြောင့်.. ဘယ်နေရာကိုသွားသွား.. မင်းအလိုရှိတာတွေကို အဆင်သင့် ရနိုင်နေတာပေါ့..
မင်းဘ၀မှာ မွေးဖွားလာကတည်းက တခုခုကို ရဖို့အတွက် အမြဲတမ်း ပြင်းထန်စွာကြိုးစွာနေရတက်တယ်..
မကြိုးစားဘဲနဲ့ ရလာတာဆိုတာ အလွန်ပဲ ရှားပါးလှပါတယ်....
အရွယ်ရောက်လာတဲ့အခါမှာ.. မင်းဟာ ကိုယ့်ထက်ငယ်ရွယ်သူတွေကို ဆိုဆုံးမတက်တယ်..
ဘာကြောင့်လဲဆိုတော့.. ကြီးတဲ့သူကို ငယ်သူက ရိုသေမှုပြသရတာကို မင်းဟာ နှစ်သက်လို့ပဲ.. အဲလိုလည်း
မင်းဟာ စံပြနေလေ့ရှိပါတယ်.. ဒါပေမယ့်..ယေဘုယျအားဖြင့်တော့.. မင်းဟာ အေးဆေးတည်ငြိမ်တဲ့သူတယောက်မဟုတ်ပါဘူး..
မင်းနဲ့ဆက်ဆံဖို့ဆိုတာ..ခက်ခဲတဲ့အလုပ်တခုပါ..မင်းဟာ စိတ်ဓါတ်မာတဲ့ ပြိုင်ဘက်တယောက်လိုပဲ...
ဒါပေမယ့်လည်း.. တစုံတယောက်ရဲ့အပြုအမှုကို မင်းသဘောကျသွားပြီဆိုလည်း..
မင်းတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ အရမ်းကို ခိုင်မာနေတက်ပါတယ်...
မင်းဟာ အမြဲလိုလို..သူတပါးဆီက လေးစားမှုကို ရရှိနေတက်သူ တစ်ဦးပါ..
မင်းဘ၀မှာ ရန်သူတွေ.ပြဿနာတွေ အများကြီးရှိမယ်လို့ ထင်ရပေမယ့်.. အဲဒါတွေက ကြာရှည်မခံပါဘူး..
ဘာကြောင့်လည်းဆိုတော့.. မင်းက ပါရမီရှင်တယောက်လိုပါပဲ.. သူတို့နဲ့ဖြေရှင်းရာမှာ ပိုင်နိုင်လွန်းပါတယ်..
မင်းဟာ ပိုက်ဆံကို အနည်းငယ်ပို မက်မောတဲ့အတွက်.. သူရဲ့စေခိုင်းမှုအောက်မှာ..အဆုံးမရှိ ကြိုးစားခြင်းတွေ .ရုန်းကန်ခြင်းတွေနဲ့..
မင်းဟာ နပန်းလုံးနေရတက်တယ်...
မင်းဟာ အမျိုးသားတစ်ဦးဆိုရင်တော့..အားလုံးဟာ ပြီပြည့်စုံနေပါပြီ.. မိသားစုကို စောင့်ရှောက်တယ်..
သူငယ်ချင်းတွေကို ကူညီတယ်.. ဘ၀ကို ပေးကမ်းမှုတွေ..ကြင်နာတွေနဲ့ အချိန်ကုန်လွန်စေတဲ့သူပေါ့ (ဒါပေမယ့် ၂၁ ရက် မွေးသူမပါပါ). ပြီးတော့ မင်းဟာ စံပြတယောက်ဖြစ်နေပါလိမ့်မယ်..
တကယ်လို့..မင်းဟာ အမျိုးသမီးဆိုရင်လည်း.. အကျင့်စရိုက်ကောင်းတွေ.. ယဉ်ကျေးသိမ်မွေ့မှုတွေ.. အလုပ်ကြိုစားမှုတွေ
နဲ့ ပြည့်နေမှာပါ..
မင်းဟာ လွတ်လပ်မှုကို မြတ်နိုးသူ.. တီထွင်သူ.. ရည်မှန်းချက်ကြီးသူ..အာရုံစူးစိုက်လုပ်တက်သူ
ပြီးတော့. ကမ္ဘာကို အလှ..မျှော်လင့်ချက်..ပျော်ရွှင်မှုတွေကို သယ်ဆောင်လာသူ တစ်ဦးပါပဲ...
မင်းရဲ့ အကောင်းဆုံး အဖော်မွန်ကတော့... 6, 9. သင့်တော်တဲ့အဖော်မွန်ကတော့..1, 3, 5!!!
============================
နံပါတ် (၄)
မင်းလည်းပဲ ခေါင်းအလွန်မာတဲ့သူ တဦးပါပဲ..
အလုပ်ကို အရမ်းကြိုးစားတယ်..ဒါပေမယ့် ဘ၀ရဲ့ အရေးကြီးတဲ့ ကိစ္စတွေမှာတော့ ကံမကောင်းတက်ပါဘူး..
အေးဆေးနေတက်တယ်..ကူညီတက်သူဖြစ်ပေးမဲ့..စကားပြောတာက ပွင့်လင်းလွန်းပါတယ်..
အမျိုးသားဆိုရင်တော့ အဲဒီအတွက်နဲ့ပဲ.. တခြားလူတွေကို စိတ်အနှောက်ယှက်ပိုဖြစ်စေပြီ.. မင်းကိုထားပြီ
အဝေးကို ပြေးသွားတက်ကြပါတယ်..
မင်းဟာ တခါတရံမှာတော့.. တခြားလူတွေနဲ့ သူတို့ရဲ့ ပြဿနာတွေကို ကောင်းကောင်းကြီး နားလည်နေပြန်ေ၇ာ့.....
အချိန်တိုင်းလိုလို မင်းဟာ အမျိုးသမီးမိတ်ဆွေတွေနဲ့ အချိန်ဖြုန်းနေတက်ပြီ..
အမျိုးသမီငယ်တွေနဲ့ ပျော်ရွှင်ရတာကို နှစ်သက်သူ တစ်ဦးပါ..
မင်းသူငယ်ချင်းတွေဟာ မင်းရဲ့အချိန်တွေ..ငွေတွေကို သုံးဖြုန်းပြီ.. အဝေးကို ပြေးသွားတက်ကြပါတယ်..
အဲဒီခါကြရင်တော့..မင်းဟာ ခိုးကိုယ်ရာမဲ့နေပြီဆိုတာ..အသေအချာပါပဲ..အဲဒီအတွက်..
လုံးဝသတိပြုပါ.. မင်းရဲ့စီတ်ထားကောင်းကတော့.. မိသားစုနဲ့သူငယ်ချင်းတွေကို ကူညီတက်တာပါပဲ..
မင်းဟာ ငယ်ရွှယ်စဉ်မှာပဲ.. အချစ်ကို တွေ့ရှိတက်ပါတယ်..
မင်းဘ၀မှာ တခါတရံ အဆင်မပြေမှုတွေနဲ့ ပြည့်နက်နေတက်တယ်.. ဥပမာ..
မင်းဟာ ဘွဲ့တခုခုရထားပေမယ့်..အလုပ်လက်မဲ့ဖြစ်နေတာမျိုးပေါ့.. ဒါမှမဟုတ်.. အောက်ခြေအလုပ်ကို လုပ်နေရတာမျိုးပေါ့..
ဒါပေမယ့်..မင်းရဲ့မိသားစုကိုတော့..မင်းဟာ ကောင်းကောင်းစောင့်ရှောက်နိုင်ပါတယ်..
အဓီက သတိထားရမယ်လူတွေကတော့.. မင်းရဲ့ကြင်နာတက်တဲ့ စိတ်ထားကို အခွင့်ကောင်းယူမယ့်သူတွေကိုပါပဲ..
ဒါကြောင့်..မင့်နဲ့ပတ်ဝန်းကျင်ဆက်ဆံရေးကို အထူးသတိပြုပါ..
အမျိုးသမီးဆိုရင်တော့.. မင်းဟာ ပညာရပ်ပိုင်းနဲ့ အနုပညာပိုင်းမှာ
ထွန်းပေါက်နိုင်ပါတယ်..
မင်းဟာ..စိတ်ရှည်တယ်.. ခေါင်းမာတယ်.. ရှေးရိုနည်းနည်းဆန်ပြီ..
အစီအစဉ်တကျလုပ်ကိုင်တက်သူတယောက်ဖြစ်တယ်...
မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 1, 8.သင့်တော်တဲ့သူတွေကတော့...5, 6, 7!!!
==================================
နံပါတ် (၅)
မင်းဟာ မင့်ပတ်ဝန်းကျင်မှာ ကျော်ကြားတဲ့သူတစ်ဦးပါ..
မင့်ရဲ့နှုတ်ထွက်စကားလေးနဲ့တင်..မင်းအလိုရှိရာကို ရနိုင်ပါတယ်..မင်းဟာ စီးပွားရေးအမြင်စူးရှသူတစ်ဦးလည်း ဖြစ်တယ်..
ဒါပေမယ့်.. မင်းဟာ စနစ်ရှိတော့မဟုတ်ပါဘူး..ခေါင်းထဲပေါ်လာကို လုပ်တက်သူပါ.
တကယ်လို့ စီးပွားရေးလုပ်ငန်းတခုကို တည်ထောင်မယ်ဆိုရင်လည်း..အောင်မြင်မယ်သူပါ..
ပြီးတော့ ဟာသဥာဏ်ရွှင်တဲ့သူလည်းဖြစ်နေပြန်ရော့..
မိသားစုနဲ့သူငယ်ချင်းတွေအတွက်တော့.. မင်းဟာ တကယ့်ကယ်တင်ရှင်ကြီးတစ်ဦးပါပဲ..
တကယ်လည်း.. မင်းဟာ လက်တွေ့ကျကျ ကူညီတက်သူတစ်ဦးပါ... မင်းဟာ နည်းနည်းတော့ မြှာပွေတက်ပေမယ့်..
ဘ၀ကို တည်ဆောက်မယ်ဆိုတဲ့အခါမှာတော့.. ကိုယ်ကျိုးတွက် ကြည့်ပြီးမှ ရွှေးချယ်တက်သူပါ...
မင်းဟာ လက်ထက်ပြီးတာတောင်မှ ကျော်ကြားနေဦးမယ်သူပါ..အဲဒီအတွက်.. သတိထားရမယ်အချက်ကတော့
မင့်ရဲ့ ခြေရှုပ်ချင်တဲ့ စိတ်ထားလေးပါပဲ.. အသိတရားနဲ့ ထိန်းချုပ်ရင်တော့..အရာအားလုံး အဆင်ပြေနေပါလိမ့်မယ်...
မင်းဟာ လူတိုင်းနဲ့ ပုလဲနံသင့်ပါတယ်..ဘာကြောင့်လည်းဆိုတော့.. နံပါတ် ၅ ဟာ အလယ်ဂဏာန်း ဖြစ်နေလို့ပဲ..
ပြောင်းလဲမှုနဲ့လွတ်လပ်မှုကို မြတ်နိုးသူ.. ဆွဲဆောင်မှုအပြည့်ရှိတဲ့ မျက်နှာပိုင်ရှင်ပေါ့...
အတွေ့အကြုံကနေ မင်းဘ၀ကို တည်ဆောက်ရတဲ့သူဖြစ်ပြီ..အဲဒီအတွေ့အကြုံတွေကပဲ..
မင်းရဲ့အကောင်းဆုံး ဆရာသမားတွေဖြစ်နေလေရဲ့...
မင်းရဲ့အကောင်းဆုံးအဖော်မွန်ကတော့.... 1, 2, 9. သင့်တော်တဲ့သူကတော့. 6, 8!!!
===============================
နံပါတ် (၆)
အိုး... မင်း ပျော်ရွှင်ဖို့အတွက်ပဲ မွေးဖွားလာတာပါလား..
မင်းဟာ တခြားလူရဲ့ခံစားချက်ကို ဂရုမစိုက်တက်သူတစ်ဦးပေါ့..ဆိုလိုတာက မင်းဘ၀မှာ မင်းဟာ အမြဲတမ်း ပျော်ရွှင်နေချင်တဲ့သူပါ..
မင်းဟာ ပညာရေး..အလုပ်..စီမံခန့်ခွဲမှုမှာပဲဖြစ်ဖြစ်.. အောင်မြင်မှုသူတစ်ဦးပါ..
မင်းဟာ ကြင်နာတက်ပါတယ်..(ဒါပေမယ့် မင့်စိတ်ထဲမှာ ကောင်းတယ်လို့ထင်တဲ့ လူတွေအပေါ်မှာသာ).....
ရုပ်ရည်အရမ်းချော်မောနေတက်ပြီ.. ဘ၀ဟာလည်း. ကံကောင်းခြင်းတွေ စုနေတက်ပါတယ်..
ကံကြမ္မာကောင်းတွေဟာ မင်းနဲ့အတူလာတယ်လို့ ပြောလို့ရနိုင်ပါတယ်..
မင်းရဲ့စိတ်ထားနဲ့ခန္ဓာဟာ အချစ်ကိစ္စတွေမှာ လှိုင်လှိုင်လှဲလှဲရှိလှပါတယ်..
တခြားနံပါတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို ခံရတက်ပါတယ်...ဒါပေမယ့်..
မင်းဟာ အမျိုးသားဆိုရင်တော့.. လက်ထက်တဲ့အချိန်အထိ မိန်းကလေးငယ်များနဲ့ ရင်းရင်းနှီးနှီးနေရတာကို
နှစ်သက်တဲ့သူတဦးပါ..
အမျိုးသမီးသာဆိုရင်တော့.. စေ့စပ်ကြောင်းလမ်းမှု..ဒါမှမဟုတ် လက်ထက်တာကို စောစောစီးစီး ရင်ဆိုင်ရတက်ပါတယ်..
ကြင်နာတက်သူတွေပဲ မင့်ဘ၀ထဲကို ၀င်လာပါလိမ့်မယ်..
ယေဘုယျအားဖြင့်တော့.. မင်းဟာ အိမ်ရဲ့ဆည်းလှည်းလေးပါပဲ... စာနာတက်သူ...နှစ်သိမ့်မှုပေးနိုင်သူ.မျှတသူ..
အိမ်ထောင်မှုနိုင်နင်းသူ..ဆုံးဖြတ်ချက်ကောင်းမွန်သူတစ်ဦးပါပဲ...ကုန်ကုန်ပြောရရင်.. မင့်ရဲ့အကြင်နာတွေနဲ့..ဒီကမ္ဘာလောကကြီးရဲ့ ဒဏ်ရာ ဒဏ်ချက်တွေကိုကုစားပေးနိုင်သူတယောက်ပါပဲ...
မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 1, 6, and 9. သင့်လျော်တဲ့သူတွေကတော့.. 4, 5!!!
===================================
နံပါတ် (၇)
မင်းဟာ ဆွဲဆောင်မှုရှိသူ.. ယထာဘူတ ၀ါဒီတယောက်ပါ..
မိမိကိုယ့်ကို ယုံကြည်တက်တယ်..ပျော်ပျော်ရွှင်ရွှင်နေတက်ပြီ..ပညာရေးမှာ ထူးချွန်သူ တစ်ဦးပါ..
ဂီတ.အနုပညာ..သီချင်းဆို..သရုပ်ဆောင်နယ်ပယ်တွေမှာလည်း.. ထူးချွန်နိုင်သူပါ..
မင်းရဲ့ပြဿနာကတော့..မင့်ရဲ့ဒေါသစိတ်ပါပဲ..
အမျိုးသမီးဆိုရင်တော့. အထက်ကအချက်တွေနဲ့ မင်းဟာ အောင်မြင်နိုင်ပါတယ်..
မင်းဟာ..မင့်မိဘအတွက် ဘာမဆို စွန့်လွှ့တ်နိုင်သူလည်းဖြစ်တယ်..(ဆိုလိုတာက မိသားစုကို အရမ်းတန်းဖိုးထားတက်တာပါ)
အရွယ်ရလာတာနဲ့အမျှ မင်းရဲ့အဆင့်အတန်းကလည်း တဖြည်းဖြည်း မြင့်တက်နေမှာပါ..
အမျိုးသားတစ်ဦးသားဆိုရင်တော့ အမျိုးသမီးထုကြားမှာ ရေပန်းစားမယ့်သူပါ..ဘက်စုံထူးချွန်သူတစ်ဦးလည်းဖြစ်နေပါတယ်..
နံပါတ် (၇) သမားအများစုဟာ သူတို့ရဲ့အိမ်ထောင်သည်ဘ၀မှာ အဆင်မပြေကြတာများပါတယ်..
အနည်းစုလောက်ပဲ ပျော်ရွှင်ချမ်းမြေ့တဲ့ဘ၀ကို တည်ဆောက်နိုင်ကြတာပါ.... မင်းရဲ့ဘ၀မှာ အရာအားလုံးရှိနေပေမယ့်..
အလိုမကျမှုတွေ..စိုးရိမ်ကြောင့်ကျမှုတွေ ကလည်း ရှိနေတက်ပြန်ရော့.. ဒါကလည်း..ဘုရားသခင်က မင်းကို အရာအားလုံးမျှတအောင် ပေးထားတဲ့သဘောလို့ထင်ပါတယ်.. မင်းလို ထူးချွန်တဲ့သူ ၁၀၀လောက်ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင်
မင်းတယောက်လောက်ပဲ အိမ်ထောင်ရေးမသာယာတာမျိုးတွေ့ရတက်ပါတယ်.. ဒါကြောင့်.. ကြင်ဖော်ကို စောင့်စားနေတာထက်..
ကိုယ်နဲ့ လိုက်လျော်ညီထွေမယ့်သူကို စောစောစီးစီး ရှာထားသင့်ပါတယ်...အဲလိုမှ မလုပ်ချင်ဘူးဆိုရင်တော့..မင်းဟာ ဘ၀ကို အထီးကျန်စွာ ဖြတ်သန်းသွားရမှာ အသေအချာပါပဲ..ဒါကြောင့်..ဒီကိစ္စနဲ့ပတ်သက်ပြီး သေချာဂရုစိုက်အလေးထားသင့်ပါတယ်..
မင်းဟာ အံဖွယ်ကောင်းသော.ဖော်ရွှေသော.ယဉ်ကျေးသိမ့်မွေ့သော ပျော်ပျော်နေတက်တဲ့ လူတယောက်ပါ..မင်းဟာ
ဒီကမ္ဘာလောကကြီးကို ဖြည့်ဆည်းပေးဖို့ မွေးဖွားလာသူတစ်ဦးပါ..
မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 2. သင့်တော်တဲ့အဖော်မွန်ကတော့.. 1,4 !!!
==============================
နံပါတ် (၈)
မင်းရဲ့ ဘ၀ဟာ ကြမ်းတမ်းလွန်းပါတယ်. ဘာကြောင့်ဆိုတာ. ဘယ်သူမှ မင်းကို နားလည်နိုင်မှာ မဟုတ်ပါဘူး..
သူတပါးကို အပြစ်ပြောရာမှာ မင်းဟာ တဖက်ကမ်းခတ် ကျွမ်းကျင်လှပါတယ်.. မင်းရဲ့ ငယ်စဉ်ဘ၀ဟာ ဆင်းရဲ့နုံချာနိုင်ပါတယ်..
အခြေအနေက မပေးဘူးဆိုရင်တော့.. မင့်ရဲ့မိဘတွေကိုတောင် စောစီးစွာ လက်လွှတ်ရနိုင်ပါတယ်.. ဒီလိုမျိုးအဖြစ်အပျက်တွေက
မင့်ဘ၀ထဲမှာ မကြာခဏဖြစ်နေမယ်အရာတွေပါ..
ဒီပြဿနာတွေကပဲ မင်းရဲ့ပညာရေးကို တားဆီးနေပါလိမ့်မယ်.. ဒါပေမယ့် မင်းဟာ ဘ၀ကို တခြားနည်းနဲ့ လေ့လာသင်ယူနိုင်ပါလိမ့်မယ်.
မင်းဟာ တရားမျှတမှုအတွက် တိုက်ပွဲဝင်ရဲတဲ့သူတစ်ဦးပါ..ဒါပေမယ့် အဲဒီတိုက်ပွဲမှာပဲ ကျဆုံးနိုင်သူလည်း ဖြစ်နေပြန်ေ၇ာ့.
ပုံမှန်အားဖြင့်..မိတ်ဆွေတွေနဲ့ဆက်ဆံရာမှာ မင်းဟာ တည်ကြည်လေးနက်စွာ နေတက်ပြီ.. ဘ၀ကိုလည်း..အထီးကျန်စွာ
ဖြတ်သန်းနေရမယ့်သူပါ.. ပြီးတော့ တပါးသူကို ကူညီဖို့အသင့်ရှိနေသူ တစ်ဦးပါ..
မင်း အိမ်ထောင်ကျတဲ့အခါမှာတော့ (အဲဒါကလည်း.. အများအားဖြင့် အလယ်အလတ်အရွယ်မှာပဲ ဖြစ်ပွားတက်ပါတယ်)
မင့်ရဲ့ကံကြမ္မာဆိုးအနည်းငယ်ဟာ လွင့်ပျောက်သွားသလို ခံစားရပါလိမ့်မယ်..ပြီးတော့ မင်းဟာ လုံခြုံချမ်းမြေ့မှုကို ရရှိပါလိမ့်မယ်..
မင်းဟာ မမျှော်လင့်တဲ့အန္တရာယ်တွေကိုလည်း..ယှဉ်ဆိုင်တွေ့ရနိုင်ပါတယ်.. ဥပမာ..( အမှုအခင်းများ..အဆိပ်ရှိသတ္တ၀ါများ..မတော်တဆထိခိုက်မှုများနဲံ ကြုံတွေနိုင်ပါတယ်)
သိုပေသိ.. မင်းဟာ စည်းကမ်းလိုက်နာတဲ့သူ..လုံ့လ၀ီရိယရှိသူ.ရဲရင့်သူ.. ခွန်းအားဗလနဲ့ပြည့်စုံသူ. တစ်ယောက်ပါ..
အဲဒါတွေကပဲ မင်းကို အောင်မြင်မှုဆီကို ခေါ်ဆောင်သွားမှာပါ..
မင်းဟာ မိသားစုရဲ့ အဓီက အစိတ်အပိုင်းတခုပါ.. အားကိုယ်ရဆုံးသူတစ်ဦးလည်းဖြစ်ပြီး.. ဖိုက်တာတစ်ဦးလည်းဖြစ်နေပြန်ရော့...
မင်းရဲ့ အကောင်းဆုံးအဖော်မွန်ကတော့.. 1, 4, and 8. သင့်တော်တဲ့အဖော်မွန်ကတော့ 5!!!
===================================
နံပါတ် (၉)
မင်းကတော့ ဒီကမ္ဘာလောကကြီးမှာ သဟဖာတမဖြစ်ဆုံး လူသားတစ်ဦးပေါ့..
မင်းဟာ ရုပ်ပိုင်း..စိတ်ပိုင်း အရမ်းကို ကြံ့ခိုင်လွန်းသူတစ်ဦးပါ.. ရည်မှန်းချက်ကြီးမားသူတဦးလည်းဖြစ်ပြန်ရော့..
မင်းဟာ အလုပ်ကို အရမ်းကြိုးစားလုပ်ကိုင်ရမှာဖြစ်ပြီ.. အောင်မြင်မှုကိုလည်း ခက်ခဲစွာ ရယူရမယ့်သူတစ်ဦးပါ..
သာမန်အားဖြင့်တော့ ငယ်ရွယ်စဉ်မှာ မင်းဟာ မိသားစုပြဿနာတွေနဲ့ လုံးပန်းနေရတက်ပါတယ်..ပြီးတော့ ဘ၀ဟာလည်း.
ရုန်းရင်းဆန်ခတ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်.. ဒါပေမယ့် မင်းအလိုရှိတာကို ရရှိတဲ့အချိန်ကစပြီးတော့ မင်းရဲ့ဘ၀ လုံးဝပြောင်းလဲသွားပါလိမ့်မယ်.. မင်းဟာ ပတ်ဝန်းကျင်မှာ အလေးစားခံရဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်နေပါလိမ့်မယ်..
စိန်ခေါ်မှုတွေကို နှစ်သက်ပြီ.. ပြိုင်ဘက်တွေကို အလှဲထိုးနိုင်တဲ့သူ တစ်ဦးပေါ့.. ငယ်ရွယ်စဉ်မှာတော့ မင်းဟာ အရမ်းကို ပေတေမဲ့ ကလေးတယောက်ပါ.. မိဘက မကြာခဏရိုက်နက်ဆုံးမရသူ.. ရန်ခဏခဏ ဖြစ်တက်သူတစ်ဦးပေါ့..
မင့်ဘ၀ဟာ ဒဏ်ရာအနာတ၇တွေနဲ့ ပြည့်နက်နေသလိုပါပဲ.. ဒါပေမယ့်..အရွယ်ရောက်လာတဲ့အခါမှာတော့..
မင်းဟာ အေးဆေးတည်ငြိမ်လာပြီ.. ယောကျာ်းပီသစွာ နေထိုင်ပြန်ရော့..
ချစ်ခြင်းမေတ္တာကတော့ မင်းအတွက် လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး.. မင်းဟာ ဆောက်လုပ်ရေးအလုပ်..ဘဏ်အလုပ်တွေနဲ့ သင့်လျှော်ပါတယ်.. ဘာကြောင့်လဲဆိုတော့ လူတွေကို မင့်ကို ယုံကြည့်ကြလို့ပါပဲ..
မင့်ရဲ့မိသားစုဘ၀ကတော့ အရမ်းကို ကောင်းမွန်လှပါတယ်. ဒါပေမယ့် မင့်ကလေးတွေအတွက်တော့ စိုးရိမ်ရပါလိမ့်မယ်..
မင်းဟာ လူလူချင်းစာနာတက်သူ..စိတ်ရှည်သူ..ပညာဥာဏ်ကြီးမားသူ..နားလည်းခွင့်လွတ်ပေးနိုင်သူတစ်ဦးပါ...
မင်းဟာ ရည်မှန်းချက်တွေကို ရယူဖို့.. အဂတိတရားမထားပဲ လူတွေအပေါ် အလုပ်အကျွေးပြုဖို့ မွေးဖွားလာသူတစ်ဦးပါ...
မင်းဟာ အံ့ဖွယ်စိတ်ကူးစိတ်သန်းတွေမှာ လူတိုင်းအတွက် စံပြတယောက်ပါ..
မင့်ရဲ့အကောင်းဆုံး အဖော်မွန်ကတော့.. 3, 5, 6, and 9. သင့်တော်တဲ့ အဖော်မွန်ကတော့ 2!!!




အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.o