Sunday, November 10, 2013

Maw lu news

မော်လူး မီးရထား ဝန်ထမ်းမိသားစုများနှင့် စေတနာရှင်မိဘပြည်သူများ၏ ဒုတိယအကြိမ် စုပေါင်း မဟာဘုံကထိန်ကျင်းပ

မော်လူး၊ နိုဝင်ဘာ ၉

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူး မီးရထား ဝန်ထမ်းမိသားစုများနှင့် စေတနာရှင် မိဘပြည်သူများ၏ ဒုတိယအကြိမ် စုပေါင်း မဟာဘုံကထိန်ပွဲကို နိုဝင်ဘာ ၄ ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

 


မော်လူးဒေသ သုံးဘီးမော်တော်ယာဉ်အသင်းမှ သုံးဘီးမော်တော်ယာဉ် ၂၀ စီးဖြင့် ပဒေသာပင်များ၊ ဖျော်ဖြေရေးအဖွဲ့ယာဉ်များဖြင့် မော်လူး မီးရထားဘူတာရုံမှ မြို့တွင်ရပ်ကွက်များသို့ လှည့်လည်ပြီး မော်လူးအရှေ့ မူလတောရ ဘုန်းတော်ကြီးကျောင်းသို့ ပို့ဆောင်ခဲ့ကြသည်။ ဆက်လက်၍ နံနက် ၈ နာရီ အချိန်မှစပြီး ဘုံကထိန်သို့လာရောက်ကြသူများကို ထမင်းဟင်းများဖြင့် ဧည့်ခံကျွေးမွေးပြီး ဒေသတွင်းမှူသံဃာတော် ၄၀ ပါးအားလည်း ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။ နေ့လည် ၁၂ နာရီအချိန်တွင် ကထိန်သင်္ကန်းများနှင့် လှူဖွယ်ဝတ္ထု အစုစုတို့အား သံဃာတော်တို့အား ဆက်ကပ်လှူဒါန်းပြီး ဆရာတော်တို့က ဟောကြားတော်မူသော ပရိတ်တရားတော်နှင့် နိဗ္ဗာန်ရောက်ကြောင်း တရားများကိုနာကြားကြပြီး၊ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချ အမျှပေးဝေခဲ့ကြကြောင်း၊ လှူဒါန်းခဲ့သည် လှူဖွယ်ဝတ္တုပစ္စည်းများနှင့် ငွေပဒေသာပင်များ၏ စုစုပေါင်းတန်ဘိုးငွေမှာ ကျပ် ၂၅ သိန်းဖြစ်ကြောင်း၊ ယခု ပြုလုပ်သည့် စုပေါင်း ဘုံကထိန်ပွဲသည် မော်လူး မီးရထား ဝန်ထမ်းများနှင့် စေတနာရှင် မိဘပြည်သူများ၏ ဒုတိယအကြိမ်မြောက် ဖြစ်ကြောင်း သိရသည်။

K.M.S

 

 

ကျောက်ဆင်းတု ရုပ်ပွားတော် ပုန်းဟုန် ဘုန်းတော်ကြီးကျောင်းသို့ ပင့်ဆောင်
မော်လူး ၊ နိုဝင်ဘာ ၉


##############################

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ ပုန်းဟုန်အုပ်စု၊ ပုန်းဟုန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကိုးကွယ်ရန်အတွက် မန္တလေးမှ မီးရထားဖြင့် ပင့်ဆောင်လာသော ကျောက်ဆင်းတု ရုပ်ပွားတော်မြတ်အား မော်လူး မီးရထားဘူတာမှ ပုန်းဟုန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးစီးပြီး ဒါယိကာ၊ ဒါယိကာမ ရွာသူ/သားများလိုက်ပါကြကာ နိုဝင်ဘာ ၉ ရက်၊ နံနက် ၈ နာရီက ပုန်းဟုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ပင့်ဆောင်ခဲ့သည်။

၎င်းကျောက်ဆင်းထုတော်၏ အလှူရှင်မှာ မော်လူးကျေးရွာ၊ မြမာလာရပ်နေ အလှူ့ဒါယိကာ ဦးလုံးဖြူ + အလှူ့ဒါယိကာမ ဒေါ်ညွှန့်စိန်တို့မှ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း၊ ရုပ်ပွားတော်အား ပင့်ဆောင့်ရာ လမ်းတလျှောက်ရှိ ကျေးရွာများမှ ကြည်ညိုသဒ္ဓါပွားကာ လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြကြောင်း၊ ပုန်းဟုန်းကျေးရွာမှ အလှူဒါယိကာ၊ ဒါယိကာမများမှလည်း ဝမ်းမြောက်ဝမ်းသာ အတီးအမှုတ်အကခုန်များဖြင့် ပင့်ဆောင် ပူဇော်ခဲ့ကြကြောင်း သိရသည်။

K.M.S