Saturday, February 28, 2015

မော်လူးဈေး မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေးဆောင်ရွက်ထားမှု တာဝန်ရှိသူများ စစ်ဆေး



မော်လူး စည်ပင်ယာရေးဈေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်
မော်လူး | ဖေဖော်ဝါရီ ၂၈
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးစည်ပင်သာယာရေး ဈေးအတွင်း မီးဘေး အန္တရာယ် ကြိုတင်တားဆီး ကာကွယ်ရန် တာဝန်ရှိသူများမှ ဖေဖော်ဝါရီ၂၈ရက် နေ့လည် ၁၂ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မီးဘေးအန္တယ်ရာယ် ကြိုတင်တားဆီး ကာကွယ်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ရာသို့ အင်းတော်မြို့နယ်  စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ ဦးညွှန့်လှိုင် အင်းတော်မြို့နယ် စည်ပင်သာရေး အမှုဆောင်အရာရှိ ဦးအေးမင်းထွန်းနှင့်အဖွဲ့မှလာရောက်ခဲ့ရာ မော်လူး မြိုနယ်လျှပ်စစ်မှူး ဦးမောင်မောင်ငြိမ်းနှင့် ဝန်ထမ်းများ မော်လူး စည်ပင်သာရေးဈေး ကော်မတီ အကျိုးဆောင်များ မော်လူး စည်ပင်ယာရေးဈေးခေါင်း ဦးအောင်ကြူးတို့မှ ဈေးအတွင်းသွယ်တန်းတပ်ဆင်ထားသည့် လျှပ်စစ်ဝါယာကြိုးများ စနစ်တကျ သွယ်တန်းထားမှု မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေးအတွက် စီမံဆောင်ရွက်ထားမှုများအား လိုက်လံရှင်းလင်း ပြသခဲ့ကြောင်း သတင်းရရှိသည်

ဟဲနုတွင် ထရန်စဖော်မာ တပ်ဆင်


လျှပ်စစ်ဓာတ်အား ပြည့်ပြည့်ဝဝသုံးစွဲနိုင်ရေး ထရန်စဖော်မာ တပ်ဆင်
> မော်လူး | ဖေဖော်ဝါရီ ၂၈
> @@@@@@@@@@@@@@@@@@@@@@@@@@@@@@
> စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသ ဟဲနုရပ်ကွက်တွင် လျှပ်စစ်ဓာတ်အား ပြည့်ပြည့်ဝဝ သုံးစွဲနိုင်ရန် ထရန်စဖော်မာ တပ်ဆင်ခြင်းကို ဖေဖော်ဝါရီ ၂၈ရက်နေ့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
> မော်လူးဒေသ ဟဲနုရပ်ကွက်တွင် မြို့နယ်လျှပ်စစ်မှူး ဦးမောင်မောင်ငြိမ်းနှင့် ဝန်ထမ်းများမှ ထရန်စဖော်မာ တပ်ဆင်ခြင်းကို ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။ " ကျွန်တော်တို့ အခုဆောင်ရွက်နေတာကတော့ မြန်မာနိုင်ငံ လျှပ်စစ်ဝန်ကြီူဌာန လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းရဲ့ ၂၀၁၄/၁၅ ခုနှစ် ခွင့်ပြုရံပုံငွေနဲ့ မော်လူးဒေသ ဟဲနုရပ်ကွက် အတွက် အရှည်ပေ ၁၅၀၀ ရှိ 11 KV လိုင်းနဲ့ 400 V  ဓာတ်အားလိုင်း ၁၀၀ ပေကိုလည်း တိုးချဲ့ သွယ်တန်းပါတယ်။ 11/0.4 KV 200 KVA ထရန်စဖော်နဲ့ ခွဲရုံတစ်ရုံကို ဆောင်ရွက်နေတာပါ။ လျှပ်စစ်ဓာတ်အား သုံးစွဲကြသူတွေ လျှပ်စစ်အန္တရာယ် ကင်းဝေးစေရေးနဲ့ ဓာတ်အားပျောက်ဆုံးမှု လျှေားနည်းစေရေးအတွက် လျှပ်စစ်ဓာတ်ကြိုးနဲ့ မလွတ်တဲ့ သစ်ပင် သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းခြင်း ယခင် အသားတိုင်များနေရာတွင် ကွန်ကရစ်ဓာတ်တိုင်များဖြင့် အစားထိုးလဲလှယ်ခြင်း စတာတွေကို ဆောင်ရွက်ပေးနေပါတယ်။ " ဟု မြို့နယ်လျှပ်စစ်မှူး ဦးမောင်မောင်ငြိမ်းမှ ပြောပြသည်။ မော်လူးအနီးရှိ ရပ်ကွက်များတွင် ထရန်စဖော်များ တပ်ဆင်ပြီး လျှပ်စစ်ဓာတ်အားကို ပြည့်ပြည့်ဝဝ သုံးစွဲနေကြပြီဖြစ်ပြီး ယခုလည်း မော်လူးဒေသဟဲနုရပ်ကွက်တွင် လျှပ်စစ်ဓာတ်အားကို ပြည့်ပြည့်ဝဝ သုံးစွဲနိုင်တော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။
>

ဖေ့ဘုတ် မှာ ကူးယူလာသော အမြင်မတော်ဘူးလို့ ပြောလာတဲ့ အကြောင်း

ဘုရားဘုရား တို့ဘုရားသာသနာတော်ကြီးပျက်ခါနီး ပြီဆိုတာ သေချာနေပါပြီ ရင်နာမိပါတယ် သံဃာဝတ်ကြီးနဲ့ဖြစ်ပျက်နေလိုက်တာ ကြည့်လို့မှ မှမကောင်း မိုကိချင်ရင်လည်း လူထွက်ပြီးမိုက်ပါဘုရား ခုတော့ လူတကာရှိခိုးဦးချတာလိပ်ပြာမှ သန့်ကြရဲ့လား သင်္ကန်းဝတ်ကြီးနဲ့ အပြစ်လုပ်တာ အပြစ်ပိုကြီးပါတယ်ဘုရား ဆရာတော်ကြီးတွေ ဦးဇင်းငယ်တွေကို ဆုံးမကြပါဦးဘုရား ပစ်မထားကြပါနဲ့ ဦးဇင်းတွေ ကွမ်းစား ဆေးလိပ်သောက်တာလောက်တော့ စာဖွဲ့ပြီး ပြောနနေပါဘူးဘုရား အော်သူလည်းအရိယာသူတော်စင်မှ မဟုတ်သေးတာ ဒီလောက်တော့လုပ်မိမှာပေါ့လို့ တွေးပေးလို့ရပါသေးတယ် ခုတော့လေ အရက်စွဲနေတာတွှဲဘုရား မယ်တော်ကတော့ ငါဟာရဟန်းမယ်တော်ဆိုပြီးဂုဏ်ယူနေရှာတာ တမင်အပုတ်ချတာမဟုတ်ပါ မဖြစ်စေချင်လို့ပြောတာပါဘုရား ဆုံးမပေးကြပါ ကျောင်းထိုင်ကိုယ်တော်ပါ သက်တော်ကတော့ ၃၀ကျော်ဝန်းကျင်ဖြစ်ပါတယ် တကယ်စိတ်မချမ်းသာပါ ကျေးဇူးပြုပြီးfriတို့အသိထဲမှာ ဒီလို ရဟန်းတွေရှိခဲ့ရင်လည်း ဆုံးမစကားလေးပြောပေးကြပါလို့ အနူးအညွတ်တောင်းပန်ပါတယ် လူသားတွေထက်မြတ်လို့ သံဃာဘဝရောက်တာပဲပဘုရား မမိုက်မဲမိပါစေနဲ့ဘုရား  ------

အင်တာနက်သုံးသူတွေ သတိထားသင့်တဲ့ အကြောင်းလေးပါ



မုံရွာမြို့က အလွတ်တန်း သတင်းထောက်ကို နိုင်ငံတော် အကြည်ညို ပျက်စေမှုနဲ့ ဖမ်းလ်ုက်တယ် နိုင်ငံတော် အကြည်ညိုပျက်စေတယ်ဆိုတဲ့ ပုံက အထက်မှာ ဖော်ပြထားတဲ့ ပုံပါပဲ ။