Saturday, August 27, 2016

ကသာမှာ mpt ဆင်းကဒ်တွေ မှတ်ပုံတင်နိုက်ပြီတဲ့ ပိတ်ရက်မရှိ

free လို့တော့ပြောတာဘဲ

ဒို့ဝန်ကြီးချုပ်ကတော့ ပြောပြန်ပြီတစ်မျိုး ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ ထွေအုပ်ကို တိုက်ရိုက်စီမံအုပ်ချုပ်ရမည်ဟုဆို



ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ ထွေအုပ်ကို တိုက်ရိုက်စီမံအုပ်ချုပ်ရမည်ဟုဆို
Byသတင်းအဖွဲ့On  Sat, 2016-08-27 06:30Locationရန်ကုန်Issue No.No.1193 Saturday, August 27, 2016
ပြည်ထဲရေးဝန်ကြီးဌာန လက် အောက်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ထွေ အုပ်)များကို တိုင်းဒေသကြီးနှင့် ပြည် နယ်အစိုးရအဖွဲ့များက တိုက်ရိုက်ကွပ်ကဲ စီမံအုပ်ချုပ်မည်ဖြစ်ကြောင်း တိုင်းနှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူအ ချို့က ပြောသည်။

ရှမ်းပြည်နယ်စီမံကိန်းနှင့် စီးပွားရေး ၀န်ကြီးဦးစိုးညွန့်လွင်က ‘‘ထွေအုပ်ကို အစိုးရရဲ့ တိုက်ရိုက်ကွပ်ကဲမှု အောက်မှာ ထားရှိဖို့ဆိုတာ ညွှန်ကြားချက်တွေ ထွက် ပေါ်လာပြီ။ မကြာခင် အကူးအပြောင်း ဖြစ်သွားနိုင်ပါတယ်’’ဟု သြဂုတ် ၂၆ ရက် က တောင်ကြီးမြို့

မြို့တော်ခန်းမ၌ ပြုလုပ်သည့် ပြည်နယ်အစိုးရအဖွဲ့မှ ၀န်ကြီး လေးဦးနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲ၌ သတင်းထောက်များ ၏ မေးမြန်းမှုကို ဖြေကြားသည်။